လုပ္ငန္းခြင္ဝင္ေနတဲ့ အမ်ိဳးသမီးေလးေတြအတြက္ မရွိမျဖစ္လိုအပ္တဲ့ ဖိနပ္ (၅) ရံ

ၾကက္ေပါင္ဖိနပ္ေတြ၊ တရုတ္ဖိနပ္ေတြပဲ မစီးသင့္ေတာ့ပါ။ စမတ္က်ခ်င္ရင္ေပါ့

>>> Zawgyi >>>

အခုေခတ္မွာ အမ်ိဳးသမီးေတြက အမ်ိဳးသားေတြနဲ႔ ရင္ေဘာင္သန္းၿပီး အလုပ္လုပ္လာတာနဲ႔ အမွ် လုပ္ငန္းခြင္ အျပင္အဆင္ဆိုတာလည္း တအား အေရးႀကီးလာတယ္ေနာ္။ အစိုးရဝန္ထမ္းမဟုတ္ရင္ အဝတ္အစားနဲ႔ ပတ္သက္ၿပီး အရမ္းစည္းကမ္းတင္းၾကပ္တာမ်ိဳး မရွိေပမဲ့ တကယ့္ကုမၸဏီႀကီးေတြမွာေတာ့ သမားရိုးက်ဝတ္ဆင္မႈေတြက အရမ္းကိုအေရးႀကီးတယ္ေလ။ ေနာက္ၿပီး အဝတ္အစားက ဘယ္ေလာက္ပဲ ပ်ံလန္ေနပါေစ ဖိနပ္ကို ၾကက္ေပါင္ဖိနပ္ဝတ္ထားရင္ေတာ့ တစ္ကိုယ္လံုး ဂြမ္းစိန္ပါပဲေနာ္။ ဒါေၾကာင့္ လုပ္ငန္းခြင္ဝင္္ေနတဲ့ ေယာင္းေယာင္းတို႔အတြက္ မရွိမျဖစ္ဖိနပ္ (၅) ရံကိုရွာေဖြၿပီး တင္ဆက္လိုက္ရပါတယ္ေနာ္။

(၁) ေလဒီရွဴးအနက္ေရာင္

ရုပ္ရွင္ေတြထဲမွာေရာ၊ ကာတြန္းေတြထဲမွာကအစ သူေ႒းလက္ေထာက္တို႔ ရာထူးရာခံခပ္ႀကီးႀကီး စမတ္က်က်မိန္းကေလးဆိုရင္ ေဒါက္ျမင့္အမည္းေလးဝတ္တာ ျမင္ဖူးၾကမွာပါေနာ္။ တကယ့္လုပ္ငန္းခြင္မွာေတာ့ ေဒါက္အျမင့္က ႏွစ္လက္မထက္ မပိုရပါဘူး။ ေျပးလႊားသြားစရာကိစၥေတြႀကံဳလာေတာ့လည္း ပိုလြယ္တာေပါ့ ဟုတ္တယ္မလား 😀 ေနာက္ၿပီး ဝတ္စံုတိုင္းနဲ႔ လိုက္ဖက္တဲ့ ဖိနပ္ျဖစ္တာမို႔ သက္ေသာင့္သက္သာျဖစ္ဖို႔လည္း လိုအပ္ပါေသးတယ္။ ၿပိဳင္ဘက္မရွိတဲ့ အလိုအပ္ဆံုးဖိနပ္ပါပဲ။

