Fashion

ဒီႏွစ္ ေဆာင္းမွာ အျပတ္လန္းႏိုင္ဖို႔အတြက္ Jacket ဖက္ရွင္(၈) မ်ိဳး

ခရီးထြက္စရာ ရွိေနတာနဲ႔ အေတာ္ပဲ… သြားဝယ္ေတာ့မယ္ေလ… 

သိပ္မၾကာခင္မွာ ေဆာင္းတြင္းကို ေရာက္ေတာ့မွာ ဆိုေတာ့ ေဆာင္းနဲ႔လုိက္ဖက္မယ့္ ဖက္ရွင္ေလးေတြ အေၾကာင္း စဥ္းစားထားၿပီးၾကၿပီလား ေယာင္းေယာင္းတို႔ေရ။ အမွန္ေတာ့ သိပ္မၾကာခင္ေတာင္ မဟုတ္ဘူးေနာ္.. ခုဆို ဒီဇင္ဘာထဲမွာဆိုေတာ့ ေဆာင္းတြင္း ဝင္ေနၿပီရယ္.. 😀 ဆိုေပမဲ့ ရန္ကုန္ေဆာင္းက အရမ္းမေအးဘူးဆုိေတာ့ ေပါ႔ေပါ႔ပါးပါးနဲ႔ အထာက်က် ႐ႈိးထုတ္လို႔ ေကာင္းမယ့္ ဂ်က္ကက္(Jacket) ဖက္ရွင္ေလးေတြအေၾကာင္း ေဝမွ်ေပးခ်င္ပါတယ္။

ကိုယ္က ေအးတဲ့ေနရာေတြကို ခရီးသြားမွာပဲျဖစ္ျဖစ္၊ ဘယ္မွမသြားဘဲ ရန္ကုန္ၿမိဳ႕ထဲမွာပဲ သူငယ္ခ်င္းေတြနဲ႕ Hang Out လုပ္ရင္း ႐ႈိးထုတ္ဖို႔ျဖစ္ျဖစ္ သင့္ေတာ္မယ့္ ဂ်က္ကက္ဖက္ရွင္ေလးေတြက ဘာေတြျဖစ္မလဲဆိုေတာ့…

1. Bomber jacket

ဒါကေတာ့ ေခတ္ဆန္ဆန္နဲ႔ အထာက်က် လန္းလို႔အေကာင္းဆံုး ဂ်က္ကက္မ်ိဳး ပါ။ ၿပီးခဲ့တဲ့ ၂၀၁၇ ကတည္းက ေတြ႕ခဲ့ရတဲ့ Bomber Jacket ေတြက ဘယ္ေတာ့မွ ရိုးမသြားဘဲ အၿမဲေခတ္စားေနမယ့္ သေဘာမွာ ရွိပါတယ္။ Bomber Jacket ေတြကို basic tee တစ္ထည္နဲ႔ ေဘာင္းဘီရွည္ အတြဲအဆက္ေပၚက ထပ္ဝတ္ႏုိင္သလို ႀကိဳးတစ္ေခ်ာင္းဂါဝန္ရွည္ေလးေတြေပၚက ထပ္ဝတ္ၿပီး ႐ႈိးထုတ္လို႔လည္းရတယ္လို႔ အၾကံေပးပါရေစေနာ္။

2.  Denim jacket

ေပါ႔ပါးၿပီး လြတ္လပ္တဲ့စတုိင္ျဖစ္ေစတဲ့ ဂ်င္းဂ်က္ကက္ေတြက လြန္ခဲ့တဲ့ ၁၉ရာစုကတည္းက ေခတ္စားခဲ့ၿပီး ဒါေတြကိုေတာ့ Denim Jacket ေတြလို႔ အေခၚမ်ားၾကပါတယ္။ ဒီ ဂ်က္ကက္ေတြကလည္း ဒီႏွစ္ေဆာင္းမွာလည္း ထပ္ၿပီးေခတ္စားေနဦးမွာပါပဲ။ အျပာေရာင္ဂ်င္း (Blue Denim) ေတြက Classic (ဂႏၳဝင္ဆန္) ျဖစ္ေစၿပီး အေရာင္မဲြမြဲ အနက္ေရာင္ဂ်င္း (matte black) Denim ေတြကေတာ့ ခုေနာက္ပိုင္းမွာ ပိုေခတ္စားလာၿပီး အေတြ႕ရမ်ားလာပါတယ္။

