တြဲဖက္စားသံုးေပးမယ္ဆိုရင္ က်န္းမာေရးအတြက္ ပိုၿပီး ေကာင္းမြန္ေစမယ့္ စားစရာ အတြဲ (၄) မ်ိဳး

ဘာၾကည့္ေနတာလဲ… ခုပဲ ထျပင္လိုက္ေတာ့ေလ 😛 😛 

အစားအစာနဲ႕ပတ္သက္ရင္ အိမြန္တို႕က ဒါနဲ႕ဒါက တြဲစားရင္ ေသတတ္လား။ တည့္ေရာတည့္ပါ့မလား လို႕သာ ေတြးပူၾကတာ။ အတူတူတြဲစားတဲ့အခါ ဘယ္လိုေကာင္းက်ိဳးေတြ ရႏိုင္မွာလဲဆိုတာမ်ိဳးက် မေတြးမိဘူး ဟုတ္?  ဒီေတာ့ ဘာနဲ႔ ဘာ တြဲစားရင္ က်န္းမာေရးအတြက္ ဘယ္လို အက်ိဳးရွိမလဲဆိုတာ တူတူ ၾကည့္ၾကည့္ရေအာင္…

Green Tea နဲ႕ ကီဝီ

Green Tea ႀကိဳက္တဲ့ ေယာင္းေတြဆိုရင္ေတာ့ ေနာက္တခါ သူ႕ခ်ည္းပဲ ေသာက္စရာ မလိုေတာ့ပါဘူး။ ေဘးနားမွာ ကီဝီသီးစိပ္ေလးပါ ခ်ၿပီး စားမယ္ဆိုရင္ ဂြတ္ရွယ္ျဖစ္သြားပါၿပီ။ Green tea ထဲမွာပါတဲ့ ဓာတုျဒပ္ေပါင္းက အဆီကို စြမ္းအင္အျဖစ္ ေျပာင္းလဲလိုက္ၿပီး ကီဝီသီးထဲမွာပါတဲ့ ဗီတာမင္ C ဓာတ္နဲ႔ ေတြ႕တဲ့အခါ ပိုၿပီးစုပ္ယူမႈ အားေကာင္းေစတယ္လို႔ ဆိုပါတယ္။ ကီဝီသီးက လိေမၼာ္သီးထက္ေတာင္ ဗီတာမင္ C ဓာတ္ပိုၿပီး ၾကြယ္ဝတဲ့အတြက္ Green Tea ေလး တစ္ငံုေလာက္ေသာက္လိုက္၊ ကီဝီသီးေလး တစ္စိတ္ေလာက္ ကိုက္လိုက္ဆိုရင္ ေယာင္းရဲ႕ ဇီဝကမၼျဖစ္စဥ္အတြက္ ေကာင္းက်ိဳးေတြ ျဖစ္လာႏုိင္ၿပီေပါ့…

Related Article>>>ရိုးရိုးလၻက္ရည္ၾကမ္း Vs ဂရင္းတီး

ေထာပတ္သီး နဲ႕ ဟင္းႏုႏြယ္

မုန္လာဥနီ မႀကိဳက္တာနဲ႕ပဲ မ်က္စိက်န္းမာေရး ေကာင္းမြန္ေစဖို႕ လက္ေလွ်ာ့လိုက္ရေတာ့မယ္လို႕ မေတြးပါနဲ႕ ေယာင္းေရ။ ေထာပတ္သီးနဲ႕ ဟင္းႏုႏြယ္ကို ေပါင္းစပ္စားသံုးမယ္ဆုိရင္ အသက္အရြယ္အရ ၾကြက္သားတင္းရင္းမႈ ေလ်ာ့လာျခင္းနဲ႕ အျမင္အာရံု ေဝဝါးျခင္းေတြကို တြန္းလွန္တိုက္ဖ်က္ေပးပါတယ္။ ေထာပတ္သီးမွာပါတဲ့ အဆီဓာတ္နဲ႕ ဟင္းႏုႏြယ္မွာပါတဲ့ လူတိန္း (lutein) အန္တီေအာက္ဆီဒန္႕က မ်က္စိက်န္းမာေရးကို အထူးေကာင္းမြန္ေစလို႕ တြဲဖက္စားသံုးမယ္ဆို ကိုယ္ခႏၶာက်န္းမာေရးအတြက္ေရာ မ်က္လံုးက်န္းမာေရးအတြက္ပါ အေထာက္အကူ ျဖစ္ေစမွာပါ။

