Fashion Tips

Valentine’s Day မွာ ဒင္နာဒိတ္တဲ့အခါ အလွဆံုးျဖစ္ေနေအာင္ ဘာေတြ ဝတ္ၾကမလဲ?

ေခါင္းမစားသင့္ေတာ့ပါ မင္မင္ေရာက္လာပါၿပီ 😛

Valentine’s Day နီးလာၿပီဆိုေတာ့ ခ်စ္သူနဲ႔ ဘယ္သြားမယ္ ဘာစားမယ္ဆိုတာေတြ တိုင္ပင္ၿပီးၾကၿပီ ဟုတ္ ? အဲ့အခါမွာ ေခါင္းစားစရာ ျပႆနာကေတာ့ ဘာဝတ္သြားရမလဲဆိုၿပီး စဥ္းစားရတာပါပဲ။ ကိုယ္ေတြကလည္း ခက္သားလား… ဘယ္ေလာက္အက်ႌေတြ ဝယ္ဝယ္ သြားစရာလာစရာရွိရင္ ဝတ္စရာကို မရွိေတာ့တာ (ျဖစ္ေနက် ဟုတ္?) ၿပီးေတာ့ ခ်စ္သူနဲ႔ ဘယ္ေလာက္ပဲ ရင္းႏွီးတယ္ဆိုဆို ဒီလို အမွတ္တရျဖစ္ေနမယ့္ ေန႔ေလးေတြမွာေတာ့ လွလွပပ ျဖစ္ခ်င္ေသးတာကိုး…  ဒါေၾကာင့္မို႔ ေယာင္းတို႔ကို Stella က Valentine’s Day date night မွာ ဘယ္လို outfit ေလးေတြကို ဝတ္ရမလဲဆိုတာ ေဝမွ်ေပးသြားမယ္ေနာ္…

Midi Dress

ခႏၶာကိုယ္ေကာက္ေၾကာင္းကို ေပၚလြင္ေစမယ့္ ေျခသလံုးအလယ္ dress မ်ိဳးေတြက ေယာင္းကို ဆြဲေဆာင္မႈရွိရွိလွေနေစပါတယ္။ အဆင္ရႈပ္ရႈပ္ေတြ၊ အတြန္႔အဖတ္အမ်ားႀကီးပါတဲ့ ဒီဇိုင္းမ်ိဳးေတြထက္ ေနာက္ေက်ာ (သို႔မဟုတ္) ရင္သားအလွကို ေပၚလြင္ေစမယ့္ ေျဗာင္ဒီဇိုင္းေတြကို ေရြးဝတ္ပါ။ clutch လက္ကိုင္အိတ္ေတြ ေဒါက္အျမင့္ေတြနဲ႔ အလိုက္ဖက္ဆံုးပါ။ ဒီလို ဝတ္စံုေတြကို ေရြးမယ္ဆိုရင္ေတာ့ ေယာင္းရဲ႕ ကိုယ္လံုးနဲ႔ တစ္သားတည္း ျဖစ္ေနမယ့္ size ကို ေသခ်ာေရြးဖို႔ေတာ့ လိုမယ္ေနာ္။

Related article >>> ၂၀၁၉မွာ ေရပန္းအစားဆံုးျဖစ္လာမယ့္ ဖက္ရွင္Trend (၇) ခု

Evening Dress

ညေနခင္းဝတ္စံုအရွည္ေတြကေတာ့ ဟိုတယ္ဒင္နာသြားစားမယ့္သူေတြ ဝတ္သင့္ပါတယ္ေနာ္.. စင္ဒရဲလားေလးလို လွေနေစမွာမို႔ ေယာင္းခ်စ္သူရဲ႕ မ်က္လံုးေတြက ေယာင္းဆီက ဖယ္ခြာသြားေတာ့မွာကို မဟုတ္ဘူးရယ္ 😀 Evening dress နဲ႔ အလိုက္ဖက္ဆံုးကေတာ့ classic ဆန္ဆန္ ေလးေထာင့္ Clutch အိတ္ေတြနဲ႔ ႀကိဳးသိုင္းေဒါက္ျမင့္ဖိနပ္ေတြျဖစ္ပါတယ္။

Coat Dress

ကုတ္ပံုစံ ေတြက ေယာင္းကို စမတ္က်က်အမ်ိဳးသမီးတစ္ေယာက္အသြင္ အျပည့္ေပးပါတယ္။ လူႀကီးဆန္ၿပီး ရင့္က်က္တဲ့ ဒီဝတ္စံုနဲ႔ လိုက္ဖက္ေအာင္ဆိုရင္ေတာ့ ထိပ္ပိတ္ ေဒါက္ျမင့္ဖိနပ္ေတြကို စီးေပးပါေနာ္…

