အဆာလည္းေျပ စားလို႔လည္းေကာင္းတဲ့ ဝက္သားေပါင္းနည္း (၂) နည္း

ဝက္သားႀကိဳက္ေပမဲ့ ဟင္းပဲစားေနရလို႔ ၿငီးေငြ႕ေနတဲ့ ေယာင္းေလးေတြအတြက္ အသစ္အဆန္း ခ်က္နည္းေလးေတြ <3

ဝက္ဆိုရင္ အေကာင္လိုက္ႀကီးသြင္းခ်င္တဲ့ ေယာင္းေယာင္းေလးေတြအတြက္ ဒီေန႔မွာေတာ့ ႏွင္းက တရုတ္ဝက္သားေပါင္းနည္း ဆန္းဆန္းေလး (၂) နည္းကို ေျပာျပေပးသြားမွာပါ။ လြယ္လည္းလြယ္၊ ျမန္လည္းျမန္ၿပီး ပါဝင္ပစၥည္းေတြလည္း သိပ္မမ်ားတာမို႔ အရသာေကာင္းေကာင္းနဲ႔ အဆာေျပမုန္႔စားခ်င္ရင္ေတာ့ ဒါေလးေတြကို လုပ္စားၾကည့္ပါလို႔။

ပထမတစ္ခုကေတာ့ ဝက္သားလံုး ေကာက္ညွင္းဆန္ေစ့ေပါင္းလုပ္နည္းပါ။ လိုအပ္တဲ့ပစၥည္းေတြကို အရင္ၾကည့္ၾကည့္ရေအာင္။

ဝက္သားကိုမွ အဆီနည္းၿပီး အသားမ်ားတဲ့ ေပါင္သား (၁၀) သား

မုန္လာဥနီ တစ္ဝက္

ဂ်ံဳမႈန္႔ နည္းနည္း

ၾကက္ဥ ႏွစ္လံုး

ေကာက္ညွင္းဆန္ နည္းနည္း

ေဂၚဖီထုပ္ (၈) ရြက္

ဆီ၊ ဆား နည္းနည္းစီ တို႔ပဲ လိုပါတယ္။

အရင္ဆံုး ဝက္သားကို ေရေဆးၿပီး ႏုတ္ႏုတ္စင္းပါ။ မုန္လာဥကိုလည္း အေခ်ာင္းေခ်ာင္းေလးေတြ ျခစ္ၿပီး ေရျပန္စစ္ထားလိုက္ပါ။ ေနာက္ၿပီး ႀကိတ္ထားတဲ့ ဝက္သားကို မုန္လာဥ၊ ဂ်ံဳမႈန္႔၊ ဆားနည္းနည္းနဲ႔ ၾကက္ဥေတြ ေခါက္ထည့္ၿပီး ႏွံ႕ေအာင္နယ္လိုက္ပါ။

နယ္ထားတဲ့ ဝက္သားကို ခဏႏွပ္ထားတဲ့အခ်ိန္ ေဂၚဖီရြက္ေတြကို ဆီသုတ္ၿပီး ေပါင္းအိုးထဲထည့္ၿပီး ဝက္သားကို အလံုးေလးေတြလံုး၊ ေကာက္ညွင္းဆန္ေတြ ကပ္ၿပီး ေဂၚဖီရြက္ေတြေပၚ တင္လိုက္ပါ။ (ေဂၚဖီမရွိလည္း မုန္ညင္းထုပ္နဲ႔ ေပါင္းလို႔ရတယ္။)

မီးနည္းနည္းနဲ႔ ၃၅ မိနစ္ေလာက္ ေပါင္းၿပီးရင္ေတာ့ စားလို႔ရပါၿပီေနာ္။ အနံ႔ပိုေမႊးခ်င္ရင္ေတာ့ ႏွမ္းဆီေလး တစ္စက္စီ လိုက္ျဖန္းေပးပါ။ ႏူးညံ့ၿပီး အာဟာရလည္း ျဖစ္ေစတာမို႔ အိမ္က ကေလးေတြကိုေရာ ဘိုးဘိုးဘြားဘြားေတြကိုပါ ေကၽြးလို႔ရပါတယ္။ (ေအာက္မွာခင္းထားတဲ့ ေဂၚဖီေပါင္းေတြနဲ႔ ထုပ္ၿပီးစားရင္ ပိုစားေကာင္းပါတယ္ :P) ေအာက္မွာ လိပ္နည္း ဗီဒီယိုေလးထည့္ေပးထားတယ္ေနာ္.. 

