Jumpsuit လွလွေလးေတြကို ဘယ္ေနရာမွာ ဘယ္လိုပံုစံေလးေတြနဲ႔ ဝတ္ၾကမလဲ?

လန္းသထက္ လန္းခ်င္သူေတြအတြက္ …

တစ္ေၾကာ့ျပန္ ဖက္ရွင္ေတြထဲမွာ ပ်ိဳေမေတြရဲ႕ အသည္းစြဲဖက္ရွင္တစ္ခုကေတာ့ Jumpsuit လို႕ေခၚတဲ့ အကႌ်နဲ႕ ေဘာင္းဘီတစ္ဆက္တည္းပါတဲ့ ဝတ္စံုေလးေတြျဖစ္ပါတယ္။ ဒီဝတ္စံုေလးေတြက အေပၚနဲ႕ေအာက္ တစ္ခါတည္းပါၿပီးသားဆိုေတာ့ ဘာနဲ႔ ဘယ္လို လိုက္ဖက္ေအာင္ ဝတ္ရမလဲလို႔ စိတ္ပူစရာ မလုိေတာ့ဘူးေပါ့…  ကိုယ္ဝတ္ခ်င္တဲ့အခ်ိန္ေကာက္ဝတ္လို႕ရတာဆိုေတာ့ အလုပ္မရႈပ္ေတာ့ဘူးေလ။ အားနည္းခ်က္ကေတာ့ တစ္ခုပဲ။ အိမ္သာတက္တဲ့အခါ အကုန္ခၽြတ္ခ်ရတာေလး တစ္ေပါက္ရွိ -_-

အက္ဒ္မင္က ဒီတစ္ခါေတာ့ ေနာက္ဆံုးထြက္ Jumpsuit လွလွေလးေတြကို ေယာင္းတို႕အတြက္ေဖာ္ျပေပးခ်င္ပါတယ္။ ဘယ္ေနရာမွာ ဘယ္လိုေလးဝတ္ရင္ေကာင္းမယ္ဆိုတာပါ ေဖာ္ျပေပးမွာမို႔ ေယာင္းတို႔ ေဈးဝယ္ထြက္တဲ့အခါ ေခါင္းမစားေတာ့ဘူးေပါ့…

ဒီလုိ Jumpsuit ေလးကေတာ့ သပ္သပ္ရပ္ရပ္နဲ႕ စမတ္က်တဲ့ ပံုေပၚေစပါတယ္။ သူ႕ကိုေတာ့ အလုပ္နဲ႕ပတ္သက္တဲ့ ကိစၥေတြ၊ အစည္းအေဝးေတြမွာ ဝတ္တာ ပိုအဆင္ေျပေလာက္မွာပါ။ တစ္ဘက္သားကလည္း ကိုယ့္ကို ေလးစားေစေလာက္မယ့္ အျမင္ျဖစ္ေစၿပီး ကိုယ့္အတြက္လည္း သက္ေတာင့္သက္သာရွိတယ္ေလ..  ေခါင္းလည္း မစားေတာ့ဘူးေပါ့..

ပုခံုးသားေဖာ္ထားၿပီး ေခါင္းေလာင္းေဘာင္းဘီပံုစံနဲ႕တြဲဖက္ထားတဲ့ ဒီဝတ္စံုေလးဆိုရင္ေတာ့ ေပါ့ေပါ့ပါးပါးနဲ႕လြင့္လုိ႕ရပါတယ္။ ေႏြရာသီအတြက္ အံကိုက္ေပါ့.. အေရာင္ႏုႏုေလးဆိုေတာ့ စိတ္ကလည္း အရမ္းကို လြတ္လပ္ေနမွာေလ.. စိတ္ပ်ိဳကိုယ္ႏုတာေပါ့ ေယာင္းတို႔ေရ…

