ဆရာက်က် ၾကက္ဥျပဳတ္မယ္

အမယ္ ဒါေလးမ်ားဆိုၿပီး အထင္ေတာ့ျဖင့္ မေသးေစခ်င္     

>>> Zawgyi >>>

ေခါင္းစဥ္ၾကည့္ၿပီး ခဏေလာက္ဆြံ႔အ သြားတယ္မလား၊ မညာခ်င္စမ္းပါနဲ႔ခ်ိမရယ္။ ‘ဟဲ့ ဘယ္ႏွယ္ေပဂ်္႔တုန္း၊ ၾကက္ဥေလာက္ေတာ့ ငါတို႔လည္းျပဳတ္တတ္ပါတယ္’ ေပါ့? ေျပာပါဦး အႏွစ္လိုခ်င္ရင္ အက်က္ျဖစ္၊ အက်က္လိုခ်င္ရင္ အႏွစ္ထြက္ေနတဲ့ အေၾကာင္းေလး ဆိုေတာ့ ၾကက္ဥကို ဆရာက်က်၊ အထာကိုင္ၿပီး ျပဳတ္လို႔ရေအာင္… အိုခီ စလိုက္ၾကမယ္ေလ။

ပထမဆံုး ၾကက္ဥကို အိုးအလြတ္ထဲထည့္ၿပီး ေရေအးကို ျဖည့္ပါ။ (ေရျဖည့္တဲ့အခါ ၾကက္ဥကို ျမဳပ္ရံုေလာက္ပဲထည့္ေနာ္။ အရမ္းနည္းရင္လည္း အက်က္မညီသလို ေရအရမ္းမ်ားရင္လည္း အခ်ိန္ၾကတယ္။)

ေရျဖည့္ၿပီးတာနဲ႔ အိုးကို မီးဖိုေပၚတင္ၿပီး မီးျပင္းျပင္းနဲ႔တည္ပါ။

Related Article >>> စံုစီနဖာ မီးဖိုေခ်ာင္နည္းလမ္း အျဖာျဖာ

ေရေႏြးလံုးဝဆူလာတာနဲ႔ ၾကက္ဥအိုးကို အဖံုးအုပ္ၿပီး မီးပိတ္လိုက္ပါ။

ကဲ ဒီအပူရွိန္နဲ႔ ဆက္ျပဳတ္ၿပီး အခ်ိန္စမွတ္လို႔ရပါၿပီ။ အခ်ိန္မွတ္တဲ့အခါမွာလည္း ဒီဇိုင္းဘာညာကာလာအေနအထားက အေရးႀကီးေသးတာမို႔ ဆက္ဖတ္ၾကည့္ဦးေနာ္…

၃ မိနစ္ပဲျပဳတ္ထားမယ္ဆိုရင္ေတာ့ ၾကက္ဥအကာက ခပ္ျဖဴျဖဴေပ်ာ႔ေပ်ာ႔အေနအထားနဲ႔ အႏွစ္က လံုးဝအရည္ျဖစ္ေနမွာပါ။ (ခါတိုင္းေခါက္ဆြဲျပဳတ္ထဲ ထည့္ျပဳတ္စားသလိုပဲ ) ဆားေလးနည္းနည္း ေပါက္ၿပီးေသာက္ရင္ အံကိုက္ေပါ့။

၄ မိနစ္ ျပဳတ္ထားလိုက္ရင္ေတာ့ ၾကက္ဥအကာေတြက ေပ်ာ႔ေပမဲ့ နည္းနည္းခပ္တင္းတင္းေလး ျဖစ္လာၿပီး အႏွစ္ကလည္း အရည္ကိုမွ နည္းနည္းပ်စ္တဲ့ အေနအထား ျဖစ္လာပါၿပီ။

၆ မိနစ္ ျပဳတ္ၿပီးသြားရင္ေတာ့ ၾကက္ဥအကာေတြ ပိုတင္းသြားၿပီး အႏွစ္ကလည္း အခဲေသးေသးေလးေတြ ျဖစ္လာပါၿပီ။။

၁၀ မိနစ္ ၾကာျပဳတ္ထားလိုက္ရင္ေတာ့ ၾကက္ဥအကာေတြက လံုးဝတင္းတင္းရင္းရင္း ျဖစ္သြားၿပီး အႏွစ္ကခဲေပမဲ့ အရည္ေလးနည္းနည္းေတာ့ က်န္ေနေသးတယ္။

၁၅ မိနစ္ၾကာ ျပဳတ္ၿပီးသြားရင္ေတာ့ အကာေရာ၊ အႏွစ္ေရာ လံုးဝ က်က္သြားပါၿပီလို႔။

Related Article >>> ေကြ႔သယိုနဲ႕ ခ်က္နည္းအသြယ္သြယ္

အခ်ိန္နဲ႔ တိတိက်က်ျပဳတ္ၿပီးၿပီဆိုရင္ေတာ့ ခြာရလြယ္ေအာင္ အိုးထဲကဆယ္ထုတ္လိုက္တာနဲ႔ ေရေအးထဲကို တန္းထည့္ၿပီး ၁ မိနစ္ေလာက္ စိမ္လိုက္ပါ။ ၿပီးတာနဲ႔ ခပ္မာမာေစာင္းတစ္ခုနဲ႔တိုက္ၿပီး အက္ရာအတိုင္း ၾကက္ဥကို ျဖည္းျဖည္းခ်င္ခြာခ်လိုက္ရင္ေတာ့ အင္မတန္မွ လွပၿပီး ဆရာက်တဲ့ ၾကက္ဥေလး ရပါၿပီေနာ္။ ၾကက္ဥဆိုၿပီး အထင္မစေမာနဲ႔။ ေတာ္ၾကာေန ဒါၾကက္ဥျပဳတ္အဆင့္မဟုတ္ဘူး။ ေစာ္ကားခံလိုက္ရသလိုပဲ ဆိုၿပီးဝိုင္းေျပာေနၾကမွ အခက္ 😛

