Met Gala 2019 ကို တက္ေရာက္လာတဲ့ ေဟာလိဝုဒ္အႏုပညာရွင္ေတြရဲ႕ အလန္းစားဖက္ရွင္အဆန္းမ်ား

ၾကမ္းေပ့ ဆန္းေပ့ဆိုတဲ့ ဖက္ရွင္ပံုရိပ္ေတြခ်ည္းပဲေနာ္…

ေယာင္းတို႔ေရ … Met Gala ဆိုတာ ႏွစ္စဥ္ႏွစ္တိုင္း နယူးေယာက္ၿမိဳ႕၊ မက္ထရိုပိုလီတန္ အႏုပညာျပတိုက္မွာ အမိုက္စားက်င္းပေနက်ျဖစ္တဲ့ ဖက္ရွင္ျပပြဲႀကီးတစ္ခုျဖစ္ပါတယ္။ Met Gala မွာ ေအာင္ျမင္ေက်ာ္ၾကားတဲ့ ေဟာလိဝုဒ္ အႏုပညာရွင္ေတြက နာမည္ေက်ာ္ဖက္ရွင္ဒီဇိုင္းနာေတြရဲ႕ ဖန္တီးမႈအသစ္အဆန္းေတြကို အၿပိဳင္အဆိုင္ဝတ္စားၿပီး ပြဲတက္ၾကတာကို ေတြ႔ရမွာပါ။ တစ္ႏွစ္နဲ႔တစ္ႏွစ္မတူညီတဲ့ theme ေခါင္းစဥ္တစ္ခုထြက္ၿပီး အဲဒီေခါင္းစဥ္အလိုက္ ဖက္ရွင္ေတြထြင္ဝတ္ၾကတာမို႔ တစ္ကမာၻလံုးက ဖက္ရွင္ပရိသတ္ေတြ တစ္ခုတ္တစ္ရေစာင့္ၾကည့္ရတဲ့ပြဲႀကီးေပါ့။

ဒီႏွစ္ရဲ႕ Met Gala theme ကေတာ့ “Camp” တဲ့။ ကဲ … ဒါဆို ဒီေခါင္းစဥ္အလိုက္ နာမည္ေက်ာ္ အႏုပညာရွင္ေတြ ဘယ္လိုဖက္ရွင္အလန္းေတြနဲ႔ Met Gala ပြဲႀကီးကို တက္ေရာက္ခဲ့ၾကလဲဆိုတာ Stella နဲ႔ တူတူၾကည့္လိုက္ၾကစို႔…

Kylie and Kendall jenner

Jenner ညီအစ္မေတြကေတာ့ ထံုးစံအတိုင္းဖက္ရွင္ဘုရင္မေတြပါပဲေနာ္။ ႏွစ္ေယာက္လံုးရဲ႕ ဝတ္စံုေတြကို ကမာၻေက်ာ္ဖက္ရွင္ဘရန္းဒ္တစ္ခုျဖစ္တဲ့ Versace က တီထြင္ဆန္းသစ္ေပးထားတာပါ။ ဒီဝတ္စံုေတြရဲ႕အိုင္ဒီယာကေတာ့ စင္ဒရဲလားပံုျပင္ထဲက မိေထြးရဲ႕သမီးႏွစ္ေယာက္ကို မွီျငမ္းထားတာပါတဲ့။

Jenner sisters

Related article >>> ကမာၻေက်ာ္ဖက္ရွင္အမွတ္တံဆိပ္ေတြရဲ႕ ေနာက္ကြယ္က စိတ္ဝင္စားစရာ ပံုျပင္ေတြ

Celine Dion

Titanic ရုပ္ရွင္ထဲက “My Heart Will Go On” သီခ်င္းရဲ႕အဆိုရွင္ Celine Dion ရဲ႕ ဝတ္စံုက ပုတီးေစ့ေတြကို ကၽြမ္းက်င္လက္ပန္းထိုးဆရာ (၅၂) ေယာက္က အခ်ိန္နာရီ (၃၀၀၀) ယူၿပီးထိုးထားရတာပါတဲ့။ ဝတ္စံုရဲ႕အေလးခ်ိန္ကခ်ည္းပဲ (၂၂) ေပါင္ ေလးတယ္ဆိုပဲ။

