Food Recipes

ေရႊစိတ္ေပ်ာ္ေစမယ့္ သစ္သီးစံုသုပ္ေမႊးေမႊးေလးကို အိမ္မွာ ဘယ္လို လုပ္ၾကမလဲ?

အိုက္စ္… သြားရည္က်.. 😀 😀 

ေယာင္းတို႔ေရ.. ခုတေလာ မင္းသမီးေခ်ာေခ်ာေလးတစ္ေယာက္ ေရာင္းတဲ့ ေရႊစိတ္ေပ်ာ္သုပ္ဆိုတာေလး နာမည္ႀကီးေနတာ ၾကားမိၾကလားဟင္?

ေရႊစိတ္ေပ်ာ္သုပ္တဲ့ နာမည္ေလးက လွလွဆန္းဆန္းေလးရယ္..  ဒါေလးစားလိုက္ရင္ အိပ္ခ်င္လည္းေျပ၊ ႐ႈပ္ေနတဲ့ စိတ္ေတြပါ ေပ်ာ္သြားေစႏိုင္လို႔ ဒီနာမည္ေလး ေပးတာပါတဲ့။

တကယ္ေတာ့ ေရႊစိတ္ေပ်ာ္သုပ္ဆိုတာ သစ္သီးေျခာက္နဲ႕ သစ္သီးယိုေလးေတြကို ခ်ဥ္ငံစပ္စတိုင္လ္ သုပ္ထားတာေလးပါ။ အရသာေလးက ခ်ဥ္ငံစပ္ ေမႊးေမႊးေလးဆိုေတာ့ ေယာင္းတို႔ ႀကိဳက္မွာ အေသခ်ာပါပဲ။ ဒါေၾကာင့္ခိုင္ဇာက ေရႊစိတ္ေပ်ာ္ေစတဲ့ ေရႊစိတ္ေပ်ာ္သုပ္ေလးကို အိမ္မွာ သုပ္စားလို႕ရေအာင္ နည္းလမ္းေလး ေျပာျပမယ္ေလ။

Related Article >>> လွလည္းလွစားလို႔လည္းေကာင္းတဲ့ ပန္းေရာင္စံု အသုပ္

 

ဒီအသီးသုပ္ေလးကို လုပ္စားမယ္ဆိုရင္ ပါဝင္ပစၥည္းေတြကလည္း ရိုးရွင္းၿပီးေတာ့ အခ်ိန္ခဏေလးနဲ႔ ျပင္ဆင္လို႔ရပါတယ္။ အဓိကလိုအပ္တာကေတာ့ သစ္သီးယိုစံုေလးေတြ၊ သစ္သီးေျခာက္ေလးေတြပါ။ တကယ္လို႔႔ ေယာင္းအေနနဲ႕ သစ္သီးယို မသံုးခ်င္ဘူးဆိုလည္း သစ္သီး အစစ္ေလးေတြနဲ႔ သုပ္စားလို႕ရပါတယ္။ ဒါဆို စၾကည့္ၾကရေအာင္ေနာ္…

လိုအပ္တာေလးေတြကေတာ့

၁။ သစ္သီးယိုစံု (သို႕) သစ္သီးစံု

၂။ ငံျပာရည္အနည္းငယ္

၃။ ငရုတ္သီးမႈန္႔

၄။သံပုရာသီး

၅။ ပုစြန္ေျခာက္မႈန္႕အနည္းငယ္

Related Article >>> နံျပားပီဇာ သို႔မဟုတ္ ငပ်င္းပီဇာလုပ္နည္း

ျပဳလုပ္နည္း

သစ္သီးယိုစံုေလးေတြကို ပန္းကန္ထဲထည့္ပါ။ အလံုးႀကီးၿပီး အေစ့ပါတဲ့ မက္မန္းသီးနဲ႕ သံပုရာသီးကို ပါးပါးလွီးပါ။ ယိုမသံုးဘဲ သစ္သီးပဲ သံုးမယ္ဆိုရင္လည္း သစ္သီးမ်ိဳးစံုကို အတံုးေသးေသးေလးေတြ တံုးတာမ်ိဳး၊ ပါးပါးေလးလႊာထားတာမ်ိဳး လုပ္ပါ။

ၿပီးရင္ေတာ့ ငံျပာရည္အနည္းငယ္၊ သံပုရာရည္အနည္းငယ္၊ ငရုတ္သီးမႈန္႕ (စပ္စပ္ေလးစားမယ္ဆိုရင္ေတာ့ မ်ားမ်ားထည့္ေပါ့ေနာ္) ၊ ပုစြန္ေျခာက္မႈန္႕အနည္းငယ္ ထည့္ၿပီး နယ္လိုက္ရံုပါပဲ။ သစ္သီးေလးေတြနဲ႕ သုပ္မယ္ဆိုရင္ေတာ့ သၾကားနည္းနည္းေလးထည့္ပါေနာ္။

လုပ္နည္းေလးက လြယ္တယ္ေနာ္ ေယာင္းေရ။ ေရႊစိတ္ေပ်ာ္မေပ်ာ္ေတာ့ မသိဘူး အခုေရးရင္းေတာင္ စားခ်င္လာၿပီရယ္။  အိမ္မွာ လုပ္စားၾကည့္ေနာ္။ ၿပီးရင္ ျပန္ေျပာျပပါဦး ေယာင္းေရ။

စမ္းေခ်ာင္းသူ ခိုင္ဇာ (For Her Myanmar)

<<< Unicode >>>

အိုက်စ်… သွားရည်ကျ.. 😀 😀 

ယောင်းတို့ရေ.. ခုတလော မင်းသမီးချောချောလေးတစ်ယောက် ရောင်းတဲ့ ရွှေစိတ်ပျော်သုပ်ဆိုတာလေး နာမည်ကြီးနေတာ ကြားမိကြလားဟင်?

