Fashion Tips

ပိုက္ဆံအပိုထပ္မကုန္ဖို႔ ေယာင္းရဲ႕ ဗီရုိထဲမွာ ရွိကိုရွိသင့္တဲ့ အဝတ္အစား (၈) မ်ိဳး

ဘယ္အခ်ိန္ပဲျဖစ္ျဖစ္ ဒါေလးေတြ ရွိထားေတာ့ အဆင္ေျပတာေပါ့

>>> Zawgyi >>>

ေယာင္းတို႔ေရ…ေန႔စဥ္နဲ႔အမွ်အသစ္အသစ္ေတြ အဆင္စံုအေသြးစံုထြက္ရွိေနတဲ့ ဖက္ရွင္ေရစီးေၾကာင္းႀကီးထဲမွာ ထြက္တိုင္းဝယ္ေနရတာ ဘက္ဂ်က္ထိခိုက္တယ္ေလေနာ္…ဒါ့ေၾကာင့္ Stella ကေတာ့ ရုံးသြားေက်ာင္းသြား အခ်ိန္ေတာ္ေတာ္မ်ားမ်ားမွာ ဝတ္လို႔ရတဲ့ အဝတ္အစားမ်ိဳးေတြကိုပဲ အဓိကထားၿပီး ဝယ္ျဖစ္ေနတယ္။ အခု Stella သိထားတဲ့ မိန္းကေလးတိုင္းရဲ႕ ဗီရိုထဲမွာ မရွိမျဖစ္ဝယ္ထားသင့္တဲ့ အဝတ္အစားေလးေတြကို ေယာင္းတို႔နဲ႔အတူတူ ေဝမွ်ေပးမယ္ေနာ္…

(၁) Basic Tee

တို႔ ျမန္မာႏိုင္ငံရဲ႕ ရာသီဥတုနဲ႔ကိုက္ညီတဲ့ တီရွပ္ေလးေတြက ဘယ္သြားသြား ေပါ့ေပါ့ပါးပါးနဲ႔ လြတ္လြတ္လပ္္လပ္ဝတ္လို႔ရတာမို႔ မိန္းကေလးတိုင္းမွာ ရွိတတ္ၾကပါတယ္။ တီရွပ္အသားကို ေရြးမယ္ဆိုရင္ေတာ့ အေကာင္းဆံုးက စြပ္က်ယ္သားလို႔ ေခၚၾကတဲ့ အသားေအးေအးနဲ႔ ခ်ည္သားပါ။

(၂) Blazer

Interview ေျဖရင္ျဖစ္ျဖစ္ အေရးႀကီးတဲ့ meeting ထိုင္ရမွာပဲျဖစ္ျဖစ္ ဝတ္သြားသင့္တာကေတာ့ blazer coat ေတြပါပဲ။ Blazer coat ေတြက ေယာင္းတို႔ကို စမတ္က်က်အမ်ိဳးသမီးတစ္ေယာက္အသြင္ေျပာင္းေပးႏိုင္တာမို႔ တစ္ထည္ကေတာ့ ရွိကိုရွိသင့္ပါတယ္။ ကိုယ္က အမ်ားႀကီးမဝယ္ခ်င္ဘူးဆိုရင္ေတာ့ ေၾကာင္ေၾကာင္က်ားက်ားအဆင္ေတြထက္ အနက္ (သို႔မဟုတ္) နက္ျပာေရာင္ ေျဗာင္တစ္ထည္ရွိရင္ လံုေလာက္ပါၿပီေနာ္။

Related article >>> ျပည့္ေနေသာဘီ႐ိုနဲ႔ ဝတ္စရာမရွိေသာေန႔ရက္မ်ား ထပ္မျဖစ္ရေလေအာင္ ဘယ္လိုေျဖရွင္းၾကမလဲ?

(၃) Jeans

Skinny Jeans ေတြကေတာ့ မရွိမျဖစ္ပါ။ Stella ကေတာ့ အျပင္သြားခံနီး ဘာဝတ္ရမွန္းမသိ ေခါင္းစားတဲ့ အခ်ိန္မ်ိဳးေတြမွာ တစ္ထည္ကို ေတြ႕တဲ့အက်ႌတစ္ထည္နဲ႔ ေကာက္ဝတ္လိုက္တာပဲ။ ဒါေၾကာင့္ skinny jeans အသားေကာင္းတစ္ထည္ဝယ္ထားတာက ေကာင္းေသာရင္းႏွီးျမဳပ္ႏွံမႈဆိုတာ ယံုပါေနာ္။