shoes
အနက္ေရာင္ ေဒါက္ခၽြန္ဖိနပ္

Related Article >>> ဖိနပ္အပါးေတြက ပြဲမတိုးဘူးဆိုတဲ့အေတြးကို လႊင့္ပစ္လိုက္ပါ။

(၂) ေယာက်္ားစီးလိုမ်ိဳး အပိတ္ဖိနပ္ပါး

ရိုးရိုး တရုတ္ဖိနပ္အပါးအပိတ္ေတြက ပြဲမတိုးဘူးေလ။ အကယ္၍ ကိုယ္က ေဒါက္ျမင့္မဝတ္ႏိုင္ဘူး ပြဲလည္း တက္စရာရွိတယ္ဆိုရင္ေတာ့ ဒီလိုဖိနပ္ေလးေတြကို ေရြးခ်ယ္ၿပီး စီးပါ။ အထာက်တဲ့အျပင္ အျမင္ဆန္းၿပီး သြားရလာရတာလည္း အဆင္ေျပတာမို႔ တစ္ရံေလာက္ေတာ့ ေဆာင္ထားဖို႔ အႀကံျပဳခ်င္ပါတယ္ ေယာင္းတို႔ေရ။ (သူက အပါးအျပင္ ေဒါက္အျပားေလးတစ္လက္မေလာက္ပါရင္လည္း လွတယ္ေလ။ ေဒါက္အခၽြန္ကက်ေတာ့ ပုပုနဲ႔ဆို သိပ္မလွဘူး။)

shoes
ဒါကို စကပ္နဲ႔တြဲဝတ္လည္းလွ၊ စတိုင္ပန္နဲ႔တြဲဝတ္ရင္လည္း အဆင္ေျပတယ္
shoes
ေဒါက္ပုပုေလးနဲ႔ဆိုလည္း သြားသြားလာလာဝတ္လို႔ရၿပီေပါ့

(၃) ႀကိဳးသိုင္းေဒါက္ခၽြန္ဖိနပ္

ညဘက္ ပြဲခပ္ႀကီးႀကီးေတြ တက္ရမယ္ဆိုရင္ေတာ့ က်က္သေရရွိၿပီး ဝင့္ဝင့္ၾကြားၾကြားပံုစံကို ျဖစ္ေစတဲ့ ႀကိဳးသိုင္းေဒါက္ဖိနပ္ေလး ဝတ္ဖို႔ မျဖစ္မေန လိုအပ္ပါတယ္ေနာ္။ ဘာလို႔လဲဆိုေတာ့ ညေနခင္း ပြဲတက္အက်ႌေတြက တျခား အပိတ္ဖိနပ္ေတြထက္စာရင္ ခပ္ရွင္းရွင္းနဲ႔ ရိုးရိုးႀကိဳးသိုင္းဖိနပ္ေတြနဲ႔ ပိုလိုက္ဖက္တာမို႔ တစ္ရံေလာက္ရွိထားသင့္တဲ့ ဖိနပ္အမ်ိဳးအစားပါ။

shoes
စတိုင္လ္က်က် ယံုၾကည္မႈရွိရွိ ေျခလွမ္းေတြကို လွမ္းခ်င္ရင္ေတာ့ ဒီလို ႀကိဳးသိုင္းေဒါက္ေလးကို ေရြးပါ

Related Article >>> ဖိနပ္ဝယ္ေတာ့မယ္ဆုိရင္သတိျပဳရမယ့္အခ်က္ (၆)ခ်က္

(၄) ႀကိဳးခ်ည္စရာမလိုတဲ့ အားကစားဖိနပ္

အားကစားဖိနပ္ကို အားကစားသြားတဲ့အခ်ိန္မွ မဟုတ္ဘဲ ရံုးတက္ဖက္ရွင္နဲ႔ တြဲၿပီး အထာက်ေအာင္ တြဲဝတ္လို႔ရတယ္ဆိုရင္ ေယာင္းတို႔ အံ့ၾသသြားမလားဟင္။ ဟိုလို ႀကိဳးသိုင္းေတြနဲ႔ တကယ့္အားကစားလုပ္တဲ့ ဖိနပ္လိုမ်ိဳးမဟုတ္ဘဲ ႀကိဳးသိုင္းစရာမလုိတဲ့ ဖိနပ္အပိတ္ေလးေတြက စတိုင္ပန္႔နဲ႔ ဝတ္ရင္ တကယ္ကို ပနံရတဲ့ အတြဲအစပ္မ်ိဳးပါ။ ရံုးမွာ ေပါ့ေပါ့ပါးပါးေနရင္ျဖစ္ေစ၊ ရံုးကိစၥနဲ႔ ေျမမညီတဲ့ေနရာမ်ိဳးသြားလာရရင္ျဖစ္ေစ တကယ္ကို သင့္ေတာ္တဲ့ ဖိနပ္ပါ။

