အဆီလည္းမတက္၊ စားလို႕လည္းေကာင္းတဲ့ ထိုင္းစတိုင္ ခ်ဥ္ငံစပ္ ဝက္သားသုပ္

လွ်ာလည္ၿပီး ေဆြမ်ိဳးပါ ေမ့သြားမယ္ 😛

ခ်ဥ္ငံစပ္ ႀကိဳက္တဲ့ ေယာင္းေလးေတြအတြက္ ဒီေန႕ေတာ့ ခိုင္ဇာက အဆီလည္းမတက္၊ စားလို႔လည္း ေကာင္းတဲ့ ထိုင္းစတိုင္ ခ်ဥ္ငံစပ္ ဝက္သားသုပ္နည္းေလး ေျပာျပေပးမယ္ေနာ္….

ထိုင္းစတိုင္ဆိုေတာ့ ေယာင္းတို႔သိတဲ့အတိုင္း ရွဴးရွဴးရွဲရွဲေလးနဲ႔ စားလို႕ေကာင္းၿပီးသားပဲေလ။ ၿပီးေတာ့ အခုလို ပူတဲ့ ေႏြရာသီမွာ အီအီဆိမ့္ဆိမ့္ ဆီျပန္ဟင္းေတြ စားရမွာ ၿငီးေငြ႕ေနရင္လည္း ခ်ဥ္ငံစပ္ အသုပ္ေလး အေျပာင္းအလဲေလးလုပ္စားေတာ့ ခံတြင္းၿမိန္တာေပါ့ ။

ကဲ..သုပ္နည္းေလးကို စၾကည့္လိုက္ရေအာင္။

Related Article >>> ၾကက္ေျခေထာက္ကို ထိုင္းစတိုင္ ပံုစံ သုပ္စားၾကမယ္

ဘာေတြ လိုလဲဆိုေတာ့

စဥ္းထားတဲ့ ဝက္သား (၃၀) က်ပ္သား

ငရုတ္သီးစိမ္း အနည္းငယ္

စပါးလင္ ၂ ပင္

ဟင္းခတ္မႈန္႕

ငံျပာရည္ အနည္းငယ္

သံပုရာသီး

ပူစီနံရြက္ အနည္းငယ္

ၾကက္သြန္နီ ၂ လံုး

ေျမပဲမႈန္႔အနည္းငယ္  လိုပါတယ္။

ကဲ.. လိုအပ္တာေတြ ရၿပီဆိုေတာ့ စၿပီး သုပ္ၾကမယ္…

ပထမဆံုး စဥ္းထားတဲ့ ဝက္သားကို Non Stick ဒယ္အိုးထဲမွာ ထည့္ၿပီး က်က္ေအာင္ အပူေပး လိမ့္ပါမယ္။ ဝက္သားေလးေတြ ေမႊးၿပီး က်က္ေလာက္တဲ့ အေနအထားအထိ မကပ္ေအာင္ သတိထားေမႊေပးပါ။ ဝက္သားက်က္သြားၿပီဆိုရင္ေတာ့ ပန္းကန္တစ္ခုထဲမွာ ထည့္ထားေနာ္။

Related Article >>> ထိုင္းရိုးရာ ငါးလိေမၼာ္ခ်ဥ္စပ္ဟင္းရည္

ၿပီးရင္ေတာ့ ၾကက္သြန္နီ၊ ငရုတ္သီးစိမ္းေလးနဲ႔ စပါးလင္ေလးကို ပါးပါးရိတ္ရိတ္ေလးေတြ လွီးၿပီး ပန္းကန္ထဲထည့္ပါ။ အရသာအတြက္ ဟင္းခတ္မႈန္႔ အနည္းငယ္၊ ငံျပာရည္ ၊ သံပုရာရည္ နဲ႔ ေျမပဲမႈန္႔ေလးေတြကို ထည့္ၿပီး ႏွံ႔ေအာင္နယ္ပါ။

ေနာက္ဆံုး ပူစီနံ(ပူတီနာ)ရြက္ေလး ျဖဴးလိုက္မယ္ဆိုရင္ေတာ့ ရွဴးရွဴးရွဲရွဲေလးနဲ႔ စားလို႔ေကာင္းတဲ့ ထိုင္းစတိုင္လ္ ခ်ဥ္ငံစပ္ ဝက္သားသုပ္ေလးရပါၿပီ ေယာင္းတို႔ေရ..

