Fashion

ကိုယ့္ခႏၶာကိုယ္အခ်ိဳးအစားကို ထင္ဟပ္ေအာင္ ဘယ္လိုဝတ္စားၾကမလဲ ?

အၿမဲတမ္းလိုက္ဖက္ညီတဲ့ ဖက္ရွင္ေတြနဲ႔ ယံုၾကည္မႈရွိေနေစဖို႔

ေယာင္းတို႔ေရ … အဝတ္အစားဝတ္တယ္ဆိုတဲ့ ေနရာမွာလည္း ဖက္ရွင္က်ေနရုံတစ္ခုတည္းနဲ႔ မၿပီးေသးဘဲ ကိုယ့္ခႏၶာကိုယ္ body shape ေပၚမူတည္ၿပီး ဝတ္တတ္စားတတ္ဦးမွ ၾကည့္လို႔ေကာင္းတယ္လို႔ ဆိုၾကတယ္မလား… အဲ့ေတာ့ ဒီေန႔ Stella က ေယာင္းတို႔ကို body shape အလိုက္ ဘယ္လိုဝတ္စားရင္ ပိုလွမလဲဆိုတဲ့ tips ေလးေတြ ေဝမွ်ေပးသြားမယ္ေနာ္။

(၁) ပန္းသီးပံု အခ်ိဳးအစား

ပန္းသီးပံု အခ်ိဳးအစားဆိုတာကေတာ့ အေပၚပိုင္းက ေအာက္ပိုင္းနဲ႔ယွဥ္ရင္ ပိုႀကီးေနတဲ့ အခ်ိဳးအစားပါ။ ဒီအခ်ိဳးအစားပိုင္ရွင္ေတြက မ်ားေသာအားျဖင့္ ပုခံုးက်ယ္က်ယ္၊ ရင္ႀကီးႀကီးရွိၾကပါတယ္။ ေယာင္းနဲ႔အလိုက္ဆံုး အဝတ္အစားေတြကေတာ့ လည္ပင္းအဟိုက္အက်ႌေတြ၊ ေအာက္ကားကားစကတ္ေတြ၊ ေခါင္းေလာင္းေဘာင္းဘီေတြနဲ႔ အဆင္ဒီဇိုင္းရႈပ္ရႈပ္အပၚထပ္ေတြပါ။

Related article >>> ကိုယ္နဲ႔အသင့္ေတာ္ဆံုးဆိုတဲ့ လက္ကိုင္အိတ္ကို ရွာေတြ႕ၿပီလား?

(၂) သဲနာရီပံု အခ်ိဳးအစား

ေနာက္တစ္မ်ိဳးေျပာရရင္ ဂစ္တာရွိတ္ေပါ့။ ဒီအခ်ိဳးအစားကို ပိုင္ဆိုင္ထားတဲ့ေယာင္းေတြကေတာ့ လူအမ်ားက ကိုယ္လံုးလွတယ္လို႔ ခ်ီးက်ဴးခံရတာမ်ားပါတယ္။ ေယာင္းနဲ႔လိုက္ဖက္တဲ့ အဝတ္အစားမ်ိဳးကေတာ့ ကိုယ္က်ပ္ဂါဝန္ေတြ၊ “V” ပံုသ႑ာန္လည္ပင္းေတြ၊ အသည္းပံုလည္ပင္းေတြျဖစ္ပါတယ္။

(၃) သစ္ေတာ္သီးပံု အခ်ိဳးအစား

ဒါကေတာ့ နံပတ္ (၁) နဲ႔ ဆန္႔က်င္ဖက္ အေပၚပိုင္းေသးၿပီး ေအာက္ပိုင္းႀကီးတဲ့ ပံုစံပါ။ ရင္ေသးၿပီး တင္ႀကီးေပါင္တုတ္တဲ့ ပံုစံေတြက ဒီေခတ္မွာ အရမ္းေခတ္စားေနတာဆိုတာ ေယာင္းသိရဲ႕လား? ဒီအခ်ိဳးအစားနဲ႔ အလိုက္ဖက္ဆံုးဆိုရင္ေတာ့ “A” ပံုစံစကတ္ေတြ၊ skinny jeans နဲ႔ အေပၚအက်ႌပြပြေတြပါပဲ။

Related article >>> ဒီႏွစ္ထဲမွာ ျပန္ေခတ္စားလာႏိုင္တဲ့ ၉၀ ခုႏွစ္ဝန္းက်င္က ဆံပင္ပံုစံ (၅) မ်ိဳး