ဒီ Jumpsuit ေလးကေတာ့ ဂါဝန္ပံုစံေလးမုိ႕အိေျႏၵရရေလးနဲ႔ ဆြဲေဆာင္မႈေတြ ပိုေကာင္းေစမွာပါကြယ္… Crush နဲ႕သြားေတြ႕မွာတို႔၊ ခ်စ္ခ်စ္နဲ႔ တူတူသြားစရာရွိတာတို႔ဆို ဒါမ်ိဳးေလးနဲ႔ ကြက္တိပဲေလ.. အျမင္လည္း တင့္၊ ဆြဲေဆာင္မႈလည္းရွိ.. ဘယ္ေလာက္ေကာင္းလဲ <3

Related Article >>> ေန႔စဥ္ ရံုးတက္ဖက္ရွင္အတြက္ ေခါင္းစားေနရတဲ့ေယာင္းတို ့အတြက္

ဒီလုိ ပခံုးသားအက်မွာ အဖတ္ဝဲဝဲေလးပါတဲ့ ဒီဇုိင္းကေတာ့ တစ္ေၾကာ့ျပန္ဖက္ရွင္တစ္မ်ိဳးပါပဲ။ ပါတီေတြ ႏိုက္ေအာက္ေတြအတြက္ေတာ့ ရွယ္မိုက္မယ့္ ဒီဇိုင္းေလးေပါ့.. ေယာင္းတို႔ေရာ ဘယ္လိုထင္လဲ?

ဒါေလးက ေခတ္ဆန္ၿပီး အိေျႏၵရတဲ့ အဆင္ေလးေနာ္။ ဒီလုိပံုစံေလးဆိုရင္ ကိုယ့္မိတ္ေဆြေတြနဲ႔ ေတြ႕ဆံုပြဲေတြ၊ သူငယ္ခ်င္းေတြနဲ႔ ညစာစားပြဲေတြ တက္မယ္ဆို အမိုက္ေပါ့…

ဒါမ်ိဳးဒီဇိုင္းေလးက သူငယ္ခ်င္းေတြနဲ႕ မုန္႔စားထြက္တာ၊ ေစ်းဝယ္ထြက္တာတို႕မွာ ဝတ္မယ္ဆို အဆင္ေျပပါတယ္။ ေပါ့ေပါ့ပါးပါးရွိေစသလုိ အဆင္တန္ဆာေတြမလိုဘဲ ရိုးရိုးေလးနဲ႕ လန္းေနေစမွာေလ…

ဒီလုိ Jumpsuit ေလးဆို အခုလုိေႏြရာသီမွာ အရမး္ကို အဆင္ေျပေစပါတယ္။ အဆင္ေလးေရာ အသားေလးကပါ ေပါ့ေပါ့ပါးပါးျဖစ္ေစလို႔ ေႏြရာသီဖက္ရွင္အတြက္ ဒါေလးသာ ေတြးထားလိုက္ပါေတာ့လို႔…

ဒါေလးကလည္း ခ်စ္စရာေကာင္းသလို အိေျႏၵလည္းရ၊ စမတ္လည္းက်သမုိ႕ လူႀကီးမိဘဆရာသမားေတြ၊ ေဆြမ်ိဳးမိတ္ေဆြေတြနဲ႔ ေတြ႕ဆံုပြဲေတြမွာ ဝတ္ဆင္လို႕ရတယ္ေလ။ ပံုထဲကလုိ အိတ္မိုက္မုိက္ေလးေတြနဲ႔ဆို လံုးဝပြဲတိုးၿပီေပါ့…

အခုဝတ္စံုေလးကေတာ့ လံုးဝ Sexy ဒီဇိုင္းျဖစ္သလုိ ခႏၶာကိုယ္လည္း ေရြးပါတယ္။ အရပ္ရွည္ၿပီး ပုခံုးက်ယ္၊ လည္တိုင္ေၾကာ့တဲ့ ေယာင္းတုိ႕နဲ႕ဆို ဆိုး ဆုိး ေဟာ့တယ္ ျဖစ္သြားမွာေပါ့။

