Food Knowledge

ျမင္တာနဲ႔စားခ်င္စဖြယ္ ျဖစ္ေနေစမယ့္ ထမင္းဘူးလွလွေလးျဖစ္ေအာင္ ဘယ္လိုဖန္တီးၾကမလဲ

ဒီလိုဆို ထမင္းဘူးဆီပဲ အာရံုေရာက္ေနဖို႔ က်ိန္းေသေနပါၿပီ 🤩

ေယာင္းတို႔ေရ.. ေက်ာင္းေတြျပန္ဖြင့္ဖို႔ ရက္ပိုင္းေလာက္ပဲလိုေတာ့တယ္ေနာ္.. အိ္မ္မွာဆိုရင္ေတာ့ ေယာင္းတို႔သားသားမီးမီးေလးေတြကို စိတ္ႀကိဳက္ဂရုစုိက္ေပးလို႔ ရႏိုင္ေပမဲ့ ေက်ာင္းတက္ခ်ိန္ေတြမွာေတာ့ ထမင္းမွစားရဲ႕လား ။ ေပ်ာ္ေရာေပ်ာ္ရဲ႕လားနဲ႔ စိတ္ပူရတာ အေမာပဲဟုတ္ ။ ေက်ာင္းေပ်ာ္မေပ်ာ္ဆိုတာက ေနာက္၊ ထမင္းပုံမွန္မစားဘဲေနရင္ က်န္းမာေရးထိခိုက္ၿပီး ေက်ာင္းပါမသြားႏိုင္ျဖစ္မွာဆိုေတာ့ သားသားမီးမီးေလးေတြ ထမင္းစားဖို႔အေရး ေခါင္းကိုက္ရတာကလည္း ေမေမေယာင္းတို႔ ေတာ္ေတာ္မ်ားမ်ား ၾကံဳဖူးၾကမွာပါ။ ဒီလိုဆို ထမင္းဘူးထည့္ေပးတဲ့အခါ ပံုမွန္ထည့္ေပးတာမ်ိဳး မဟုတ္ဘဲ လွလွပပေလး ျပင္ဆင္ၿပီး ထည့္ေပးမယ္ဆို သူတို႔ေလးေတြရဲ႕ စားခ်င္စိတ္ကို ပိုၿပီး လႈံ႕ေဆာ္ေပးႏုိင္တယ္ဆိုတာေရာ… ေယာင္းတို႔ သတိထားမိၾကရဲ႕လား?

ေယာင္းတို႔သားသားမီးမီးေတြ အႀကိဳက္ေတြ႕မယ့္ ထမင္းဘူးျပင္ဆင္ဖို႔အတြက္ အရင္ဆုံး အေရာင္ေလးေတြနဲ႔ သူတို႔သေဘာက်တဲ့ ကာတြန္းေလးေတြ ဖန္တီးေပးၿပီး မ်က္စိပသာဒရွိေအာင္ ဆြဲေဆာင္ဖို႔ လိုပါမယ္ ေယာင္းေရ…

Related Article >>> ဇနီးသည္မီးဖြားတဲ့အခါ ခင္ပြန္းအေနနဲ႔ ဘယ္လိုခြင့္ခံစားခြင့္ေတြ ရရွိနိုင္လဲ?

အေရာင္ေလးေတြ မ်ားမ်ားသုံးႏိုင္ရင္ ထမင္းဘူးေလးလည္း ပုိလွသလို ေယာင္းတို႔ေကၽြးခ်င္တဲ့ အသီးအရြက္ေတြကိုလည္း စုံစုံလင္လင္ ထည့္ေကၽြးႏိုင္မွာပါ။ ဒီေတာ့ သားသားမီးမီးေတြ ထမင္းပိုစားလာႏိုင္သလို လိုအပ္တဲ့အာဟာရေတြလည္း တစ္ခါတည္း အစံုပါသြားေတာ့တာေပါ့…

