Food Recipes

မြမြေလးနဲ႔ စားလို႔ေကာင္းတဲ႔ ထမင္းေျခာက္ေၾကာ္လုပ္နည္း

အမယ္.. ထမင္းေျခာက္ေၾကာ္ေတာင္မွ အမ်ိဳးအစား ခြဲေသးသတဲ့.. 

<<< Zawgyi >>>

အိမ္မွာစားလို႔မကုန္တဲ့ ထမင္းၾကမ္းေတြကို လႊင့္ပစ္ၾကလား? မပစ္နဲ႔ေနာ္.. ႏွေျမာစရာႀကီး.. အဲဒီ ထမင္းၾကမ္းေလးေတြကေန မြမြေလးနဲ႔ စားလို႔ေကာင္းတဲ့ ထမင္းေျခာက္ေၾကာ္ လုပ္လို႔ရတယ္လို႔..

ဘယ္လိုလုပ္မလဲ ဆိုေတာ့ကာ ေရွးရိုးအစဥ္အလာမျပတ္ ထမင္းေျခာက္ေၾကာ္ ေၾကာ္နည္းကေတာ့ တကယ္ကို ရိုးရွင္းလြယ္ကူေပါ့ေနာ္… အိမ္မွာက်န္တဲ႔ထမင္းေလးေတြ ေနလွန္းၿပီးေၾကာ္လိုက္ရံုပါပဲ။ ဒါေပမဲ့ ပိုၿပီးစားေကာင္းတဲ႔ေၾကာ္နည္းေလးရွိေသးတယ္ သိလား..  ဒီနည္းလမ္းေလးကေတာ့ထိုင္းရိုးရာနည္းေလးပါ။ သပ္သပ္ရပ္ရပ္လွလွပပေလးနဲ႔ စားခ်င္စရာေလးရယ္။

ပါ၀င္ပစၥည္းေတြကေတာ့

  • ထမင္းၾကမ္းခဲနဲ႕
  • ဆီပဲလိုပါတယ္။

ထမင္းေျခာက္ေၾကာ္ေလးကို ထိုင္းစတိုင္

  • ထမင္းေစ့လံုး၀မပါတဲ့ ႂကြပ္ႂကြပ္ပါးပါး ထမင္းေျခာက္ေၾကာ္ ပံုစံ၊
  • ထမင္းအေစ့လိုက္ပါတဲ႔ ပံုစံနဲ႔
  • ေကာက္ညွင္းငခိ်တ္နဲ႕လုပ္ထားတဲ့ ေကာက္ညွင္းခြက္ေၾကာ္ဆိုၿပီး ပံုစံ (၃) မ်ိဳး ျပဳလုပ္လို႔ရပါတယ္။

Related Article >>> နံျပားပီဇာ သို႔မဟုတ္ ငပ်င္းပီဇာလုပ္နည္း

၁။ ထမင္းအေစ့လံုး၀မပါတဲ့ ႂကြပ္ႂကြပ္ပါးပါးထမင္းေျခာက္ေၾကာ္နည္း

အရင္ဆံုး အခင္းသန္႔သန္႔ (Silicon အခင္း) ေပၚမွာ ပလတ္စတစ္အပါးေလး ထပ္ခင္းၿပီး ထမင္းေတြကို ျဖန္႔ထည့္လိုက္ပါ။ ၿပီးရင္ အေပၚကေန ေနာက္ထပ္ ပလတ္စတစ္အပါးေလး ထပ္ခင္းၿပီး ဒလိွမ့္တံုးနဲ႔ ပါးပါးေလးျဖစ္ သြားေအာင္လိွမ့္ေပးပါ။  ထမင္းေတြကို ေလးေထာင့္ပံုစံျပား ျဖစ္ေအာင္ လုပ္ၿပီး ၁ လက္မခြဲ ပတ္လည္အကြက္ေလးေတြျဖစ္ေအာင္ အရာေပးပါ။ တခ်ိဳ႕ကေတာ့ ထမင္းေတြကို Blender ထဲ ထည့္ႀကိတ္ၿပီး အကုန္ေၾကသြားၿပီဆိုေတာ့မွ အခင္းေပၚ ျဖန္႔ခ်တာမ်ိဳးလုပ္ပါတယ္။

ေနပူထဲမွာလွန္းပါ။ လွန္းတဲ့အခါမွာလည္း တစ္ဖက္ကို အရင္ေျခာက္ေအာင္ ခဏလွန္း၊ ေျခာက္ၿပီဆိုေတာ့မွ ေနာက္တစ္ဖက္ကို လွန္ၿပီး လံုးဝေျခာက္သြားေအာင္ ဆက္လွန္းပါ။ လံုးဝေျခာက္သြားရင္ေတာ့ ဆီပူပူထဲမွာ နွစ္ၿပီး ေၾကာ္လိုက္ပါ။

