Fashion Movie Review

ဖက္ရွင္ခ်စ္သူ ေယာင္းေယာင္းတို႔ မျဖစ္မေန ၾကည့္ထားသင့္တဲ့ ရုပ္ရွင္ (၅) ကား

ၾကည့္သင့္ပါတယ္ေနာ္.. ဖက္ရွင္ခ်စ္သူမွန္ရင္ေပါ့… 

ဖက္ရွင္လည္း စိတ္ဝင္စား၊ ရုပ္ရွင္ၾကည့္ရတာလည္းႀကိဳက္တဲ့ ေယာင္းေယာင္းတို႔အတြက္ Stella က ဖက္ရွင္ကအသက္လို႔ေတာင္ ေျပာလို႔ရတဲ့ ရုပ္ရွင္ (၅) ကားကို ေရြးထားေပးပါတယ္။ ဒီကားေတြဟာ သူတို႔ရဲ႕ အမိုက္စားဖက္ရွင္ေတြေၾကာင့္ ဝင္ေငြသန္းေပါင္းမ်ားစြာ ရရွိခဲ့တဲ့ အထင္ကရရုပ္ရွင္ေတြပါ။ ဒါဆို ဘယ္ကားေတြလဲ ၾကည့္လိုက္ရေအာင္ေနာ္…

(၁) Devil wears Prada

၂၀၀၆ ခုႏွစ္မွာ ထြက္ရွိခဲ့တဲ့ ဒီကားဟာဆိုရင္ေတာ့ နာမည္ေက်ာ္ မင္းသမီးႀကီး Meryl Streep, Anne Hathaway, နဲ႔ Emily Blunt အစရွိတဲ့ အႏုပညာရွင္ေတြ ပါဝင္သရုပ္ေဆာင္ထားတဲ့ ရုပ္ရွင္ပါေနာ္.. ဖက္ရွင္နဲ႔ ပက္သက္ၿပီး အေတြ႕အၾကံဳရယ္လို႔ ဘာမွမရွိတဲ့ မိန္းကေလးတစ္ေယာက္က နာမည္ႀကီး ဖက္ရွင္အယ္ဒီတာမမတစ္ေယာက္ရဲ႕ လက္ေထာက္အျဖစ္ ခန္႔အပ္ခံလိုက္ရတဲ့အခါမွာေတာ့ အေပါက္ဆိုးဆိုး အယ္ဒီတာမမနဲ႔ ရွပ္ျပာျပာ လက္ေထာက္တို႔ၾကားမွာ ဘယ္လိုအလြဲေတြ ျဖစ္လာမလဲဆိုတာ ….

Chanel, Saint Laurent, Jimmy Choo, Prada စတဲ့ ကမာၻေက်ာ္ luxury brand ေတြရဲ႕ outfit ေတြကို ေဝေဝဆာဆာဝတ္ျပထားတဲ့အတြက္ ဖက္ရွင္ခ်စ္သူေယာင္းတို႔အတြက္ အားရစရာပါပဲ။ 

(၂) Confessions of a Shopaholic

ေရွာ႔ပင္းထြက္ရတာ ဝါသနာႀကီးလြန္းလို႔ အေႂကြးထဲပါ ႏွစ္ေနတဲ့ Rebecca Bloomwood (Isla Fisher) ဟာ သူ(မ)ရဲ႕ အိပ္မက္ျဖစ္တဲ့ ဖက္ရွင္မဂၢဇင္းမွာ အလုပ္မရလို႔ ကုမၸဏီတူတဲ့ financial magazine (စီးပြားေရး မဂၢဇင္း)မွာ ဝင္လုပ္ရင္း သူ(မ)ေရးတဲ့ ဘတ္ဂ်က္ေခၽြတာေရးေဆာင္းပါးေတြက မထင္မွတ္ဘဲ ေပါက္သြားတဲ့အခါ သူ(မ)ရဲ႕အေႂကြးေတြကို ေဆာင္းပါးပရိသတ္ေတြ မသိေအာင္ ဘယ္လိုနည္းလမ္းေတြနဲ႔ ဖံုးကြယ္ဖို႔ ႀကိဳးစားမလဲဆိုတာေတာ့ ….