Related Article >>> ေသးေသးသြယ္သြယ္ေကာင္မေလးတိုင္း ဗီ႐ိုထဲမွာ ေဆာင္ထားသင့္တဲ့ ေဆာင္းဖက္ရွင္ (၅)မ်ိဳး

3. Button-front coat

ဒီလုိ ဂ်က္ကက္မ်ိဳးက်ေတာ့ ခရီးသြားဖက္ရွင္နဲ႔ ပိုၿပီး လိုက္ဖက္မယ့္ ပံုစံမ်ိဳးျဖစ္ပါတယ္။ ရန္ကုန္မွာပဲ ဝတ္ခ်င္တဲ့ေယာင္းတို႔ကေတာ့ အသားပါးတာမ်ိဳး ရွာဝတ္ႏိုင္ပါတယ္ေနာ္။ ေရွ ႔မွာ ၾကယ္သီးေလး ၄လံုးနဲ႔ စတုိင္က်တဲ့ ဒီကုတ္ေလးကို ေဆာင္းတြင္းမွာ ဝတ္ဖို႔စဥ္းစားထားရင္ေတာ့ ေဆာင္းနဲ႔ အလုိက္ဖက္ဆံုးအေရာင္က ပံုထဲမွာ ျပထားတဲ့ “Mustard Yellow” အေရာင္ေလးပါတဲ့။

4. Moto jacket

Moto Jacket ေတြဆိုတာက Denim Jacket (ဂ်င္းဂ်က္ကက္)ေတြနဲ႔ ပံုစံခ်င္းတူၿပီး အသားပဲ ကြာသြားတာပါ။ သူ႕ကို အဓိက သားေရ (Leather) နဲ႔ Faux-shearling လို႔ ေခၚတဲ့ လက္နဲ႔ေကာ စက္နဲ႔ပါ ေလ်ွာ္လို႔ရတဲ့ ပလတ္စတစ္သားလိုမ်ိဳး နဲ႔ ခ်ဳပ္လုပ္ထားတာျဖစ္ပါတယ္။ ေဆာင္းတြင္းမွာ ညဘက္ night out တာေတြ၊ ႐ႈိးပြဲေတြသြားတဲ့အခါ Moto Jacket ေတြကလည္း ႐ႈိးထုတ္လို႔ ေကာင္းတဲ့ ဖက္ရွင္တခုပဲ ျဖစ္ပါတယ္။

5. Plaid tweed jacket

သိုးေမြးနဲ႔ ခ်ဳပ္လုပ္ထားၿပီး အစက္အေျပာက္ ေရာင္စံုအဆင္ေလးေတြ၊ အကြက္ အဆင္ေရာင္စံုေလးေတြ နဲ႔ လည္ပင္းတို႔ အက်ႌ ေအာက္ေျခတို႔မွာ အဖြားဖြားေလးေတြ၊ အၿမိတ္ေလးေတြ ပါတဲ့ Plaid Tweed Jacket ေလးေတြကေတာ့ ခ်စ္စရာေကာင္းတဲ့ ေကာင္မေလးေတြနဲ႔ လိုက္ဖက္မယ့္ ဂ်က္ကက္ဖက္ရွင္ေလးပဲ ျဖစ္ပါတယ္ေနာ္။

Related Article >>> ဒီႏွစ္ပိုင္းမွာ ေခတ္စားေနတဲ့ Paper-Bag Pants ဆိုတာ ဘာလဲ…ဘယ္လုိ ဖက္ရွင္က်ေအာင္ ဝတ္မလဲ …

6. Something pink

ဒါကေတာ့ Jacket ဖက္ရွင္ထက္ အေရာင္ေရြးခ်ယ္တဲ့ အခါမွာ ဘာေရြးရမွန္းမသိ ျဖစ္ေနရင္ ‘ပန္းေရာင္’ ကိုသာ ေရြးလိုက္ပါလို႔ အၾကံေပးတာပါ ေယာင္းေရ။ ပန္းေရာင္ေဖ်ာ့ေဖ်ာ့ ဖက္ရွင္က ေဆာင္းေအးေအးေလးမွာ ထင္းခနဲ ေပၚလြင္လွပေနမွာ ျဖစ္ပါတယ္တဲ့ေနာ္။