(၄) ေထာင့္က်က် အခ်ိဳးအစား

ရင္ကေနတင္အထိ တစ္ေျပးတည္းျဖစ္ၿပီး ခါးတုတ္သလိုျဖစ္ေနတဲ့ အခ်ိဳးအစားပိုင္ရွင္ေတြအေနနဲ႔ ေရြးခ်ယ္သင့္တာကေတာ့ အတြန္႔အဖတ္မ်ားမ်ားပါတဲ့ အက်ႌေတြ၊ လက္ျပတ္နဲ႔ ႀကိဳးတစ္ေခ်ာင္းေတြနဲ႔ ေလာင္းကုတ္အရွည္ေတြပါ။

(၅) ႀတိဂံေျပာင္းျပန္ပံု အခ်ိဳးအစား
အားကစားလိုက္စားသူေတြမွာ အေတြ႔မ်ားတဲ့အခ်ိဳးအစားပါ။ ပုခံုးက်ယ္က်ယ္နဲ႔ က်စ္က်စ္လ်စ္လ်စ္ရွိတဲ့ ဒီလိုအခ်ိဳးအစားပိုင္ရွင္ေတြကေတာ့ pencil စကတ္ေတြ၊ ဂ်င္းေဘာင္းဘီအက်ပ္ေတြနဲ႔ အေပၚပိုင္းကိုေတာ့ ရွင္းရွင္းလင္းလင္း အက်ႌမ်ိဳးေတြကို ေရြးခ်ယ္ဝတ္ဆင္သင့္ပါတယ္။

Related article >>> အသက္ (၄၀) ဝန္းက်င္မမေတြ ဖက္ရွင္က်က်လန္းႏိုင္ဖို႔ နည္းလမ္း (၅) သြယ္

ကဲ … ဒါကေတာ့ ကိုယ့္ရဲ႕ခႏၶာကိုယ္အခ်ိဳးအစားေပၚမူတည္ၿပီး ဘယ္လိုဝတ္ဆင္သင့္သလဲဆိုတာကို Stella သိသေလာက္ေလး ေဝမွ်ေပးထားတာမို႔ ေယာင္းတို႔အတြက္ အေထာက္အကူျဖစ္ေစမယ္လို႔ ေမွ်ာ္လင့္ပါတယ္။ ေယာင္းတို႔အားလံုး အၿမဲတမ္းယံုၾကည္မႈအျပည့္နဲ႔ လွေနႏိုင္ပါေစေနာ္…

Stella (For Her Myanmar)

<<< Unicode >>>

အမြဲတမ်းလိုက်ဖက်ညီတဲ့ ဖက်ရှင်တွေနဲ့ ယုံကြည်မှုရှိနေစေဖို့

ယောင်းတို့ရေ … အဝတ်အစားဝတ်တယ်ဆိုတဲ့ နေရာမှာလည်း ဖက်ရှင်ကျနေရုံတစ်ခုတည်းနဲ့ မပြီးသေးဘဲ ကိုယ့်ခန္ဓာကိုယ် body shape ပေါ်မူတည်ပြီး ဝတ်တတ်စားတတ်ဦးမှ ကြည့်လို့ကောင်းတယ်လို့ ဆိုကြတယ်မလား… အဲ့တော့ ဒီနေ့ Stella က ယောင်းတို့ကို body shape အလိုက် ဘယ်လိုဝတ်စားရင် ပိုလှမလဲဆိုတဲ့ tips လေးတွေ ဝေမျှပေးသွားမယ်နော်။

(၁) ပန်းသီးပုံ အချိုးအစား

ပန်းသီးပုံ အချိုးအစားဆိုတာကတော့ အပေါ်ပိုင်းက အောက်ပိုင်းနဲ့ယှဉ်ရင် ပိုကြီးနေတဲ့ အချိုးအစားပါ။ ဒီအချိုးအစားပိုင်ရှင်တွေက များသောအားဖြင့် ပုခုံးကျယ်ကျယ်၊ ရင်ကြီးကြီးရှိကြပါတယ်။ ယောင်းနဲ့အလိုက်ဆုံး အဝတ်အစားတွေကတော့ လည်ပင်းအဟိုက်အင်္ကျီတွေ၊ အောက်ကားကားစကတ်တွေ၊ ခေါင်းလောင်းဘောင်းဘီတွေနဲ့ အဆင်ဒီဇိုင်းရှုပ်ရှုပ်အပါ်ထပ်တွေပါ။

Related article >>> ကိုယ်နဲ့အသင့်တော်ဆုံးဆိုတဲ့ လက်ကိုင်အိတ်ကို ရှာတွေ့ပြီလား?