Related article >>> မၾကာေသးခင္ကမွ က်င္းပခဲ့တဲ့ Paris Haute Couture week 2019 အေၾကာင္း တစ္ေစ့တေစာင္း

စကတ္

မိန္းကေလးဆန္ဆန္ စကတ္ေတြကိုလည္း ေမ့ခ်န္ထားခဲ့လို႔ မရပါဘူး ေယာင္းတို႔… စကတ္လြင့္လြင့္ေလးေတြကို အက်ႌလက္ရွည္ေလးေတြနဲ႔ တြဲဝတ္တာက ခ်စ္သူမ်ားေန႔မွာ ခ်စ္စရာမိန္းကေလးတစ္ေယာက္လို လန္းလန္းဆန္းဆန္းလွေနႏိုင္ပါတယ္။ ဒီ outfit နဲ႔ လိုက္ဖက္တာကေတာ့ ႀကိဳးသိုင္း cross body အိတ္ေလးေတြပါ။ ဖိနပ္အေနနဲ႔ကေတာ့ ေဒါက္ျမင့္၊ ေဒါက္နိမ့္၊ ေလဒီရွဴး၊ sneaker စသည္ျဖင့္ ေယာင္းႏွစ္သက္ရာ စီးႏိုင္ပါတယ္ေနာ္။

ကဲ.. ဝတ္စံုေတြလည္း ေရြးၿပီးသြားၿပီဆိုေတာ့ ေနာက္ဆံုး ေဆာင္ရမယ့္ တစ္ခ်က္ပဲ က်န္ပါေတာ့တယ္… ဒါကေတာ့ ကိုယ့္ကိုယ္ကိုယ္ ယံုၾကည္မႈပါပဲ… ဘယ္ေလာက္ပဲ လွေအာင္ဆင္ထားထား ကိုယ့္ကိုယ္ကိုယ္ယံုၾကည္မႈမွ မရွိရင္ေတာ့ အလကားပါပဲ ေယာင္းတို႔ေရ…

လွႏုိင္ၾကပါေစ ေယာင္းတို႔ေရ…

Stella (For Her Myanmar)

<<< Unicode >>>

ခေါင်းမစားသင့်တော့ပါ မင်မင်ရောက်လာပါပြီ 😛

Valentine’s Day နီးလာပြီဆိုတော့ ချစ်သူနဲ့ ဘယ်သွားမယ် ဘာစားမယ်ဆိုတာတွေ တိုင်ပင်ပြီးကြပြီ ဟုတ် ? အဲ့အခါမှာ ခေါင်းစားစရာ ပြဿနာကတော့ ဘာဝတ်သွားရမလဲဆိုပြီး စဉ်းစားရတာပါပဲ။ ကိုယ်တွေကလည်း ခက်သားလား… ဘယ်လောက်အင်္ကျီတွေ ဝယ်ဝယ် သွားစရာလာစရာရှိရင် ဝတ်စရာကို မရှိတော့တာ (ဖြစ်နေကျ ဟုတ်?) ပြီးတော့ ချစ်သူနဲ့ ဘယ်လောက်ပဲ ရင်းနှီးတယ်ဆိုဆို ဒီလို အမှတ်တရဖြစ်နေမယ့် နေ့လေးတွေမှာတော့ လှလှပပ ဖြစ်ချင်သေးတာကိုး… ဒါကြောင့်မို့ ယောင်းတို့ကို Stella က Valentine’s Day date night မှာ ဘယ်လို outfit လေးတွေကို ဝတ်ရမလဲဆိုတာ ဝေမျှပေးသွားမယ်နော်…

Midi Dress

ခန္ဓာကိုယ်ကောက်ကြောင်းကို ပေါ်လွင်စေမယ့် ခြေသလုံးအလယ် dress မျိုးတွေက ယောင်းကို ဆွဲဆောင်မှုရှိရှိလှနေစေပါတယ်။ အဆင်ရှုပ်ရှုပ်တွေ၊ အတွန့်အဖတ်အများကြီးပါတဲ့ ဒီဇိုင်းမျိုးတွေထက် နောက်ကျော (သို့မဟုတ်) ရင်သားအလှကို ပေါ်လွင်စေမယ့် ဗြောင်ဒီဇိုင်းတွေကို ရွေးဝတ်ပါ။ clutch လက်ကိုင်အိတ်တွေ ဒေါက်အမြင့်တွေနဲ့ အလိုက်ဖက်ဆုံးပါ။ ဒီလို ဝတ်စုံတွေကို ရွေးမယ်ဆိုရင်တော့ ယောင်းရဲ့ ကိုယ်လုံးနဲ့ တစ်သားတည်း ဖြစ်နေမယ့် size ကို သေချာရွေးဖို့တော့ လိုမယ်နော်။

