အရသာအဆန္းေလးေတြ ျမည္းစမ္းခ်င္တဲ့ ေယာင္းတို႔အတြက္ သခြားသီးအစာသြပ္ခ်က္နည္း

အဲ့ေလာက္ အရသာရွိမယ္လို႔ေတာင္ မထင္ထားမိဘူး  

သခြားသီးဆိုတာနဲ႕ သုပ္စားမယ္၊ တို႕စားမယ္လို႔ပဲ ျမင္ၾကတယ္ေလ။ တကယ္ေတာ့ သခြားသီးေလးက ခ်က္တတ္၊ ထြင္တတ္မယ္ဆိုရင္ေတာ့ ဟင္းလ်ာဆန္းဆန္းေလးနဲ႕ စားေကာင္းတာေလးေတြ ခ်က္လို႔ရသတဲ့ ေယာင္းေရ။

သခြားသီးအစာသြပ္ခ်က္နည္းလို႕ ၾကားလိုက္ရရင္ေတာ့ အရသာရိွပါ့မလားလို႔ ေတြးမိမယ္ ထင္တယ္ေနာ္။ ဒါေပမဲ့ သခြားသီးရဲ႕ အခ်ိဳအရသာေလးနဲ႔ အသားရဲ႕ အဆိမ့္အရသာေလး ေပါင္းလိုက္ေတာ့ ထင္မထားေလာက္ေအာင္ စားေကာင္းလို႔ လွ်ာလည္သြားမယ့္ ဟင္းလ်ာေလးပါ။

ဒီဟင္းခ်က္နည္းေလးက တရုတ္ႏိုင္ငံ စီခၽြမ္ျပည္နယ္ဘက္က ရိုးရာနည္းေလးတစ္ခုပါ။ ျပင္ဆင္ခ်ိန္နည္းနည္းေလးပဲေပးရၿပီး ခ်က္နည္းကလည္း ရိုးရွင္းေပမဲ့ တကယ္စားလို႔ေကာင္းပါတယ္။

Related Article >>> လြယ္ကူျမန္ဆန္တဲ့ ဂ်ပန္တိုဟူးလုပ္နည္း

ပါဝင္ပစၥည္းမ်ား

  • သခြားသီး ၄ လံုး
  • ဆား အနည္းငယ္
  • စီခၽြမ္ ငရုတ္ေကာင္း (တစ္ဇြန္းရဲ႕ ၄ ပံု ၁ ပံု)
  • ခ်င္း အနည္းငယ္ (ႏုပ္ႏုပ္စဥ္းထား)
  • ၾကက္သြန္ၿမိတ္ အနည္းငယ္ (ႏုပ္ႏုပ္စဥ္းထား)
  • အသား ၂၂၅ ဂရမ္ (ႀကိတ္ထား)
  • ပဲငံျပာရည္ လက္ဖက္ရည္ဇြန္း ၄ ဇြန္း
  • ႏွမ္းဆီ လက္ဖက္ရည္ဇြန္း ၁ ဇြန္း
  • ၾကက္ဥ တစ္လံုး
  • ဆား အနည္းငယ္
  • ေကာ္မႈန္႕ ထမင္းစားဇြန္း ၁ ဇြန္း တို႔ပဲျဖစ္ပါတယ္။

Related Article >>> ေရႊစိတ္ေပ်ာ္ေစမယ့္ သစ္သီးစံုသုပ္ေမႊးေမႊးေလးကို အိမ္မွာ ဘယ္လို လုပ္ၾကမလဲ?

ခ်က္နည္းေလးကေတာ့…

သခြားသီးေတြကို အခြံခြာၿပီး ၂ ျခမ္းျခမ္းထားလိုက္ပါ။ အေစ့ေတြနဲ႔ အခၽြဲေတြ ကုန္သြားေအာင္ ဇြန္းနဲ႔ ျခစ္ထုတ္လုိက္ပါ။

သခြားသီးကို ဆားအနည္းငယ္နဲ႔ ပြတ္ၿပီး ေဆးပါ။ ဆားကို သခြားသီးေတြမွာ ႏွံ႕ေအာင္နယ္ၿပီး ၁၅ မိနစ္ႏွပ္ထားလိုက္ပါ။

သခြားသီးႏွပ္ထားတဲ႔အခ်ိန္မွာ အိုးကို အပူေပးထားၿပီး ငရုတ္ေကာင္းကို ထည့္ေလွာ္ေပးပါ။ အနံ႔အနည္းငယ္ထြက္လာၿပီဆိုရင္ ပန္းကန္ထဲ ထည့္ၿပီး အေအးခံထားပါ။ ေအးသြားရင္ေတာ့ ေၾကသြားေအာင္ ေထာင္းထားလိုက္ပါ။