(၂) သဲနာရီပုံ အချိုးအစား

နောက်တစ်မျိုးပြောရရင် ဂစ်တာရှိတ်ပေါ့။ ဒီအချိုးအစားကို ပိုင်ဆိုင်ထားတဲ့ယောင်းတွေကတော့ လူအများက ကိုယ်လုံးလှတယ်လို့ ချီးကျူးခံရတာများပါတယ်။ ယောင်းနဲ့လိုက်ဖက်တဲ့ အဝတ်အစားမျိုးကတော့ ကိုယ်ကျပ်ဂါဝန်တွေ၊ “V” ပုံသဏ္ဍာန်လည်ပင်းတွေ၊ အသည်းပုံလည်ပင်းတွေဖြစ်ပါတယ်။

(၃) သစ်တော်သီးပုံ အချိုးအစား

ဒါကတော့ နံပတ် (၁) နဲ့ ဆန့်ကျင်ဖက် အပေါ်ပိုင်းသေးပြီး အောက်ပိုင်းကြီးတဲ့ ပုံစံပါ။ ရင်သေးပြီး တင်ကြီးပေါင်တုတ်တဲ့ ပုံစံတွေက ဒီခေတ်မှာ အရမ်းခေတ်စားနေတာဆိုတာ ယောင်းသိရဲ့လား? ဒီအချိုးအစားနဲ့ အလိုက်ဖက်ဆုံးဆိုရင်တော့ “A” ပုံစံစကတ်တွေ၊ skinny jeans နဲ့ အပေါ်အင်္ကျီပွပွတွေပါပဲ။

Related article >>> ဒီနှစ်ထဲမှာ ပြန်ခေတ်စားလာနိုင်တဲ့ ၉၀ ခုနှစ်ဝန်းကျင်က ဆံပင်ပုံစံ (၅) မျိုး

(၄) ထောင့်ကျကျ အချိုးအစား

ရင်ကနေတင်အထိ တစ်ပြေးတည်းဖြစ်ပြီး ခါးတုတ်သလိုဖြစ်နေတဲ့ အချိုးအစားပိုင်ရှင်တွေအနေနဲ့ ရွေးချယ်သင့်တာကတော့ အတွန့်အဖတ်များများပါတဲ့ အင်္ကျီတွေ၊ လက်ပြတ်နဲ့ ကြိုးတစ်ချောင်းတွေနဲ့ လောင်းကုတ်အရှည်တွေပါ။

(၅) တြိဂံပြောင်းပြန်ပုံ အချိုးအစား
အားကစားလိုက်စားသူတွေမှာ အတွေ့များတဲ့အချိုးအစားပါ။ ပုခုံးကျယ်ကျယ်နဲ့ ကျစ်ကျစ်လျစ်လျစ်ရှိတဲ့ ဒီလိုအချိုးအစားပိုင်ရှင်တွေကတော့ pencil စကတ်တွေ၊ ဂျင်းဘောင်းဘီအကျပ်တွေနဲ့ အပေါ်ပိုင်းကိုတော့ ရှင်းရှင်းလင်းလင်း အင်္ကျီမျိုးတွေကို ရွေးချယ်ဝတ်ဆင်သင့်ပါတယ်။

Related article >>> အသက် (၄၀) ဝန်းကျင်မမတွေ ဖက်ရှင်ကျကျလန်းနိုင်ဖို့ နည်းလမ်း (၅) သွယ်

ကဲ … ဒါကတော့ ကိုယ့်ရဲ့ခန္ဓာကိုယ်အချိုးအစားပေါ်မူတည်ပြီး ဘယ်လိုဝတ်ဆင်သင့်သလဲဆိုတာကို Stella သိသလောက်လေး ဝေမျှပေးထားတာမို့ ယောင်းတို့အတွက် အထောက်အကူဖြစ်စေမယ်လို့ မျှော်လင့်ပါတယ်။ ယောင်းတို့အားလုံး အမြဲတမ်းယုံကြည်မှုအပြည့်နဲ့ လှနေနိုင်ပါစေနော်…

Stella (For Her Myanmar)

Stella
Stella
Stella ကေတာ့ Fashion နဲ႕ Beauty ကို ဝါသနာပါလို႔ For Her Myanmar မွာ ေယာင္းေယာင္းတို႔အတြက္ beauty hacks ေတြ, fashion နဲ႕ပက္သက္တဲ့ အေၾကာင္းအရာမ်ိဳးစံုကို အဓိကေဝမွ်ေပးသြားမွာပါ။ သုတရသေတြကိုလည္း လက္လွမ္းမွီသေလာက္ ေရးေပးပါေသးတယ္။

Leave a Reply

Your email address will not be published. Required fields are marked *