Related Article >>> ပူျပင္းတဲ့ ေႏြရာသီနဲ ့အလုိက္ဖက္ဆံုးျဖစ္တဲ့ ဖက္ရွင္ (၁၀) မ်ိဳး

ဒီ ဂ်င္း Jumpsuit ေလးက က်စ္လ်စ္ေသးသြယ္တဲ့ ခႏၶာကိုယ္ပိုင္ရွင္ေယာင္းတုိ႕နဲ႕ ပိုလိုက္ဖက္မယ္လို႕ထင္ပါတယ္။ သတိထားေစခ်င္တာက ဒီလုိ ဂ်င္းထည္ေလးဆိုရင္ေတာ့ အမ်ိဳးအစားေကာင္းေကာင္းဝယ္ေစခ်င္ပါတယ္။ ဒါမွလည္း ေယာင္းတုိ႔ သက္ေတာင့္သက္သာရွိၿပီး ေကာက္ေၾကာင္းေလးေတြ ပိုလွမွာေပါ့။

ဒီပံုစံေတြကေတာ့ ပါတီေတြ၊ အခမ္းအနားေတြမွာ အေနာက္တိုင္းဆန္ဆန္ ဆြဲေဆာင္မႈရွိေစမယ့္ ဒီိဇိုင္းေလးေတြပါ။ ေက်ာဘက္မွာ ေျပာင္ဒီဇိုင္း မဟုတ္လည္း ၾကက္ေျခခတ္ဒီဇိုင္းေတြမုိ႕ ေက်ာအလွေပၚေစပါတယ္။ ေျပာမရဘူးေလ.. အခမ္းအနားတစ္ခုလံုးမွာ ကိုယ္တစ္ေယာက္တည္း လန္းေနတာမ်ိဳးလည္း ျဖစ္ႏိုင္တာပဲ မဟုတ္လား 😛

အခုျပခဲ့တဲ့ Jumpsuit ေလးေတြက ပံုစံစံု၊ အမ်ိဳးအစားစံုမုိ႕ ေယာင္းတုိ႕ေစ်းဝယ္တဲ့အခါ စဥ္းစားဖုိ႔ အေထာက္အကူျဖစ္မယ္ထင္ပါတယ္။ Jumpsuit ေလးေတြနဲ႕ လန္းႏိုင္ၾကပါေစ။

Sugar Cane (For Her Myanmar)

References – Style Craze, India Mart

<<< Unicode >>>

လန်းသထက် လန်းချင်သူတွေအတွက် …

တစ်ကြော့ပြန် ဖက်ရှင်တွေထဲမှာ ပျိုမေတွေရဲ့ အသည်းစွဲဖက်ရှင်တစ်ခုကတော့ Jumpsuit လို့ခေါ်တဲ့ အင်္ကျီနဲ့ ဘောင်းဘီတစ်ဆက်တည်းပါတဲ့ ဝတ်စုံလေးတွေဖြစ်ပါတယ်။ ဒီဝတ်စုံလေးတွေက အပေါ်နဲ့အောက် တစ်ခါတည်းပါပြီးသားဆိုတော့ ဘာနဲ့ ဘယ်လို လိုက်ဖက်အောင် ဝတ်ရမလဲလို့ စိတ်ပူစရာ မလိုတော့ဘူးပေါ့…  ကိုယ်ဝတ်ချင်တဲ့အချိန်ကောက်ဝတ်လို့ရတာဆိုတော့ အလုပ်မရှုပ်တော့ဘူးလေ။ အားနည်းချက်ကတော့ တစ်ခုပဲ။ အိမ်သာတက်တဲ့အခါ အကုန်ချွတ်ချရတာလေး တစ်ပေါက်ရှိ -_-

