Food Recipes

အရသာလည္းရွိ အိမ္မွာလည္း အလြယ္တကူျပဳလုပ္ႏုိင္တဲ့ ကင္းမြန္အစာသြပ္ (၂)မ်ိဳး

ဂ်ပန္ ကင္းမြန္ေကာက္ညွင္းအစာသြပ္နဲ႔ ဖိလစ္ပိုင္ ကင္းမြန္အစာသြပ္နည္းေတြေနာ္ 

>>> Zawgyi >>>

ဒီတစ္ေခါက္မွာေတာ့ ပင္လယ္စာႀကိဳက္တဲ့ ေယာင္းတို႔အတြက္ အထူးဟင္းလ်ာတစ္မ်ိဳးနဲ႔ မိတ္ဆက္ေပးလိုပါတယ္။ အစာသြပ္ ကင္းမြန္ကို ႏိုင္ငံအလုိက္ စတိုင္ နွစ္မ်ိဳးနဲ႔ ခ်က္ျပမွာ.. အဲေလ.. ေဖာ္ျပသြားမွာပါ။ လူမ်ိဳး တစ္မ်ိဳးနဲ႔ တစ္မ်ိဳး လုပ္စားၾကပံုခ်င္း မတူေပမဲ့ အရသာရွိတာေတာ့ တူတယ္ေလေနာ္ 😜

ဂ်ပန္ ကင္းမြန္ေကာက္ညွင္း အစာသြပ္ 

ဂ်ပန္မွာေတာ့ Ika-meshi လို႔ေခၚၿပီး ေကာက္ညႇင္းအစာသြပ္ ကင္းမြန္ လို႔ ေခၚပါတယ္။ ဂ်ပန္စတိုင္ လုပ္စားဖို႔အတြက္ လိုအပ္တဲ့ပါဝင္ပစၥည္းေတြကေတာ့….

ေကာက္ညႇင္းဆန္ တစ္ဘူး၊ ကင္းမြန္ အႀကီးႀကီး ၃ေကာင္၊ ထမင္းစားပန္းကန္လံုးအေသးနဲ႔ ပဲငံျပာရည္တစ္ခြက္၊ Miirin လို႔ ေခၚတဲ့ ဟင္းခ်က္ရာမွာ သံုးတဲ့ ဂ်ပန္ဆန္အရက္ တစ္ခြက္နဲ႔ ၾကက္သြန္ၿမိတ္တို႔ပဲ ျဖစ္ပါတယ္။

mirin ဝယ္ရခက္ေနရင္ သံပုရာရည္ကို အစားထိုးသံုးႏိုင္ပါတယ္ေနာ္။

ပထမအဆင့္က ကင္းမြန္ရဲ႕ အတြင္း ကလီစာအပိုင္းေတြကို ဆြဲထုတ္ၿပီး ေရစင္စင္ေဆးရပါမယ္။ ၿပီးရင္ ပံုထဲကအတိုင္း လွီးျဖတ္ထားရပါမယ္။ ေျခလက္ေတြကို အပိုင္းပိုင္း လွီးပါမယ္။

ဒုတိယအဆင့္ကေတာ့ ကင္းမြန္ထဲကို ေကာက္ညႇင္းဆန္အစိမ္းထည့္ၿပီး အစာသြပ္ပါမယ္။ အျပည့္မသြပ္ဘဲ တုတ္ထိုးၿပီး ပိတ္ဖို႔ တစ္လက္မခြဲေလာက္ ေနရာေလး ခ်န္ထားေပးပါေနာ္။ ဆန္ေတြ ထြက္မက်ေအာင္ ပံုထဲကလို သြားၾကားထိုးတံေလးနဲ႔ ပိတ္ရပါမယ္။

