မတူညီတဲ့ နိုင်ငံတွေက ကွဲပြားတဲ့ အစပ်ဟင်းလျာ ချက်နည်း (၃)မျိုး

အမယ်.. ဒီလိုဆို ကင်ချီဝက်သားကြော်ကို ဆိုင်မှာ သွားဝယ်စားဖို့ မလိုတော့ဘူးပေါ့..

နိုင်ငံတိုင်းမှာ သူတို့ ကိုယ်ပိုင် ယဉ်ကျေးမှု ၊ ဓလေ့ထုံးတမ်းစဉ်လာတွေမတူကွဲပြားခြားနားကြသလို ဟင်းလျာချက်နည်းတွေကလည်း အမျိုးမျိုးကွဲပြားကြပါတယ်… အဲလို မတူညီကွဲပြားခြားနားတဲ့ ဟင်းလျာတွေကြားထဲမှာမှ ကြက်သား ၊ ဝက်သား ၊ အမဲသားတွေကို အစပ်အရသာလေး ရရှိစေမယ့် ဟင်းချက်နည်းလေးတွေကို ရှာဖွေပြီး တော့ ယောင်းတို့ အတွက် တင်ဆက်ပေးလိုက်ပါတယ်နော်…

စီချွမ်းကြက်သားကြော်

ပြောင်းဖူးမှုန့်                         စားပွဲတင်ဇွန်း ၃ ဇွန်း

ဆား                                     လက်ဖက်ရည်ဇွန်း ၁ ဇွန်း

Rice wine                           စားပွဲတင်ဇွန်း ၁ ဇွန်း

ငရုတ်ကောင်းမှုန့် အဖြူ          လက်ဖက်ရည်ဇွန်း တစ်ဝက်

ပဲငံပြာရည်အကြဲ                     စားပွဲတင်ဇွန်း ၁ ဇွန်း

ကြက်သွန်မြိတ်                      ၂ ပင်

ချင်း                                      ၂ ပြား

ကြက်ပေါင်ရင်းသား                ၄ ခု

Szechuan Peppercorn (စီချွမ်း ငရုတ်ကောင်း)      စားပွဲတင်ဇွန်း ၂ ဇွန်း

ငရုတ်သီးခြောက်                     ၁၁ တောင့်

ချင်း                                        ၄ ပြား

မြေပဲ                                      ခွက် ၃ ပုံ ၁ ပုံ

သကြား                                  လက်ဖက်ရည်ဇွန်း တစ်ဝက်

Rice wine (ဆန်ဝိုင်)              စားပွဲတင်ဇွန်း တစ်ဝက်

နှမ်းဆီ                                    စားပွဲတင်ဇွန်း တစ်ဇွန်း

ပြောင်းဖူးမှုန့် ၊ ဆား ၊ rice wine ၊ ငရုတ်ကောင်းမှုန့် အဖြူ ၊ ပဲငံပြာရည်အကြဲ ၊ ကြက်သွန်မြိတ် ၊ ချင်းတို့ ကို အပေါ်မှာ ရေးထားတဲ့ အချိုးအစားအတိုင်း ရောနှောပြီးတော့ အသင့်ပြင်ထားပေးပါ… ပြီးတာနဲ့ ကြက်ပေါင်ရင်သားတွေကို အတုံးလေးတွေတုံးပြီး စောစောက အရောအနှော နဲ့ သမအောင်မွှေပြီး ၁၀ မိနစ်လောက် နှပ်ထားပေးပါ…ပြီးတာနဲ့ ဆီပူထဲမှာ ကြက်ပေါင်ရင်းသားတွေကို ထည့်ကြော်လို့ ရပါပြီ… ကြက်သားတွေ ကျက်ပြီ ဆိုရင်တော့ ဆယ်ပြီး ဆီစစ်ထားပေးပါ… စီချွမ်းငရုတ်ကောင်းနဲ့ ငရုတ်သီးခြောက် ၅ တောင့် (နုတ်နုတ်စဉ်းပြီးသား)ကို ဆီထဲမှာ ထည့်ကြော်ပေးပါ… ကျန်တဲ့ငရုတ်သီးခြောက်တောင့် ၊ မြေပဲ ၊ချင်းနဲ့ ကြက်သွန်မြိတ်တစ်ပင် (လှီးပြီးသား) ကိုပါ တစ်ခါတည်း ထည့်ကြော်ပါ… ကြော်နေရင်း နည်းနည်း အိလာပြီဆိုတာနဲ့ ကြက်သား ကြော်ထားတာတွေ ကိုပါ ထည့်ပေးလိုက်ပါ… သကြား ၊ ဆန်ဝိုင်နဲ့ နှမ်းဆီ ကိုလည်း အပေါ်မှာပါတဲ့ အချိုးအစားအတိုင်းထည့်ပေးလိုက်ဦးနော်… ကြက်သွန်မြိတ် လှီးထားတာလေး အနည်းငယ်ကို အပေါ်ကနေ ဖြူးပေးပြီးရင်တော့ အနံ့၊အရသာနဲ့ ပြည့်စုံတဲ့ စီချွမ်ကြက်သားကြော်လေးကို ရရှိနိုင်ပါပြီနော်..