လုပ္စားၾကည့္ၿပီး စားလို႔ေကာင္းတယ္ဆို ျပန္ေျပာျပၾကဦးေနာ္..

စမ္းေခ်ာင္းသူ ခိုင္ဇာ (For Her Myanmar)

<<< Unicode >>>

လျှာလည်ပြီး ဆွေမျိုးပါ မေ့သွားမယ် 😛

ချဉ်ငံစပ် ကြိုက်တဲ့ ယောင်းလေးတွေအတွက် ဒီနေ့တော့ ခိုင်ဇာက အဆီလည်းမတက်၊ စားလို့လည်း ကောင်းတဲ့ ထိုင်းစတိုင် ချဉ်ငံစပ် ဝက်သားသုပ်နည်းလေး ပြောပြပေးမယ်နော်….

ထိုင်းစတိုင်ဆိုတော့ ယောင်းတို့သိတဲ့အတိုင်း ရှူးရှူးရှဲရှဲလေးနဲ့ စားလို့ကောင်းပြီးသားပဲလေ။ ပြီးတော့ အခုလို ပူတဲ့ နွေရာသီမှာ အီအီဆိမ့်ဆိမ့် ဆီပြန်ဟင်းတွေ စားရမှာ ငြီးငွေ့နေရင်လည်း ချဉ်ငံစပ် အသုပ်လေး အပြောင်းအလဲလေးလုပ်စားတော့ ခံတွင်းမြိန်တာပေါ့ ။ကဲ..သုပ်နည်းလေးကို စကြည့်လိုက်ရအောင်။

Related Article >>> ကြက်ခြေထောက်ကို ထိုင်းစတိုင် ပုံစံ သုပ်စားကြမယ်

ဘာတွေ လိုလဲဆိုတော့

စဉ်းထားတဲ့ ဝက်သား (၃၀) ကျပ်သား

ငရုတ်သီးစိမ်း အနည်းငယ်

စပါးလင် ၂ ပင်

ဟင်းခတ်မှုန့်

ငံပြာရည် အနည်းငယ်

သံပုရာသီး

ပူစီနံရွက် အနည်းငယ်

ကြက်သွန်နီ ၂ လုံး

မြေပဲမှုန့်အနည်းငယ် လိုပါတယ်။

ကဲ.. လိုအပ်တာတွေ ရပြီဆိုတော့ စပြီး သုပ်ကြမယ်…ပထမဆုံး စဉ်းထားတဲ့ ဝက်သားကို Non Stick ဒယ်အိုးထဲမှာ ထည့်ပြီး ကျက်အောင် အပူပေး လိမ့်ပါမယ်။ ဝက်သားလေးတွေ မွှေးပြီး ကျက်လောက်တဲ့ အနေအထားအထိ မကပ်အောင် သတိထားမွှေပေးပါ။ ဝက်သားကျက်သွားပြီဆိုရင်တော့ ပန်းကန်တစ်ခုထဲမှာ ထည့်ထားနော်။

Related Article >>> ထိုင်းရိုးရာ ငါးလိမ္မော်ချဉ်စပ်ဟင်းရည်

ပြီးရင်တော့ ကြက်သွန်နီ၊ ငရုတ်သီးစိမ်းလေးနဲ့ စပါးလင်လေးကို ပါးပါးရိတ်ရိတ်လေးတွေ လှီးပြီး ပန်းကန်ထဲထည့်ပါ။ အရသာအတွက် ဟင်းခတ်မှုန့် အနည်းငယ်၊ ငံပြာရည် ၊ သံပုရာရည် နဲ့ မြေပဲမှုန့်လေးတွေကို ထည့်ပြီး နှံ့အောင်နယ်ပါ။

နောက်ဆုံး ပူစီနံ(ပူတီနာ)ရွက်လေး ဖြူးလိုက်မယ်ဆိုရင်တော့ ရှူးရှူးရှဲရှဲလေးနဲ့ စားလို့ကောင်းတဲ့ ထိုင်းစတိုင်လ် ချဉ်ငံစပ် ဝက်သားသုပ်လေးရပါပြီ ယောင်းတို့ရေ..

လုပ်စားကြည့်ပြီး စားလို့ကောင်းတယ်ဆို ပြန်ပြောပြကြဦးနော်..

စမ်းချောင်းသူ ခိုင်ဇာ (For Her Myanmar)

No Comments Yet

Comments are closed