တတိယအဆင့္ကေတာ့ ခ်က္ျပဳတ္ျခင္းအဆင့္ပါ။ အိုးထဲကို ကင္းမြန္အစာသြပ္ေတြ ထည့္ၿပီး ပဲငံျပာရည္ရယ္ Mirin ရယ္ ေလာင္းထည့္ပါမယ္။ ကင္းမြန္ရဲ႕ အတြင္း ကိုယ္ထည္ကိုလည္း တစ္ခါတည္း ထည့္ခ်က္ပါမယ္။

ၿပီးရင္ ကင္းမြန္ေတြ ျမဳပ္သြားတဲ့အထိ အိုးထဲကို ေရထည့္ပါမယ္။ မီးအသင့္အတင့္နဲ႔ အပူေပးၿပီးသကာလ ေရေတြ ခန္းသေလာက္ ရွိသြားရင္ေတာ့ အိုးေပၚကခ်၊ ၾကက္သြန္ၿမိတ္ေလး ျဖဴးၿပီး စားလို႔ရပါၿပီ ေယာင္းတို႔ေရ….

Related article >>> အရသာရွိတဲ့ ကင္မ္ခ်ီပန္ကိတ္ကို အိမ္မွာတင္လြယ္လြယ္ လုပ္စားၾကည့္ရေအာင္

ဖိလစ္ပိုင္ ကင္းမြန္အစာသြပ္ဟင္းလ်ာ

 

ဒုတိယနည္းကေတာ့ ဖိလစ္ပိုင္ဟင္းလ်ာ အတိုင္း ခ်က္နည္းပါ။ ဖိလစ္ပိုင္မွာေတာ့ Rallenong Pusit လို႔ ေခၚတဲ့ ကင္းမြန္အစာသြပ္ ဟင္းလ်ာဟာ ဖိလစ္ပီႏိုေတြ စပိန္ကိုလိုနီ လက္ေအာက္ က်ေရာက္ခဲ့တုန္းက စပိန္ေတြဆီကေန အေမြဆက္ခံရရွိခဲ့တဲ့ ဟင္းလ်ာပဲ ျဖစ္ပါတယ္။

ပါဝင္ပစၥည္းေတြကေတာ့….

ကင္းမြန္ ၅ ေကာင္၊ တရုတ္နံနံ ႏွစ္စည္း ( အရြက္ေတြ ဖယ္ၿပီး အရိုးပဲယူပါတယ္၊ အရိုးကို ေတာက္ေတာက္စင္းထားပါမယ္ ) ပဲငံျပာရည္ ခြက္ဝက္၊ အပိုင္းပိုင္း လွီးထားတဲ့ မုန္႔လာဥနီ ဥႀကီး တစ္ဥ၊ အတံုးေသးေလးေတြ လွီးထားတဲ့ ခရမ္းခ်ဥ္သီး တစ္လံုး၊ ေတာက္ေတာက္စင္းထားတဲ့ ဝက္သား တစ္ခြက္၊ ဂ်ံဳမႈန္႔ ခြက္ဝက္၊ အတံုးငယ္ေလးေတြ လွီးထားတဲ့ ၾကက္သြန္နီ တစ္ဥ၊ ၾကက္သြန္ျဖဴ ၃တက္၊ ၾကက္ဥတစ္လံုး၊ သံပုရာသီးတစ္လံုး၊ ငရုတ္ေကာင္းမႈန္႔ အနက္ နဲ႔ ဆား ပဲျဖစ္ပါတယ္ (အမေလး…မ်ားထွာ)

ပထမအဆင့္ကေတာ့ ကင္းမြန္ေတြကို ေရစင္စင္ေဆးၿပီး ပန္းကန္ထဲမွာ ပဲငံျပာရည္နဲ႔ သံပုရာရည္ ညႇစ္ထည့္ၿပီး ၁၅မိနစ္ေလာက္ ႏွပ္ထားပါမယ္။