shoes
ေျခေထာက္လည္း အရမ္းမနာေတာ့တာမို႔ သြားသြားလာလာဆိုလည္း အဆင္ေျပၿပီေလ

(၅) ေရျပင္ညီေဒါက္

ဒါေလးကေတာ့ အျမင့္လည္း စီးခ်င္တယ္၊ ဒါေပမဲ့ ေဒါက္ခၽြန္ေတြစီးလို႔ေတာ့ အဆင္မေျပတဲ့ ေယာင္းေတြအတြက္ပါ။ ေနာက္ၿပီး လမ္းလည္းခပ္မ်ားမ်ား ေလွ်ာက္ရမယ္ဆိုရင္ ေဒါက္ခၽြန္ေလးေတြထက္ ဒီလို ေရျပင္ညီေဒါက္က ပိုၿပီးသက္ေသာင့္သက္သာ ျဖစ္ေစၿပီး ထိန္းခ်ဳပ္ရတာလည္း သိပ္မခက္တာမို႔ ကိုယ့္ဗီရိုထဲမွာ တစ္ရံေလာက္ ေဆာင္ထားဖို႔ မေမ့နဲ႔ေနာ္။

shoes
ဒီလုိဖိနပ္ကို ေရျပင္ညီေဒါက္လို႔ေခၚေပမဲ့
shoes
အလုပ္အတြက္ဆိုရင္ေတာ့ ဒီလိုဖိနပ္က ပိုၿပီးသင့္ေတာ္ပါတယ္

တစ္ေန႔လာလည္း ညအိပ္ဝတ္စံုနဲ႔ ၾကက္ေပါင္ဖိနပ္။ ေနာက္တစ္ေန႔လာလည္း ဒီလိုပံုစံပဲဆိုရင္ အခ်ိန္ၾကာလာတဲ့အခါ ကိုယ့္ပံုစံကလည္း ပ်င္းစရာေကာင္းသလို စုတ္တီးစုတ္ျပတ္နဲ႔မို႔ သူမ်ားလည္း အထင္အျမင္ေသးသြားႏိုင္ပါတယ္။ ဒါေၾကာင့္ ေန႔တိုင္းေကာင္းေကာင္းနဲ႔ လွလွပပ မဝတ္ႏိုင္ရင္ေတာင္ တစ္ပတ္မွာတစ္ခါေလာက္ ေကာင္းေကာင္းေလးဝတ္ၿပီး လန္းလန္းဆန္းဆန္းေနပါ။ ဒါဆို ကိုယ့္စိတ္လည္း အသစ္ျပန္ျဖစ္လာပါလိမ့္မယ္။

Hnin Ei Oo (For Her Myanmar)

References : Instyle, MissMillenia

>>> Unicode >>>

ကြက်ပေါင်ဖိနပ်တွေ၊ တရုတ်ဖိနပ်တွေပဲ မစီးသင့်တော့ပါ။ စမတ်ကျချင်ရင်ပေါ့

အခုခေတ်မှာ အမျိုးသမီးတွေက အမျိုးသားတွေနဲ့ ရင်ဘောင်သန်းပြီး အလုပ်လုပ်လာတာနဲ့ အမျှ လုပ်ငန်းခွင် အပြင်အဆင်ဆိုတာလည်း တအား အရေးကြီးလာတယ်နော်။ အစိုးရဝန်ထမ်းမဟုတ်ရင် အဝတ်အစားနဲ့ ပတ်သက်ပြီး အရမ်းစည်းကမ်းတင်းကြပ်တာမျိုး မရှိပေမဲ့ တကယ့်ကုမ္ပဏီကြီးတွေမှာတော့ သမားရိုးကျဝတ်ဆင်မှုတွေက အရမ်းကိုအရေးကြီးတယ်လေ။ နောက်ပြီး အဝတ်အစားက ဘယ်လောက်ပဲ ပျံလန်နေပါစေ ဖိနပ်ကို ကြက်ပေါင်ဖိနပ်ဝတ်ထားရင်တော့ တစ်ကိုယ်လုံး ဂွမ်းစိန်ပါပဲနော်။ ဒါကြောင့် လုပ်ငန်းခွင်ဝင်နေတဲ့ ယောင်းယောင်းတို့အတွက် မရှိမဖြစ်ဖိနပ် (၅) ရံကိုရှာဖွေပြီး တင်ဆက်လိုက်ရပါတယ်နော်။

