လှလည်းလှစားလို့လည်းကောင်းတဲ့ ပန်းရောင်စုံ အသုပ်

ပန်းပွင့်လေးတွေကို သုတ်စားလို့ရတယ်ဆိုတာ သိကြရဲ့လား.။

ပန်းပွင့်လေးတွေကို စားကြည့်ဖို့ စိတ်ကူးယဉ်ဖူးလားဟင် ။ ပြီးတော့ ရောင်စုံပန်းပွင့်လှလှလေးတွေကို ယောင်းတို့အကြိုက် အသုပ်သုပ်စားလို့ရတယ်ဆိုတာရော သိပြီးပြီလား။ တကယ်လည်း ပန်းပွင့်ရောင်စုံလေးတွေက အလှဆင်တဲ့နေရာ၊ ဘုရားပန်လှူတာအပြင် သုပ်စားလို့လည်းရပါသေးတယ်။ အရသာအနေနဲ့လည်း တော်တော်လေးကို စားလို့ကောင်းပြီး လုပ်ရလည်း လွယ်ပါတယ်ယောင်းရေ။ သတင်းကောင်းကတော့ ပန်းပွင့်လေးတွေကို စားတာက ကျန်းမာရေးနဲ့ ညီညွတ်ပြီး အသားရည်လှပါတယ်တဲ့။ 

ဘယ်လို သုပ်ရမလဲဆိုတာ မပြောခင် အရင်ဆုံး စားလို့ရတဲ့ ပန်းတွေထဲကမှ မြန်မာနိုင်ငံမှာ အလွယ်တကူတွေ့နိုင်ပြီး သုပ်စားလို့ရတဲ့ ပန်းတွေကို ပြောပြမယ်နော်။

  • နှင်းဆီ
  • စံပယ်
  • ဒေစီ
  • အောင်မဲညို
  • တရုတ်စကားပန်း
  • နေကြာပန်း နဲ့ တခြားနိုင်ငံခြားမျိုးစိတ်တွေဖြစ်တဲ့
  • carnation
  • chrysanthemum 
  • citrus blossoms
  • cornflower
  • dandelion
  • day lily
  • geranium
  • hollyhock
  • honeysuckle
  • impatiens
  • lavender
  • lilac
  • marigold
  • nasturtium
  • pansy
  • passionflower
  • clover
  • snapdragon
  • sunflower
  • violet တို့ကိုလည်း စားလို့ရပါတယ်။

ပွင့်ဖတ်တွေကိုပဲ အသုပ်ထဲထည့်ပါမယ်။ စားမယ့်ပန်းပွင့်ဟာ ပိုးသတ်ဆေးကင်းစင်ဖို့လိုအပ်ပါတယ်။ ဒါကြောင့် ပန်းလေးတွေကို ရေစင်စင်ဆေးပါ။ ပန်းပွင့်လေးတွေက ဘယ်လိုအရသာရှိသလဲဆိုတော့ တစ်ချို့ပန်းတွေက အနည်းငယ် စပ်တဲ့အရသာရှိပါတယ်။ တစ်ချို့ကတော့ စိမ်းရွှေအရသာပါ။ တစ်ချို့ကတော့ အနည်းငယ်ချိုပါတယ်။ အကောင်းဆုံးနည်းလမ်းကတော့ ပန်းပွင့်လေးတွေကို ရေနွေးခဏလေးသာ ဖျောပြီး ရေခဲရေလေးနဲ့ ပြန်စိမ်ထားပါ။ 

ပန်းပွင့်အရွက်သုပ်ကိုပြင်ဆင်ဖို့အတွက်

ဆလတ်ရွက်နုနုလေးတွေရယ် ကြက်သွန်နီ နဲ့ ပန်းရောင်စုံ ပွင့်ဖက်လေးတွေ လိုအပ်ပါတယ်။ ရောသုပ်ဖို့ အနှစ်အနေနဲ့ကတော့ ကိုယ်နှစ်သက်ရာ သံပရာ ရည်၊ သံလွင်ဆီ၊ မရိုးနိစ် စသဖြင့် ကိုယ်နှစ်သက်ရာကို ပြုလုပ်ပြီးရောသုပ်နိုင်သလို ချဉ်ငံစပ်ကြိုက်တယ်ဆိုတဲ့ ယောင်းတို့အတွက်လည်းကိုယ်ကြိုက်နှစ်သက်တဲ့ အရသာပုံစံ သုပ်စားနိုင်ပါတယ်။ 

ဘယ်လိုလဲယောင်းလေးတို့..ရောင်စုံပန်းပွင့်သုပ်လေး စားများစားချင်သွားပြီလားဗျို့. ။ဒီအရွက်သုပ်လေးကတော့ အမြင်ဆန်းပြီးလှသလို အရသာလည်း တစ်မျိုးလေးထူးခြားနေမှာပါ။ ယောင်းတို့ အကြိုက်ဆုံး ပန်းလေးတွေကိုလည်း ကွန်မန့်မှာရေးခဲ့ပါဦးနော်။ 

 

စမ်းချောင်းသူ ခိုင်ဇာ

No Comments Yet

Comments are closed