Related Article >>> လြယ္ကူျမန္ဆန္တဲ့ ကန္စြန္းဥ မုန္႔လုပ္နည္း (၃) မ်ိဳး

၂။ ထမင္းအေစ့လိုက္ပါတဲ႔ ထမင္းေျခာက္ေၾကာ္လုပ္နည္း

ထမင္းၾကမ္းခဲေတြကို ပံုစံခြက္အ၀ိုင္းေလးထဲထည့္ၿပီး ပံုသြင္းပါ။ ပါးပါးေလးျဖစ္စရာမလိုပါဘူး။ ၿပီးရင္ေတာ့ ၂ ဖက္လံုး ေျခာက္သြားေအာင္ ေနလွန္းထားလိုက္ပါ။

လံုးဝေျခာက္သြားၿပီဆိုရင္ေတာ့ ေၾကာ္စားလို႔ရပါၿပီ။ (အေတာ္ခက္ေနဦးမယ္ 😛 )

Related Article >>> အာလူးထမင္းသုတ္ ျပဳလုပ္နည္း

၃။ ေကာက္ညွင္းငခ်ိပ္ေၾကာ္လုပ္နည္း

ေကာက္ညွင္းငခ်ိပ္ ၃ ခ်ိဳး ေကာက္ညွင္းအျဖဴ ၁ ခ်ိဳးေရာၿပီးခ်က္လိုက္ပါ။ ငခ်ိပ္တစ္မ်ိဳးတည္းဆို မာၿပီး စားမေကာင္းပါဘူးေနာ္။ ၿပီးရင္ေတာ့ ပထမနည္းထဲကလိုပဲ ဒလိွမ့္တံုးနဲ႔ လိွမ့္ပံုသြင္းၿပီး ေနလွန္းလိုက္ပါ။ ၂ ဖက္လံုးေျခာက္ရင္ေတာ့ ေၾကာ္စားလို႔ရပါၿပီ။

ကဲ ဆားေလးနဲ႔တို႔ၿပီး အဆိမ့္အရသာေလးပဲ စားစား၊ သၾကားေလးတို႔ၿပီး အခ်ိဳေလးပဲစားစားအရမ္းအရသာရိွပါတယ္။ေယာင္းတို႔ အားလံုးပဲ စားေကာင္းၾကပါေစေနာ္။

စမ္းေခ်ာင္းသူ ခိုင္ဇာ (For Her Myanmar)

<<< Unicode >>>

အမယ်.. ထမင်းခြောက်ကြော်တောင်မှ အမျိုးအစား ခွဲသေးသတဲ့.. 

အိမ်မှာစားလို့မကုန်တဲ့ ထမင်းကြမ်းတွေကို လွှင့်ပစ်ကြလား? မပစ်နဲ့နော်.. နှမြောစရာကြီး.. အဲဒီ ထမင်းကြမ်းလေးတွေကနေ မွမွလေးနဲ့ စားလို့ကောင်းတဲ့ ထမင်းခြောက်ကြော် လုပ်လို့ရတယ်လို့..

ဘယ်လိုလုပ်မလဲ ဆိုတော့ကာ ရှေးရိုးအစဉ်အလာမပြတ် ထမင်းခြောက်ကြော် ကြော်နည်းကတော့ တကယ်ကို ရိုးရှင်းလွယ်ကူပေါ့နော်… အိမ်မှာကျန်တဲ့ထမင်းလေးတွေ နေလှန်းပြီးကြော်လိုက်ရုံပါပဲ။ ဒါပေမဲ့ ပိုပြီးစားကောင်းတဲ့ကြော်နည်းလေးရှိသေးတယ် သိလား..  ဒီနည်းလမ်းလေးကတော့ထိုင်းရိုးရာနည်းလေးပါ။ သပ်သပ်ရပ်ရပ်လှလှပပလေးနဲ့ စားချင်စရာလေးရယ်။

ပါဝင်ပစ္စည်းတွေကတော့

  • ထမင်းကြမ်းခဲနဲ့
  • ဆီပဲလိုပါတယ်။

ထမင်းခြောက်ကြော်လေးကို ထိုင်းစတိုင်

  • ထမင်းစေ့လုံးဝမပါတဲ့ ကြွပ်ကြွပ်ပါးပါး ထမင်းခြောက်ကြော် ပုံစံ၊
  • ထမင်းအစေ့လိုက်ပါတဲ့ ပုံစံနဲ့
  • ကောက်ညှင်းငချိတ်နဲ့လုပ်ထားတဲ့ ကောက်ညှင်းခွက်ကြော်ဆိုပြီး ပုံစံ (၃) မျိုး ပြုလုပ်လို့ရပါတယ်။