Related article >>> ၂၀၁၉မှာ ရေပန်းအစားဆုံးဖြစ်လာမယ့် ဖက်ရှင်Trend (၇) ခု

Evening Dress

ညနေခင်းဝတ်စုံအရှည်တွေကတော့ ဟိုတယ်ဒင်နာသွားစားမယ့်သူတွေ ဝတ်သင့်ပါတယ်နော်.. စင်ဒရဲလားလေးလို လှနေစေမှာမို့ ယောင်းချစ်သူရဲ့ မျက်လုံးတွေက ယောင်းဆီက ဖယ်ခွာသွားတော့မှာကို မဟုတ်ဘူးရယ် 😀 Evening dress နဲ့ အလိုက်ဖက်ဆုံးကတော့ classic ဆန်ဆန် လေးထောင့် Clutch အိတ်တွေနဲ့ ကြိုးသိုင်းဒေါက်မြင့်ဖိနပ်တွေဖြစ်ပါတယ်။

Coat Dress

ကုတ်ပုံစံ တွေက ယောင်းကို စမတ်ကျကျအမျိုးသမီးတစ်ယောက်အသွင် အပြည့်ပေးပါတယ်။ လူကြီးဆန်ပြီး ရင့်ကျက်တဲ့ ဒီဝတ်စုံနဲ့ လိုက်ဖက်အောင်ဆိုရင်တော့ ထိပ်ပိတ် ဒေါက်မြင့်ဖိနပ်တွေကို စီးပေးပါနော်…

Related article >>> မကြာသေးခင်ကမှ ကျင်းပခဲ့တဲ့ Paris Haute Couture week 2019 အကြောင်း တစ်စေ့တစောင်း

စကတ်

မိန်းကလေးဆန်ဆန် စကတ်တွေကိုလည်း မေ့ချန်ထားခဲ့လို့ မရပါဘူး ယောင်းတို့… စကတ်လွင့်လွင့်လေးတွေကို အင်္ကျီလက်ရှည်လေးတွေနဲ့ တွဲဝတ်တာက ချစ်သူများနေ့မှာ ချစ်စရာမိန်းကလေးတစ်ယောက်လို လန်းလန်းဆန်းဆန်းလှနေနိုင်ပါတယ်။ ဒီ outfit နဲ့ လိုက်ဖက်တာကတော့ ကြိုးသိုင်း cross body အိတ်လေးတွေပါ။ ဖိနပ်အနေနဲ့ကတော့ ဒေါက်မြင့်၊ ဒေါက်နိမ့်၊ လေဒီရှူး၊ sneaker စသည်ဖြင့် ယောင်းနှစ်သက်ရာ စီးနိုင်ပါတယ်နော်။

ကဲ.. ဝတ်စုံတွေလည်း ရွေးပြီးသွားပြီဆိုတော့ နောက်ဆုံး ဆောင်ရမယ့် တစ်ချက်ပဲ ကျန်ပါတော့တယ်… ဒါကတော့ ကိုယ့်ကိုယ်ကိုယ် ယုံကြည်မှုပါပဲ… ဘယ်လောက်ပဲ လှအောင်ဆင်ထားထား ကိုယ့်ကိုယ်ကိုယ်ယုံကြည်မှုမှ မရှိရင်တော့ အလကားပါပဲ ယောင်းတို့ရေ…

လှနိုင်ကြပါစေ ယောင်းတို့ရေ…

Stella (For Her Myanmar)

Stella
Stella
Stella ကေတာ့ Fashion နဲ႕ Beauty ကို ဝါသနာပါလို႔ For Her Myanmar မွာ ေယာင္းေယာင္းတို႔အတြက္ beauty hacks ေတြ, fashion နဲ႕ပက္သက္တဲ့ အေၾကာင္းအရာမ်ိဳးစံုကို အဓိကေဝမွ်ေပးသြားမွာပါ။ သုတရသေတြကိုလည္း လက္လွမ္းမွီသေလာက္ ေရးေပးပါေသးတယ္။

Leave a Reply

Your email address will not be published. Required fields are marked *