၅ မိနစ္အတြင္း ဟာကြက္မရွိ ဖက္ရွင္က်သြားေအာင္ ဘယ္လိုဝတ္ၾကမလဲ?

အိပ္ရာထ ေနာက္က်လည္း ဖက္ရွင္ကိုေတာ့ အေလွ်ာ႔ေပးလုိ႔မရဘူးေလ 😛

မနက္ ၈:၁၀ မိနစ္ ႏိႈးစက္ေပးထားရင္ ၈:၃၀ မွႏိုးတဲ့ ေယာင္းေလးေတြ လက္ညွိဳးေထာင္။ အဲဒီလို အိပ္ရာ ႏိုးတာေနာက္က်ေတာ့ ကိုယ့္ရဲ႕အစီအစဥ္ေတြ အားလံုးက ေနာက္က်ျခင္းမလွ ေနာက္က်ေရတာက ပံုမွန္.. အရင္တုန္းက ေက်ာင္းဆိုေတာ့ ေနာက္က်လည္း မသကာအတန္းပ်က္ရံုေလာက္ပဲဆိုေပမဲ့ လုပ္ငန္းခြင္ထဲမယ္ ေနာက္က်တဲ့အခါ အျဖတ္ခံရတာနဲ႔ ကိုယ့္တစ္လစာလံုး ျပဳတ္ျပဳတ္ျပဳန္းကုန္မွာက စိုးရေသး… 

အိပ္ရာထ ေနာက္က်ရပါတယ္ ဆိုမွ အလွျပင္ရတာနဲ႔ ဖက္ရွင္ကိုကလည္း အေလွ်ာ့မေပးခ်င္ေသးေတာ့ တိုင္ေတြ ပတ္ကုန္ရတာလည္း ေန႔တိုင္းနီးပါးပါပဲရွန္ 😛 အထူးသျဖင့္ အဝတ္အစားလဲတဲ့အခ်ိန္ ဘာဝတ္ရမလဲလုိ႔ ေရြးရတာက အလုပ္တစ္လုပ္ဆိုေတာ့ တကယ့္ေနာက္ဆံုးဆိုတဲ့အခ်ိန္မွာ ဖက္ရွင္က်ေအာင္ ဘယ္လိုေရြးခ်ယ္ဝတ္စားမလဲဆိုတာကို ပံုေလးေတြနဲ႔ ေဖာ္ျပေပးလိုက္ပါတယ္ရွင္… အဲ့အတိုင္းတိတိက်က် ဝတ္စရာမလိုဘူးေနာ္။ ဒီအတိုင္း မ်က္လံုးထဲျမင္ထားေတာ့ အရမ္းႀကီးေရြးစရာ မလိုေတာ့ဘူးေပါ့.. 

သြားခါနီးလာခါနီး အဝတ္အစားေရြးေတာ့မယ္ဆိုရင္ အဓိအေရးႀကီးဆံုး အခ်က္က အေတြးမလြန္ဖုိ႔ပါပဲ။ ကိုယ့္အဝတ္အစားက အရမ္းရိုးရွင္းလြန္းေနရင္လည္း တျခားဦးထုပ္၊ ခါးပတ္၊ လက္ဝတ္လက္စား စတာေတြကို ျဖည့္ၿပီးဝတ္လို႔ရတာမို႔ အဝတ္အစားကိုစဥ္းစားတဲ့အခါမွာ ကိုယ္နဲ႔အလိုက္ဖက္ဆံုးကို ေရြးခ်ယ္တတ္ဖို႔ကပဲ အေရးႀကီးဆံုးပါေနာ္။

(၁) အမည္းေရာင္ေျပာင္ရွပ္၊ အဆင္ပါတဲ့ဒူးေအာက္စကပ္နဲ႔ ေဒါက္ျမင့္ဖိနပ္က တည္ၿငိမ္ၿပီးဆြဲေဆာင္မႈရွိတဲ့ အသြင္ကိုေဆာင္ေပးပါတယ္။

