Food Recipes

လုပ္ရလြယ္ၿပီး အရသာရွိတဲ့ ကိုရီးယားစတိုင္လ္ တိုဟူးအစပ္ေၾကာ္ခ်က္

ဟာ… မရေတာ့ဘူး… ခ်က္နည္းေတြဖတ္ၿပီး သြားရည္ေတြ က်ကုန္ဘီ.. 😋😋

ခုတစ္ေခါက္မွာေတာ့ အစပ္ႀကိဳက္တဲ့သူေတြအတြက္ နာမည္ႀကီး ဟင္းတစ္မ်ိဳးနဲ႔ မိတ္ဆက္ေပးပါရေစ။ သူကေတာ့ Dubu Jorim လို႔ ေခၚတဲ့ ကိုရီးယားတိုဟူးအစပ္ေၾကာ္ခ်က္ ပဲ ျဖစ္ပါတယ္။

ကိုရီးယားထမင္းဘူးေတြထဲမွာ ပါတတ္တဲ့ Dubu Jorimဟာ ေခါက္ဆြဲေတြ၊ ထမင္းေတြနဲ႔ လိုက္ဖက္လွတဲ့ အရံဟင္းျဖစ္သလို သက္သတ္လြတ္ သမားေတြနဲ႔ အဆင္ေျပတဲ့ ဟင္းလည္း ျဖစ္ပါတယ္။

ဒီဟင္းဟာ တျခားကိုရီးယားဟင္းေတြေလာက္ အမည္မမ်ားဘဲ လုပ္ရတာလည္း အခ်ိန္မၾကာပါဘူး။

အဓိက ပါဝင္ပစၥည္းေတြကေတာ့…

တိုဟူးတစ္ထုပ္ (၁၈ေအာင္စ) ဟင္းခ်က္ဆီ (ထမင္းစားဇြန္း သံုးဇြန္း) ၊ ႏွမ္းဆီေမႊး (လက္ဖက္ရည္ဇြန္း တစ္ဇြန္း)၊ ႏွမ္း (လက္ဖက္ရည္ဇြန္း တစ္ဇြန္း)၊ ၾကက္သြန္ျဖဴ ဥႀကီး (တစ္တက္)၊ ၾကက္သြန္နီ ဥႀကီး (သံုးဥ)၊ ၾကက္သြန္ၿမိတ္ (ႏွစ္စည္း)

ၾကက္သြန္ျဖဴ နဲ႔ ၾကက္သြန္နီကို ေသးေသးေလးေတြ တံုးထားပါမယ္။ ၾကက္သြန္ၿမိတ္ကိုေတာ့ အပိုင္းငယ္ေလးေတြ လွီးထားပါမယ္။

ဟင္းအႏွစ္ရည္ စပ္ဖို႔အတြက္….
ပဲငံျပာရည္( ထမင္းစားဇြန္း ၁ဇြန္း) သၾကားနဲ႔ ဆား (လက္ဖက္ရည္ဇြန္း တစ္ဇြန္းစီ)၊ ကိုရီးယား ငရုတ္သီးမႈန္႔ (ထမင္းစားဇြန္း တစ္ဇြန္း) နဲ႔ ေရ( ေရေႏြးၾကမ္းပန္ကန္လံုး တစ္ဝက္စာ) လိုပါတယ္။ ဒါေတြကို ပန္းကန္လံုးတစ္လံုးထဲမွာ ေရာေမႊထားပါမယ္။

ဒီဟင္းမွာ အစပ္အဟပ္တည့္တဲ့ ဟင္းအႏွစ္ရည္က အသက္ပါေနာ္။ 😉

ဘယ္လိုခ်က္မလဲဆိုေတာ့….
အရင္ဆံုး တိုဟူးကို ေရ ေအးနဲ႔ ေဆး၊ ေျခာက္သြားေအာင္ အဝတ္သန္႔သန္႔ေလးနဲ႔ ခပ္ဖြဖြသုတ္၊ ၿပီးရင္ စားလို႔ရတဲ့ အရြယ္အစားအတံုးေလးေတြျဖစ္ေအာင္ အသာအယာ လွီးပါမယ္။