(၄) Bra

ေန႔တစ္ေန႔ကို စိတ္ၾကည္ၾကည္လင္လင္ျဖတ္သန္းဖို႔အတြက္ bra ေကာင္းေကာင္းတစ္ထည္လိုအပ္တယ္ဆိုတာ ေယာင္းတို႔ယံုမလားေတာ့ မသိဘူး။ ကိုယ္ဝတ္ထားတဲ့ bra က ဆိုက္မမွန္တာတို႔ ႀကိဳးတိုေနတာတို႔ဆို တစ္ေနကုန္အသက္ရွဴေတြက်ပ္ ဇက္ေၾကာေတြတက္ၿပီး ေနလို႔ထိုင္လို႔မေကာင္းေတာ့မ်ိဳးႀကံဳဖူးၾကတယ္မွတ္လား။ ဒါေၾကာင့္ bra ေကာင္းေကာင္းေလးတစ္ထည္ေတာ့ ဝယ္ျဖစ္ေအာင္ဝယ္ထားၾကပါလို႔။

Related article >>> ကိုယ္ဝတ္တဲ့ဝတ္စံုနဲ႔ လိုက္ဖက္တဲ့ရတနာကို ဘယ္လိုေရြးရမလဲ?

(၅) Little black dress

ပြဲတက္စရာရွိတာျဖစ္ျဖစ္ ညဘက္သူငယ္ခ်င္းေတြနဲ႔ အျပင္သြားစရာရွိတာျဖစ္ျဖစ္ ဝတ္လို႔ရတဲ့ အနက္ေရာင္ဂါဝန္ေလးတစ္ထည္ေတာ့ ရွိထားသင့္ပါတယ္။ Cutting ေကာင္းေကာင္း ခ်ဳပ္ရုိးခ်ဳပ္သားေကာင္းနဲ႔ classic ဆန္ဆန္ ရုိးရုိးရွင္းရွင္း အနက္ေရာင္ဂါဝန္ေလးက ေယာင္းကို ေနာင္တရေစမွာ မဟုတ္ပါဘူး။

(၆) Bikini

ပိတ္ရက္မွာ ကမ္းေျခသြားတဲ့အခါ ဒါမွမဟုတ္ သူငယ္ခ်င္းေတြနဲ႔ ေရသြားကူးၾကတဲ့အခါ ဝတ္ဖို႔ ဘီကီနီတစ္ထည္ဝယ္ဖို႔ မေမ့ပါနဲ႔။ ခပ္လန္းလန္း two piece ေတြ one piece ေတြ မဝတ္ရဲရင္ေတာင္မွ လံုလံုျခံဳျခံဳနဲ႔ ခ်စ္စရာေကာင္းတဲ့ ေရကူးဝတ္စံုေလးေတြ ရွိတာေၾကာင့္ ေယာင္းမွာ တစ္ထည္ေလာက္ေတာ့ ရွိသင့္ပါၿပီ။

Related article >>> ဘြဲ႔ယူတဲ့အခါ ပြဲတိုးဖို႔ ခ်ိတ္ပဲ ဝတ္စရာရွိတာလား?

(၇) Blouse

ဘာနဲ႔ျဖစ္ျဖစ္တြဲဝတ္လို႔ အဆင္ေျပတဲ့ထဲမွာ ဘေလာက္စ္ေတြလည္း ပါပါတယ္။ ေကာင္းတဲ့ ဘေလာက္စ္တစ္ထည္ဟာ စကတ္နဲ႔ဝတ္ဝတ္ ေဘာင္းဘီနဲ႔ဝတ္ဝတ္ ေယာင္းကို ရိုးရိုးရွင္းရွင္းလွေနေစမွာပါ။ ဘေလာက္စ္ဝယ္မယ္ဆိုရင္ေတာ့ အျဖဴ၊ အနက္၊ အသားေရာင္စတဲ့ အေရာင္ေတြကို ေရြးဝယ္ပါေနာ္။

(၈) Black heels

ဖိနပ္ေကာင္းေကာင္းေလးေတြက ေနရာေကာင္းေကာင္းေလးေတြကို ေခၚသြားတတ္ပါတယ္ ေယာင္းတို႔ေရ။ ကိုယ့္ကိုယ္ကို ယံုၾကည္မႈအျပည့္ရွိေအာင္ အားျဖည့္ေပးတဲ့ထဲမွာ အနက္ေရာင္ေဒါက္ဖိနပ္တစ္ရံလည္းပါတယ္လို႔ Stella ကေတာ့ ယူဆပါတယ္။ ေဒါက္ဖိနပ္အျမင့္မစီးတတ္တဲ့သူေတြအေနနဲ႔လည္း ႏွစ္လက္မေဒါက္ သံုးလက္မေဒါက္ ဆိုျပီး ကိုယ္နဲ႔ကိုက္ညီတဲ့ အျမင့္ကို ေရြးခ်ယ္ႏိုင္ပါတယ္။