(၂) တီရွပ္အျဖဴ၊ ေဘာင္းဘီအမည္းေရာင္ ကိုေအာက္က စနီကာအျဖဴေလးနဲ႔တြဲဝတ္ရင္ေတာ့ လူငယ္ဆန္ၿပီး ရိုးရွင္းတဲ့အသြင္ကို ရရွိေစမွာပါ။ (ေအးတဲ့ရာသီဥတုမွာေတာ့ အေပၚကဆြယ္တာေလး တစ္ထပ္ထပ္ေပးေပါ့ေနာ္။)

Related Article >>> အလႊာအထပ္ဖက္ရွင္ (Ruffles) ေတြက ၂၀၁၉ ရဲ႕ဖက္ရွင္ျပယုဂ္ ျဖစ္လာမွာလား?

(၃) ရွပ္တစ္ထည္ကို ဂ်င္းေဘာင္းဘီနဲ႔တြဲၿပီး ျမင္းၿမီးဆံပင္ေလး (Ponytail) စည္းလိုက္ရင္လည္း ေပါ့ပါးလြတ္လပ္တဲ့ အသြင္ကို ျဖစ္ေစပါတယ္။

(၄) ေဘာင္းဘီဘာညာ မဝတ္ခ်င္ဘူးဆိုရင္ေတာ့ တစ္ဆက္တည္းဂါဝန္ကို အေပၚကဂ်င္းကုတ္ေလးထပ္ၿပီး ေအာက္မွာ ႀကိဳးသိုင္းခဲတံေဒါက္ကေလးစီးလိုက္ရင္ေတာ့ အဇမ္းေတြ ေဂၚႏိုင္ၿပီေပါ့.. 

(၅) ဒါမွမဟုတ္ ဘေလာက္စ္အက်ႌေလးကို စတိုင္ေဘာင္းဘီေလးထဲထည့္ၿပီး ေအာက္က ဖိနပ္အပိတ္ကို အဆင္ေလးနဲ႔ တြဲဝတ္ရင္လည္း လွပါတယ္။

(၆) တီရွပ္အမည္း၊ ေဘာင္းဘီအမည္း တစ္ကိုယ္လံုးအမည္းကို bomber jacket (မိုးကာသားနဲ႔ဂ်က္ကတ္) နဲ႔တြဲဝတ္ရင္လည္း စတိုင္က်ပါေသးတယ္ ေယာင္းတို႔ေရ… 

(၇) အကြက္ဒီဇိုင္းနဲ႔ ဖလန္ထည္ကို ဂ်င္းနဲ႔တြဲဝတ္ၿပီး ခါးပတ္အညိဳေလးနဲ႔တြဲရင္လည္း လွပ။

Related Article >>> ဘြဲ႔ယူတဲ့အခါ ပြဲတိုးဖို႔ ခ်ိတ္ပဲ ဝတ္စရာရွိတာလား?

(၈) အကယ္၍ ေယာင္းဆီမွာ ဂါဝန္အရွည္ႀကီးဝတ္ထားတဲ့ အခါမ်ိဳးဆို ဂါဝန္ကို ဖိနပ္ခပ္ပါးပါးေလးနဲ႔ တြဲၿပီး ေကာက္ဝတ္ခ်သြားလိုက္ပါ။ လြင့္လြင့္ေလးနဲ႔ လွသြားပါလိမ့္မယ္။

(၉) ခ်ည္သားဂါဝန္ေလးကို ေအာက္ကစနီကာအျဖဴနဲ႔တြဲရင္လည္း ခ်စ္စရာအသြင္ေလးကို ရရွိေစမွာပါ။

အဆင္ေျပသြားၿပီလားေယာင္းေလး? ႏွင္းကေတာ့ အလြယ္တကာ့ အလြယ္ေတြထဲမွာမွ အလြယ္ဆံုးဆိုတဲ့ အိုင္ဒီယာေလးေတြကို ေရြးထုတ္ေပးထားတာပါ။ ၿပီးေတာ့ ဒီအဝတ္ေလးေတြကလည္း ေယာင္းတို႔ဆီမွာ ေတာ္ေတာ္မ်ားမ်ားရွိေလာက္တာမို႔ အထူးတလည္လည္း ရွာေနစရာမလိုေတာ့ဘူးေလေနာ္။ အိပ္ရာထေနာက္က်လည္း ဖက္ရွင္က်က်နဲ႔ စမတ္ေတြ ဂြမ္ႏိုင္ၾကပါစီ <3 :*