Related Article >>> နံပြားပီဇာ သို့မဟုတ် ငပျင်းပီဇာလုပ်နည်း

၁။ ထမင်းအစေ့လုံးဝမပါတဲ့ ကြွပ်ကြွပ်ပါးပါးထမင်းခြောက်ကြော်နည်း

အရင်ဆုံး အခင်းသန့်သန့် (Silicon အခင်း) ပေါ်မှာ ပလတ်စတစ်အပါးလေး ထပ်ခင်းပြီး ထမင်းတွေကို ဖြန့်ထည့်လိုက်ပါ။ ပြီးရင် အပေါ်ကနေ နောက်ထပ် ပလတ်စတစ်အပါးလေး ထပ်ခင်းပြီး ဒလှိမ့်တုံးနဲ့ ပါးပါးလေးဖြစ် သွားအောင်လှိမ့်ပေးပါ။  ထမင်းတွေကို လေးထောင့်ပုံစံပြား ဖြစ်အောင် လုပ်ပြီး ၁ လက်မခွဲ ပတ်လည်အကွက်လေးတွေဖြစ်အောင် အရာပေးပါ။ တချို့ကတော့ ထမင်းတွေကို Blender ထဲ ထည့်ကြိတ်ပြီး အကုန်ကြေသွားပြီဆိုတော့မှ အခင်းပေါ် ဖြန့်ချတာမျိုးလုပ်ပါတယ်။

နေပူထဲမှာလှန်းပါ။ လှန်းတဲ့အခါမှာလည်း တစ်ဖက်ကို အရင်ခြောက်အောင် ခဏလှန်း၊ ခြောက်ပြီဆိုတော့မှ နောက်တစ်ဖက်ကို လှန်ပြီး လုံးဝခြောက်သွားအောင် ဆက်လှန်းပါ။ လုံးဝခြောက်သွားရင်တော့ ဆီပူပူထဲမှာ နှစ်ပြီး ကြော်လိုက်ပါ။

Related Article >>> လွယ်ကူမြန်ဆန်တဲ့ ကန်စွန်းဥ မုန့်လုပ်နည်း (၃) မျိုး

၂။ ထမင်းအစေ့လိုက်ပါတဲ့ ထမင်းခြောက်ကြော်လုပ်နည်း

ထမင်းကြမ်းခဲတွေကို ပုံစံခွက်အဝိုင်းလေးထဲထည့်ပြီး ပုံသွင်းပါ။ ပါးပါးလေးဖြစ်စရာမလိုပါဘူး။ ပြီးရင်တော့ ၂ ဖက်လုံး ခြောက်သွားအောင် နေလှန်းထားလိုက်ပါ။

လုံးဝခြောက်သွားပြီဆိုရင်တော့ ကြော်စားလို့ရပါပြီ။ (အတော်ခက်နေဦးမယ် 😛 )

Related Article >>> အာလူးထမင်းသုတ် ပြုလုပ်နည်း

၃။ ကောက်ညှင်းငချိပ်ကြော်လုပ်နည်း

ကောက်ညှင်းငချိပ် ၃ ချိုး ကောက်ညှင်းအဖြူ ၁ ချိုးရောပြီးချက်လိုက်ပါ။ ငချိပ်တစ်မျိုးတည်းဆို မာပြီး စားမကောင်းပါဘူးနော်။ ပြီးရင်တော့ ပထမနည်းထဲကလိုပဲ ဒလှိမ့်တုံးနဲ့ လှိမ့်ပုံသွင်းပြီး နေလှန်းလိုက်ပါ။ ၂ ဖက်လုံးခြောက်ရင်တော့ ကြော်စားလို့ရပါပြီ။

ကဲ ဆားလေးနဲ့တို့ပြီး အဆိမ့်အရသာလေးပဲ စားစား၊ သကြားလေးတို့ပြီး အချိုလေးပဲစားစားအရမ်းအရသာရှိပါတယ်။ယောင်းတို့ အားလုံးပဲ စားကောင်းကြပါစေနော်။

စမ်းချောင်းသူ ခိုင်ဇာ (For Her Myanmar)

Khaine Zar Lin
Khaine Zar Lin
စာဖတ္၊ စာေရးနဲ႕ အစားအေသာက္ အရူးအမုူူးၾကိဳက္တဲ့ စမ္းေခ်ာင္းသူေလးပါ။ ေရးသမွ် စာေလးေတြ ဖတ္ေပးတဲ့ အတြက္ေက်းဇူးတင္ပါတယ္ရွင့္။

Leave a Reply

Your email address will not be published. Required fields are marked *