7. Velvet blazer

ဘေလဇာကုတ္ ေတြက ဖက္ရွင္ ခ်စ္ျမတ္ႏိုးသူတိုင္းမွာ အနည္းဆံုး တစ္ထည္စီေလာက္ေတာ့ ရွိထားၾကမယ္ ထင္ပါတယ္ေနာ္..  ဒါေပမဲ့ ရိုးရိုး ဘေလဇာ ကုတ္ေတြနဲ႔ စာရင္ ကတီၱပါစနဲ႔ ခ်ဳပ္ထားတဲ့ ဘေလဇာကုတ္ေတြက ေဆာင္းရဲ႕ အေငြ႕အသက္နဲ႔ ပိုလိုက္ဖက္ၿပီး ဝတ္ရတဲ့အခါမွာလည္း သက္ေတာင့္သက္သာနဲ႔ ကိုယ့္ကိုယ္ကိုယ္ ယံုၾကည္မႈအျပည့္နဲ႔ လွေနေစမွာပါ ေယာင္းတို႔ေရ…

8. Long plaid coat

ေယာင္းတို႔ေတာ့ သတိထားမိမလား မသိဘူး။ ဒီႏွစ္ေဆာင္းမွာ ႏုိင္ငံတကာဖက္ရွင္႐ႈိးေတြေရာ၊ Megan တုိ႔ ဆီမွာပါ ဒီ plaid coat ေတြ အေတြ႕ရမ်ားေနတယ္ေနာ္။ Megan ကေတာ့ ဒီ ေဆာင္းတြင္း ဂ်က္ကက္ဖက္ရွင္ထဲမွာ ဒီ ဖက္ရွင္ကို သေဘာအက်ဆံုး ျဖစ္ေနပါတယ္။ ဒီ Plaid Coat ေတြက ေဘာင္းဘီ နဲ႔ ကုတ္ တစ္ဆက္တည္းတြဲထားတာေလးေတြလည္း ေခတ္စားေနတာမုိ႔ Megan ကေတာ့ “မရေတာ့ဘူး အရမ္းကို စမ္းဝတ္ၾကည့္ခ်င္ေနပါၿပီေနာ္”ဆိုတဲ့ အေျခအေနေရာက္ေနပါၿပီ 😀  Plaid Coat ေလးေတြရဲ ႔ ကိုယ္စားျပဳ စကားလံုးေလးကလည္း “ေခတ္မီဆန္းျပားေသာ” တဲ့ေလ။

ကဲ … ဒါဆိုရင္ေတာ့ ဒီႏွစ္ေဆာင္းမွာ ဘယ္ဂ်က္ကက္ကို ဝတ္ၾကမလဲဆိုတာ အေတြးေပၚေလာက္ၿပီနဲ႔ တူပါရဲ႕ေနာ္…

With love,

Megan (For Her Myanmar)

References: Liveabout, Purewow , Instyle

<<< Unicode >>>

ခရီးထွက်စရာ ရှိနေတာနဲ့ အတော်ပဲ… သွားဝယ်တော့မယ်လေ… 

သိပ်မကြာခင်မှာ ဆောင်းတွင်းကို ရောက်တော့မှာ ဆိုတော့ ဆောင်းနဲ့လိုက်ဖက်မယ့် ဖက်ရှင်လေးတွေ အကြောင်း စဉ်းစားထားပြီးကြပြီလား ယောင်းယောင်းတို့ရေ။ အမှန်တော့ သိပ်မကြာခင်တောင် မဟုတ်ဘူးနော်.. ခုဆို ဒီဇင်ဘာထဲမှာဆိုတော့ ဆောင်းတွင်း ဝင်နေပြီရယ်.. 😀 ဆိုပေမဲ့ ရန်ကုန်ဆောင်းက အရမ်းမအေးဘူးဆိုတော့ ပေါ့ပေါ့ပါးပါးနဲ့ အထာကျကျ ရှိုးထုတ်လို့ ကောင်းမယ့် ဂျက်ကက်(Jacket) ဖက်ရှင်လေးတွေအကြောင်း ဝေမျှပေးချင်ပါတယ်။

ကိုယ်က အေးတဲ့နေရာတွေကို ခရီးသွားမှာပဲဖြစ်ဖြစ်၊ ဘယ်မှမသွားဘဲ ရန်ကုန်မြို့ထဲမှာပဲ သူငယ်ချင်းတွေနဲ့ Hang Out လုပ်ရင်း ရှိုးထုတ်ဖို့ဖြစ်ဖြစ် သင့်တော်မယ့် ဂျက်ကက်ဖက်ရှင်လေးတွေက ဘာတွေဖြစ်မလဲဆိုတော့…