Hnin Ei Oo (For Her Myanmar)

References : greatistthekitchn

>> Unicode >>>

အမယ် ဒါလေးများဆိုပြီး အထင်တော့ဖြင့် မသေးစေချင်       

ခေါင်းစဉ်ကြည့်ပြီး ခဏလောက်ဆွံ့အ သွားတယ်မလား၊ မညာချင်စမ်းပါနဲ့ချိမရယ်။ ‘ဟဲ့ ဘယ်နှယ်ပေဂျ့်တုန်း၊ ကြက်ဥလောက်တော့ ငါတို့လည်းပြုတ်တတ်ပါတယ်’ ပေါ့? ပြောပါဦး အနှစ်လိုချင်ရင် အကျက်ဖြစ်၊ အကျက်လိုချင်ရင် အနှစ်ထွက်နေတဲ့ အကြောင်းလေး ဆိုတော့ ကြက်ဥကို ဆရာကျကျ၊ အထာကိုင်ပြီး ပြုတ်လို့ရအောင်… အိုခီ စလိုက်ကြမယ်လေ။

ပထမဆုံး ကြက်ဥကို အိုးအလွတ်ထဲထည့်ပြီး ရေအေးကို ဖြည့်ပါ။ (ရေဖြည့်တဲ့အခါ ကြက်ဥကို မြုပ်ရုံလောက်ပဲထည့်နော်။ အရမ်းနည်းရင်လည်း အကျက်မညီသလို ရေအရမ်းများရင်လည်း အချိန်ကြတယ်။)

ရေဖြည့်ပြီးတာနဲ့ အိုးကို မီးဖိုပေါ်တင်ပြီး မီးပြင်းပြင်းနဲ့တည်ပါ။

Related Article >>> စုံစီနဖာ မီးဖိုချောင်နည်းလမ်း အဖြာဖြာ

ရေနွေးလုံးဝဆူလာတာနဲ့ ကြက်ဥအိုးကို အဖုံးအုပ်ပြီး မီးပိတ်လိုက်ပါ။

ကဲ ဒီအပူရှိန်နဲ့ ဆက်ပြုတ်ပြီး အချိန်စမှတ်လို့ရပါပြီ။ အချိန်မှတ်တဲ့အခါမှာလည်း ဒီဇိုင်းဘာညာကာလာအနေအထားက အရေးကြီးသေးတာမို့ ဆက်ဖတ်ကြည့်ဦးနော်…

၃ မိနစ်ပဲပြုတ်ထားမယ်ဆိုရင်တော့ ကြက်ဥအကာက ခပ်ဖြူဖြူပျော့ပျော့အနေအထားနဲ့ အနှစ်က လုံးဝအရည်ဖြစ်နေမှာပါ။ (ခါတိုင်းခေါက်ဆွဲပြုတ်ထဲ ထည့်ပြုတ်စားသလိုပဲ ) ဆားလေးနည်းနည်း ပေါက်ပြီးသောက်ရင် အံကိုက်ပေါ့။

၄ မိနစ် ပြုတ်ထားလိုက်ရင်တော့ ကြက်ဥအကာတွေက ပျော့ပေမဲ့ နည်းနည်းခပ်တင်းတင်းလေး ဖြစ်လာပြီး အနှစ်ကလည်း အရည်ကိုမှ နည်းနည်းပျစ်တဲ့ အနေအထား ဖြစ်လာပါပြီ။

၆ မိနစ် ပြုတ်ပြီးသွားရင်တော့ ကြက်ဥအကာတွေ ပိုတင်းသွားပြီး အနှစ်ကလည်း အခဲသေးသေးလေးတွေ ဖြစ်လာပါပြီ။။

၁၀ မိနစ် ကြာပြုတ်ထားလိုက်ရင်တော့ ကြက်ဥအကာတွေက လုံးဝတင်းတင်းရင်းရင်း ဖြစ်သွားပြီး အနှစ်ကခဲပေမဲ့ အရည်လေးနည်းနည်းတော့ ကျန်နေသေးတယ်။

၁၅ မိနစ်ကြာ ပြုတ်ပြီးသွားရင်တော့ အကာရော၊ အနှစ်ရော လုံးဝ ကျက်သွားပါပြီလို့။

Related Article >>> ကွေ့သယိုနဲ့ ချက်နည်းအသွယ်သွယ်

အချိန်နဲ့ တိတိကျကျပြုတ်ပြီးပြီဆိုရင်တော့ ခွာရလွယ်အောင် အိုးထဲကဆယ်ထုတ်လိုက်တာနဲ့ ရေအေးထဲကို တန်းထည့်ပြီး ၁ မိနစ်လောက် စိမ်လိုက်ပါ။ ပြီးတာနဲ့ ခပ်မာမာစောင်းတစ်ခုနဲ့တိုက်ပြီး အက်ရာအတိုင်း ကြက်ဥကို ဖြည်းဖြည်းချင်ခွာချလိုက်ရင်တော့ အင်မတန်မှ လှပပြီး ဆရာကျတဲ့ ကြက်ဥလေး ရပါပြီနော်။ ကြက်ဥဆိုပြီး အထင်မစမောနဲ့။ တော်ကြာနေ ဒါကြက်ဥပြုတ်အဆင့်မဟုတ်ဘူး။ စော်ကားခံလိုက်ရသလိုပဲ ဆိုပြီးဝိုင်းပြောနေကြမှ အခက် 😛

Hnin Ei Oo (For Her Myanmar)

References : greatistthekitchn

No Comments Yet

Comments are closed