ပြဲအေၾကာင္း အေသးစိတ္သိလိုပါက >> http://bit.ly/2WK7oFQ

အသားေတြကို ပန္းကန္ထဲထည့္ၿပီး ခ်င္း၊ ၾကက္သြန္ၿမိတ္၊ ပဲငံျပာရည္၊ ႏွမ္းဆီ၊ ငရုတ္ေကာင္း၊ ၾကက္ဥ၊ ဆား နဲ႔ ေကာ္မႈန္႔ေတြကို ထည့္ၿပီး နယ္ထားလုိက္ပါ။

သခြားသီးေတြကို ေရစင္ေအာင္ျပန္ေဆးၿပီး ေျခာက္သြားေအာင္ အဝတ္နဲ႔သုတ္လိုက္ပါ။ နယ္ထားတဲ႔အသားေတြကို သခြားသီးထဲ အစာသြပ္ေပးပါ။ ၿပီးရင္ေတာ့ ပြက္ပြက္ဆူေအာင္ တည္ထားတဲ႔ ေရေႏြးေပါင္း အိုးထဲမွာ သခြားသီးေတြကို စီထည့္ၿပီး အဖံုးအုပ္ ေပါင္းထားလိုက္ပါ။

မိနစ္ ၂၀ ေလာက္ေပါင္းၿပီး အသားေတြ က်က္မက်က္ကိုၾကည့္ပါ။ မက်က္ေသးဘူးထင္ရင္ ေနာက္ထပ္ ၁၀ မိနစ္ ထပ္ေပါင္းပါ။

ေပါင္းၿပီးသြားရင္ သခြားသီးက ထြက္လာတဲ႔ အရည္ေတြကို ႏွမ္းဆီလက္က်န္ေလးနဲ႔ ေရာၿပီး အႏွစ္ျဖစ္လာေအာင္ အပူေပးထားလိုက္ပါ။

သခြားသီးအစာသြပ္ေတြကို ၅ လက္မဆီအပိုင္းပိုင္းၿပီး ပန္းကန္ထဲထည့္ပါ။ ၿပီးရင္ေတာ့ ခုနက လုပ္ထားတဲ႔ အႏွစ္ေလးကို အေပၚမွာ ဆမ္းၿပီး သံုးေဆာင္လို႔ရပါၿပီေနာ္။

စမ္းေခ်ာင္းသူခိုင္ဇာ (For Her Myanmar)

<<< Unicode >>>

အဲ့လောက် အရသာရှိမယ်လို့တောင် မထင်ထားမိဘူး  

သခွားသီးဆိုတာနဲ့ သုပ်စားမယ်၊ တို့စားမယ်လို့ပဲ မြင်ကြတယ်လေ။ တကယ်တော့ သခွားသီးလေးက ချက်တတ်၊ ထွင်တတ်မယ်ဆိုရင်တော့ ဟင်းလျာဆန်းဆန်းလေးနဲ့ စားကောင်းတာလေးတွေ ချက်လို့ရသတဲ့ ယောင်းရေ။

သခွားသီးအစာသွပ်ချက်နည်းလို့ ကြားလိုက်ရရင်တော့ အရသာရှိပါ့မလားလို့ တွေးမိမယ် ထင်တယ်နော်။ ဒါပေမဲ့ သခွားသီးရဲ့ အချိုအရသာလေးနဲ့ အသားရဲ့ အဆိမ့်အရသာလေး ပေါင်းလိုက်တော့ ထင်မထားလောက်အောင် စားကောင်းလို့ လျှာလည်သွားမယ့် ဟင်းလျာလေးပါ။

ဒီဟင်းချက်နည်းလေးက တရုတ်နိုင်ငံ စီချွမ်ပြည်နယ်ဘက်က ရိုးရာနည်းလေးတစ်ခုပါ။ ပြင်ဆင်ချိန်နည်းနည်းလေးပဲပေးရပြီး ချက်နည်းကလည်း ရိုးရှင်းပေမဲ့ တကယ်စားလို့ကောင်းပါတယ်။