Stella (For Her Myanmar)

>> Unicode >>>

ဘယ္အခ်ိန္ပဲျဖစ္ျဖစ္ ဒါေလးေတြ ရွိထားေတာ့ အဆင္ေျပတာေပါ့

ယောင်းတို့ရေ…နေ့စဉ်နဲ့အမျှအသစ်အသစ်တွေ အဆင်စုံအသွေးစုံထွက်ရှိနေတဲ့ ဖက်ရှင်ရေစီးကြောင်းကြီးထဲမှာ ထွက်တိုင်းဝယ်နေရတာ ဘက်ဂျက်ထိခိုက်တယ်လေနော်…ဒါ့ကြောင့် Stella ကတော့ ရုံးသွားကျောင်းသွား အချိန်တော်တော်များများမှာ ဝတ်လို့ရတဲ့ အဝတ်အစားမျိုးတွေကိုပဲ အဓိကထားပြီး ဝယ်ဖြစ်နေတယ်။ အခု Stella သိထားတဲ့ မိန်းကလေးတိုင်းရဲ့ ဗီရိုထဲမှာ မရှိမဖြစ်ဝယ်ထားသင့်တဲ့ အဝတ်အစားလေးတွေကို ယောင်းတို့နဲ့အတူတူ ဝေမျှပေးမယ်နော်…

(၁) Basic Tee

တို့ မြန်မာနိုင်ငံရဲ့ ရာသီဥတုနဲ့ကိုက်ညီတဲ့ တီရှပ်လေးတွေက ဘယ်သွားသွား ပေါ့ပေါ့ပါးပါးနဲ့ လွတ်လွတ်လပ်လပ်ဝတ်လို့ရတာမို့ မိန်းကလေးတိုင်းမှာ ရှိတတ်ကြပါတယ်။ တီရှပ်အသားကို ရွေးမယ်ဆိုရင်တော့ အကောင်းဆုံးက စွပ်ကျယ်သားလို့ ခေါ်ကြတဲ့ အသားအေးအေးနဲ့ ချည်သားပါ။

(၂) Blazer

Interview ဖြေရင်ဖြစ်ဖြစ် အရေးကြီးတဲ့ meeting ထိုင်ရမှာပဲဖြစ်ဖြစ် ဝတ်သွားသင့်တာကတော့ blazer coat တွေပါပဲ။ Blazer coat တွေက ယောင်းတို့ကို စမတ်ကျကျအမျိုးသမီးတစ်ယောက်အသွင်ပြောင်းပေးနိုင်တာမို့ တစ်ထည်ကတော့ ရှိကိုရှိသင့်ပါတယ်။ ကိုယ်က အများကြီးမဝယ်ချင်ဘူးဆိုရင်တော့ ကြောင်ကြောင်ကျားကျားအဆင်တွေထက် အနက် (သို့မဟုတ်) နက်ပြာရောင် ဗြောင်တစ်ထည်ရှိရင် လုံလောက်ပါပြီနော်။

Related article >>> ပြည့်နေသောဘီရိုနဲ့ ဝတ်စရာမရှိသောနေ့ရက်များ ထပ်မဖြစ်ရလေအောင် ဘယ်လိုဖြေရှင်းကြမလဲ?

(၃) Jeans

Skinny Jeans တွေကတော့ မရှိမဖြစ်ပါ။ Stella ကတော့ အပြင်သွားခံနီး ဘာဝတ်ရမှန်းမသိ ခေါင်းစားတဲ့ အချိန်မျိုးတွေမှာ တစ်ထည်ကို တွေ့တဲ့အင်္ကျီတစ်ထည်နဲ့ ကောက်ဝတ်လိုက်တာပဲ။ ဒါကြောင့် skinny jeans အသားကောင်းတစ်ထည်ဝယ်ထားတာက ကောင်းသောရင်းနှီးမြုပ်နှံမှုဆိုတာ ယုံပါနော်။

(၄) Bra

နေ့တစ်နေ့ကို စိတ်ကြည်ကြည်လင်လင်ဖြတ်သန်းဖို့အတွက် bra ကောင်းကောင်းတစ်ထည်လိုအပ်တယ်ဆိုတာ ယောင်းတို့ယုံမလားတော့ မသိဘူး။ ကိုယ်ဝတ်ထားတဲ့ bra က ဆိုက်မမှန်တာတို့ ကြိုးတိုနေတာတို့ဆို တစ်နေကုန်အသက်ရှူတွေကျပ် ဇက်ကြောတွေတက်ပြီး နေလို့ထိုင်လို့မကောင်းတော့မျိုးကြုံဖူးကြတယ်မှတ်လား။ ဒါကြောင့် bra ကောင်းကောင်းလေးတစ်ထည်တော့ ဝယ်ဖြစ်အောင်ဝယ်ထားကြပါလို့။

Related article >>> ကိုယ်ဝတ်တဲ့ဝတ်စုံနဲ့ လိုက်ဖက်တဲ့ရတနာကို ဘယ်လိုရွေးရမလဲ?

