ဒီႏွစ္ပိုင္းမွာ ေခတ္စားေနတဲ့ Paper-Bag Pants ဆိုတာ ဘာလဲ…ဘယ္လုိ ဖက္ရွင္က်ေအာင္ ဝတ္မလဲ …

ဒီလုိဝတ္လိုက္ေတာ့လည္း အလန္းဟ 

ခုတေလာ ေနရာေတာ္ေတာ္မ်ားမ်ားမွာေတြ႔လာရတဲ့ ခါးအေပၚနားေလာက္မွာ ႀကိဳးစည္းၿပီးေတာ့ပဲျဖစ္ျဖစ္၊ အတြန္႔ေလးေတြနဲ႔ပဲျဖစ္ျဖစ္  တက္ဝတ္ရတဲ့ ေဘာင္းဘီေလးေတြကို paper-bag pants လို႔ ေခၚပါတယ္ ေယာင္းတို႔ေရ…

၂၀၁၈ ႏွစ္ကုန္ခါနီးမွာမွ Trend ျဖစ္လာတဲ့ ဒီ ေဘာင္းဘီေလးေတြက Street Wear က ေန Office Style ထိကို (အေပၚဝတ္ေလးေတြ ေျပာင္းလဲလုိက္ရံုနဲ႔) ေနရာမေရြး ရာသီမေရြး ဝတ္ဆင္လုိ႔ရတဲ့ စြယ္စံုရ ဖက္ရွင္လည္း ျဖစ္ပါတယ္ေနာ္။ ဒီေတာ့ သူမ်ားနဲ႔အၿပိဳင္ ေခတ္ေနာက္က် မက်န္ခဲ့ေစဖို႔ ဒီ ေဘာင္းဘီေလးေတြကို ဘာေတြနဲ႔ ဘယ္လုိတြဲဝတ္လို႔ရမလဲ ဆုိတာ ၾကည့္လုိက္ရေအာင္ေနာ္။

၁။ ဘေလာက္စ္နဲ႔ ဝတ္မယ္။ 

ခပ္ပြပြ စတုိင္ျဖစ္တဲ့ paper-bag ေဘာင္းဘီကို အေပၚက ကိုယ့္ခႏၶာကိုယ္ နဲ႔ fit ျဖစ္တဲ့ (ကြက္တိက်တဲ့) ကိုယ့္စိတ္ႀကိဳက္ blouse အက်ႌတစ္ထည္နဲ႔ တြဲဝတ္လုိ႔ရပါတယ္။ paper-bag ေဘာင္းဘီေတြ ဝတ္တဲ့အခါ သတိထားရမွာက အေပၚအက်ႌတိုင္းကို ေဘာင္းဘီထဲ ထည့္ဝတ္ဖို႔ပါ။ ဒီလို စတိုင္ကေတာ့ ထသြားထလာအေနနဲ႔ေရာ ရံုးတက္ဖက္ရွင္အျဖစ္ပါ ဝတ္လို႔ရတယ္ေလေနာ္။

Related Article >>> ေသးေသးသြယ္သြယ္ေကာင္မေလးတိုင္း ဗီ႐ိုထဲမွာ ေဆာင္ထားသင့္တဲ့ ေဆာင္းဖက္ရွင္ (၅)မ်ိဳး

၂။ အေရာင္ညွိၿပီး ဝတ္မယ္။

အေရာင္ရင့္ရင့္ paper-bag ေဘာင္းဘီေတြကိုေတာ့ အေပၚကေဖ်ာ့တဲ့ အေရာင္မ်ိဳးနဲ႔ပဲ တြဲဝတ္ေပးပါ။ ဒီပံုထဲက အနီရင့္ရင့္အေရာင္ဆိုရင္ ေဆာင္းတြင္းရဲ ႔ကာလာလည္း ျဖစ္တာမို႔ တစ္ထည္ေလာက္ေတာ့ ဝယ္ထားရင္ မမွားႏုိင္ပါဘူး ေယာင္းတို႔ေရ။