Celine Dion

Jared Leto

Joker လို႔ လူသိမ်ားတဲ့ Jared Leto ကိုေတာ့ ဒီႏွစ္မွာ ခရစ္စတယ္လ္ေတြ စီျခယ္ထားတဲ့ Gucci ရဲ႕ အနီေရာင္ဝတ္စံုနဲ႔ ပြဲတက္လာတာ ေတြ႔ရမွာပါ။ ထူးျခားတာကေတာ့ Jared က သူ႔ရဲ႕ ပံုတူေခါင္းႀကီးပိုက္လာတာပါပဲ။ ဒီဖက္ရွင္က Gucci ရဲ႕ Fall 2018 collection ကို ျမင္ဖူးၿပီးသားလူေတြအတြက္ေတာ့ အဆန္းမဟုတ္ေတာ့ဘူးထင္ပါတယ္။

Jared Leto

Related article >>> ဒီႏွစ္ထဲမွာ ျပန္ေခတ္စားလာႏိုင္တဲ့ ၉၀ ခုႏွစ္ဝန္းက်င္က ဆံပင္ပံုစံ (၅) မ်ိဳး

Kacey Musgraves

ဘာဘီရုပ္ေလးလို တစ္ကိုယ္လံုးပန္းေရာင္ေတြပဲ ဝတ္ဆင္ထားတဲ့အျပင္ ဘာဘီကားပန္းေရာင္ႀကီးစီးလာၿပီး ပရိသတ္ေတြရဲ႕ အာရုံကို ဖမ္းစားႏိုင္ခဲ့သူကေတာ့ Kacey Musgraves ပါ။ လက္ထဲမွာလည္း hair dryer ပံုစံ လက္ကိုင္အိတ္ကို ကိုင္ထားေလရဲ႕။ ဒီဝတ္စံုရဲ႕ ဖန္တီးသူ ဒီဇိုင္းနာကေတာ့ Moachino ကပါတဲ့။

Kacy Musgraves

Ezra Miller

Ezra တို႔ကေတာ့ လုပ္ခ်လိုက္ျပန္ပါၿပီ။ Burberry ရဲ႕ ခပ္မိုက္မိုက္ဝတ္စံုနဲ႔အတူ မ်က္ႏွာေပၚမွာ မ်က္လံုးခုနစ္လံုးေရးဆြဲၿပီး ပြဲတက္လာတဲ့ Ezra Miller ေၾကာင့္ ပရိသတ္ေတြ အံ့အားသင့္ရျပန္ပါၿပီ။ ဒီဖက္ရွင္ရဲ႕ အဓိပၸါယ္ကေတာ့ “All eyes on you” (လူတိုင္းရဲ႕အၾကည့္ေတြမခြာႏိုင္ဖို႔) ပါတဲ့။ တကယ္လည္း မခြာႏိုင္ေတာ့ပါဘူးရွန္။ (ၾကည့္ေလ မူးေလပါပဲ -_- )

Ezra Miller

Related article >>> ၂၀၁၉ မိုးရာသီနဲ႔အတူ ေရပန္းစားလာဦးမယ့္ အေရာင္ကာလာဆန္း (၄) မ်ိဳး

Katy Perry

အင္း …ကိုယ္ေတြႏိုင္ငံမွာ မီးခဏခဏပ်က္ေနတာကိုမ်ား ကိုယ္စားျပဳထားသလား ထင္ရေစတဲ့ ဝတ္စံုကေတာ့ Katy Perry ရဲ႕ ဝတ္စံုပဲေပါ့။ ပရိသတ္ေတြရဲ႕ အာ႐ုံစိုက္မႈကို ရရွိခဲ့တဲ့ ဒီမီးဆိုင္းပံုစံဝတ္စံုကို ဖန္တီးခဲ့သူကေတာ့ Moschino ကပါ။ ခရစ္စတယ္လ္ေတြ တြဲေလာင္းခ်ၿပီး ဖေယာင္းတိုင္ေတြ စိုက္ထားသလို ထြင္ထားတာဆိုေတာ့ ေတာ္ေတာ္ေတာ့လက္ဝင္မယ္ထင္ပါတယ္။