pork
ဝက္သားလံုးေဂၚဖီေပါင္း
[embedyt] https://www.youtube.com/watch?v=4-OAM89WulQ[/embedyt]
pork
ဒီလို အထုပ္ေလးေတြနဲ႔စား သိပ္ေကာင္း <3

Related Article >>> တရုတ္ျပည္ေရာက္ရင္ မျဖစ္မေနစားသင့္တဲ့အစားအစာ (၉) မ်ိဳး

ဒုတိယ အေပါင္းကေတာ့ ညွပ္ရြက္ဝက္သားေပါင္းပါ။ ပါဝင္ပစၥည္းေတြကေတာ့ အေပၚတစ္ခုအတိုင္းပဲမို႔ တစ္ခုလုပ္စားလုိ႔ ပိုေနရင္ ေနာက္တစ္ခုပါ လုပ္စားလို႔ရတာေပါ့ :P။ ဒါေပမဲ့ ဒီမွာက ေျပာင္းဖူးေကာ္ရည္နဲ႔ ပဲငံျပာရည္အေနာက္ေလးပိုသြားတာပါ

ပြဲအေၾကာင္း အေသးစိတ္သိလိုပါက>>> http://bit.ly/2WK7oFQ

အရင္ဆံုး ႏုတ္ႏုတ္စင္းထားတဲ့ ဝက္သားကို ေျပာင္းဖူးေကာ္ရည္၊ ပဲငံျပာရည္နဲ႔ ေဂၚဖီ၊ မုန္လာဥနီေတြေရာၿပီး က်က္သြားတဲ့အထိ ခ်က္လိုက္ပါ။ ေရေတာ့မခမ္းေစနဲ႔ ျဖည္းျဖည္းခ်င္း ထည့္ေပး။ ဝက္သားခ်က္ေနတဲ့ အခ်ိန္မွာ ညွပ္ဖတ္ကို တစ္ေယာက္စာ လိုက္ညွပ္ထားပါ။

ဝက္သားက်က္တဲ့အခ်ိန္က်ရင္ ညွပ္ဖတ္ေပၚမွာ ဝက္သားေလးေတြထည့္၊ အထုပ္ေလးေတြထုပ္ၿပီး မီးေအးေအးနဲ႔ နာရီဝက္ေလာက္ ေပါင္းလိုက္ၿပီးရင္ေတာ့ သံုးေဆာင္လို႔ရပါၿပီေနာ္။ ညွပ္ဖတ္နဲ႔ ထုပ္နည္းကေတာ့ အေပၚမွာ ေဂၚဖီရြက္နဲ႔ ထုပ္သလိုပါပဲ။ (အခ်ဥ္ေလးနဲ႔တို႔စား သိပ္စားေကာင္းတယ္ ဟိဟိ :P)

pork
ဒါမ်ိဳး အထုပ္ေလး။ ခ်စ္စရာလည္းေကာင္း စားလို႔လည္းေကာင္းတယ္ <3

Related Article >>> ပူရီလုပ္တာလား…. မခက္ပါဘူးေယာငး္ရယ္

ကဲ ဘယ္လိုလဲ ေယာင္းေလး။ လြယ္တယ္မလား။ တစ္ခုစာဝယ္တာနဲ႔ ႏွစ္မ်ိဳးလံုး လုပ္စားလို႔ရတယ္ဆိုေတာ့ တစ္ခ်က္ခုတ္ ႏွစ္ခ်က္ျပတ္ၿပီေလ။ မိုးေအးေအးနဲ႔ ပူပူေႏြးေႏြးအေပါင္းေလးကို ရုပ္ရွင္ေလးၾကည့္ၿပီး ဇိမ္နဲ႔စားလိုက္ရရင္ေတာ့ျဖင့္ အင္း… ေျပာရင္းနဲ႔ေတာင္ စားခ်င္ေနပါၿပီေနာ္ :’ အကယ္၍ ေယာင္းတို႔ လုပ္စားျဖစ္ရင္လည္း ပံုေလးလာျပဦးေနာ္။ (ငတ္ခ်င္လို႔ပါ 😛 ) 