(၁) လေဒီရှူးအနက်ရောင်

ရုပ်ရှင်တွေထဲမှာရော၊ ကာတွန်းတွေထဲမှာကအစ သူဋ္ဌေးလက်ထောက်တို့ ရာထူးရာခံခပ်ကြီးကြီး စမတ်ကျကျမိန်းကလေးဆိုရင် ဒေါက်မြင့်အမည်းလေးဝတ်တာ မြင်ဖူးကြမှာပါနော်။ တကယ့်လုပ်ငန်းခွင်မှာတော့ ဒေါက်အမြင့်က နှစ်လက်မထက် မပိုရပါဘူး။ ပြေးလွှားသွားစရာကိစ္စတွေကြုံလာတော့လည်း ပိုလွယ်တာပေါ့ ဟုတ်တယ်မလား 😀 နောက်ပြီး ဝတ်စုံတိုင်းနဲ့ လိုက်ဖက်တဲ့ ဖိနပ်ဖြစ်တာမို့ သက်သောင့်သက်သာဖြစ်ဖို့လည်း လိုအပ်ပါသေးတယ်။ ပြိုင်ဘက်မရှိတဲ့ အလိုအပ်ဆုံးဖိနပ်ပါပဲ။

shoes
အနက်ရောင် ဒေါက်ချွန်ဖိနပ်

Related Article >>> ဖိနပ်အပါးတွေက ပွဲမတိုးဘူးဆိုတဲ့အတွေးကို လွှင့်ပစ်လိုက်ပါ။

(၂) ယောကျ်ားစီးလိုမျိုး အပိတ်ဖိနပ်ပါး

ရိုးရိုး တရုတ်ဖိနပ်အပါးအပိတ်တွေက ပွဲမတိုးဘူးလေ။ အကယ်၍ ကိုယ်က ဒေါက်မြင့်မဝတ်နိုင်ဘူး ပွဲလည်း တက်စရာရှိတယ်ဆိုရင်တော့ ဒီလိုဖိနပ်လေးတွေကို ရွေးချယ်ပြီး စီးပါ။ အထာကျတဲ့အပြင် အမြင်ဆန်းပြီး သွားရလာရတာလည်း အဆင်ပြေတာမို့ တစ်ရံလောက်တော့ ဆောင်ထားဖို့ အကြံပြုချင်ပါတယ် ယောင်းတို့ရေ။ (သူက အပါးအပြင် ဒေါက်အပြားလေးတစ်လက်မလောက်ပါရင်လည်း လှတယ်လေ။ ဒေါက်အချွန်ကကျတော့ ပုပုနဲ့ဆို သိပ်မလှဘူး။)

shoes
ဒါကို စကပ်နဲ့တွဲဝတ်လည်းလှ၊ စတိုင်ပန်နဲ့တွဲဝတ်ရင်လည်း အဆင်ပြေတယ်
shoes
ဒေါက်ပုပုလေးနဲ့ဆိုလည်း သွားသွားလာလာဝတ်လို့ရပြီပေါ့

(၃) ကြိုးသိုင်းဒေါက်ချွန်ဖိနပ်

ညဘက် ပွဲခပ်ကြီးကြီးတွေ တက်ရမယ်ဆိုရင်တော့ ကျက်သရေရှိပြီး ဝင့်ဝင့်ကြွားကြွားပုံစံကို ဖြစ်စေတဲ့ ကြိုးသိုင်းဒေါက်ဖိနပ်လေး ဝတ်ဖို့ မဖြစ်မနေ လိုအပ်ပါတယ်နော်။ ဘာလို့လဲဆိုတော့ ညနေခင်း ပွဲတက်အင်္ကျီတွေက တခြား အပိတ်ဖိနပ်တွေထက်စာရင် ခပ်ရှင်းရှင်းနဲ့ ရိုးရိုးကြိုးသိုင်းဖိနပ်တွေနဲ့ ပိုလိုက်ဖက်တာမို့ တစ်ရံလောက်ရှိထားသင့်တဲ့ ဖိနပ်အမျိုးအစားပါ။

shoes
စတိုင်လ်ကျကျ ယုံကြည်မှုရှိရှိ ခြေလှမ်းတွေကို လှမ်းချင်ရင်တော့ ဒီလို ကြိုးသိုင်းဒေါက်လေးကို ရွေးပါ