Katy Perry

Lady Gaga

Lady Gaga ဆိုတာနဲ႔ ဖက္ရွင္အဆန္းႀကီးေတြ ျမင္ရေတာ့မယ္ဆိုတာ ပရိသတ္ေတာ္ေတာ္မ်ားမ်ားသိထားၿပီးသား မဟုတ္လား ? ဒီႏွစ္ Met Gala မွာေတာ့ Lady Gaga က ပန္းဆီေရာင္ေတာက္ေတာက္ဝတ္စံုေဖာင္းေဖာင္းနဲ႔ပြဲတက္လာတဲ့အျပင္ အေနာက္မွာလည္း ထီးေတာ္မိုးေတြပါလာေသးေလရဲ႕။ ၾကည့္ေနတုန္းမွာပဲ ဝတ္စံုကိုခၽြတ္ခ်လိုက္ေတာ့ ေအာက္မွာ အနက္ေရာင္ဝတ္စံုတစ္စံုေပၚလာပါေလေရာ။ ဒါပဲလားဆိုေတာ့ မဟုတ္ေသးပါဘူး။ ထပ္ခၽြတ္လိုက္တဲ့အခါတိုင္း ဝတ္စံုအသစ္တစ္စံုစီေပၚလာေတာ့တာပါပဲ။ ဖက္ရွင္ဒီဇိုင္းနာ Brandon Maxwell ရဲ႕လက္ရာျဖစ္ၿပီး ဒီဝတ္စံုကပဲ Met Gala ကို သိမ္းပိုက္လိုက္တာပါ။

Lady Gaga

ကဲ … ဒါေတြကေတာ့ ၂၀၁၉ Met Gala မွာ ေတြ႔ရတဲ့ အႏုပညာရွင္ေတြရဲ႕ အၾကမ္းဆံုး အလန္းဆံုးဖက္ရွင္ေတြပါပဲ။ ဖက္ရွင္ဒီဇိုင္းနာခ်င္း၊ ကမာၻေက်ာ္ဘရန္းဒ္ခ်င္း အႀကိတ္အနယ္ အၿပိဳင္အဆိုင္ တီထြင္ဆန္းသစ္ထားတဲ့ဖက္ရွင္ေတြမို႔လို႔ ေယာင္းတို႔လည္း မ်က္စိက်ၾကမယ္ထင္ပါတယ္။ ေယာင္းတို႔ရဲ႕ အႀကိဳက္ဆံုးဖက္ရွင္ေတြကိုလည္း ေကာမန္႔မွာ ေျပာျပာသြားေပးဖို႔ မေမ့နဲ႔ဦးေနာ္ …

Stella (For Her Myanmar)

References : Harper’s BAZZAR , Vogue , Elle

<<< Unicode >>>

ကြမ်းပေ့ ဆန်းပေ့ဆိုတဲ့ ဖက်ရှင်ပုံရိပ်တွေချည်းပဲနော်…

ယောင်းတို့ရေ … Met Gala ဆိုတာ နှစ်စဉ်နှစ်တိုင်း နယူးယောက်မြို့၊ မက်ထရိုပိုလီတန် အနုပညာပြတိုက်မှာ အမိုက်စားကျင်းပနေကျဖြစ်တဲ့ ဖက်ရှင်ပြပွဲကြီးတစ်ခုဖြစ်ပါတယ်။ Met Gala မှာ အောင်မြင်ကျော်ကြားတဲ့ ဟောလိဝုဒ် အနုပညာရှင်တွေက နာမည်ကျော်ဖက်ရှင်ဒီဇိုင်းနာတွေရဲ့ ဖန်တီးမှုအသစ်အဆန်းတွေကို အပြိုင်အဆိုင်ဝတ်စားပြီး ပွဲတက်ကြတာကို တွေ့ရမှာပါ။ တစ်နှစ်နဲ့တစ်နှစ်မတူညီတဲ့ theme ခေါင်းစဉ်တစ်ခုထွက်ပြီး အဲဒီခေါင်းစဉ်အလိုက် ဖက်ရှင်တွေထွင်ဝတ်ကြတာမို့ တစ်ကမ္ဘာလုံးက ဖက်ရှင်ပရိသတ်တွေ တစ်ခုတ်တစ်ရစောင့်ကြည့်ရတဲ့ပွဲကြီးပေါ့။