1. Bomber jacket  

ဒါကတော့ ခေတ်ဆန်ဆန်နဲ့ အထာကျကျ လန်းလို့အကောင်းဆုံး ဂျက်ကက်မျိုး ပါ။ ပြီးခဲ့တဲ့ ၂၀၁၇ ကတည်းက တွေ့ခဲ့ရတဲ့ Bomber Jacket တွေက ဘယ်တော့မှ ရိုးမသွားဘဲ အမြဲခေတ်စားနေမယ့် သဘောမှာ ရှိပါတယ်။ Bomber Jacket တွေကို basic tee တစ်ထည်နဲ့ ဘောင်းဘီရှည် အတွဲအဆက်ပေါ်က ထပ်ဝတ်နိုင်သလို ကြိုးတစ်ချောင်းဂါဝန်ရှည်လေးတွေပေါ်က ထပ်ဝတ်ပြီး ရှိုးထုတ်လို့လည်းရတယ်လို့ အကြံပေးပါရစေနော်။

2.  Denim jacket

ပေါ့ပါးပြီး လွတ်လပ်တဲ့စတိုင်ဖြစ်စေတဲ့ ဂျင်းဂျက်ကက်တွေက လွန်ခဲ့တဲ့ ၁၉ရာစုကတည်းက ခေတ်စားခဲ့ပြီး ဒါတွေကိုတော့ Denim Jacket တွေလို့ အခေါ်များကြပါတယ်။ ဒီ ဂျက်ကက်တွေကလည်း ဒီနှစ်ဆောင်းမှာလည်း ထပ်ပြီးခေတ်စားနေဦးမှာပါပဲ။ အပြာရောင်ဂျင်း (Blue Denim) တွေက Classic (ဂန္ထဝင်ဆန်) ဖြစ်စေပြီး အရောင်မွဲမွဲ အနက်ရောင်ဂျင်း (matte black) Denim တွေကတော့ ခုနောက်ပိုင်းမှာ ပိုခေတ်စားလာပြီး အတွေ့ရများလာပါတယ်။

Related Article >>> သေးသေးသွယ်သွယ်ကောင်မလေးတိုင်း ဗီရိုထဲမှာ ဆောင်ထားသင့်တဲ့ ဆောင်းဖက်ရှင် (၅)မျိုး

3. Button-front coat

ဒီလို ဂျက်ကက်မျိုးကျတော့ ခရီးသွားဖက်ရှင်နဲ့ ပိုပြီး လိုက်ဖက်မယ့် ပုံစံမျိုးဖြစ်ပါတယ်။ ရန်ကုန်မှာပဲ ဝတ်ချင်တဲ့ယောင်းတို့ကတော့ အသားပါးတာမျိုး ရှာဝတ်နိုင်ပါတယ်နော်။ ရှေ့မှာ ကြယ်သီးလေး ၄လုံးနဲ့ စတိုင်ကျတဲ့ ဒီကုတ်လေးကို ဆောင်းတွင်းမှာ ဝတ်ဖို့စဉ်းစားထားရင်တော့ ဆောင်းနဲ့ အလိုက်ဖက်ဆုံးအရောင်က ပုံထဲမှာ ပြထားတဲ့ “Mustard Yellow” အရောင်လေးပါတဲ့။

4. Moto jacket

Moto Jacket တွေဆိုတာက Denim Jacket (ဂျင်းဂျက်ကက်)တွေနဲ့ ပုံစံချင်းတူပြီး အသားပဲ ကွာသွားတာပါ။ သူ့ကို အဓိက သားရေ (Leather) နဲ့ Faux-shearling လို့ ခေါ်တဲ့ လက်နဲ့ကော စက်နဲ့ပါ လျှော်လို့ရတဲ့ ပလတ်စတစ်သားလိုမျိုး နဲ့ ချုပ်လုပ်ထားတာဖြစ်ပါတယ်။ ဆောင်းတွင်းမှာ ညဘက် night out တာတွေ၊ ရှိုးပွဲတွေသွားတဲ့အခါ Moto Jacket တွေကလည်း ရှိုးထုတ်လို့ ကောင်းတဲ့ ဖက်ရှင်တခုပဲ ဖြစ်ပါတယ်။

5. Plaid tweed jacket

သိုးမွေးနဲ့ ချုပ်လုပ်ထားပြီး အစက်အပြောက် ရောင်စုံအဆင်လေးတွေ၊ အကွက် အဆင်ရောင်စုံလေးတွေ နဲ့ လည်ပင်းတို့ အင်္ကျီ အောက်ခြေတို့မှာ အဖွားဖွားလေးတွေ၊ အမြိတ်လေးတွေ ပါတဲ့ Plaid Tweed Jacket လေးတွေကတော့ ချစ်စရာကောင်းတဲ့ ကောင်မလေးတွေနဲ့ လိုက်ဖက်မယ့် ဂျက်ကက်ဖက်ရှင်လေးပဲ ဖြစ်ပါတယ်နော်။