အက်ဒ်မင်က ဒီတစ်ခါတော့ နောက်ဆုံးထွက် Jumpsuit လှလှလေးတွေကို ယောင်းတို့အတွက်ဖော်ပြပေးချင်ပါတယ်။ ဘယ်နေရာမှာ ဘယ်လိုလေးဝတ်ရင်ကောင်းမယ်ဆိုတာပါ ဖော်ပြပေးမှာမို့ ယောင်းတို့ ဈေးဝယ်ထွက်တဲ့အခါ ခေါင်းမစားတော့ဘူးပေါ့…

ဒီလို Jumpsuit လေးကတော့ သပ်သပ်ရပ်ရပ်နဲ့ စမတ်ကျတဲ့ ပုံပေါ်စေပါတယ်။ သူ့ကိုတော့ အလုပ်နဲ့ပတ်သက်တဲ့ ကိစ္စတွေ၊ အစည်းအဝေးတွေမှာ ဝတ်တာ ပိုအဆင်ပြေလောက်မှာပါ။ တစ်ဘက်သားကလည်း ကိုယ့်ကို လေးစားစေလောက်မယ့် အမြင်ဖြစ်စေပြီး ကိုယ့်အတွက်လည်း သက်တောင့်သက်သာရှိတယ်လေ..  ခေါင်းလည်း မစားတော့ဘူးပေါ့..

ပုခုံးသားဖော်ထားပြီး ခေါင်းလောင်းဘောင်းဘီပုံစံနဲ့တွဲဖက်ထားတဲ့ ဒီဝတ်စုံလေးဆိုရင်တော့ ပေါ့ပေါ့ပါးပါးနဲ့လွင့်လို့ရပါတယ်။ နွေရာသီအတွက် အံကိုက်ပေါ့.. အရောင်နုနုလေးဆိုတော့ စိတ်ကလည်း အရမ်းကို လွတ်လပ်နေမှာလေ.. စိတ်ပျိုကိုယ်နုတာပေါ့ ယောင်းတို့ရေ…

ဒီ Jumpsuit လေးကတော့ ဂါဝန်ပုံစံလေးမို့အိန္ဒြေရရလေးနဲ့ ဆွဲဆောင်မှုတွေ ပိုကောင်းစေမှာပါကွယ်… Crush နဲ့သွားတွေ့မှာတို့၊ ချစ်ချစ်နဲ့ တူတူသွားစရာရှိတာတို့ဆို ဒါမျိုးလေးနဲ့ ကွက်တိပဲလေ.. အမြင်လည်း တင့်၊ ဆွဲဆောင်မှုလည်းရှိ.. ဘယ်လောက်ကောင်းလဲ <3

Related Article >>> နေ့စဉ် ရုံးတက်ဖက်ရှင်အတွက် ခေါင်းစားနေရတဲ့ယောင်းတို့အတွက်

ဒီလို ပခုံးသားအကျမှာ အဖတ်ဝဲဝဲလေးပါတဲ့ ဒီဇိုင်းကတော့ တစ်ကြော့ပြန်ဖက်ရှင်တစ်မျိုးပါပဲ။ ပါတီတွေ နိုက်အောက်တွေအတွက်တော့ ရှယ်မိုက်မယ့် ဒီဇိုင်းလေးပေါ့.. ယောင်းတို့ရော ဘယ်လိုထင်လဲ?

ဒါလေးက ခေတ်ဆန်ပြီး အိန္ဒြေရတဲ့ အဆင်လေးနော်။ ဒီလိုပုံစံလေးဆိုရင် ကိုယ့်မိတ်ဆွေတွေနဲ့ တွေ့ဆုံပွဲတွေ၊ သူငယ်ချင်းတွေနဲ့ ညစာစားပွဲတွေ တက်မယ်ဆို အမိုက်ပေါ့…

ဒါမျိုးဒီဇိုင်းလေးက သူငယ်ချင်းတွေနဲ့ မုန့်စားထွက်တာ၊ ဈေးဝယ်ထွက်တာတို့မှာ ဝတ်မယ်ဆို အဆင်ပြေပါတယ်။ ပေါ့ပေါ့ပါးပါးရှိစေသလို အဆင်တန်ဆာတွေမလိုဘဲ ရိုးရိုးလေးနဲ့ လန်းနေစေမှာလေ…