Related Article >>> ဖိနပ်ဝယ်တော့မယ်ဆိုရင်သတိပြုရမယ့်အချက် (၆)ချက်

(၄) ကြိုးချည်စရာမလိုတဲ့ အားကစားဖိနပ်

အားကစားဖိနပ်ကို အားကစားသွားတဲ့အချိန်မှ မဟုတ်ဘဲ ရုံးတက်ဖက်ရှင်နဲ့ တွဲပြီး အထာကျအောင် တွဲဝတ်လို့ရတယ်ဆိုရင် ယောင်းတို့ အံ့သြသွားမလားဟင်။ ဟိုလို ကြိုးသိုင်းတွေနဲ့ တကယ့်အားကစားလုပ်တဲ့ ဖိနပ်လိုမျိုးမဟုတ်ဘဲ ကြိုးသိုင်းစရာမလိုတဲ့ ဖိနပ်အပိတ်လေးတွေက စတိုင်ပန့်နဲ့ ဝတ်ရင် တကယ်ကို ပနံရတဲ့ အတွဲအစပ်မျိုးပါ။ ရုံးမှာ ပေါ့ပေါ့ပါးပါးနေရင်ဖြစ်စေ၊ ရုံးကိစ္စနဲ့ မြေမညီတဲ့နေရာမျိုးသွားလာရရင်ဖြစ်စေ တကယ်ကို သင့်တော်တဲ့ ဖိနပ်ပါ။

shoes
ခြေထောက်လည်း အရမ်းမနာတော့တာမို့ သွားသွားလာလာဆိုလည်း အဆင်ပြေပြီလေ

(၅) ရေပြင်ညီဒေါက်

ဒါလေးကတော့ အမြင့်လည်း စီးချင်တယ်၊ ဒါပေမဲ့ ဒေါက်ချွန်တွေစီးလို့တော့ အဆင်မပြေတဲ့ ယောင်းတွေအတွက်ပါ။ နောက်ပြီး လမ်းလည်းခပ်များများ လျှောက်ရမယ်ဆိုရင် ဒေါက်ချွန်လေးတွေထက် ဒီလို ရေပြင်ညီဒေါက်က ပိုပြီးသက်သောင့်သက်သာ ဖြစ်စေပြီး ထိန်းချုပ်ရတာလည်း သိပ်မခက်တာမို့ ကိုယ့်ဗီရိုထဲမှာ တစ်ရံလောက် ဆောင်ထားဖို့ မမေ့နဲ့နော်။

shoes
ဒီလိုဖိနပ်ကို ရေပြင်ညီဒေါက်လို့ခေါ်ပေမဲ့
shoes
အလုပ်အတွက်ဆိုရင်တော့ ဒီလိုဖိနပ်က ပိုပြီးသင့်တော်ပါတယ်

တစ်နေ့လာလည်း ညအိပ်ဝတ်စုံနဲ့ ကြက်ပေါင်ဖိနပ်။ နောက်တစ်နေ့လာလည်း ဒီလိုပုံစံပဲဆိုရင် အချိန်ကြာလာတဲ့အခါ ကိုယ့်ပုံစံကလည်း ပျင်းစရာကောင်းသလို စုတ်တီးစုတ်ပြတ်နဲ့မို့ သူများလည်း အထင်အမြင်သေးသွားနိုင်ပါတယ်။ ဒါကြောင့် နေ့တိုင်းကောင်းကောင်းနဲ့ လှလှပပ မဝတ်နိုင်ရင်တောင် တစ်ပတ်မှာတစ်ခါလောက် ကောင်းကောင်းလေးဝတ်ပြီး လန်းလန်းဆန်းဆန်းနေပါ။ ဒါဆို ကိုယ့်စိတ်လည်း အသစ်ပြန်ဖြစ်လာပါလိမ့်မယ်။

Hnin Ei Oo (For Her Myanmar)

References : Instyle, MissMillenia

No Comments Yet

Comments are closed