Hnin Ei Oo (For Her Myanmar)

<<< Unicode >>>

 

ဝက်သားကြိုက်ပေမဲ့ ဟင်းပဲစားနေရလို့ ငြီးငွေ့နေတဲ့ ယောင်းလေးတွေအတွက် အသစ်အဆန်း ချက်နည်းလေးတွေ <3

ဝက်ဆိုရင် အကောင်လိုက်ကြီးသွင်းမယ့် ယောင်းယောင်းလေးတွေအတွက် ဒီနေ့မှာတော့ နှင်းက တရုတ်ဝက်သားပေါင်းနည်း ဆန်းဆန်းလေး (၂) နည်းကို ပြောပြပေးသွားမှာပါ။ လွယ်လည်းလွယ်၊ မြန်လည်းမြန်ပြီး ပါဝင်ပစ္စည်းတွေလည်း သိပ်မများတာမို့ အရသာကောင်းကောင်းနဲ့ အဆာပြေမုန့်စားချင်ရင်တော့ ဒါလေးတွေကို လုပ်စားကြည့်ပါလို့။

ပထမတစ်ခုကတော့ ဝက်သားလုံး ကောက်ညှင်းဆန်စေ့ပေါင်းလုပ်နည်းပါ။ လိုအပ်တဲ့ပစ္စည်းတွေကို အရင်ကြည့်ကြည့်ရအောင်။

ဝက်သားကိုမှ အဆီနည်းပြီး အသားများတဲ့ ပေါင်သား (၁၀) သား

မုန်လာဥနီ တစ်ဝက်

ဂျုံမှုန့် နည်းနည်း

ကြက်ဥ နှစ်လုံး

ကောက်ညှင်းဆန် နည်းနည်း

ဂေါ်ဖီထုပ် ၈ ရွက်

ဆီ၊ ဆား နည်းနည်းစီ တို့ပဲလိုပါတယ်။

အရင်ဆုံး ဝက်သားကို ရေဆေးပြီး နုတ်နုတ်စင်းပါ။ မုန်လာဥကိုလည်း အချောင်းချောင်းလေးတွေ ခြစ်ပြီး ရေပြန်စစ်ထားလိုက်ပါ။ နောက်ပြီးကြိတ်ထားတဲ့ ဝက်သားကို မုန်လာဥ၊ ဂျုံမှုန့်၊ ဆားနည်းနည်းနဲ့ ကြက်ဥတွေ ခေါက်ထည့်ပြီး နှံ့အောင်နယ်လိုက်ပါ။ နယ်ထားတဲ့ ဝက်သားကို ခဏနှပ်ထားတဲ့အချိန် ဂေါ်ဖီရွက်တွေကို ဆီသုတ်ပြီး ပေါင်းအိုးထဲထည့်ပြီး ဝက်သားကို အလုံးလေးတွေလုံး၊ ကောက်ညှင်းဆန်တွေ ကပ်ပြီး ဂေါ်ဖီရွက်တွေပေါ် တင်လိုက်ပါ။ (ဂေါ်ဖီမရှိလည်း မုန်ညင်းထုပ်နဲ့ ပေါင်းလို့ရတယ်။) မီးနည်းနည်းနဲ့ ၃၅ မိနစ်လောက် ပေါင်းပြီးရင်တော့ စားလို့ရပါပြီနော်။ အနံ့ပိုမွှေးချင်ရင်တော့ နှမ်းဆီလေး တစ်စက်စီ လိုက်ဖြန်းပေးပါ။ နူးညံ့ပြီး အာဟာရလည်း ဖြစ်စေတာမို့ အိမ်က ကလေးတွေကိုရော ဘိုးဘိုးဘွားဘွားတွေကိုပါ ကျွေးလို့ရပါတယ်။ (အောက်မှာခင်းထားတဲ့ ဂေါ်ဖီပေါင်းတွေနဲ့ ထုပ်ပြီးစားရင် ပိုစားကောင်းပါတယ် :P) အောက်မှာ လိပ်နည်း ဗီဒီယိုလေးထည့်ပေးထားတယ်နော်.. 

