ဆွယ်တာလေး ၂ထည်ရှိရုံနဲ့ လန်းနေမယ့် ဆောင်းဖက်ရှင်

နွေရာသီဖက်ရှင် နဲ့ ဆွယ်တာလှလှလေးတွေ ပေါင်းစပ်လိုက်တဲ့အခါ…

အချိုးကျကျ တစ်လှည့်စီ ရောက်ရောက်လာတဲ့ ဥတုရာသီ ၃ခုမှာ အခု မိုးကုန်လို့ ဆောင်းရောက်တော့မှာပေါ့ …ယောင်းတို့ရေ… တစ်ခါလာလည်း ဆောင်းနဲ့ ပတ်သက်တဲ့ ဖက်ရှင်၊ နှစ်ခါလာလည်း ဆောင်းတွင်းဖက်ရှင်တွေချည်း ပြောနေလို့ ငြီးငွေ့နေပြီလား? စိတ်မညစ်ပါနဲ့ဦးနော်… ဒီတစ်ခါမှာတော့ နွေရာသီကတည်းက ကိုယ့်မှာရှိပြီးသား အဝတ်အစားလေးတွေနဲ့  ဘယ်လိုမျိုးဆောင်းဖက်ရှင် ဖန်တီးလို့ ရနိုင်မလဲဆိုတာလေး ကြည့်ကြရအောင်နော်…

စကတ် နဲ့ ကြိုးသိုင်းဖိနပ် Sandals လေးတွေက နွေရာသီ ရဲ့  မရှိမဖြစ်ဆိုရင် ဆွယ်တာ (Sweater) လေးတွေက ဆောင်းနဲ့ ခွဲမရတဲ့ ဖက်ရှင်ပါ။ ကဲ…အဲဒီတော့ … ဒီ ဆွယ်တာလေးတွေကို နွေရာသီ မှာ ဝတ်ခဲ့တဲ့ စကတ်လေးတွေနဲ့ တွဲဆက်ပြီး ဆောင်းတွင်းဖက်ရှင် ဘယ်လိုဖန်တီးလို့ရလဲဆိုတာ Megan က အများကြီး မပြောတော့ဘဲ ၃ မျိုးပဲ ပြောပြပေးတော့မယ်နော်။

Related Article >>> Denim ဂျင်းတွေကို တော်ဝင်မင်းသမီးလေးတွေလို ဖက်ရှင်ကျကျ ဝတ်နိုင်ဖို့

၁။ အရမ်းကြီး မအေးသေးတဲ့ ဒီလို အောက်တိုဘာအကုန် နိုဝင်ဘာလအစဟာ ကိုယ့်ရဲ့  လှပတဲ့ ခြေတံတွေကို ဖော်ပြတဲ့ ဖက်ရှင်မျိုး ဝတ်လို့ရပါတယ်နော်။ ဒီ အတွဲအဆက်မှာဆိုရင် နွေမှာ ခေတ်စားခဲ့တဲ့ A line စကတ်လို့ ခေါ်တဲ့ ဒူးအထက် မီနီစကတ်ကားလေးကို လည်ပင်းအထောင်ဖြစ်တဲ့ turtleneck (လည်ကပ်) ဆွယ်တာလေး နဲ့ တွဲဝတ်လိုက်ပြီး ခြေမျက်စိဖုံးတဲ့ ပေါ့ပေါ့ပါးပါး Boots လေး တစ်ရံနဲ့ ပေါင်းစပ်လိုက်တဲ့အခါ ဆောင်းတွင်းမှာ ခပ်မိုက်မိုက် လန်းနေပြီလေ။

၂။ V shape ဆွယ်တာလေးကို  Plaid အကွက် စကတ်လေးတွေ ဒါမှမဟုတ် အဆင်လေး (pattern) တွေပါတဲ့ ဒူးအထက် မီနီစကတ် အကျပ်လေးနဲ့ တွဲဝတ်လိုက်တဲ့အခါမှာတော့ Classic စတိုင်လေးအဖြစ် နဲ့ စမတ်ကျကျ လှနေမှာပါ။ ပြီးတော့ ဒီအတွဲအဆက်လေးက ရုံးစတိုင်လ်နဲ့လည်း အထာကျနေမှာလေ။ ဖိနပ်ကိုတော့ ခြေထောက်အပိတ် Flat shoes တို့ Pump shoes  တို့နဲ့ဆို ပိုပြီး လိုက်ဖက်မှာပါ။

Related Article >>> ပြည့်ပြည့်ဖောင်းဖောင်းမမလှလှတို့အတွက် ဂျင်းဘောင်းဘီဖက်ရှင်များ

၃။ သုံးရာသီလုံးအတွက် အဆင်ပြေတဲ့ ဘလေဇာကုတ် အနက် သို့မဟုတ် နက်ပြာရောင် တစ်ထည်ကို လည်ပင်းပိတ် Turtle Neck (လည်ထောင်) ဆွယ်တာပေါ်က ထပ်ဝတ်ပြီး အောက်က skinny jeans မိုးပြာရောင်နဲ့ ဆိုရင်တော့ ရိုးရိုးရှင်းရှင်းနဲ့ ဆွဲဆောင်အားကောင်းနေစေမှာ အသေအချာပေါ့။ ဒါကိုမှ ဝါသနာပါရင် အောက်က ဒေါက်ချွန်ချွန်မြင့်မြင့်လေး တစ်ရံကိုသာ ကောက်စီးလိုက်တော့ လုံးဝကို perfect ပါနော်။

ကဲ…ဒီလိုဆို ဆောင်းတွင်းမှာ အသစ်တွေ အများကြီး ထပ်ဝယ်စရာမလိုတော့ဘူးပေါ့..  ကိုယ့်မှာ ရှိနေပြီးသားဖြစ်တဲ့ နွေဖက်ရှင် စကတ်လေးတွေ၊ ဂျင်း ဘောင်းဘီလေးတွေနဲ့ တွဲဖက်ဖို့ ဆွယ်တာလှလှလေးတွေပဲ လိုပါတယ်နော်…

With love,

Megan (For Her Myanmar)

References : Glamour UK , Pinterest

No Comments Yet

Comments are closed