ဒါကေတာ့၂၀၀၉ ခုႏွစ္မွာ ထြက္ရွိထားၿပီး ဝင္ေငြ အေမရိကန္ေဒၚလာ ၁၀၈.၃ သန္းရရွိခဲ့တဲ့ ရုပ္ရွင္တစ္ကားပဲျဖစ္ပါတယ္။

Related article >>> ၂၀၁၉ အတြင္း အသစ္ထြက္ရွိလာမည့္ ႏိုင္ငံတကာဇာတ္ကားမ်ား

(၃) Coco Before Chanel

ကမာၻေက်ာ္ luxury brand တစ္ခုျဖစ္တဲ့ Chanel ရဲ႕ ပဲ့ကိုင္ရွင္ Coco Chanel ရဲ႕ ငယ္ဘဝအေၾကာင္းကို ရိုက္ျပထားတဲ့ ရုပ္ရွင္ျဖစ္ပါတယ္။ ညဘက္ေတြ စားေသာက္ဆိုင္မွာ သီခ်င္းဆိုတဲ့ မိန္းမငယ္ေလးတစ္ေယာက္က Paris Haute Couture ထိပ္သီး brand တစ္ခုကို ဘယ္လိုတည္ေထာင္ခဲ့လဲဆိုတာကို ဒီကားမွာေတြ႕ရမွာပါ။

(၄) The September Issue

ဖက္ရွင္ခ်စ္သူေယာင္းတိုင္း Vogue magazine ကို သိၾကမယ္ ထင္ပါတယ္။ The September Issue မွာကေတာ့ Vogue ရဲ႕ ဖက္ရွင္အယ္ဒီတာ Anna Wintour ကိုယ္တိုင္ပါဝင္အားျဖည့္ထားၿပီး Vogue ရဲ႕ အေရးအႀကီးဆံုး ေဆာင္းဦးဖက္ရွင္ေဆာင္းပါးေတြကို ဘယ္လိုစီမံခန္႔ခြဲလဲဆိုတာ documentry ဆန္ဆန္ၾကည့္ရမွာပါ။

Related article >>> ၂၀၁၈ အတြက္ IMDb ကေရြးခ်ယ္ထားတဲ့ အေကာင္းဆံုး ရုပ္ရွင္ကား (၅) ကား

(၅) Legally Blonde

ဘဝတစ္ေလွ်ာက္လံုး လိုတရခဲ့သမွ် သူမရဲ႕ခ်စ္သူက သူမကို လမ္းခြဲသြားတဲ့အခါမွာေတာ့ Elle Wood ဟာ သူမခ်စ္သူကို ျပန္ပိုင္ဆိုင္ႏိုင္ဖို႔အတြက္ Harvard Law School ကို ဝင္ခြင့္ရဖို႔ အစြမ္းကုန္ႀကိဳးစားပါေတာ့တယ္။

Elle Wood အျဖစ္ နာမည္ႀကီးအႏုပညာရွင္ Reese Witherspoon က သရုပ္ေဆာင္ထားၿပီး တစ္ကားလံုးလိုလို ပန္းေရာင္အဝတ္အစားနဲ႔ ပန္းေရာင္ပစၥည္းေတြပဲ သံုးထားတဲ့အျပင္ Elle ရဲ႕အခ်စ္ေတာ္ chihuahua ေခြးေလးတစ္ေကာင္ပါ ပါဝင္တာေၾကာင့္ ေယာင္းတို႔ သေဘာက်မယ္လို႔ ထင္ပါတယ္ေနာ္။ ဝင္ေငြ အေမရိကန္ေဒၚလာ ၁၄၁.၈ သန္း ရရွိခဲ့ၿပီး လက္ရွိမွာ Legally Blonde 1 နဲ႔ Legally Blond 2 ဆိုၿပီး ႏွစ္ကားထြက္ရွိထားၿပီး ၂၀၂၀ မွာေတာ့ Legally Blonde 3 ထြက္ရွိမွာ ျဖစ္ပါတယ္။

ကဲ… ဒါဆို ဖက္ရွင္ခ်စ္သူ ေယာင္းေယာင္းေလးတို႔ သေဘာက် ေက်နပ္လိမ့္မယ္လို႔ ထင္ပါတယ္ေနာ္.. ေနာက္ထပ္လည္း ဘယ္လို စိတ္ဝင္စားစရာ ရုပ္ရွင္ကားေလးေတြကို ေဖာ္ျပေပးဦးမလဲဆိုတာ ေစာင့္ၿပီး အားေပးၾကပါဦးလို႔..