Hnin Ei Oo (For Her Myanmar)

References : popsugarcollegefashion

<<< Unicode >>>

အိပ်ရာထ နောက်ကျလည်း ဖက်ရှင်ကိုတော့ အလျှော့ပေးလို့မရဘူးလေ 😛

မနက် ၈:၁၀ မိနစ် နှိုးစက်ပေးထားရင် ၈:၃၀ မှနိုးတဲ့ ယောင်းလေးတွေ လက်ညှိုးထောင်။ အဲဒီလို အိပ်ရာ နိုးတာနောက်ကျတော့ ကိုယ့်ရဲ့အစီအစဉ်တွေ အားလုံးက နောက်ကျခြင်းမလှ နောက်ကျရေတာက ပုံမှန်.. အရင်တုန်းက ကျောင်းဆိုတော့ နောက်ကျလည်း မသကာအတန်းပျက်ရုံလောက်ပဲဆိုပေမဲ့ လုပ်ငန်းခွင်ထဲမယ် နောက်ကျတဲ့အခါ အဖြတ်ခံရတာနဲ့ ကိုယ့်တစ်လစာလုံး ပြုတ်ပြုတ်ပြုန်းကုန်မှာက စိုးရသေး… 

အိပ်ရာထ နောက်ကျရပါတယ် ဆိုမှ အလှပြင်ရတာနဲ့ ဖက်ရှင်ကိုကလည်း အလျှော့မပေးချင်သေးတော့ တိုင်တွေ ပတ်ကုန်ရတာလည်း နေ့တိုင်းနီးပါးပါပဲရှန် 😛 အထူးသဖြင့် အဝတ်အစားလဲတဲ့အချိန် ဘာဝတ်ရမလဲလို့ ရွေးရတာက အလုပ်တစ်လုပ်ဆိုတော့ တကယ့်နောက်ဆုံးဆိုတဲ့အချိန်မှာ ဖက်ရှင်ကျအောင် ဘယ်လိုရွေးချယ်ဝတ်စားမလဲဆိုတာကို ပုံလေးတွေနဲ့ ဖော်ပြပေးလိုက်ပါတယ်ရှင်… အဲ့အတိုင်းတိတိကျကျ ဝတ်စရာမလိုဘူးနော်။ ဒီအတိုင်း မျက်လုံးထဲမြင်ထားတော့ အရမ်းကြီးရွေးစရာ မလိုတော့ဘူးပေါ့.. 

သွားခါနီးလာခါနီး အဝတ်အစားရွေးတော့မယ်ဆိုရင် အဓိအရေးကြီးဆုံး အချက်က အတွေးမလွန်ဖို့ပါပဲ။ ကိုယ့်အဝတ်အစားက အရမ်းရိုးရှင်းလွန်းနေရင်လည်း တခြားဦးထုပ်၊ ခါးပတ်၊ လက်ဝတ်လက်စား စတာတွေကို ဖြည့်ပြီးဝတ်လို့ရတာမို့ အဝတ်အစားကိုစဉ်းစားတဲ့အခါမှာ ကိုယ်နဲ့အလိုက်ဖက်ဆုံးကို ရွေးချယ်တတ်ဖို့ကပဲ အရေးကြီးဆုံးပါနော်။

(၁) အမည်းရောင်ပြောင်ရှပ်၊ အဆင်ပါတဲ့ဒူးအောက်စကပ်နဲ့ ဒေါက်မြင့်ဖိနပ်က တည်ငြိမ်ပြီးဆွဲဆောင်မှုရှိတဲ့ အသွင်ကိုဆောင်ပေးပါတယ်။

(၂) တီရှပ်အဖြူ၊ ဘောင်းဘီအမည်းရောင် ကိုအောက်က စနီကာအဖြူလေးနဲ့တွဲဝတ်ရင်တော့ လူငယ်ဆန်ပြီး ရိုးရှင်းတဲ့အသွင်ကို ရရှိစေမှာပါ။ (အေးတဲ့ရာသီဥတုမှာတော့ အပေါ်ကဆွယ်တာလေး တစ်ထပ်ထပ်ပေးပေါ့နော်။)

Related Article >>> အလွှာအထပ်ဖက်ရှင် (Ruffles) တွေက ၂၀၁၉ ရဲ့ဖက်ရှင်ပြယုဂ် ဖြစ်လာမှာလား?