၃။ ခပ္မိုက္မိုက္ Tee ေလးေတြနဲ႔ တြဲပါဦး။ 

ခပ္မိုက္မုိက္ Graphic Tee တစ္ထည္နဲ႔ တြဲဝတ္ရင္ေတာ့ Street Style ကို ရႏိုင္ၿပီေပါ႔။ ကိုယ့္မွာရွိတဲ့ စာသားအလန္းေတြနဲ႔ တီရွပ္ပဲျဖစ္ျဖစ္၊ Graphic ဒီဇိုင္း ခပ္မိုက္မိုက္ေတြနဲ႔ print (တံဆိပ္ရိုက္)ထားတဲ့ Tee တစ္ထည္နဲ႔ျဖစ္ျဖစ္ paper-bag  ေဘာင္းဘီေတြကို တြဲဝတ္ၿပီး မိုက္ႏိုင္ပါေသးတယ္။

Related Article >>> ျပည့္ျပည့္ေဖာင္းေဖာင္းမမလွလွတို႔အတြက္ ဂ်င္းေဘာင္းဘီဖက္ရွင္မ်ား

၄။ အတြန္႔အဖတ္ေလးေတြနဲ႔ ႏူးညံ့လို႔လည္း ရေသးတယ္ေနာ္။ 

တကယ္လို႔မ်ား ေယာင္းက အတြန္႔အဖတ္ေလးေတြပါတဲ့ရွပ္ေတြကို ႀကိဳက္တယ္ဆိုရင္လည္း ဒီ paper-bag Trend မွာ ပါဝင္ႏိုင္ပါေသးတယ္။ Paper-bag ေဘာင္းဘီကို အေပၚက pattern ပါတဲ့ ရွပ္လွလွ အတြန္႔အဖတ္ကေလးေတြနဲ႔ တြဲဝတ္လိုက္ေတာ့ ရံုးတက္ဖက္ရွင္ တစ္ခု ထြက္လာၿပီေပါ့။

ဒါေတြကေတာ့ အေျခခံ အေနနဲ႔ မွ်ေဝေပးလိုက္တဲ့ Paper-Bag ေဘာင္းဘီေလးေတြနဲ႔ တြဲဖက္ဝတ္လုိ႔ရတဲ့ ဖက္ရွင္ေလးေတြပါ။

အမွန္ေတာ့ paper-bag ေဘာင္းဘီ trend က ႀကီးလြန္းတာမို႔ တျခား တြဲဖက္လို႔ရတဲ့ လိုက္ဖက္မယ့္ ဖက္ရွင္ေလးေတြကို ပံုေလးေတြနဲ႔ ထည့့္ေပးလိုက္ပါတယ္ေနာ္။

အတြင္းကတီရွပ္ အျပင္က ကုတ္ေလးနဲ႔..
ထသြားထလာ အလန္းစားေလး
ကုတ္ ခါးရွည္နဲ႔ ေဒါက္ခၽြန္ေလးနဲ႔ လန္း
ခပ္ၾကမ္းၾကမ္း ဖက္ရွင္ေလးေပါ့
V-neck နဲ႔ ဘေလာက္စ္ လက္ရွည္ေလးနဲ႔ ဝတ္.. အလန္းပဲ
ရွပ္အကႌ်ေလးေတြနဲ႔ဆိုလည္း လန္း
ဒါေတာ့ အေပၚက ေျပာခဲ့သလို Graphic- Tee ေလးနဲ႔ ဝတ္တာေပါ့.. အဲဒါကိုမွ အေပၚက ကုတ္ေလးထပ္လိုက္ေတာ့ စတိုင္လ္ေနာက္တစ္မ်ိဳး ျဖစ္သြားေရာ.. ကာလာတြဲစပ္ထားပံုနဲ႔ဆို Street fashion အလန္းေလး ျဖစ္ၿပီေပါ့..

