ဆယ်ကျော်သက်တို့အရွယ် ခန္ဓာကိုယ် ဖွံ့ဖြိုးကြီးထွားစေမယ့် သွားရည်စာများ

ကိုယ့်မောင်လေး ညီမလေးတွေကို လက်တို့ရုံသာမက ကျန်းမာရေးနဲ့ ညီညွတ်တာမို့ ကိုယ်ကိုယ်တိုင်လည်း စားလို့ရပါတယ်… ယောင်းတို့။

ဆယ်ကျော်သက်အရွယ်ဆိုတာ အစားတွေမတရားစား၊ အရမ်းတွေ တက်ကြွပြီး တက်ကြွတဲ့အရွယ်ဖြစ်တာကိုး။ (အသက် ၂၀ ကျော်လည်း ကွကိုယ်မတရားတွေ စားသောက်တာကတော့ မသိပု :P) အစစအရာရာဖွံ့ဖြိုးတဲ့အရွယ်မှာ သူတို့စားတဲ့ အစားအစာတွေကလည်း သူတို့ကို ထောက်ပံ့ပေးရင် ပိုကောင်းတာပေါ့။ ဒါပေမဲ့ ဒီအရွယ်က အပြင်မှာအလွယ်တကူ တွေ့တဲ့အစားတွေကို ပိုအရသာရှိလို့ ပိုကောင်းလို့ ဆိုပြီး ဝယ်ပဲစားတတ်ကြတော့ တားလို့လည်းမရ မစားနဲ့ဆိုလည်း ခိုးစားတယ်ဆိုတော့ အကယ်၍ လွယ်လွယ်ကူကူနဲ့ ကလေးတွေ ကြိုက်လောက်မယ့် အဲဒီသွားရည်စာလေးတွေကို အိမ်မှာလုပ်ကျွေးရင်ရော?

ကြက်ဥပြုတ် + ပန်းသီး

ကြက်ဥပြုတ်ဆိုတာ အနှစ်ဖောက်သောက်လို့ ရတဲ့အခြေအနေမျိုးမဟုတ်ဘဲ ရေနွေးဆူဆူနဲ့ နာနာပြုတ်ထားတဲ့ Hard boiled ကြက်ဥပါ။ အဲဒီကြက်ဥကို အနှစ်ခပ်ထုပ်ပြီးခြေ၊ ပန်းသီးကို ပါးပါးစိပ် အဲဒီအနှစ်နဲ့ရောမွှေပြီး အကာဖြူခွက်ထဲ ပြန်ထည့်ပြီး ကျွေးလိုက်ပါ။ ကြက်ဥက ပြည့်ဝဆီဖြစ်ပြီး ကြွက်သားတွေ ဖွံ့ဖြိုးဖို့အတွက် အကောင်းဆုံး ထောက်ပံ့ပေးနိုင်တာမို့ လူ့ခန္ဓာကိုယ်အတွက် အရမ်းကောင်းပါတယ်။ ပန်းသီးကတော့ အမျှင်ဓာတ်နဲ့ စွမ်းအင်အတွက်ပေါ့။ 

healthy snacks
ပန်းသီး ကြက်ဥအနှစ်

အမျှင်ချိစ့် + ဗာဒံစေ့

အရိုးတွေ ကျန်းမာသန်စွမ်းဖို့အတွက် ကယ်လ်ဆီယမ်ဓာတ် အဓိကလိုအပ်ပေမဲ့ ကလေးက နွားနို့မကြိုက်လို့စိတ်ညစ်နေလား? မပူပါနဲ့ နွားနို့လိုပဲ ကယ်လ်ဆီယမ်ဓာတ် ပြည့်ဝစွာပါဝင်တဲ့ အမျှင်ချိစ့်ကို အမျှင်ဓာတ်နဲ့ ပြည့်ဝအဆီပါဝင်တဲ့ ဗာဒံစေ့ကို ရောပြီး ကျွေးလိုက်ပါ။ အားပါးတရကို စားပါလိမ့်မယ်။

healthy snacks
ချိစ့်ကြိုက်တဲ့ ကလေးတွေအတွက် ဗာဒံစေ့နဲ့ ချိစ့်ချောင်း

Related Article >>> ကျန်းမာရေးနဲ့ညီညွတ်စေတဲ့ အစားအစာ (Healthy meal) အကြောင်းတစ်စေ့တစောင်း