ဒယ္အိုးထဲ ဆီထည့္ၿပီး မီးခပ္ျပင္းျပင္းေပးထားပါမယ္။ အဲဒီေနာက္ တိုဟူးကို အသာအယာေလး ထည့္ၿပီး ၇မိနစ္-၈မိနစ္ေလာက္ေၾကာ္ပါမယ္။ အဲဒီေနာက္ တစ္ဖက္ကို အသာအယာလွန္ေပးၿပီး ၇မိနစ္ ၈ မိနစ္ေလာက္ ေၾကာ္ေပးပါမယ္။ တိုဟူး ၂ဖက္လံုး ေရႊေရာင္ သမ္းလာၿပီး မ်က္ႏွာျပင္က အနည္းငယ္ႂကြပ္လာတဲ့အထိေပါ့။

အဲဒီေနာက္ တိုဟူးေတြကို ပန္းကန္တစ္ခ်ပ္ထဲ ေျပာင္းထည့္ပါမယ္။ ဒယ္အိုးထဲက လက္က်န္ဆီေတြကို ဒီအတိုင္းထား၊ ေနာက္ထပ္ ဒယ္ျပားအေသးေလးကို မီးအသင့္အတင့္ေပးၿပီး လက္က်န္ဆီေတြ ထည့္ပါ။

Related Article >>> ျမန္မာဟင္းလ်ာေတြကို အဟာရျပည့္ဝၿပီး က်န္းမာေရးနဲ႕ညီညြတ္ေအာင္ ဘယ္လိုျပင္ဆင္ၾကမလဲ

မီးပံုမွန္ ေပးထားတဲ့ ဒယ္ျပားငယ္ေလးထဲကို လွီးထားတဲ့ ၾကက္သြန္ျဖဴ၊နီ၊ ၾကက္သြန္ၿမိတ္ ထည့္ေမႊပါမယ္။ ( ၾကက္သြန္ျဖဴ၊နီနဲ႔ ၾကက္သြန္ၿမိတ္ကို အကုန္မသံုးဘဲ ထမင္းစားဇြန္းတစ္ဇြန္းစာေလာက္ပဲ သံုးပါမယ္။ က်န္တစ္ဝက္ကို ေနာက္တစ္ဆင့္မွ သံုးရမွာမို႔ပါ)

ၾကက္သြန္နီေတြ အေရာင္ေျပာင္းၿပီး အနည္းငယ္ ႂကြပ္လာတဲ့အထိ ေမႊေပးပါမယ္။ ၿပီးရင္ ဟင္းအႏွစ္ရည္ ထည့္ၿပီး ခပ္ပ်စ္ပ်စ္ ျဖစ္လာေအာင္ ေမႊေနေပးရမွာပါ ေယာင္းေရ။

ေနာက္ဆံုးအဆင့္အေနနဲ႔ တိုဟူးတံုးေၾကာ္နဲ႔ လက္က်န္ ၾကက္သြန္နီ၊ျဖဴ တို႔ကို ထည့္လို႔ ေမႊပါမယ္။ ႏွမ္းဆီေမႊး ထည့္ပါမယ္။ တိုဟူးတုံုးေတြက ဟင္းအႏွစ္ကို စုပ္ယူသြားၿပီး ေသခ်ာသမသြားတဲ့ အထိ ခ်က္ထားလိုက္ပါ။

ဒယ္အိုးေပၚက ခ်ၿပီးတဲ့အခါမွာေတာ့ ၾကက္သြန္ၿမိတ္နဲ႔ ႏွမ္းေစ့ေလးေတြ ျဖဴးၿပီး စားႏိုင္ပါၿပီေနာ္။

လုပ္ရတာလည္း လြယ္၊ အခ်ိန္လည္း မကုန္၊ ခံတြင္းလည္း ၿမိန္တဲ့ ဟင္းမို႔ ေယာင္းတို႔လည္း လုပ္စားၾကည့္ၾကပါဦးလို႔။ ေျခေနေကာင္းရင္ ျပန္လာေျပာေပးၾကဖို႔လည္း ေမ့နဲ႔ေနာ္..