တကယ္လို႔ ကိုယ္က ကိုယ့္ရဲ ႔အဝတ္ဘီရိုႀကီးကို upgrade လုပ္ဖို႔ ေတြးထားရင္ေတာ့ အၾကာႀကီး မစဥ္းစားေနဘဲ paper-bag pants ေလးေတြကိုသာ အေရာင္စံု ျဖည့္လုိက္ပါေတာ့လုိ႔။

With Love,

Megan (For Her Myanmar)

References : Pinterest , Gurl

<<< Unicode >>>

ခုတလော နေရာတော်တော်များများမှာတွေ့လာရတဲ့ ခါးအပေါ်နားလောက်မှာ ကြိုးစည်းပြီးတော့ပဲဖြစ်ဖြစ်၊ အတွန့်လေးတွေနဲ့ပဲဖြစ်ဖြစ်  တက်ဝတ်ရတဲ့ ဘောင်းဘီလေးတွေကို paper-bag pants လို့ ခေါ်ပါတယ် ယောင်းတို့ရေ…

၂၀၁၈ နှစ်ကုန်ခါနီးမှာမှ Trend ဖြစ်လာတဲ့ ဒီ ဘောင်းဘီလေးတွေက Street Wear က နေ Office Style ထိကို (အပေါ်ဝတ်လေးတွေ ပြောင်းလဲလိုက်ရုံနဲ့) နေရာမရွေး ရာသီမရွေး ဝတ်ဆင်လို့ရတဲ့ စွယ်စုံရ ဖက်ရှင်လည်း ဖြစ်ပါတယ်နော်။ ဒီတော့ သူများနဲ့အပြိုင် ခေတ်နောက်ကျ မကျန်ခဲ့စေဖို့ ဒီ ဘောင်းဘီလေးတွေကို ဘာတွေနဲ့ ဘယ်လိုတွဲဝတ်လို့ရမလဲ ဆိုတာ ကြည့်လိုက်ရအောင်နော်။

၁။ ဘလောက်စ်နဲ့ ဝတ်မယ်။ 

ခပ်ပွပွ စတိုင်ဖြစ်တဲ့ paper-bag ဘောင်းဘီကို အပေါ်က ကိုယ့်ခန္ဓာကိုယ် နဲ့ fit ဖြစ်တဲ့ (ကွက်တိကျတဲ့) ကိုယ့်စိတ်ကြိုက် blouse အင်္ကျီတစ်ထည်နဲ့ တွဲဝတ်လို့ရပါတယ်။ paper-bag ဘောင်းဘီတွေ ဝတ်တဲ့အခါ သတိထားရမှာက အပေါ်အင်္ကျီတိုင်းကို ဘောင်းဘီထဲ ထည့်ဝတ်ဖို့ပါ။ ဒီလို စတိုင်ကတော့ ထသွားထလာအနေနဲ့ရော ရုံးတက်ဖက်ရှင်အဖြစ်ပါ ဝတ်လို့ရတယ်လေနော်။

Related Article >>> သေးသေးသွယ်သွယ်ကောင်မလေးတိုင်း ဗီရိုထဲမှာ ဆောင်ထားသင့်တဲ့ ဆောင်းဖက်ရှင် (၅)မျိုး

၂။ အရောင်ညှိပြီး ဝတ်မယ်။

အရောင်ရင့်ရင့် paper-bag ဘောင်းဘီတွေကိုတော့ အပေါ်ကဖျော့တဲ့ အရောင်မျိုးနဲ့ပဲ တွဲဝတ်ပေးပါ။ ဒီပုံထဲက အနီရင့်ရင့်အရောင်ဆိုရင် ဆောင်းတွင်းရဲ့ကာလာလည်း ဖြစ်တာမို့ တစ်ထည်လောက်တော့ ဝယ်ထားရင် မမှားနိုင်ပါဘူး ယောင်းတို့ရေ။