ဒီနှစ်ရဲ့ Met Gala theme ကတော့ “Camp” တဲ့။ ကဲ … ဒါဆို ဒီခေါင်းစဉ်အလိုက် နာမည်ကျော် အနုပညာရှင်တွေ ဘယ်လိုဖက်ရှင်အလန်းတွေနဲ့ Met Gala ပွဲကြီးကို တက်ရောက်ခဲ့ကြလဲဆိုတာ Stella နဲ့ တူတူကြည့်လိုက်ကြစို့…

Kylie and Kendall jenner

Jenner ညီအစ်မတွေကတော့ ထုံးစံအတိုင်းဖက်ရှင်ဘုရင်မတွေပါပဲနော်။ နှစ်ယောက်လုံးရဲ့ ဝတ်စုံတွေကို ကမ္ဘာကျော်ဖက်ရှင်ဘရန်းဒ်တစ်ခုဖြစ်တဲ့ Versace က တီထွင်ဆန်းသစ်ပေးထားတာပါ။ ဒီဝတ်စုံတွေရဲ့အိုင်ဒီယာကတော့ စင်ဒရဲလားပုံပြင်ထဲက မိထွေးရဲ့သမီးနှစ်ယောက်ကို မှီငြမ်းထားတာပါတဲ့။

Jenner sisters

Related article >>> ကမ္ဘာကျော်ဖက်ရှင်အမှတ်တံဆိပ်တွေရဲ့ နောက်ကွယ်က စိတ်ဝင်စားစရာ ပုံပြင်တွေ

Celine Dion

Titanic ရုပ်ရှင်ထဲက “My Heart Will Go On” သီချင်းရဲ့အဆိုရှင် Celine Dion ရဲ့ ဝတ်စုံက ပုတီးစေ့တွေကို ကျွမ်းကျင်လက်ပန်းထိုးဆရာ (၅၂) ယောက်က အချိန်နာရီ (၃၀၀၀) ယူပြီးထိုးထားရတာပါတဲ့။ ဝတ်စုံရဲ့အလေးချိန်ကချည်းပဲ (၂၂) ပေါင် လေးတယ်ဆိုပဲ။

Celine Dion

Jared Leto

Joker လို့ လူသိများတဲ့ Jared Leto ကိုတော့ ဒီနှစ်မှာ ခရစ်စတယ်လ်တွေ စီခြယ်ထားတဲ့ Gucci ရဲ့ အနီရောင်ဝတ်စုံနဲ့ ပွဲတက်လာတာ တွေ့ရမှာပါ။ ထူးခြားတာကတော့ Jared က သူ့ရဲ့ ပုံတူခေါင်းကြီးပိုက်လာတာပါပဲ။ ဒီဖက်ရှင်က Gucci ရဲ့ Fall 2018 collection ကို မြင်ဖူးပြီးသားလူတွေအတွက်တော့ အဆန်းမဟုတ်တော့ဘူးထင်ပါတယ်။

Jared Leto

Related article >>> ဒီနှစ်ထဲမှာ ပြန်ခေတ်စားလာနိုင်တဲ့ ၉၀ ခုနှစ်ဝန်းကျင်က ဆံပင်ပုံစံ (၅) မျိုး

Kacey Musgraves

ဘာဘီရုပ်လေးလို တစ်ကိုယ်လုံးပန်းရောင်တွေပဲ ဝတ်ဆင်ထားတဲ့အပြင် ဘာဘီကားပန်းရောင်ကြီးစီးလာပြီး ပရိသတ်တွေရဲ့ အာရုံကို ဖမ်းစားနိုင်ခဲ့သူကတော့ Kacey Musgraves ပါ။ လက်ထဲမှာလည်း hair dryer ပုံစံ လက်ကိုင်အိတ်ကို ကိုင်ထားလေရဲ့။ ဒီဝတ်စုံရဲ့ ဖန်တီးသူ ဒီဇိုင်းနာကတော့ Moachino ကပါတဲ့။