ဒီဟင္းခ်က္နည္းကို မၽွေဝေပးတဲ့ အန္တီမန္းခ်ီးကို ေက်းဇူးတင္ပါတယ္ေနာ္…

By
Mia (For Her Myanmar)
Reference links: maangchi.com youtube

<<< Unicode >>>

ဟာ… မရတော့ဘူး… ချက်နည်းတွေဖတ်ပြီး သွားရည်တွေ ကျကုန်ဘီ..😋😋

ခုတစ်ခေါက်မှာတော့ အစပ်ကြိုက်တဲ့သူတွေအတွက် နာမည်ကြီး ဟင်းတစ်မျိုးနဲ့ မိတ်ဆက်ပေးပါရစေ။ သူကတော့ Dubu Jorim လို့ ခေါ်တဲ့ ကိုရီးယားတိုဟူးအစပ်ကြော်ချက် ပဲ ဖြစ်ပါတယ်။

ကိုရီးယားထမင်းဘူးတွေထဲမှာ ပါတတ်တဲ့ Dubu Jorimဟာ ခေါက်ဆွဲတွေ၊ ထမင်းတွေနဲ့ လိုက်ဖက်လှတဲ့ အရံဟင်းဖြစ်သလို သက်သတ်လွတ် သမားတွေနဲ့ အဆင်ပြေတဲ့ ဟင်းလည်း ဖြစ်ပါတယ်။

ဒီဟင်းဟာ တခြားကိုရီးယားဟင်းတွေလောက် အမည်မများဘဲ လုပ်ရတာလည်း အချိန်မကြာပါဘူး။

အဓိက ပါဝင်ပစ္စည်းတွေကတော့…

တိုဟူးတစ်ထုပ် (၁၈အောင်စ) ဟင်းချက်ဆီ (ထမင်းစားဇွန်း သုံးဇွန်း) ၊ နှမ်းဆီမွှေး (လက်ဖက်ရည်ဇွန်း တစ်ဇွန်း)၊ နှမ်း (လက်ဖက်ရည်ဇွန်း တစ်ဇွန်း)၊ ကြက်သွန်ဖြူ ဥကြီး (တစ်တက်)၊ ကြက်သွန်နီ ဥကြီး (သုံးဥ)၊ ကြက်သွန်မြိတ် (နှစ်စည်း)

ကြက်သွန်ဖြူ နဲ့ ကြက်သွန်နီကို သေးသေးလေးတွေ တုံးထားပါမယ်။ ကြက်သွန်မြိတ်ကိုတော့ အပိုင်းငယ်လေးတွေ လှီးထားပါမယ်။

ဟင်းအနှစ်ရည် စပ်ဖို့အတွက်….
ပဲငံပြာရည်( ထမင်းစားဇွန်း ၁ဇွန်း) သကြားနဲ့ ဆား (လက်ဖက်ရည်ဇွန်း တစ်ဇွန်းစီ)၊ ကိုရီးယား ငရုတ်သီးမှုန့် (ထမင်းစားဇွန်း တစ်ဇွန်း) နဲ့ ရေ( ရေနွေးကြမ်းပန်ကန်လုံး တစ်ဝက်စာ) လိုပါတယ်။ ဒါတွေကို ပန်းကန်လုံးတစ်လုံးထဲမှာ ရောမွှေထားပါမယ်။

ဒီဟင်းမှာ အစပ်အဟပ်တည့်တဲ့ ဟင်းအနှစ်ရည်က အသက်ပါနော်။

ဘယ်လိုချက်မလဲဆိုတော့….
အရင်ဆုံး တိုဟူးကို ရေ အေးနဲ့ ဆေး၊ ခြောက်သွားအောင် အဝတ်သန့်သန့်လေးနဲ့ ခပ်ဖွဖွသုတ်၊ ပြီးရင် စားလို့ရတဲ့ အရွယ်အစားအတုံးလေးတွေဖြစ်အောင် အသာအယာ လှီးပါမယ်။

ဒယ်အိုးထဲ ဆီထည့်ပြီး မီးခပ်ပြင်းပြင်းပေးထားပါမယ်။ အဲဒီနောက် တိုဟူးကို အသာအယာလေး ထည့်ပြီး ၇မိနစ်-၈မိနစ်လောက်ကြော်ပါမယ်။ အဲဒီနောက် တစ်ဖက်ကို အသာအယာလှန်ပေးပြီး ၇မိနစ် ၈ မိနစ်လောက် ကြော်ပေးပါမယ်။ တိုဟူး ၂ဖက်လုံး ရွှေရောင် သမ်းလာပြီး မျက်နှာပြင်က အနည်းငယ်ကြွပ်လာတဲ့အထိပေါ့။