စေတာ္ဘယ္ရီနဲ႔ ဟင္းႏုႏြယ္

ဟင္းႏုႏြယ္လို စူပါဓာတ္စာမွာေတာင္ သူနဲ႕ တြဲေဖာ္တြဲဖက္ဆိုတာ လိုပါတယ္။ အသီးအႏွံလည္းႀကိဳက္တယ္၊ သံဓာတ္လည္း ရခ်င္တယ္ဆိုရင္ေတာ့ ဟင္းႏုႏြယ္နဲ႔ စေတာ္ဘယ္ရီေတြကို တြဲဖက္စားသံုးေပးလိုက္ပါ။ ဟင္းႏုႏြယ္ထဲမွာပါတဲ့ သံဓာတ္က စေတာ္ဘယ္ရီထဲမွာပါတဲ့ ဗီတာမင္ C ဓာတ္ကို ေကာင္းေကာင္းႀကီး စုပ္ယူႏိုင္ပါသတဲ့ကြယ္…

Related Article >>> ဝိတ္ခ်ေနသူ (or) ဝိတ္မတက္ခ်င္သူမ်ားအတြက္ အဆာေျပစားစရာမ်ား

ဟင္းသီးဟင္းရြက္စိမ္း နဲ႕ ၾကက္ဥ

ဟင္းသီးဟင္းရြက္စိမ္းေတြမွာ ေရာဂါပိုးမႊားကို ကာကြယ္တိုက္ဖ်က္ႏိုင္တဲ့ ကာရိုတီႏြိဳက္စ္(carotenoids) ျဒပ္ေပါင္း ပါဝင္ပါတယ္။ ဒါေပမဲ့ ကာရိုတီႏြိဳက္စ္ေတြကို စုပ္ယူဖို႕ ခႏၶာကိုယ္အတြက္ ခက္ခဲပါတယ္။ ဒီအတြက္ မပူပါနဲ႔ ၾကက္ဥအကာမွာပါတဲ့ အဆီက ကူညီေပးပါလိမ့္မယ္။ ဒီေတာ့ မုန္လာဥနီ၊ ပန္းေဂၚဖီစိမ္း နဲ႔ ေဂၚဖီတို႕လို ဟင္းသီးဟင္းရြက္နဲ႕ ၾကက္ဥျပဳတ္ ၃ လံုး တြဲဖက္စားသံုးတာက ကာရိုတီႏြိဳက္ေတြကို ၃ ဆ စုပ္ယူေစတာနဲ႕ တူတူပါပဲ။

ဆိုေတာ့ကာ ကုိယ့္က်န္းမာေရးေလး ေကာင္းသည္ထက္ ေကာင္းေအာင္ ဘာနဲ႔ ဘာေတြ တြဲစားလို႔ ရႏုိင္မယ္ဆိုတာ သိသြားၿပီေပါ့…

With love

Ei Mon (For Her Myanmar)

Reference: Readers’ Digest, everydayhealth

<<< Unicode >>>

ဘာကြည့်နေတာလဲ… ခုပဲ ထပြင်လိုက်တော့လေ 😛 😛 

အစားအစာနဲ့ပတ်သက်ရင် အိမွန်တို့က ဒါနဲ့ဒါက တွဲစားရင် သေတတ်လား။ တည့်ရောတည့်ပါ့မလား လို့သာ တွေးပူကြတာ။ အတူတူတွဲစားတဲ့အခါ ဘယ်လိုကောင်းကျိုးတွေ ရနိုင်မှာလဲဆိုတာမျိုးကျ မတွေးမိဘူး ဟုတ်?  ဒီတော့ ဘာနဲ့ ဘာ တွဲစားရင် ကျန်းမာရေးအတွက် ဘယ်လို အကျိုးရှိမလဲဆိုတာ တူတူ ကြည့်ကြည့်ရအောင်…

Green Tea နဲ့ ကီဝီ

Green Tea ကြိုက်တဲ့ ယောင်းတွေဆိုရင်တော့ နောက်တခါ သူ့ချည်းပဲ သောက်စရာ မလိုတော့ပါဘူး။ ဘေးနားမှာ ကီဝီသီးစိပ်လေးပါ ချပြီး စားမယ်ဆိုရင် ဂွတ်ရှယ်ဖြစ်သွားပါပြီ။ Green tea ထဲမှာပါတဲ့ ဓာတုဒြပ်ပေါင်းက အဆီကို စွမ်းအင်အဖြစ် ပြောင်းလဲလိုက်ပြီး ကီဝီသီးထဲမှာပါတဲ့ ဗီတာမင် C ဓာတ်နဲ့ တွေ့တဲ့အခါ ပိုပြီးစုပ်ယူမှု အားကောင်းစေတယ်လို့ ဆိုပါတယ်။ ကီဝီသီးက လိမ္မော်သီးထက်တောင် ဗီတာမင် C ဓာတ်ပိုပြီး ကြွယ်ဝတဲ့အတွက် Green Tea လေး တစ်ငုံလောက်သောက်လိုက်၊ ကီဝီသီးလေး တစ်စိတ်လောက် ကိုက်လိုက်ဆိုရင် ယောင်းရဲ့ ဇီဝကမ္မဖြစ်စဉ်အတွက် ကောင်းကျိုးတွေ ဖြစ်လာနိုင်ပြီပေါ့…