Kacy Musgraves

Ezra Miller

Ezra တို့ကတော့ လုပ်ချလိုက်ပြန်ပါပြီ။ Burberry ရဲ့ ခပ်မိုက်မိုက်ဝတ်စုံနဲ့အတူ မျက်နှာပေါ်မှာ မျက်လုံးခုနစ်လုံးရေးဆွဲပြီး ပွဲတက်လာတဲ့ Ezra Miller ကြောင့် ပရိသတ်တွေ အံ့အားသင့်ရပြန်ပါပြီ။ ဒီဖက်ရှင်ရဲ့ အဓိပ္ပါယ်ကတော့ “All eyes on you” (လူတိုင်းရဲ့အကြည့်တွေမခွာနိုင်ဖို့) ပါတဲ့။ တကယ်လည်း မခွာနိုင်တော့ပါဘူးရှန်။ (ကြည့်လေ မူးလေပါပဲ -_- )

Ezra Miller

Related article >>> ၂၀၁၉ မိုးရာသီနဲ့အတူ ရေပန်းစားလာဦးမယ့် အရောင်ကာလာဆန်း (၄) မျိုး

Katy Perry

အင်း …ကိုယ်တွေနိုင်ငံမှာ မီးခဏခဏပျက်နေတာကိုများ ကိုယ်စားပြုထားသလား ထင်ရစေတဲ့ ဝတ်စုံကတော့ Katy Perry ရဲ့ ဝတ်စုံပဲပေါ့။ ပရိသတ်တွေရဲ့ အာရုံစိုက်မှုကို ရရှိခဲ့တဲ့ ဒီမီးဆိုင်းပုံစံဝတ်စုံကို ဖန်တီးခဲ့သူကတော့ Moschino ကပါ။ ခရစ်စတယ်လ်တွေ တွဲလောင်းချပြီး ဖယောင်းတိုင်တွေ စိုက်ထားသလို ထွင်ထားတာဆိုတော့ တော်တော်တော့လက်ဝင်မယ်ထင်ပါတယ်။

Katy Perry

Lady Gaga

Lady Gaga ဆိုတာနဲ့ ဖက်ရှင်အဆန်းကြီးတွေ မြင်ရတော့မယ်ဆိုတာ ပရိသတ်တော်တော်များများသိထားပြီးသား မဟုတ်လား ? ဒီနှစ် Met Gala မှာတော့ Lady Gaga က ပန်းဆီရောင်တောက်တောက်ဝတ်စုံဖောင်းဖောင်းနဲ့ပွဲတက်လာတဲ့အပြင် အနောက်မှာလည်း ထီးတော်မိုးတွေပါလာသေးလေရဲ့။ ကြည့်နေတုန်းမှာပဲ ဝတ်စုံကိုချွတ်ချလိုက်တော့ အောက်မှာ အနက်ရောင်ဝတ်စုံတစ်စုံပေါ်လာပါလေရော။ ဒါပဲလားဆိုတော့ မဟုတ်သေးပါဘူး။ ထပ်ချွတ်လိုက်တဲ့အခါတိုင်း ဝတ်စုံအသစ်တစ်စုံစီပေါ်လာတော့တာပါပဲ။ ဖက်ရှင်ဒီဇိုင်းနာ Brandon Maxwell ရဲ့လက်ရာဖြစ်ပြီး ဒီဝတ်စုံကပဲ Met Gala ကို သိမ်းပိုက်လိုက်တာပါ။

Lady Gaga

ကဲ … ဒါတွေကတော့ ၂၀၁၉ Met Gala မှာ တွေ့ရတဲ့ အနုပညာရှင်တွေရဲ့ အကြမ်းဆုံး အလန်းဆုံးဖက်ရှင်တွေပါပဲ။ ဖက်ရှင်ဒီဇိုင်းနာချင်း၊ ကမ္ဘာကျော်ဘရန်းဒ်ချင်း အကြိတ်အနယ် အပြိုင်အဆိုင် တီထွင်ဆန်းသစ်ထားတဲ့ဖက်ရှင်တွေမို့လို့ ယောင်းတို့လည်း မျက်စိကျကြမယ်ထင်ပါတယ်။ ယောင်းတို့ရဲ့ အကြိုက်ဆုံးဖက်ရှင်တွေကိုလည်း ကောမန့်မှာ ပြောပြာသွားပေးဖို့ မမေ့နဲ့ဦးနော် …

Stella (For Her Myanmar)

References : Harper’s BAZZAR , Vogue , Elle

No Comments Yet

Comments are closed