အဲဒီနောက် တိုဟူးတွေကို ပန်းကန်တစ်ချပ်ထဲ ပြောင်းထည့်ပါမယ်။ ဒယ်အိုးထဲက လက်ကျန်ဆီတွေကို ဒီအတိုင်းထား၊ နောက်ထပ် ဒယ်ပြားအသေးလေးကို မီးအသင့်အတင့်ပေးပြီး လက်ကျန်ဆီတွေ ထည့်ပါ။

Related Article >>> မြန်မာဟင်းလျာတွေကို အဟာရပြည့်ဝပြီး ကျန်းမာရေးနဲ့ညီညွတ်အောင် ဘယ်လိုပြင်ဆင်ကြမလဲ

မီးပုံမှန် ပေးထားတဲ့ ဒယ်ပြားငယ်လေးထဲကို လှီးထားတဲ့ ကြက်သွန်ဖြူ၊နီ၊ ကြက်သွန်မြိတ် ထည့်မွှေပါမယ်။ ( ကြက်သွန်ဖြူ၊နီနဲ့ ကြက်သွန်မြိတ်ကို အကုန်မသုံးဘဲ ထမင်းစားဇွန်းတစ်ဇွန်းစာလောက်ပဲ သုံးပါမယ်။ ကျန်တစ်ဝက်ကို နောက်တစ်ဆင့်မှ သုံးရမှာမို့ပါ)

ကြက်သွန်နီတွေ အရောင်ပြောင်းပြီး အနည်းငယ် ကြွပ်လာတဲ့အထိ မွှေပေးပါမယ်။ ပြီးရင် ဟင်းအနှစ်ရည် ထည့်ပြီး ခပ်ပျစ်ပျစ် ဖြစ်လာအောင် မွှေနေပေးရမှာပါ ယောင်းရေ။

နောက်ဆုံးအဆင့်အနေနဲ့ တိုဟူးတုံးကြော်နဲ့ လက်ကျန် ကြက်သွန်နီ၊ဖြူ တို့ကို ထည့်လို့ မွှေပါမယ်။ နှမ်းဆီမွှေး ထည့်ပါမယ်။ တိုဟူးတုံးတွေက ဟင်းအနှစ်ကို စုပ်ယူသွားပြီး သေချာသမသွားတဲ့ အထိ ချက်ထားလိုက်ပါ။

ဒယ်အိုးပေါ်က ချပြီးတဲ့အခါမှာတော့ ကြက်သွန်မြိတ်နဲ့ နှမ်းစေ့လေးတွေ ဖြူးပြီး စားနိုင်ပါပြီနော်။

လုပ်ရတာလည်း လွယ်၊ အချိန်လည်း မကုန်၊ ခံတွင်းလည်း မြိန်တဲ့ ဟင်းမို့ ယောင်းတို့လည်း လုပ်စားကြည့်ကြပါဦးလို့။ ခြေနေကောင်းရင် ပြန်လာပြောပေးကြဖို့လည်း မေ့နဲ့နော်..

ဒီဟင်းချက်နည်းကို မျှဝေပေးတဲ့ အန်တီမန်းချီးကို ကျေးဇူးတင်ပါတယ်နော်…

By
Mia (For Her Myanmar)
Reference links: maangchi.com youtube

Aye Mon Kyaw
Aye Mon Kyaw
ကၽြန္မကေတာ့ Miaပါ။ အမ်ိဳးသမီးေတြအတြက္ စိတ္ပိုင္းဆိုင္ရာနဲ႔ ရုပ္ပိုင္းဆိုင္ရာဖြံ႕ၿဖိဳးတိုးတက္ေရး စာေတြ၊ က်န္းမာေရးေတြ ေရးေပးမယ့္သူပါ။ foodieျဖစ္တာမို႔ ဟင္းခ်က္နည္းေတြလည္း ေရးေပးမွာေနာ္။

Leave a Reply

Your email address will not be published. Required fields are marked *