လွယ်ကူမြန်ဆန်တဲ့ ကန်စွန်းဥ မုန့်လုပ်နည်း (၃) မျိုး

ဖတ်ပြီးတာနဲ့ ကန်စွန်းဥချက်ချင်း ပြေးဝယ်ပြီး ချက်ချင်စိတ် ပေါက်သွားမယ်နော်.. 😛 

ယောင်းတို့ရေ… For Her Myanmar ကနေပြီး မုန့်လုပ်နည်းတွေ တစ်ခုပြီးတစ်ခု ပြောပြလာတာ တော်တော်များလာပြီနော်.. လုပ်ရော လုပ်ဖြစ်ကြလားဟင်? ဒီတစ်ခေါက်မှာလည်း လွယ်လွယ်ကူကူ မြန်မြန်ဆန်ဆန်လုပ်လို့ရပြီး လက်လည်းမဝင်တဲ့ ကန်စွန်းဥမုန့်လုပ်နည်းလေးတွေ ဖော်ပြပေးလိုက်ပါတယ်နော်… လုပ်ဖြစ်အောင်လည်း လုပ်ကြဦးနော်…

ကန်စွန်းဥ စွပ်ပြုတ်

ကန်စွန်းဥ                          ၆၀၀ ဂရမ်

ချင်း                                   ၃၀ ဂရမ်

ရေ                                    ၅ ခွက်

ထန်းလျက်                         ၉၀ ဂရမ်

ဆား                                  အနည်းငယ်

ကန်စွန်းဥတွေကို ရေသေချာဆေးပြီးတော့ အခွံခွာပြီးလှီးပေးပါ… ချင်းကိုလည်း အခွံခွာပြီး ဓားပြားရိုက်ပေး ထားလိုက်ပါ… အိုးထဲကို ကန်စွန်းဥ ၊ ချင်း ၊ ရေ ၊ ထန်းလျက် ၊ ဆားတို့ ကိုရောထည့်ပေးလိုက်ပါ… ၄၅ မိနစ်လောက် အချိန်ပေးပြီးတော့ ပြုတ်ထားပေးလိုက်ပါ… အဲ့ဒါဆိုရင် ကန်စွန်းဥ အချိုပွဲလေး ရပါပြီနော်… ဘယ်လောက်လွယ်လဲ ကြည့်…

Related Article >>> အိမ်မှာ လွယ်လွယ်ကူကူ လုပ်လို့ ရတဲ့ အချိုပွဲ (၃) မျိုး

 ကန်စွန်းဥ ပန်ကိတ်

ကန်စွန်းဥ                             ၁ ပေါင်

ကောက်ညှင်းမှုန့်                  ၁ ခွက်

သကြား                               စားပွဲတင်ဇွန်း ၁ ဇွန်း

ဟင်းရွက်ဆီ                        စားပွဲတင်ဇွန်း ၁ ဇွန်း နဲ့ တစ်ဝက်

ကန်စွန်းဥအပြားလေးတွေကို ၁၅ မိနစ်လောက် အချိန်ပေးပြီး ပေါင်းထားပေးလိုက်ပါ… ရလာတဲ့ ကန်စွန်းဥ လေးတွေကို သေချာကြိတ်ပေးပါ… ကန်စွန်းဥအနှစ်ထဲမှာ သကြားနဲ့ ကောက်ညှင်းမှုန့်ထည့်ပြီး သေချာ သမအောင် လက်နဲ့နယ်ပေးပါ… ရလာတဲ့ ကန်စွန်းဥအနှစ်တွေကို အပြားလေးတွေ ဖြစ်အောင် ပြားပေးပါ… ရလာတဲ့ မုန့် ပြားလေးတွေကို တစ်ဘက်စီ သေချာ ကြော်ပေးလိုက်နော်… အဲ့ဒါဆိုရင်တော့ အရသာရှိတဲ့ ကန်စွန်းဥပန်ကိတ်လေးတွေ ရပါပြီ…

Related Article >>> လွယ်လွယ်ကူကူ ပြုလုပ်နိုင်တဲ့ ရိုးရာမုန့် (မုန့်လက်ကောက်ကြော်နဲ့ ကန်စွန်းဥသာကူ)

ကန်စွန်းဥ မုန့်လုံးရေပေါ်

ကန်စွန်းဥ                            ၃၀၀ ဂရမ်

ကောက်ညှင်းမှုန့်                  ၁၀၀ ဂရမ်

ရေ                                     စားပွဲတင်ဇွန်း ၃ ဇွန်း

ထန်းလျက်                           အနည်းငယ်

အုန်းသီး                               အနည်းငယ်

ကန်စွန်းဥလေးတွေကို အပြားလေးတွေ လှီးပြီးတော့ ပေါင်းထားပေးလိုက်ပါ… ရလာတဲ့ ကန်စွန်းဥလေးတွေကို ကြေအောင် ချေပေးလိုက်ပါ… ပြီးရင် ကောက်ညှင်းမှုန့် နဲ့ ရေ ထည့်ပြီးတော့ သမအောင် ရောနယ်ပေးလိုက်ပါနော်… ရလာတဲ့မုန့် အနှစ်ကို ယူပြီးတော့ အလယ်မှာ ထန်းလျက်ထည့်ပြီး အလုံးတွေ လုံးပေးလိုက်ပါ… မုန့် လုံးလေးတွေကို ပွက်ပွက်ဆူနေတဲ့ ရေထဲမှာ ထည့်ပြုတ်ပေးပြီး ကျက်လို့ ရေပေါ်ပေါ်လာတဲ့ မုန့်လုံးလေးတွေကို အုန်းဆံလေးတွေ ကပ်ပေးလိုက်ရင် ကန်စွန်းဥ မုန့်လုံးရေပေါ်လေး ရပြီပေါ့…

ယောင်းတို့ကို ဆန်းဆန်းပြားပြား မုန့် ပုံစံလေးတွေ စားစေချင်လို့ မုန့် လုပ်နည်းလေးတွေ သေချာရှာပြီးတော့မှ ပြောပြ ပေးလိုက်တယ်နော်… ပျော်ရွင်စရာအချိန်လေးတွေ ပိုင်ဆိုင်နိုင်ကြပါစေ…

Akari (For Her Myanmar)

Source – ChineseHealthyCook , theMEATMENchannel

No Comments Yet

Comments are closed