Related Article >>> လွယ်ကူမြန်ဆန်တဲ့ ဂျပန်တိုဟူးလုပ်နည်း

ပါဝင်ပစ္စည်းများ

  • သခွားသီး ၄ လုံး
  • ဆား အနည်းငယ်
  • စီချွမ် ငရုတ်ကောင်း (တစ်ဇွန်းရဲ့ ၄ ပုံ ၁ ပုံ)
  • ချင်း အနည်းငယ် (နုပ်နုပ်စဉ်းထား)
  • ကြက်သွန်ၿမိတ် အနည်းငယ် (နုပ်နုပ်စဉ်းထား)
  • အသား ၂၂၅ ဂရမ် (ကြိတ်ထား)
  • ပဲငံပြာရည် လက်ဖက်ရည်ဇွန်း ၄ ဇွန်း
  • နှမ်းဆီ လက်ဖက်ရည်ဇွန်း ၁ ဇွန်း
  • ကြက်ဥ တစ်လုံး
  • ဆား အနည်းငယ်
  • ကော်မှုန့် ထမင်းစားဇွန်း ၁ ဇွန်း တို့ပဲဖြစ်ပါတယ်။

Related Article >>> ရွှေစိတ်ပျော်စေမယ့် သစ်သီးစုံသုပ်မွှေးမွှေးလေးကို အိမ်မှာ ဘယ်လို လုပ်ကြမလဲ?

ချက်နည်းလေးကတော့…

သခွားသီးတွေကို အခွံခွာပြီး ၂ ခြမ်းခြမ်းထားလိုက်ပါ။ အစေ့တွေနဲ့ အချွဲတွေ ကုန်သွားအောင် ဇွန်းနဲ့ ခြစ်ထုတ်လိုက်ပါ။

သခွားသီးကို ဆားအနည်းငယ်နဲ့ ပွတ်ပြီး ဆေးပါ။ ဆားကို သခွားသီးတွေမှာ နှံ့အောင်နယ်ပြီး ၁၅ မိနစ်နှပ်ထားလိုက်ပါ။

သခွားသီးနှပ်ထားတဲ့အချိန်မှာ အိုးကို အပူပေးထားပြီး ငရုတ်ကောင်းကို ထည့်လှော်ပေးပါ။ အနံ့အနည်းငယ်ထွက်လာပြီဆိုရင် ပန်းကန်ထဲ ထည့်ပြီး အအေးခံထားပါ။ အေးသွားရင်တော့ ကြေသွားအောင် ထောင်းထားလိုက်ပါ။

ပြဲအေၾကာင္း အေသးစိတ္သိလိုပါက >> http://bit.ly/2WK7oFQ

အသားတွေကို ပန်းကန်ထဲထည့်ပြီး ချင်း၊ ကြက်သွန်မြိတ်၊ ပဲငံပြာရည်၊ နှမ်းဆီ၊ ငရုတ်ကောင်း၊ ကြက်ဥ၊ ဆား နဲ့ ကော်မှုန့်တွေကို ထည့်ပြီး နယ်ထားလိုက်ပါ။

သခွားသီးတွေကို ရေစင်အောင်ပြန်ဆေးပြီး ခြောက်သွားအောင် အဝတ်နဲ့သုတ်လိုက်ပါ။ နယ်ထားတဲ့အသားတွေကို သခွားသီးထဲ အစာသွပ်ပေးပါ။ ပြီးရင်တော့ ပွက်ပွက်ဆူအောင် တည်ထားတဲ့ ရေနွေးပေါင်း အိုးထဲမှာ သခွားသီးတွေကို စီထည့်ပြီး အဖုံးအုပ် ပေါင်းထားလိုက်ပါ။

မိနစ် ၂၀ လောက်ပေါင်းပြီး အသားတွေ ကျက်မကျက်ကိုကြည့်ပါ။ မကျက်သေးဘူးထင်ရင် နောက်ထပ် ၁၀ မိနစ် ထပ်ပေါင်းပါ။

ပေါင်းပြီးသွားရင် သခွားသီးက ထွက်လာတဲ့ အရည်တွေကို နှမ်းဆီလက်ကျန်လေးနဲ့ ရောပြီး အနှစ်ဖြစ်လာအောင် အပူပေးထားလိုက်ပါ။

သခွားသီးအစာသွပ်တွေကို ၅ လက်မဆီအပိုင်းပိုင်းပြီး ပန်းကန်ထဲထည့်ပါ။ ပြီးရင်တော့ ခုနက လုပ်ထားတဲ့ အနှစ်လေးကို အပေါ်မှာ ဆမ်းပြီး သုံးဆောင်လို့ရပါပြီနော်။

စမ်းချောင်းသူခိုင်ဇာ (For Her Myanmar)

No Comments Yet

Comments are closed