ရွှေစိတ်ပျော်သုပ်တဲ့ နာမည်လေးက လှလှဆန်းဆန်းလေးရယ်..  ဒါလေးစားလိုက်ရင် အိပ်ချင်လည်းပြေ၊ ရှုပ်နေတဲ့ စိတ်တွေပါ ပျော်သွားစေနိုင်လို့ ဒီနာမည်လေး ပေးတာပါတဲ့။

တကယ်တော့ ရွှေစိတ်ပျော်သုပ်ဆိုတာ သစ်သီးခြောက်နဲ့ သစ်သီးယိုလေးတွေကို ချဉ်ငံစပ်စတိုင်လ် သုပ်ထားတာလေးပါ။ အရသာလေးက ချဉ်ငံစပ် မွှေးမွှေးလေးဆိုတော့ ယောင်းတို့ ကြိုက်မှာ အသေချာပါပဲ။ ဒါကြောင့်ခိုင်ဇာက ရွှေစိတ်ပျော်စေတဲ့ ရွှေစိတ်ပျော်သုပ်လေးကို အိမ်မှာ သုပ်စားလို့ရအောင် နည်းလမ်းလေး ပြောပြမယ်လေ။

Related Article >>> လှလည်းလှစားလို့လည်းကောင်းတဲ့ ပန်းရောင်စုံ အသုပ်

ဒီအသီးသုပ်လေးကို လုပ်စားမယ်ဆိုရင် ပါဝင်ပစ္စည်းတွေကလည်း ရိုးရှင်းပြီးတော့ အချိန်ခဏလေးနဲ့ ပြင်ဆင်လို့ရပါတယ်။ အဓိကလိုအပ်တာကတော့ သစ်သီးယိုစုံလေးတွေ၊ သစ်သီးခြောက်လေးတွေပါ။ တကယ်လို့ ယောင်းအနေနဲ့ သစ်သီးယို မသုံးချင်ဘူးဆိုလည်း သစ်သီး အစစ်လေးတွေနဲ့ သုပ်စားလို့ရပါတယ်။ ဒါဆို စကြည့်ကြရအောင်နော်…

 

လိုအပ်တာလေးတွေကတော့

၁။ သစ်သီးယိုစုံ (သို့) သစ်သီးစုံ

၂။ ငံပြာရည်အနည်းငယ်

၃။ ငရုတ်သီးမှုန့်

၄။သံပုရာသီး

၅။ ပုစွန်ခြောက်မှုန့်အနည်းငယ်

Related Article >>> နံပြားပီဇာ သို့မဟုတ် ငပျင်းပီဇာလုပ်နည်း

ပြုလုပ်နည်း

သစ်သီးယိုစုံလေးတွေကို ပန်းကန်ထဲထည့်ပါ။ အလုံးကြီးပြီး အစေ့ပါတဲ့ မက်မန်းသီးနဲ့ သံပုရာသီးကို ပါးပါးလှီးပါ။ ယိုမသုံးဘဲ သစ်သီးပဲ သုံးမယ်ဆိုရင်လည်း သစ်သီးမျိုးစုံကို အတုံးသေးသေးလေးတွေ တုံးတာမျိုး၊ ပါးပါးလေးလွှာထားတာမျိုး လုပ်ပါ။

ပြီးရင်တော့ ငံပြာရည်အနည်းငယ်၊ သံပုရာရည်အနည်းငယ်၊ ငရုတ်သီးမှုန့် (စပ်စပ်လေးစားမယ်ဆိုရင်တော့ များများထည့်ပေါ့နော်) ၊ ပုစွန်ခြောက်မှုန့်အနည်းငယ် ထည့်ပြီး နယ်လိုက်ရုံပါပဲ။ သစ်သီးလေးတွေနဲ့ သုပ်မယ်ဆိုရင်တော့ သကြားနည်းနည်းလေးထည့်ပါနော်။

လုပ်နည်းလေးက လွယ်တယ်နော် ယောင်းရေ။ ရွှေစိတ်ပျော်မပျော်တော့ မသိဘူး အခုရေးရင်းတောင် စားချင်လာပြီရယ်။  အိမ်မှာ လုပ်စားကြည့်နော်။ ပြီးရင် ပြန်ပြောပြပါဦး ယောင်းရေ။

စမ်းချောင်းသူ ခိုင်ဇာ (For Her Myanmar)

Khaine Zar Lin
Khaine Zar Lin
စာဖတ္၊ စာေရးနဲ႕ အစားအေသာက္ အရူးအမုူူးၾကိဳက္တဲ့ စမ္းေခ်ာင္းသူေလးပါ။ ေရးသမွ် စာေလးေတြ ဖတ္ေပးတဲ့ အတြက္ေက်းဇူးတင္ပါတယ္ရွင့္။

Leave a Reply

Your email address will not be published. Required fields are marked *