ႏွပ္ေနတုန္းကာလမွာ ဒယ္အိုးထဲ ဆီအနည္းငယ္ထည့္ၿပီး လီွးျဖတ္ထားတဲ့ အသီးအရြက္အသားေတြ အားလံုး ထည့္ေၾကာ္ပါမယ္။ ငရုတ္ေကာင္းနဲ႔ ဆား အနည္းငယ္ ထည့္ပါမယ္။ မီးကို အသင့္အတင့္ပဲထားၿပီး ဝက္သားအေရာင္ေျပာင္းလို႔ က်က္သြားတဲ့အခါ အိုးေပၚက ခ်ပါမယ္။

ၿပီးတာနဲ႔ အစာသြပ္ျခင္း လုပ္ငန္း စတင္ပါၿပီ။ အျပည့္မသြပ္ဘဲ ေနရာအနည္းငယ္ခ်န္ၿပီး သြားၾကားထိုးတံနဲ႔ ပိတ္ပါမယ္။ ပိတ္ၿပီး သြားတဲ့ အစာသြပ္ကင္းမြန္ေတြကို ၾကက္ဥကပ္၊ ဂ်ံဳမႈန္႔ကပ္ၿပီးရင္ေတာ့ ဆီပူထဲထည့္ေၾကာ္ပါမယ္။

မီးအသင့္တင့္ ပဲ ထားရပါမယ္။ ေရႊေရာင္သန္းလာရင္ေတာ့ အိုးေပၚက ခ်ၿပီး သံုးေဆာင္လို႔ရပါၿပီေနာ္…

ကဲ.. ဒီ ကင္းမြန္အစာသြပ္ ၂ မ်ိဳးကေတာ့ သြပ္တဲ့ အစာခ်င္း မတူသလို ခ်က္ျပဳတ္ပံုခ်င္းလည္း မတူတာေၾကာင့္ ထူးျခားတဲ့ အရသာ၂မ်ိဳးကို ခံစားရေစမွာပါ။ ပင္လယ္စာႀကိဳက္တတ္တဲ့ ေယာင္းေတြအတြက္ကေတာ့ ၂ မ်ိဳးလံုး ေဖးဗရိတ္ျဖစ္ေလာက္တယ္။

By
Mia (For Her Myanmar)

Photo credit : panlasangpinoyrecipes ,foodfornet

Ref : panlasangpinoy.com, adbp.ph

>>> Unicode >>>

ဂျပန် ကင်းမွန်ကောက်ညှင်းအစာသွပ်နဲ့ ဖိလစ်ပိုင် ကင်းမွန်အစာသွပ်နည်းတွေနော် 

ဒီတစ်ခေါက်မှာတော့ ပင်လယ်စာကြိုက်တဲ့ ယောင်းတို့အတွက် အထူးဟင်းလျာတစ်မျိုးနဲ့ မိတ်ဆက်ပေးလိုပါတယ်။ အစာသွပ် ကင်းမွန်ကို နိုင်ငံအလိုက် စတိုင် နှစ်မျိုးနဲ့ ချက်ပြမှာ.. အဲလေ.. ဖော်ပြသွားမှာပါ။ လူမျိုး တစ်မျိုးနဲ့ တစ်မျိုး လုပ်စားကြပုံချင်း မတူပေမဲ့ အရသာရှိတာတော့ တူတယ်လေနော် 😜

ဂျပန် ကင်းမွန်ကောက်ညှင်း အစာသွပ် 

ဂျပန်မှာတော့ Ika-meshi လို့ခေါ်ပြီး ကောက်ညှင်းအစာသွပ် ကင်းမွန် လို့ ခေါ်ပါတယ်။ ဂျပန်စတိုင် လုပ်စားဖို့အတွက် လိုအပ်တဲ့ပါဝင်ပစ္စည်းတွေကတော့….