မြေပဲထောပတ် + ပန်းသီး

အကယ်၍ ကလေးကအရမ်းပိန်နေရင်တော့ အဆီဓာတ်၊ ကစီဓာတ်နဲ့ ပရိုတင်းဓာတ်တွေ အများကြီးပါဝင်တဲ့ ဒီသွားရည်စာလေးက အများကကြီးထောက်ပံ့ပေးမှာပါ။ ပန်းသီးကို အစိတ်လေးတွေ စိတ်ပြီး ပေါင်မုန့်ထဲညှပ်၊ မုန့်နှစ်ထဲနှစ်ကြော်ပြီး မြေပဲထောပတ်လေး သုတ်ထားရင်တော့ စားချင်စဖွယ်လည်းဖြစ် အာဟာရလည်း သိပ်ရှိပေါ့လေ။

healthy snacks
ပန်းသီးချောင်းကြော်နဲ့ မြေပဲထောပတ် အယ်လဲ့ (ကလေးတော့မသိ ကိုယ်လည်း သိပ်ကြိုက်)

ဒိန်ချဉ် + ဘယ်ရီသီး ရေခဲချောင်း

အချိုမကြိုက်တဲ့ ကလေးဆိုပြီး မရှိဘူးလေ။ ဒါပေမဲ့ ကြိုက်တယ်ဆိုပြီး အချိုတွေများများစားတဲ့အခါ သွားပိုးစားပြီး ရောဂါတိုးတယ်လေ။ အဲတော့ အချိုသိပ်ကြိုက်တဲ့ကလေးအတွက် အမြင်ဆန်းပြီး စားလို့လည်းကောင်းတဲ့ ဒိန်ချဉ်ရေခဲချောင်း လုပ်ကျွေးကြမယ်လေ။ လုပ်နည်းကလည်း အရမ်းလွယ်ပါတယ်။ ရေခဲချောင်းခဲတဲ့ခွက်ထဲကို ဘယ်ရီသီးတွေနဲ့ ဒိန်ချဉ်လေးထည့်ပြီး ခဏအအေးခံထားလိုက်ပါ။ ကယ်လ်ဆီယံ ကြွယ်ဝစွာပါဝင်နေတဲ့ ရေခဲချောင်းလေး ရပါပြီ။

healthy snacks
ဒိန်ချဉ်ရေခဲချောင်း ချိုချိုအေးအေးလေး <3

Related Article >>> စားရဲ့သားနဲ့ မ ဝ ဘူးလို့တွေးနေမိပြီလား?

အခွံမာသီး + ပေါက်ပေါက်နဲ့ အသီးခြောက်

ပါးစပ်ထဲမှာ ဝါးရုံသက်သက်လောက်ဆိုရင်တော့ ဒီမုန့်လေးကို လုပ်ကျွေးဖို့ အကြံပေးပါရစေ။ အပြင်က ပေါက်ပေါက်တွေမှာ အဆီခဲ၊ သကြားတွေ ပေါချင်းသောချင်းပါနေတာမို့ အိမ်မှာပဲ ပေါက်ပေါက်ဖောက်ပြီး အခွံမာသီးနဲ့ သစ်သီးခြောက်လေးတွေ နည်းနည်းထည့်ပြီး သူ့အနားမှာ ထားပေးလိုက်ပါ။ ဒါဆို သူလည်း တမြုံ့မြုံ့နဲ့ ဝါးချင်တိုင်းဝါးလို့ ရနေပြီပေါ့။

healthy snacks
အားတိုင်းစားနေမယ့် ပေါက်ပေါက်ဆုပ် <3

ကဲ ဒီလောက်ဆို ယောင်းရဲ့ မောင်လေးတွေ၊ ညီမလေးတွေနဲ့ သားသားမီးမီးလေးတွေကို အပြင်စာ မစားဖို့ ဆူနေတဲ့ဒုက္ခက လွတ်ပြီလို့ထင်ပါတယ်။ အဆာပြေလေးတွေစားရင်း ကျန်းမာရေးနဲ့ ညီညွတ်ပြီး အာဟာရလည်း ပြည့်မယ်ဆိုတော့ ဘာလိုသေးလဲယောင်းရယ်။ ဒါပေမဲ့ ကြိုက်တယ်ဆိုပြီး အမြဲတမ်း တစ်မျိုးတည်းတော့ မကျွေးနဲ့ပေါ့နော်။ ရိုးသွားရင် နောက်လှည့်မကြည့်ချင်ဘဲ နေပါလိမ့်မယ်။ အမြဲတမ်း တစ်မျိုးပြီး တစ်မျိုးပြောင်းကျွေးပေါ့။ 

စေတနာနဲ့ အချက်အလက်တွေကို မျှဝေပေးတဲ့ အာဟာရဗေဒပညာရှင် ဒေါက်တာ သီရိကိုလည်း ကျေးဇူးအများကြီးတင်ပါတယ်ရှင့်။

Hnin Ei Oo (For Her Myanmar)

No Comments Yet

Comments are closed