Stella (For Her Myanmar)

<<< Unicode >>>

ကြည့်သင့်ပါတယ်နော်.. ဖက်ရှင်ချစ်သူမှန်ရင်ပေါ့… 

ဖက်ရှင်လည်း စိတ်ဝင်စား၊ ရုပ်ရှင်ကြည့်ရတာလည်းကြိုက်တဲ့ ယောင်းယောင်းတို့အတွက် Stella က ဖက်ရှင်ကအသက်လို့တောင် ပြောလို့ရတဲ့ ရုပ်ရှင် (၅) ကားကို ရွေးထားပေးပါတယ်။ ဒီကားတွေဟာ သူတို့ရဲ့ အမိုက်စားဖက်ရှင်တွေကြောင့် ဝင်ငွေသန်းပေါင်းများစွာ ရရှိခဲ့တဲ့ အထင်ကရရုပ်ရှင်တွေပါ။ ဒါဆို ဘယ်ကားတွေလဲ ကြည့်လိုက်ရအောင်နော်…

(၁) Devil wears Prada

၂၀၀၆ ခုနှစ်မှာ ထွက်ရှိခဲ့တဲ့ ဒီကားဟာဆိုရင်တော့ နာမည်ကျော် မင်းသမီးကြီး Meryl Streep, Anne Hathaway, နဲ့ Emily Blunt အစရှိတဲ့ အနုပညာရှင်တွေ ပါဝင်သရုပ်ဆောင်ထားတဲ့ ရုပ်ရှင်ပါနော်.. ဖက်ရှင်နဲ့ ပက်သက်ပြီး အတွေ့အကြုံရယ်လို့ ဘာမှမရှိတဲ့ မိန်းကလေးတစ်ယောက်က နာမည်ကြီး ဖက်ရှင်အယ်ဒီတာမမတစ်ယောက်ရဲ့ လက်ထောက်အဖြစ် ခန့်အပ်ခံလိုက်ရတဲ့အခါမှာတော့ အပေါက်ဆိုးဆိုး အယ်ဒီတာမမနဲ့ ရှပ်ပြာပြာ လက်ထောက်တို့ကြားမှာ ဘယ်လိုအလွဲတွေ ဖြစ်လာမလဲဆိုတာ ….

Chanel, Saint Laurent, Jimmy Choo, Prada စတဲ့ ကမ္ဘာကျော် luxury brand တွေရဲ့ outfit တွေကို ဝေဝေဆာဆာဝတ်ပြထားတဲ့အတွက် ဖက်ရှင်ချစ်သူယောင်းတို့အတွက် အားရစရာပါပဲ။

(၂) Confessions of a Shopaholic

ရှော့ပင်းထွက်ရတာ ဝါသနာကြီးလွန်းလို့ အကြွေးထဲပါ နှစ်နေတဲ့ Rebecca Bloomwood (Isla Fisher) ဟာ သူ(မ)ရဲ့ အိပ်မက်ဖြစ်တဲ့ ဖက်ရှင်မဂ္ဂဇင်းမှာ အလုပ်မရလို့ ကုမ္ပဏီတူတဲ့ financial magazine (စီးပွားရေး မဂ္ဂဇင်း)မှာ ဝင်လုပ်ရင်း သူ(မ)ရေးတဲ့ ဘတ်ဂျက်ချွေတာရေးဆောင်းပါးတွေက မထင်မှတ်ဘဲ ပေါက်သွားတဲ့အခါ သူ(မ)ရဲ့အကြွေးတွေကို ဆောင်းပါးပရိသတ်တွေ မသိအောင် ဘယ်လိုနည်းလမ်းတွေနဲ့ ဖုံးကွယ်ဖို့ ကြိုးစားမလဲဆိုတာတော့ ….