(၃) ရှပ်တစ်ထည်ကို ဂျင်းဘောင်းဘီနဲ့တွဲပြီး မြင်းမြီးဆံပင်လေး (Ponytail) စည်းလိုက်ရင်လည်း ပေါ့ပါးလွတ်လပ်တဲ့ အသွင်ကို ဖြစ်စေပါတယ်။

(၄) ဘောင်းဘီဘာညာ မဝတ်ချင်ဘူးဆိုရင်တော့ တစ်ဆက်တည်းဂါဝန်ကို အပေါ်ကဂျင်းကုတ်လေးထပ်ပြီး အောက်မှာ ကြိုးသိုင်းခဲတံဒေါက်ကလေးစီးလိုက်ရင်တော့ အဇမ်းတွေ ဂေါ်နိုင်ပြီပေါ့.. 

(၅) ဒါမှမဟုတ် ဘလောက်စ်အင်္ကျီလေးကို စတိုင်ဘောင်းဘီလေးထဲထည့်ပြီး အောက်က ဖိနပ်အပိတ်ကို အဆင်လေးနဲ့ တွဲဝတ်ရင်လည်း လှပါတယ်။

(၆) တီရှပ်အမည်း၊ ဘောင်းဘီအမည်း တစ်ကိုယ်လုံးအမည်းကို bomber jacket (မိုးကာသားနဲ့ဂျက်ကတ်) နဲ့တွဲဝတ်ရင်လည်း စတိုင်ကျပါသေးတယ် ယောင်းတို့ရေ… 

(၇) အကွက်ဒီဇိုင်းနဲ့ ဖလန်ထည်ကို ဂျင်းနဲ့တွဲဝတ်ပြီး ခါးပတ်အညိုလေးနဲ့တွဲရင်လည်း လှပ။

Related Article >>> ဘွဲ့ယူတဲ့အခါ ပွဲတိုးဖို့ ချိတ်ပဲ ဝတ်စရာရှိတာလား?

(၈) အကယ်၍ ယောင်းဆီမှာ ဂါဝန်အရှည်ကြီးဝတ်ထားတဲ့ အခါမျိုးဆို ဂါဝန်ကို ဖိနပ်ခပ်ပါးပါးလေးနဲ့ တွဲပြီး ကောက်ဝတ်ချသွားလိုက်ပါ။ လွင့်လွင့်လေးနဲ့ လှသွားပါလိမ့်မယ်။

(၉) ချည်သားဂါဝန်လေးကို အောက်ကစနီကာအဖြူနဲ့တွဲရင်လည်း ချစ်စရာအသွင်လေးကို ရရှိစေမှာပါ။

အဆင်ပြေသွားပြီလားယောင်းလေး? နှင်းကတော့ အလွယ်တကာ့ အလွယ်တွေထဲမှာမှ အလွယ်ဆုံးဆိုတဲ့ အိုင်ဒီယာလေးတွေကို ရွေးထုတ်ပေးထားတာပါ။ ပြီးတော့ ဒီအဝတ်လေးတွေကလည်း ယောင်းတို့ဆီမှာ တော်တော်များများရှိလောက်တာမို့ အထူးတလည်လည်း ရှာနေစရာမလိုတော့ဘူးလေနော်။ အိပ်ရာထနောက်ကျလည်း ဖက်ရှင်ကျကျနဲ့ စမတ်တွေ ဂွမ်နိုင်ကြပါစီ <3 :*

Hnin Ei Oo (For Her Myanmar)

References : popsugarcollegefashion

No Comments Yet

Comments are closed