ဒီလို Jumpsuit လေးဆို အခုလိုနွေရာသီမှာ အရမ်းကို အဆင်ပြေစေပါတယ်။ အဆင်လေးရော အသားလေးကပါ ပေါ့ပေါ့ပါးပါးဖြစ်စေလို့ နွေရာသီဖက်ရှင်အတွက် ဒါလေးသာ တွေးထားလိုက်ပါတော့လို့…

ဒါလေးကလည်း ချစ်စရာကောင်းသလို အိန္ဒြေလည်းရ၊ စမတ်လည်းကျသမို့ လူကြီးမိဘဆရာသမားတွေ၊ ဆွေမျိုးမိတ်ဆွေတွေနဲ့ တွေ့ဆုံပွဲတွေမှာ ဝတ်ဆင်လို့ရတယ်လေ။ ပုံထဲကလို အိတ်မိုက်မိုက်လေးတွေနဲ့ဆို လုံးဝပွဲတိုးပြီပေါ့…

အခုဝတ်စုံလေးကတော့ လုံးဝ Sexy ဒီဇိုင်းဖြစ်သလို ခန္ဓာကိုယ်လည်း ရွေးပါတယ်။ အရပ်ရှည်ပြီး ပုခုံးကျယ်၊ လည်တိုင်ကြော့တဲ့ ယောင်းတို့နဲ့ဆို ဆိုး ဆိုး ဟော့တယ် ဖြစ်သွားမှာပေါ့။

Related Article >>> ပူပြင်းတဲ့ နွေရာသီနဲ့အလိုက်ဖက်ဆုံးဖြစ်တဲ့ ဖက်ရှင် (၁၀) မျိုး

ဒီ ဂျင်း Jumpsuit လေးက ကျစ်လျစ်သေးသွယ်တဲ့ ခန္ဓာကိုယ်ပိုင်ရှင်ယောင်းတို့နဲ့ ပိုလိုက်ဖက်မယ်လို့ထင်ပါတယ်။ သတိထားစေချင်တာက ဒီလို ဂျင်းထည်လေးဆိုရင်တော့ အမျိုးအစားကောင်းကောင်းဝယ်စေချင်ပါတယ်။ ဒါမှလည်း ယောင်းတို့ သက်တောင့်သက်သာရှိပြီး ကောက်ကြောင်းလေးတွေ ပိုလှမှာပေါ့။

ဒီပုံစံတွေကတော့ ပါတီတွေ၊ အခမ်းအနားတွေမှာ အနောက်တိုင်းဆန်ဆန် ဆွဲဆောင်မှုရှိစေမယ့် ဒီဇိုင်းလေးတွေပါ။ ကျောဘက်မှာ ပြောင်ဒီဇိုင်း မဟုတ်လည်း ကြက်ခြေခတ်ဒီဇိုင်းတွေမို့ ကျောအလှပေါ်စေပါတယ်။ ပြောမရဘူးလေ.. အခမ်းအနားတစ်ခုလုံးမှာ ကိုယ်တစ်ယောက်တည်း လန်းနေတာမျိုးလည်း ဖြစ်နိုင်တာပဲ မဟုတ်လား 😛

အခုပြခဲ့တဲ့ Jumpsuit လေးတွေက ပုံစံစုံ၊ အမျိုးအစားစုံမို့ ယောင်းတို့ဈေးဝယ်တဲ့အခါ စဉ်းစားဖို့ အထောက်အကူဖြစ်မယ်ထင်ပါတယ်။ Jumpsuit လေးတွေနဲ့ လန်းနိုင်ကြပါစေ။

Sugar Cane (For Her Myanmar)

References – Style Craze, India Mart

No Comments Yet

Comments are closed