Related Article>>>ရိုးရိုးလ္ဘက်ရည်ကြမ်း Vs ဂရင်းတီး

ထောပတ်သီး နဲ့ ဟင်းနုနွယ်

မုန်လာဥနီ မကြိုက်တာနဲ့ပဲ မျက်စိကျန်းမာရေး ကောင်းမွန်စေဖို့ လက်လျှော့လိုက်ရတော့မယ်လို့ မတွေးပါနဲ့ ယောင်းရေ။ ထောပတ်သီးနဲ့ ဟင်းနုနွယ်ကို ပေါင်းစပ်စားသုံးမယ်ဆိုရင် အသက်အရွယ်အရ ကြွက်သားတင်းရင်းမှု လျော့လာခြင်းနဲ့ အမြင်အာရုံ ဝေဝါးခြင်းတွေကို တွန်းလှန်တိုက်ဖျက်ပေးပါတယ်။ ထောပတ်သီးမှာပါတဲ့ အဆီဓာတ်နဲ့ ဟင်းနုနွယ်မှာပါတဲ့ လူတိန်း (lutein) အန်တီအောက်ဆီဒန့်က မျက်စိကျန်းမာရေးကို အထူးကောင်းမွန်စေလို့ တွဲဖက်စားသုံးမယ်ဆို ကိုယ်ခန္ဓာကျန်းမာရေးအတွက်ရော မျက်လုံးကျန်းမာရေးအတွက်ပါ အထောက်အကူ ဖြစ်စေမှာပါ။

စတော်ဘယ်ရီနဲ့ ဟင်းနုနွယ်

ဟင်းနုနွယ်လို စူပါဓာတ်စာမှာတောင် သူနဲ့ တွဲဖော်တွဲဖက်ဆိုတာ လိုပါတယ်။ အသီးအနှံလည်းကြိုက်တယ်၊ သံဓာတ်လည်း ရချင်တယ်ဆိုရင်တော့ ဟင်းနုနွယ်နဲ့ စတော်ဘယ်ရီတွေကို တွဲဖက်စားသုံးပေးလိုက်ပါ။ ဟင်းနုနွယ်ထဲမှာပါတဲ့ သံဓာတ်က စတော်ဘယ်ရီထဲမှာပါတဲ့ ဗီတာမင် C ဓာတ်ကို ကောင်းကောင်းကြီး စုပ်ယူနိုင်ပါသတဲ့ကွယ်…

Related Article >>> ဝိတ်ချနေသူ (or) ဝိတ်မတက်ချင်သူများအတွက် အဆာပြေစားစရာများ

ဟင်းသီးဟင်းရွက်စိမ်း နဲ့ ကြက်ဥ

ဟင်းသီးဟင်းရွက်စိမ်းတွေမှာ ရောဂါပိုးမွှားကို ကာကွယ်တိုက်ဖျက်နိုင်တဲ့ ကာရိုတီနွိုက်စ်(carotenoids) ဒြပ်ပေါင်း ပါဝင်ပါတယ်။ ဒါပေမဲ့ ကာရိုတီနွိုက်စ်တွေကို စုပ်ယူဖို့ ခန္ဓာကိုယ်အတွက် ခက်ခဲပါတယ်။ ဒီအတွက် မပူပါနဲ့ ကြက်ဥအကာမှာပါတဲ့ အဆီက ကူညီပေးပါလိမ့်မယ်။ ဒီတော့ မုန်လာဥနီ၊ ပန်းဂေါ်ဖီစိမ်း နဲ့ ဂေါ်ဖီတို့လို ဟင်းသီးဟင်းရွက်နဲ့ ကြက်ဥပြုတ် ၃ လုံး တွဲဖက်စားသုံးတာက ကာရိုတီနွိုက်တွေကို ၃ ဆ စုပ်ယူစေတာနဲ့ တူတူပါပဲ။

ဆိုတော့ကာ ကိုယ့်ကျန်းမာရေးလေး ကောင်းသည်ထက် ကောင်းအောင် ဘာနဲ့ ဘာတွေ တွဲစားလို့ ရနိုင်မယ်ဆိုတာ သိသွားပြီပေါ့…

With love

Ei Mon (For Her Myanmar)

Reference: Readers’ Digest, everydayhealth

No Comments Yet

Comments are closed