Related Article >>> သီးစုံထမင်းကြော်၊နာနတ်သီးထမင်းကြော်နဲ့ အမဲသားထမင်းကြော်နည်း

ကင်ချီဝက်သားကြော်

ကင်ချီဝက်သားကြော်

ဝက်သား                            လက်တစ်ဝါးစာဆိုဒ်

ကြက်သွန်နီ                         ၁ လုံး

ဂင်ချီ                                   ခွက်တစ်ဝက်

မုန်လာဥနီ                           တစ်ဝက်

နှမ်းဆီ                                အနည်းငယ်

ငရုတ်ကောင်းမှုန့်                 အနည်းငယ်

ကညွတ်                               ၃ – ၄ ပင်

ကြက်သွန်နီကို ပါးပါးလှီးထားပေးပါ… ဝက်သားကိုလည်း အတုံးလေးတွေ တုံးထားပေးပါ… မုန်လာဥနီ ၊ ကညွှတ်တို့ ကိုလည်း လှီးထားပေးပါ… ဆီအနည်းငယ်ကို အိုးထဲမှာထည့်ပြီး အပူပေးပေးပါ… မုန်လာဥနီ ၊ ကညွှတ်ကိုရောပြီး ထည့်ကြော်ပေးပါ… ပြီးတာနဲ့ ကြက်သွန်နီ လှီးထားတာတွေကိုပါ ထည့်ပေးနော်… ၁ မိနစ်လောက် မီးအား ပြင်းပြင်းကိုသုံးပြီးကြော်ပေးပြီးရင် ဝက်သားတွေကိုပါ တစ်ခါတည်း ထည့်ကြော်နော်… နောက်ဆုံးမှာတော့ ဂင်ချီလေးကိုထည့်ပြီး ကြော်ပေးနော်… ဝက်သားတွေ ကျက်ပြီဆိုတော့မှ ကင်ချီ ကိုထည့်ပေးနော်…  ငရုတ်ကောင်းမှုန့် နဲ့ နှမ်းဆီကိုထည့်ပေးလိုက်ပြီဆိုရင်တာ့ ရှယ်မှရှယ် ကင်ချီဝက်သားကြော်လေး ရပြီပေါ့..

Related Article >>> လွယ်ကူမြန်ဆန်ပြီး အရသာရှိတဲ့ အမဲသားဟင်းလျာ စတိုင်လ် (၃)မျိုး

မလေးရှား အမဲသားအစပ်ကြော်

ကြက်သွန်နီ                          ၁ လုံး

ကြက်သွန်ဖြူ                         ၂ မွှာ

ငရုတ်သီး                             ၂ တောင့်

ငရုတ်ပွ အနီ                         တစ်ဝက်

ပဲသီး                                  ၅ တောင့်

ငရုတ်နှစ်                             စားပွဲတင်ဇွန်း ၁ ဇွန်း

အမဲသား                              ၃၀၀ ဂရမ်

ခရုဆီ                                 စားပွဲတင်ဇွန်း ၂ ဇွန်း

ငါးငံပြာရည်                         စားပွဲတင်ဇွန်း ၁ ဇွန်း

ခရမ်းချဉ်သီးဆော့စ်              ခွက်လေးပုံ တစ်ပုံ

ရေ                                    ခွက်တစ်ဝက်

ဆား                                  လက်ဖက်ရည်ဇွန်း ၁ ဇွန်း

ကြက်သွန်နီ နဲ့ ကြက်သွန်ဖြူ၊ ငရုတ်ပွ အနီ၊ ငရုတ်သီးတို့ကို ပါးပါးလှီးထားပေးပါ။ ပဲသီးကိုလည်း လက်တစ်ဆစ်စာလောက်ထားပြီး လှီးထားပေးပါ… အမဲသားကိုလည်း ပါးပါးလွှာပြီး ဆီပူပူထဲမှာ ထည့်ကြော်ပါ… ပြီးရင် ဘေးမှာ ခဏဖယ်ထားပြီးတော့ ကြက်သွန်နီ ၊ ကြက်သွန်ဖြူ ၊ ငရုတ်သီးအနှစ် ၊ ခရုဆီ ၊ ငါးငံပြာရည် ၊ ခရမ်းချဉ်သီး ဆော့စ် တို့ကို ရောလို့ချက်ပါ…ပြီးရင်တော့ ကြော်ထားပြီးသား အမဲသားနဲ့ ရောပြီး မွှေပေးပါ… ငရုတ်သီး၊ ပဲသီး ၊ ငရုတ်ပွ ၊ ရေ နဲ့ ဆား တို့ကိုပါ ထည့်ပြီး ကြော်လိုက်မယ်ဆိုရင်တော့ ပြီးပြည့်စုံတဲ့ အမဲသားအစပ်ဟင်းတစ်ခွက် ရပြီပေါ့…

ကဲ.. ဘာတွေ စောင့်နေတာလဲ ယောင်း. .ဒါလေးတွေ ချက်စားဖို့ ဈေးသွားဝယ်တော့လေ…

Akari (For Her Myanmar)

Source – Tasty, Limau Nipis

No Comments Yet

Leave a Reply

Your email address will not be published.