pork
ဝက်သားလုံးဂေါ်ဖီပေါင်း
[embedyt] https://www.youtube.com/watch?v=4-OAM89WulQ[/embedyt]
pork
ဒီလို အထုပ်လေးတွေနဲ့စား သိပ်ကောင်း <3

Related Article >>> တရုတ်ပြည်ရောက်ရင် မဖြစ်မနေစားသင့်တဲ့အစားအစာ (၉) မျိုး

ဒုတိယ အပေါင်းကတော့ ညှပ်ရွက်ဝက်သားပေါင်းပါ။ ပါဝင်ပစ္စည်းတွေကတော့ အပေါ်တစ်ခုအတိုင်းပဲမို့ တစ်ခုလုပ်စားလို့ ပိုနေရင် နောက်တစ်ခုပါ လုပ်စားလို့ရတာပေါ့ :P။ ဒါပေမဲ့ ဒီမှာက ပြောင်းဖူးကော်ရည်နဲ့ ပဲငံပြာရည်အနောက်လေးပိုသွားတာပါ

ပွဲအကြောင်း အသေးစိတ်သိလိုပါက>>> http://bit.ly/2WK7oFQ

အရင်ဆုံး နုတ်နုတ်စင်းထားတဲ့ ဝက်သားကို ပြောင်းဖူးကော်ရည်၊ ပဲငံပြာရည်နဲ့ ဂေါ်ဖီ၊ မုန်လာဥနီတွေရောပြီး ကျက်သွားတဲ့အထိ ချက်လိုက်ပါ။ ရေတော့မခမ်းစေနဲ့ ဖြည်းဖြည်းချင်း ထည့်ပေး။ ဝက်သားချက်နေတဲ့ အချိန်မှာ ညှပ်ဖတ်ကို တစ်ယောက်စာ လိုက်ညှပ်ထားပါ။ ဝက်သားကျက်တဲ့အချိန်ကျရင် ညှပ်ဖတ်ပေါ်မှာ ဝက်သားလေးတွေထည့်၊ အထုပ်လေးတွေထုပ်ပြီး မီးအေးအေးနဲ့ နာရီဝက်လောက် ပေါင်းလိုက်ပြီးရင်တော့ သုံးဆောင်လို့ရပါပြီနော်။ ညှပ်ဖတ်နဲ့ ထုပ်နည်းကတော့ အပေါ်မှာ ဂေါ်ဖီရွက်နဲ့ထုပ်သလိုပါပဲ။ (အချဉ်လေးနဲ့တို့စား သိပ်စားကောင်းတယ် ဟိဟိ :P)

pork
ဒါမျိုး အထုပ်လေး။ ချစ်စရာလည်းကောင်း စားလို့လည်းကောင်းတယ် <3

Related Article >>> ပူရီလုပ်တာလား…. မခက်ပါဘူးယောင်းရယ်

ကဲ ဘယ်လိုလဲယောင်းလေး။ လွယ်တယ်မလား။ တစ်ခုစာဝယ်တာနဲ့ နှစ်မျိုးလုံး လုပ်စားလို့ရတယ်ဆိုတော့ တစ်ချက်ခုတ် နှစ်ချက်ပြတ်ပြီလေ။ မိုးအေးအေးနဲ့ ပူပူနွေးနွေးအပေါင်းလေးကို ရုပ်ရှင်လေးကြည့်ပြီး ဇိမ်နဲ့စားလိုက်ရရင်တော့ဖြင့် အင်း… ပြောရင်းနဲ့တောင် စားချင်နေပါပြီနော် :’ အကယ်၍ ယောင်းတို့ လုပ်စားဖြစ်ရင်လည်း ပုံလေးလာပြဦးနော်။ (ငတ်ချင်လို့ပါ 😛 ) 

Hnin Ei Oo (For Her Myanmar)

No Comments Yet

Comments are closed