ဒါကတော့၂၀၀၉ ခုနှစ်မှာ ထွက်ရှိထားပြီး ဝင်ငွေ အမေရိကန်ဒေါ်လာ ၁၀၈.၃ သန်းရရှိခဲ့တဲ့ ရုပ်ရှင်တစ်ကားပဲဖြစ်ပါတယ်။

Related article >>> ၂၀၁၉ အတွင်း အသစ်ထွက်ရှိလာမည့် နိုင်ငံတကာဇာတ်ကားများ

(၃) Coco Before Chanel

ကမ္ဘာကျော် luxury brand တစ်ခုဖြစ်တဲ့ Chanel ရဲ့ ပဲ့ကိုင်ရှင် Coco Chanel ရဲ့ ငယ်ဘဝအကြောင်းကို ရိုက်ပြထားတဲ့ ရုပ်ရှင်ဖြစ်ပါတယ်။ ညဘက်တွေ စားသောက်ဆိုင်မှာ သီချင်းဆိုတဲ့ မိန်းမငယ်လေးတစ်ယောက်က Paris Haute Couture ထိပ်သီး brand တစ်ခုကို ဘယ်လိုတည်ထောင်ခဲ့လဲဆိုတာကို ဒီကားမှာတွေ့ရမှာပါ။

(၄) The September Issue

ဖက်ရှင်ချစ်သူယောင်းတိုင်း Vogue magazine ကို သိကြမယ် ထင်ပါတယ်။ The September Issue မှာကတော့ Vogue ရဲ့ ဖက်ရှင်အယ်ဒီတာ Anna Wintour ကိုယ်တိုင်ပါဝင်အားဖြည့်ထားပြီး Vogue ရဲ့ အရေးအကြီးဆုံး ဆောင်းဦးဖက်ရှင်ဆောင်းပါးတွေကို ဘယ်လိုစီမံခန့်ခွဲလဲဆိုတာ documentry ဆန်ဆန်ကြည့်ရမှာပါ။

Related article >>> ၂၀၁၈ အတွက် IMDb ကရွေးချယ်ထားတဲ့ အကောင်းဆုံး ရုပ်ရှင်ကား (၅) ကား

(၅) Legally Blonde

ဘဝတစ်လျှောက်လုံး လိုတရခဲ့သမျှ သူမရဲ့ချစ်သူက သူမကို လမ်းခွဲသွားတဲ့အခါမှာတော့ Elle Wood ဟာ သူမချစ်သူကို ပြန်ပိုင်ဆိုင်နိုင်ဖို့အတွက် Harvard Law School ကို ဝင်ခွင့်ရဖို့ အစွမ်းကုန်ကြိုးစားပါတော့တယ်။

Elle Wood အဖြစ် နာမည်ကြီးအနုပညာရှင် Reese Witherspoon က သရုပ်ဆောင်ထားပြီး တစ်ကားလုံးလိုလို ပန်းရောင်အဝတ်အစားနဲ့ ပန်းရောင်ပစ္စည်းတွေပဲ သုံးထားတဲ့အပြင် Elle ရဲ့အချစ်တော် chihuahua ခွေးလေးတစ်ကောင်ပါ ပါဝင်တာကြောင့် ယောင်းတို့ သဘောကျမယ်လို့ ထင်ပါတယ်နော်။ ဝင်ငွေ အမေရိကန်ဒေါ်လာ ၁၄၁.၈ သန်း ရရှိခဲ့ပြီး လက်ရှိမှာ Legally Blonde 1 နဲ့ Legally Blond 2 ဆိုပြီး နှစ်ကားထွက်ရှိထားပြီး ၂၀၂၀ မှာတော့ Legally Blonde 3 ထွက်ရှိမှာ ဖြစ်ပါတယ်။

ကဲ… ဒါဆို ဖက်ရှင်ချစ်သူ ယောင်းယောင်းလေးတို့ သဘောကျ ကျေနပ်လိမ့်မယ်လို့ ထင်ပါတယ်နော်.. နောက်ထပ်လည်း ဘယ်လို စိတ်ဝင်စားစရာ ရုပ်ရှင်ကားလေးတွေကို ဖော်ပြပေးဦးမလဲဆိုတာ စောင့်ပြီး အားပေးကြပါဦးလို့..

Stella (For Her Myanmar)

Stella
Stella
Stella ကေတာ့ Fashion နဲ႕ Beauty ကို ဝါသနာပါလို႔ For Her Myanmar မွာ ေယာင္းေယာင္းတို႔အတြက္ beauty hacks ေတြ, fashion နဲ႕ပက္သက္တဲ့ အေၾကာင္းအရာမ်ိဳးစံုကို အဓိကေဝမွ်ေပးသြားမွာပါ။ သုတရသေတြကိုလည္း လက္လွမ္းမွီသေလာက္ ေရးေပးပါေသးတယ္။

Leave a Reply

Your email address will not be published. Required fields are marked *