ကောက်ညှင်းဆန် တစ်ဘူး၊ ကင်းမွန် အကြီးကြီး ၃ကောင်၊ ထမင်းစားပန်းကန်လုံးအသေးနဲ့ ပဲငံပြာရည်တစ်ခွက်၊ Miirin လို့ ခေါ်တဲ့ ဟင်းချက်ရာမှာ သုံးတဲ့ ဂျပန်ဆန်အရက် တစ်ခွက်နဲ့ ကြက်သွန်မြိတ်တို့ပဲ ဖြစ်ပါတယ်။

mirin ဝယ်ရခက်နေရင် သံပုရာရည်ကို အစားထိုးသုံးနိုင်ပါတယ်နော်။

ပထမအဆင့်က ကင်းမွန်ရဲ့ အတွင်း ကလီစာအပိုင်းတွေကို ဆွဲထုတ်ပြီး ရေစင်စင်ဆေးရပါမယ်။ ပြီးရင် ပုံထဲကအတိုင်း လှီးဖြတ်ထားရပါမယ်။ ခြေလက်တွေကို အပိုင်းပိုင်း လှီးပါမယ်။

ဒုတိယအဆင့်ကတော့ ကင်းမွန်ထဲကို ကောက်ညှင်းဆန်အစိမ်းထည့်ပြီး အစာသွပ်ပါမယ်။ အပြည့်မသွပ်ဘဲ တုတ်ထိုးပြီး ပိတ်ဖို့ တစ်လက်မခွဲလောက် နေရာလေး ချန်ထားပေးပါနော်။ ဆန်တွေ ထွက်မကျအောင် ပုံထဲကလို သွားကြားထိုးတံလေးနဲ့ ပိတ်ရပါမယ်။

တတိယအဆင့်ကတော့ ချက်ပြုတ်ခြင်းအဆင့်ပါ။ အိုးထဲကို ကင်းမွန်အစာသွပ်တွေ ထည့်ပြီး ပဲငံပြာရည်ရယ် Mirin ရယ် လောင်းထည့်ပါမယ်။ ကင်းမွန်ရဲ့ အတွင်း ကိုယ်ထည်ကိုလည်း တစ်ခါတည်း ထည့်ချက်ပါမယ်။

ပြီးရင် ကင်းမွန်တွေ မြုပ်သွားတဲ့အထိ အိုးထဲကို ရေထည့်ပါမယ်။ မီးအသင့်အတင့်နဲ့ အပူပေးပြီးသကာလ ရေတွေ ခန်းသလောက် ရှိသွားရင်တော့ အိုးပေါ်ကချ၊ ကြက်သွန်မြိတ်လေး ဖြူးပြီး စားလို့ရပါပြီ ယောင်းတို့ရေ….

Related article >>> အရသာရှိတဲ့ ကင်မ်ချီပန်ကိတ်ကို အိမ်မှာတင်လွယ်လွယ် လုပ်စားကြည့်ရအောင်

ဖိလစ်ပိုင် ကင်းမွန်အစာသွပ်ဟင်းလျာ

 

ဒုတိယနည်းကတော့ ဖိလစ်ပိုင်ဟင်းလျာ အတိုင်း ချက်နည်းပါ။ ဖိလစ်ပိုင်မှာတော့ Rallenong Pusit လို့ ခေါ်တဲ့ ကင်းမွန်အစာသွပ် ဟင်းလျာဟာ ဖိလစ်ပီနိုတွေ စပိန်ကိုလိုနီ လက်အောက် ကျရောက်ခဲ့တုန်းက စပိန်တွေဆီကနေ အမွေဆက်ခံရရှိခဲ့တဲ့ ဟင်းလျာပဲ ဖြစ်ပါတယ်။

ပါဝင်ပစ္စည်းတွေကတော့….