အရုပ္ေလးေတြ ပံုေဖာ္ဖို႔ဆုိတာလည္း ေထြေထြထူးထူး စဥ္းစားစရာ မလိုပါဘူးေနာ္.. ထမင္းကို ဆုပ္၊ လံုးၿပီး ေရညွိေလးေတြ၊ အသားျပားေလးေတြနဲ႔ စိတ္ကူးရွိသလို ဖန္တီးျပင္ဆင္လို႔ ရပါတယ္။

Related Article >>> ဝမ္းဗိုက္မေကာင္းတဲ့ ေန႔ေတြမွာစားသင့္တဲ့ အစားအစာ(၅)မ်ိဳး

ငရုတ္ဆီဆမ္းတာကအစ ေဘးမွာပုံထားေပးမယ့္အစား လွလွေလးပုံေဖာ္ၿပီး တင္ေပးတာက ကေလးေတြအတြက္ ပိုၿပီးအျမင္ဆန္းေစႏိုင္ပါတယ္။ ေနာက္ၿပီး ၾကက္အူေခ်ာင္းေတြဆိုလည္း ဒီတိုင္းေၾကာ္မယ့္အစား ပန္းပြင့္ေလးေတြပံုေဖာ္ၿပီး ေၾကာ္လိုက္ေတာ့ ပိုလွသြားတာေပါ့..

ကိုယ့္စိတ္ကူးနဲ႔ကိုယ္ ထမင္းဘူးလွလွျဖစ္ေအာင္ ပုံေဖာ္ဖို႔ အခက္အခဲရွိတယ္ဆိုရင္ မင္မင္ျပထားေပးတဲ့ ထမင္းဘူးထဲက ပံုေလးေတြကို နမူနာယူၿပီး ျပင္ဆင္ေပးလို႔ ရပါတယ္လို႔…

ကဲ ေယာင္းတို႔သားသားမီးမီးေလးေတြေတာ့ မသိဘူး။ မင္မင္ေတာင္ ထမင္းဘူးလွလွေလးေတြ သေဘာက်လြန္းလို႔ ရုံးကိုကိုယ့္ဘာသာ ျပင္ဆင္သြားေတာ့မယ္ကြယ္..😜

ခ်စ္ရတဲ့ မင္မင္

DiDi ( For Her Myanmar )

<<< Unicode >>>

ဒီလိုဆို ထမင်းဘူးဆီပဲ အာရုံရောက်နေဖို့ ကျိန်းသေနေပါပြီ 🤩

ယောင်းတို့ရေ.. ကျောင်းတွေပြန်ဖွင့်ဖို့ ရက်ပိုင်းလောက်ပဲလိုတော့တယ်နော်.. အိမ်မှာဆိုရင်တော့ ယောင်းတို့သားသားမီးမီးလေးတွေကို စိတ်ကြိုက်ဂရုစိုက်ပေးလို့ ရနိုင်ပေမဲ့ ကျောင်းတက်ချိန်တွေမှာတော့ ထမင်းမှစားရဲ့လား ။ ပျော်ရောပျော်ရဲ့လားနဲ့ စိတ်ပူရတာ အမောပဲဟုတ် ။ ကျောင်းပျော်မပျော်ဆိုတာက နောက်၊ ထမင်းပုံမှန်မစားဘဲနေရင် ကျန်းမာရေးထိခိုက်ပြီး ကျောင်းပါမသွားနိုင်ဖြစ်မှာဆိုတော့ သားသားမီးမီးလေးတွေ ထမင်းစားဖို့အရေး ခေါင်းကိုက်ရတာကလည်း မေမေယောင်းတို့ တော်တော်များများ ကြုံဖူးကြမှာပါ။ ဒီလိုဆို ထမင်းဘူးထည့်ပေးတဲ့အခါ ပုံမှန်ထည့်ပေးတာမျိုး မဟုတ်ဘဲ လှလှပပလေး ပြင်ဆင်ပြီး ထည့်ပေးမယ်ဆို သူတို့လေးတွေရဲ့ စားချင်စိတ်ကို ပိုပြီး လှုံ့ဆော်ပေးနိုင်တယ်ဆိုတာရော… ယောင်းတို့ သတိထားမိကြရဲ့လား?