၃။ ခပ်မိုက်မိုက် Tee လေးတွေနဲ့ တွဲပါဦး။ 

ခပ်မိုက်မိုက် Graphic Tee တစ်ထည်နဲ့ တွဲဝတ်ရင်တော့ Street Style ကို ရနိုင်ပြီပေါ့။ ကိုယ့်မှာရှိတဲ့ စာသားအလန်းတွေနဲ့ တီရှပ်ပဲဖြစ်ဖြစ်၊ Graphic ဒီဇိုင်း ခပ်မိုက်မိုက်တွေနဲ့ print (တံဆိပ်ရိုက်)ထားတဲ့ Tee တစ်ထည်နဲ့ဖြစ်ဖြစ် paper-bag  ဘောင်းဘီတွေကို တွဲဝတ်ပြီး မိုက်နိုင်ပါသေးတယ်။

Related Article >>> ပြည့်ပြည့်ဖောင်းဖောင်းမမလှလှတို့အတွက် ဂျင်းဘောင်းဘီဖက်ရှင်များ

၄။ အတွန့်အဖတ်လေးတွေနဲ့ နူးညံ့လို့လည်း ရသေးတယ်နော်။ 

တကယ်လို့များ ယောင်းက အတွန့်အဖတ်လေးတွေပါတဲ့ရှပ်တွေကို ကြိုက်တယ်ဆိုရင်လည်း ဒီ paper-bag Trend မှာ ပါဝင်နိုင်ပါသေးတယ်။ Paper-bag ဘောင်းဘီကို အပေါ်က pattern ပါတဲ့ ရှပ်လှလှ အတွန့်အဖတ်ကလေးတွေနဲ့ တွဲဝတ်လိုက်တော့ ရုံးတက်ဖက်ရှင် တစ်ခု ထွက်လာပြီပေါ့။

ဒါတွေကတော့ အခြေခံ အနေနဲ့ မျှဝေပေးလိုက်တဲ့ Paper-Bag ဘောင်းဘီလေးတွေနဲ့ တွဲဖက်ဝတ်လို့ရတဲ့ ဖက်ရှင်လေးတွေပါ။

အမှန်တော့ paper-bag ဘောင်းဘီ trend က ကြီးလွန်းတာမို့ တခြား တွဲဖက်လို့ရတဲ့ လိုက်ဖက်မယ့် ဖက်ရှင်လေးတွေကို ပုံလေးတွေနဲ့ ထည့်ပေးလိုက်ပါတယ်နော်။

အတွင်းကတီရှပ် အပြင်က ကုတ်လေးနဲ့..

ထသွားထလာ အလန်းစားလေး

ကုတ် ခါးရှည်နဲ့ ဒေါက်ချွန်လေးနဲ့ လန်း

ခပ်ကြမ်းကြမ်း ဖက်ရှင်လေးပေါ့

V-neck နဲ့ ဘလောက်စ် လက်ရှည်လေးနဲ့ ဝတ်.. အလန်းပဲ

ရှပ်အင်္ကျီလေးတွေနဲ့ဆိုလည်း လန်း

ဒါတော့ အပေါ်က ပြောခဲ့သလို Graphic- Tee လေးနဲ့ ဝတ်တာပေါ့.. အဲဒါကိုမှ အပေါ်က ကုတ်လေးထပ်လိုက်တော့ စတိုင်လ်နောက်တစ်မျိုး ဖြစ်သွားရော.. ကာလာတွဲစပ်ထားပုံနဲ့ဆို Street fashion အလန်းလေး ဖြစ်ပြီပေါ့..

တကယ်လို့ ကိုယ်က ကိုယ့်ရဲ့အဝတ်ဘီရိုကြီးကို upgrade လုပ်ဖို့ တွေးထားရင်တော့ အကြာကြီး မစဉ်းစားနေဘဲ paper-bag pants လေးတွေကိုသာ အရောင်စုံ ဖြည့်လိုက်ပါတော့လို့။

With Love,

Megan (For Her Myanmar)

References : Pinterest , Gurl

No Comments Yet

Comments are closed