ကင်းမွန် ၅ ကောင်၊ တရုတ်နံနံ နှစ်စည်း ( အရွက်တွေ ဖယ်ပြီး အရိုးပဲယူပါတယ်၊ အရိုးကို တောက်တောက်စင်းထားပါမယ် ) ပဲငံပြာရည် ခွက်ဝက်၊ အပိုင်းပိုင်း လှီးထားတဲ့ မုန့်လာဥနီ ဥကြီး တစ်ဥ၊ အတုံးသေးလေးတွေ လှီးထားတဲ့ ခရမ်းချဉ်သီး တစ်လုံး၊ တောက်တောက်စင်းထားတဲ့ ဝက်သား တစ်ခွက်၊ ဂျုံမှုန့် ခွက်ဝက်၊ အတုံးငယ်လေးတွေ လှီးထားတဲ့ ကြက်သွန်နီ တစ်ဥ၊ ကြက်သွန်ဖြူ ၃တက်၊ ကြက်ဥတစ်လုံး၊ သံပုရာသီးတစ်လုံး၊ ငရုတ်ကောင်းမှုန့် အနက် နဲ့ ဆား ပဲဖြစ်ပါတယ် (အမလေး…များထှာ)

ပထမအဆင့်ကတော့ ကင်းမွန်တွေကို ရေစင်စင်ဆေးပြီး ပန်းကန်ထဲမှာ ပဲငံပြာရည်နဲ့ သံပုရာရည် ညှစ်ထည့်ပြီး ၁၅မိနစ်လောက် နှပ်ထားပါမယ်။

နှပ်နေတုန်းကာလမှာ ဒယ်အိုးထဲ ဆီအနည်းငယ်ထည့်ပြီး လှီးဖြတ်ထားတဲ့ အသီးအရွက်အသားတွေ အားလုံး ထည့်ကြော်ပါမယ်။ ငရုတ်ကောင်းနဲ့ ဆား အနည်းငယ် ထည့်ပါမယ်။ မီးကို အသင့်အတင့်ပဲထားပြီး ဝက်သားအရောင်ပြောင်းလို့ ကျက်သွားတဲ့အခါ အိုးပေါ်က ချပါမယ်။

ပြီးတာနဲ့ အစာသွပ်ခြင်း လုပ်ငန်း စတင်ပါပြီ။ အပြည့်မသွပ်ဘဲ နေရာအနည်းငယ်ချန်ပြီး သွားကြားထိုးတံနဲ့ ပိတ်ပါမယ်။ ပိတ်ပြီး သွားတဲ့ အစာသွပ်ကင်းမွန်တွေကို ကြက်ဥကပ်၊ ဂျုံမှုန့်ကပ်ပြီးရင်တော့ ဆီပူထဲထည့်ကြော်ပါမယ်။

မီးအသင့်တင့် ပဲ ထားရပါမယ်။ ရွှေရောင်သန်းလာရင်တော့ အိုးပေါ်က ချပြီး သုံးဆောင်လို့ရပါပြီနော်…

ကဲ.. ဒီ ကင်းမွန်အစာသွပ် ၂ မျိုးကတော့ သွပ်တဲ့ အစာချင်း မတူသလို ချက်ပြုတ်ပုံချင်းလည်း မတူတာကြောင့် ထူးခြားတဲ့ အရသာ၂မျိုးကို ခံစားရစေမှာပါ။ ပင်လယ်စာကြိုက်တတ်တဲ့ ယောင်းတွေအတွက်ကတော့ ၂ မျိုးလုံး ဖေးဗရိတ်ဖြစ်လောက်တယ်။

By
Mia (For Her Myanmar)

Photo credit : panlasangpinoyrecipes ,foodfornet

Ref : panlasangpinoy.com, adbp.ph

Aye Mon Kyaw
Aye Mon Kyaw
ကၽြန္မကေတာ့ Miaပါ။ အမ်ိဳးသမီးေတြအတြက္ စိတ္ပိုင္းဆိုင္ရာနဲ႔ ရုပ္ပိုင္းဆိုင္ရာဖြံ႕ၿဖိဳးတိုးတက္ေရး စာေတြ၊ က်န္းမာေရးေတြ ေရးေပးမယ့္သူပါ။ foodieျဖစ္တာမို႔ ဟင္းခ်က္နည္းေတြလည္း ေရးေပးမွာေနာ္။

Leave a Reply

Your email address will not be published. Required fields are marked *