ယောင်းတို့သားသားမီးမီးတွေ အကြိုက်တွေ့မယ့် ထမင်းဘူးပြင်ဆင်ဖို့အတွက် အရင်ဆုံး အရောင်လေးတွေနဲ့ သူတို့သဘောကျတဲ့ ကာတွန်းလေးတွေ ဖန်တီးပေးပြီး မျက်စိပသာဒရှိအောင် ဆွဲဆောင်ဖို့ လိုပါမယ် ယောင်းရေ…

Related Article >>> ဇနီးသည်မီးဖွားတဲ့အခါ ခင်ပွန်းအနေနဲ့ ဘယ်လိုခွင့်ခံစားခွင့်တွေ ရရှိနိုင်လဲ?

အရောင်လေးတွေ များများသုံးနိုင်ရင် ထမင်းဘူးလေးလည်း ပိုလှသလို ယောင်းတို့ကျွေးချင်တဲ့ အသီးအရွက်တွေကိုလည်း စုံစုံလင်လင် ထည့်ကျွေးနိုင်မှာပါ။ ဒီတော့ သားသားမီးမီးတွေ ထမင်းပိုစားလာနိုင်သလို လိုအပ်တဲ့အာဟာရတွေလည်း တစ်ခါတည်း အစုံပါသွားတော့တာပေါ့…

အရုပ်လေးတွေ ပုံဖော်ဖို့ဆိုတာလည်း ထွေထွေထူးထူး စဉ်းစားစရာ မလိုပါဘူးနော်.. ထမင်းကို ဆုပ်၊ လုံးပြီး ရေညှိလေးတွေ၊ အသားပြားလေးတွေနဲ့ စိတ်ကူးရှိသလို ဖန်တီးပြင်ဆင်လို့ ရပါတယ်။

Related Article >>> ဝမ်းဗိုက်မကောင်းတဲ့ နေ့တွေမှာစားသင့်တဲ့ အစားအစာ(၅)မျိုး

ငရုတ်ဆီဆမ်းတာကအစ ဘေးမှာပုံထားပေးမယ့်အစား လှလှလေးပုံဖော်ပြီး တင်ပေးတာက ကလေးတွေအတွက် ပိုပြီးအမြင်ဆန်းစေနိုင်ပါတယ်။ နောက်ပြီး ကြက်အူချောင်းတွေဆိုလည်း ဒီတိုင်းကြော်မယ့်အစား ပန်းပွင့်လေးတွေပုံဖော်ပြီး ကြော်လိုက်တော့ ပိုလှသွားတာပေါ့..

ကိုယ့်စိတ်ကူးနဲ့ကိုယ် ထမင်းဘူးလှလှဖြစ်အောင် ပုံဖော်ဖို့ အခက်အခဲရှိတယ်ဆိုရင် မင်မင်ပြထားပေးတဲ့ ထမင်းဘူးထဲက ပုံလေးတွေကို နမူနာယူပြီး ပြင်ဆင်ပေးလို့ ရပါတယ်လို့…

ကဲ ယောင်းတို့သားသားမီးမီးလေးတွေတော့ မသိဘူး။ မင်မင်တောင် ထမင်းဘူးလှလှလေးတွေ သဘောကျလွန်းလို့ ရုံးကိုကိုယ့်ဘာသာ ပြင်ဆင်သွားတော့မယ်ကွယ်..😜

ချစ်ရတဲ့ မင်မင်

DiDi ( For Her Myanmar )

Yin Sandi Ko
Yin Sandi Ko
ညီမက‌ေတာ့ ဒီဒီပါ .စာေရးရတာကို ရူးသြပ္သူမို႔ ေယာင္းတို႔ကိုဆြဲေဆာင္နိုင္မယ့္ အေရးအသားေတြနဲ႔ ေယာင္းတို႔ေပ်ာ္ေစဖို႔ အၿမဲႀကိဳးစားေနသူပါ။

Leave a Reply

Your email address will not be published. Required fields are marked *