Fashion

ပုံမှန်ထက် ရင်သားသေးတဲ့ယောင်းတွေ အထာကျကျလန်းနိုင်မယ့် ဖက်ရှင် (၅) မျိုး





Related article >>> သင်္ကြန်မှာ အလန်းဆုံးဖြစ်စေဖို့ ဒါတွေကို ဒီလိုဝတ်ပါ


 


(၃) ကုတ်အင်္ကျီ

 



(၄) ကြိုးတစ်ချောင်းတွေ


(၅) Tube top




Stella (For Her Myanmar)

<<< Unicode >>>

ရင်သားသေးလို့ မဟော့ဘူးလို့ ဘယ်သူပြောလဲ ?

ယောင်းတို့ရေ … သူများတွေနဲ့ ယှဉ်ရင် ကိုယ့်အရွယ်မှာ ရှိသင့်သလောက် ရင်သားမရှိလို့ စိတ်ညစ်နေလား ? မညစ်ပါနဲ့နော် “Flat is the new hot” ပါ။ သူများတွေဝတ်ရင် ရိုင်းသယောင်ထင်ရတဲ့ ဖက်ရှင်အလန်းစားတွေကို ရင်သားသေးတဲ့ ကိုယ် ဝတ်လိုက်ရင် ချစ်စရာတောင် ကောင်းသွားသေးတတ်တာမျိုး မဟုတ်လား … အဓိကက ဝတ်တတ်ဖို့နဲ့ ယုံကြည်ချက် အပြည့်ရှိဖို့ပါပဲ… ဒီတော့ Stella က ရင်သားသေးတဲ့ ယောင်းတွေ အထာကျကျမိုက်နေဖို့ ဘယ်လိုဝတ်ရမလဲဆိုတာကို ပြန်ဝေမျှပေးမယ်နော်။

(၁) လည်ပင်းဟိုက်ဟိုက်အင်္ကျီတွေ

ရင်သားသေးတဲ့သူတွေက ရင်ဟိုက်တွေ သိပ်မဝတ်ကြဘူးနော်.. ဘာလို့လဲတော့ မသိဘူး.. ကိုယ့်ကိုယ်ကိုယ် ယုံကြည်မှု ရှိရှိသာ ဝတ်ချလိုက်ပါ။ ရင်သားသေးတဲ့သူတွေ ရင်ဟိုက်တွေ ဝတ်တဲ့အခါ အရမ်းကို ဖက်ရှင်ကျပြီး ချစ်စရာကောင်းတယ်ဆိုတာ ယုံ…

Related article >>> သြင်္ကန်မှာ အလန်းဆုံးဖြစ်စေဖို့ ဒါတွေကို ဒီလိုဝတ်ပါ

(၂) ဇာအင်္ကျီပါးပါး (Sheer Top)

 

ရင်သားသေးတဲ့ယောင်းတွေအတွက်တော့ ဇာအင်္ကျီပါးပါးကို အောက်ခံဘရာလှလှလေးနဲ့ တွဲဝတ်လိုက်တဲ့အခါ အမြင်လည်းမရိုင်းသလို ပေါ့ပေါ့ပါးပါးအသွင်လည်း ဖြစ်စေပါတယ်။

(၃) ကုတ်အင်္ကျီ

 

ကုတ်အင်္ကျီနဲ့ ဘောင်းဘီရှည်ကို သူများတွေလို အောက်ခံအင်္ကျီပွပွထူထူတွေနဲ့ တွဲမဝတ်ဘဲ bralette လို့ခေါ်တဲ့ ဇာအနားသတ်အလှဘရာလေး တစ်ထည်နဲ့ ဝတ်ကြည့်ပါ။ ဖက်ရှင်ကျပြီး မမိုက်ရင် ကြိုက်သလိုပြော …

Related article >>> ဖက်ရှင်နဲ့ပတ်သက်ပြီး မဖြစ်မနေ ရှောင်ရမယ့်အချက် (၆) ချက်

(၄) ကြိုးတစ်ချောင်းတွေ

Spaghetti straps လို့ခေါ်ကြတဲ့ ကြိုးတစ်ချောင်းတွေကလည်း ရင်သားသေးတဲ့ ယောင်းတွေကို ဟော့ဖြစ်နေစေတဲ့ အင်္ကျီတွေပါပဲ ယောင်းတို့ရေ…

(၅) Tube top

အခုခေတ်စားနေတဲ့ tube top တွေကလည်း ရင်သားသေးတဲ့ယောင်းတို့အတွက် အံကိုက်ပါပဲနော်။ မပြောခဲ့ဘူးလား “Flat is the new hot” ပါလို့ …

Related article >>> အသက် (၂၅) ကျော်လာရင် ရှိကိုရှိသင့်တဲ့ အမျိုးသမီး အဝတ်အစားအသုံးအဆောင် (၈) မျိုး

ကဲ … ဒီလောက်ဆိုရင် ရင်သားသေးတဲ့ယောင်းတွေအနေနဲ့ အဝတ်အစားကို ဘယ်လိုဖက်ရှင်ကျကျဝတ်ရမယ်ဆိုတာ သိကြပြီပေါ့နော်။ ဘယ်အချိန်မဆိုကြည့်လိုက်တာနဲ့ ကိုယ့်ကိုယ်ကိုယ်ယုံကြည်မှုအပြည့်ရှိနေဖို့လည်း မမေ့နဲ့ဦး။ ကိုယ်ပိုင်ဆိုင်ထားတဲ့ ခန္ဓာကိုယ်ကို ချစ်ပါ။ ကိုယ့်ကိုယ်ကိုယ်ချစ်ပါ။ အမြဲတမ်းလှနေပါစေ ယောင်းရေ …

Stella (For Her Myanmar)

Stella
Stella
Stella ကတော့ Fashion နဲ့ Beauty ကို ဝါသနာပါလို့ For Her Myanmar မှာ ယောင်းယောင်းတို့အတွက် beauty hacks တွေ, fashion နဲ့ပက်သက်တဲ့ အကြောင်းအရာမျိုးစုံကို အဓိကဝေမျှပေးသွားမှာပါ။ သုတရသတွေကိုလည်း လက်လှမ်းမှီသလောက် ရေးပေးပါသေးတယ်။

Leave a Reply

Your email address will not be published. Required fields are marked *