(၅) Little black dress

ပွဲတက်စရာရှိတာဖြစ်ဖြစ် ညဘက်သူငယ်ချင်းတွေနဲ့ အပြင်သွားစရာရှိတာဖြစ်ဖြစ် ဝတ်လို့ရတဲ့ အနက်ရောင်ဂါဝန်လေးတစ်ထည်တော့ ရှိထားသင့်ပါတယ်။ Cutting ကောင်းကောင်း ချုပ်ရိုးချုပ်သားကောင်းနဲ့ classic ဆန်ဆန် ရိုးရိုးရှင်းရှင်း အနက်ရောင်ဂါဝန်လေးက ယောင်းကို နောင်တရစေမှာ မဟုတ်ပါဘူး။

(၆) Bikini

ပိတ်ရက်မှာ ကမ်းခြေသွားတဲ့အခါ ဒါမှမဟုတ် သူငယ်ချင်းတွေနဲ့ ရေသွားကူးကြတဲ့အခါ ဝတ်ဖို့ ဘီကီနီတစ်ထည်ဝယ်ဖို့ မမေ့ပါနဲ့။ ခပ်လန်းလန်း two piece တွေ one piece တွေ မဝတ်ရဲရင်တောင်မှ လုံလုံခြုံခြုံနဲ့ ချစ်စရာကောင်းတဲ့ ရေကူးဝတ်စုံလေးတွေ ရှိတာကြောင့် ယောင်းမှာ တစ်ထည်လောက်တော့ ရှိသင့်ပါပြီ။

Related article >>> ဘွဲ့ယူတဲ့အခါ ပွဲတိုးဖို့ ချိတ်ပဲ ဝတ်စရာရှိတာလား?

(၇) Blouse

ဘာနဲ့ဖြစ်ဖြစ်တွဲဝတ်လို့ အဆင်ပြေတဲ့ထဲမှာ ဘလောက်စ်တွေလည်း ပါပါတယ်။ ကောင်းတဲ့ ဘလောက်စ်တစ်ထည်ဟာ စကတ်နဲ့ဝတ်ဝတ် ဘောင်းဘီနဲ့ဝတ်ဝတ် ယောင်းကို ရိုးရိုးရှင်းရှင်းလှနေစေမှာပါ။ ဘလောက်စ်ဝယ်မယ်ဆိုရင်တော့ အဖြူ၊ အနက်၊ အသားရောင်စတဲ့ အရောင်တွေကို ရွေးဝယ်ပါနော်။

(၈) Black heels

ဖိနပ်ကောင်းကောင်းလေးတွေက နေရာကောင်းကောင်းလေးတွေကို ခေါ်သွားတတ်ပါတယ် ယောင်းတို့ရေ။ ကိုယ့်ကိုယ်ကို ယုံကြည်မှုအပြည့်ရှိအောင် အားဖြည့်ပေးတဲ့ထဲမှာ အနက်ရောင်ဒေါက်ဖိနပ်တစ်ရံလည်းပါတယ်လို့ Stella ကတော့ ယူဆပါတယ်။ ဒေါက်ဖိနပ်အမြင့်မစီးတတ်တဲ့သူတွေအနေနဲ့လည်း နှစ်လက်မဒေါက် သုံးလက်မဒေါက် ဆိုပြီး ကိုယ်နဲ့ကိုက်ညီတဲ့ အမြင့်ကို ရွေးချယ်နိုင်ပါတယ်။

Stella (For Her Myanmar)

 

Stella
Stella
Stella ကေတာ့ Fashion နဲ႕ Beauty ကို ဝါသနာပါလို႔ For Her Myanmar မွာ ေယာင္းေယာင္းတို႔အတြက္ beauty hacks ေတြ, fashion နဲ႕ပက္သက္တဲ့ အေၾကာင္းအရာမ်ိဳးစံုကို အဓိကေဝမွ်ေပးသြားမွာပါ။ သုတရသေတြကိုလည္း လက္လွမ္းမွီသေလာက္ ေရးေပးပါေသးတယ္။

Leave a Reply

Your email address will not be published. Required fields are marked *