Related Article >>> ဒီနှစ်ပိုင်းမှာ ခေတ်စားနေတဲ့ Paper-Bag Pants ဆိုတာ ဘာလဲ…ဘယ်လို ဖက်ရှင်ကျအောင် ဝတ်မလဲ …

6. Something pink

ဒါကတော့ Jacket ဖက်ရှင်ထက် အရောင်ရွေးချယ်တဲ့ အခါမှာ ဘာရွေးရမှန်းမသိ ဖြစ်နေရင် ‘ပန်းရောင်’ ကိုသာ ရွေးလိုက်ပါလို့ အကြံပေးတာပါ ယောင်းရေ။ ပန်းရောင်ဖျော့ဖျော့ ဖက်ရှင်က ဆောင်းအေးအေးလေးမှာ ထင်းခနဲ ပေါ်လွင်လှပနေမှာ ဖြစ်ပါတယ်တဲ့နော်။

7. Velvet blazer

ဘလေဇာကုတ် တွေက ဖက်ရှင် ချစ်မြတ်နိုးသူတိုင်းမှာ အနည်းဆုံး တစ်ထည်စီလောက်တော့ ရှိထားကြမယ် ထင်ပါတယ်နော်..  ဒါပေမဲ့ ရိုးရိုး ဘလေဇာ ကုတ်တွေနဲ့ စာရင် ကတ္တီပါစနဲ့ ချုပ်ထားတဲ့ ဘလေဇာကုတ်တွေက ဆောင်းရဲ့ အငွေ့အသက်နဲ့ ပိုလိုက်ဖက်ပြီး ဝတ်ရတဲ့အခါမှာလည်း သက်တောင့်သက်သာနဲ့ ကိုယ့်ကိုယ်ကိုယ် ယုံကြည်မှုအပြည့်နဲ့ လှနေစေမှာပါ ယောင်းတို့ရေ…

8. Long plaid coat

ယောင်းတို့တော့ သတိထားမိမလား မသိဘူး။ ဒီနှစ်ဆောင်းမှာ နိုင်ငံတကာဖက်ရှင်ရှိုးတွေရော၊ Megan တို့ ဆီမှာပါ ဒီ plaid coat တွေ အတွေ့ရများနေတယ်နော်။ Megan ကတော့ ဒီ ဆောင်းတွင်း ဂျက်ကက်ဖက်ရှင်ထဲမှာ ဒီ ဖက်ရှင်ကို သဘောအကျဆုံး ဖြစ်နေပါတယ်။ ဒီ Plaid Coat တွေက ဘောင်းဘီ နဲ့ ကုတ် တစ်ဆက်တည်းတွဲထားတာလေးတွေလည်း ခေတ်စားနေတာမို့ Megan ကတော့ “မရတော့ဘူး အရမ်းကို စမ်းဝတ်ကြည့်ချင်နေပါပြီနော်”ဆိုတဲ့ အခြေအနေရောက်နေပါပြီ 😀  Plaid Coat လေးတွေရဲ့ ကိုယ်စားပြု စကားလုံးလေးကလည်း “ခေတ်မီဆန်းပြားသော” တဲ့လေ။

ကဲ … ဒါဆိုရင်တော့ ဒီနှစ်ဆောင်းမှာ ဘယ်ဂျက်ကက်ကို ဝတ်ကြမလဲဆိုတာ အတွေးပေါ်လောက်ပြီနဲ့ တူပါရဲ့နော်…

With love,

Megan (For Her Myanmar)

References: Liveabout, Purewow , Instyle

Megan
ကြၽန္မနာမည္ကေတာ့ ေမသူသူေအာင္ျဖစ္ပါတယ္။For Her Myanmar မွာ Fashion နဲ႔ Beauty ပိုင္း ကို အဓိကေရးေနတဲ့သူတေယာက္ျဖစ္ၿပီး အျခားျပင္ပ ဗဟုသုတေလးအခ်ိဳ႕နဲ႔ မိန္းကေလးေတြအတြက္ အက်ိဳးရွိေစမယ့္ စာေလးေတြလည္း ေရးျဖစ္ပါတယ္။

Leave a Reply

Your email address will not be published. Required fields are marked *