ညစ္ပတ္ေနတဲ့ အျဖဴေရာင္ ရႈးဖိနပ္ေလးေတြကို အသစ္အတုိင္းျပန္ျဖစ္ဖုိ႔ …

ေဖြးသန္႔ေနတဲ့ အျဖဴေရာင္ Sneaker ေလးေတြ ညစ္ပတ္သြားတဲ့အခါ အသစ္အတိုင္းျပန္ျဖစ္ေအာင္ ဒီလုိေတြ လုပ္ႏုိင္ပါတယ္…

<<<Zawgyi>>>

ကိုယ့္ရဲ ႔ ျဖဴေဖြးသန္႔စင္ေနတဲ့ အျဖဴေရာင္စနီကာေလး ကို ညစ္ပတ္သြားမွာစိုးလို႔ စီးဖို႔မဝံ့မရဲျဖစ္ေနေသးတဲ့ေယာင္းတုိ႔ေကာ၊ စီးၿပီးညစ္ပတ္သြားလို႔ ဘယ္လိုုျပန္ျဖဴေအာင္ သန္႔ရွင္းေအာင္ လုပ္ရပါ႔လို႔ ေတြးေနတဲ့ ေယာင္းတို႔ေရာ အရမ္းႀကီးစိတ္မပူပါနဲ႔လို႔။ ဝယ္ခါစကလို ျဖဴေဖြးသန္႔ၿပီး အသစ္ကေလးအတိုင္း ျပန္ျဖစ္ဖို႔ ကိုယ့္အိမ္မွာပဲ အလြယ္တကူ လုပ္လုိ႔ရတဲ့ ေအာက္က နည္းလမ္းေလးေတြကို အသံုးျပဳၾကည့္ရေအာင္ေနာ္။

၁။ အဝတ္ေလွ်ာ္စက္ထဲ ထည့္ေလ်ွာ္မယ္။

ခါတိုင္းအဝတ္ေလွ်ာ္သလိုေတာ့ အားလံုးပစ္ထည့္ၿပီး ဘယ္ေလွ်ာ္လို႔ရမလဲေနာ္႔။ ေလ်ွာ္တဲ့အခါမွာ Mesh Sweater Bag လုိ႔ ေခၚတဲ့ အဝတ္ေလ်ွာ္စက္ထဲ ထည့္ေလွ်ာ္တဲ့ အိတ္ထဲကို ဖိနပ္ထည့္ၿပီး သင့္ေတာ္တဲ့ ဆပ္ျပာပမာဏနဲ႔ ပံုမွန္ အဝတ္ေလွ်ာ္ေနက်ႏႈန္း (Speed) အတုိင္း စက္ကိုလွည့္ၿပီးေလွ်ာ္ပါ။ (ဖိနပ္ႀကိဳးနဲ႔ ဖိနပ္ေအာက္ခံအျပားကိုေတာ့ ခဏထုတ္ထားလိုက္ေပါ့။) ေလွ်ာ္ၿပီးတဲ့အခါမွာေတာ့ ေလမႈတ္စက္ကို မသံုးဘဲ သဘာဝေလေအးနဲ႔ပဲ အေျခာက္ခံပါ။ ဖိနပ္ႀကိဳးကိုေတာ့ ဇလံုတစ္ခုထဲမွာ ေရေႏြးေႏြးေလးနဲ႔ ၁နာရီေလာက္ စိမ္ထားၿပီးမွ ဆပ္ျပာနဲ႔တုိက္ ေလွ်ာ္လိုက္ပါ။ အားလံုးၿပီးသြားရင္ေတာ့ သူ႕ကိုလည္း သဘာဝ ေလေအးနဲ႔ပဲ အေျခာက္ခံလိုက္ေပ့ါ။ ကဲ ဖိနပ္အသစ္ေလးေတြ ျပန္ျဖစ္သြားၿပီ 

Related Article >>> အျဖဴေရာင္ စနီကာေလးေတြနဲ႔ ႐ိႈးထုတ္လုိ႔ရမယ့္ ဖက္ရွင္(၅)မ်ိဳး

၂။ ဆိုဒါ (Soda) ရယ္ သြားတုိက္ေဆးရယ္ နဲ႔ သန္႔ရွင္းမယ္။

ဒီနည္းကို သံုးမယ္ဆိုရင္ေတာ့ အရင္ဆံုး ကိုယ့္ဖိနပ္က ဘာအသားလဲဆိုတာတစ္ခ်က္စဥ္းစားပါ။ (ဥပမာ ခ်ည္သားလိုအသားမ်ိဳးဆိုရင္ေတာ့ တိုက္လို႔ရေပမဲ့ သားေရသား (Leather) ဆိုရင္ေတာ့ တိုက္လို႔မရဘူးေပါ့ေနာ္။) ေတာ္ၾကာေန တိုက္ၿပီးမွ ေဆာ္ဒါစားတာတို႔၊ သြားပြတ္တံေၾကာင့္ အရာေတြျဖစ္တာတို႔ ျဖစ္ကုန္ဦးမယ္။

လက္ဖက္ရည္ဇြန္းတစ္ဇြန္းစာ မုန္႔ဖုတ္ေဆာ္ဒါရယ္၊ လက္ဖက္ရည္ဇြန္းတစ္ဝက္စာ ေရပမာဏရယ္ နဲ႔ ေခ်းခၽြတ္ေဆး (Detergent) ပါဝင္တဲ့ အဝတ္ေလွ်ာ္ဆပ္ျပာမႈန္႔ လက္ဖက္ရည္ဇြန္းတစ္ဝက္စာ ပမာဏရယ္ကို ေရာေမႊၿပီး ဖိနပ္ေပၚက အညစ္အေၾကးေတြရွိေနတဲ့ ေနရာကို သုတ္တင္ၿပီး တစ္ညေလာက္ထားလိုက္ပါ။ မနက္က် ဖိနပ္ေပၚက သုုတ္တင္ထားတဲ့ Mixture(အႏွစ္) က ေျခာက္ေသြ႔ေနၿပီမို႔ သြားတိုက္တံေလးနဲ႔ တုိက္ၿပီး ဖယ္ရွားလိုက္ပါ။ Tadaa အသစ္ျပန္ျဖစ္သြားၿပီ ေတြ႔လား။

Related Article >>> ဖိနပ္မွာလည္း စည္းနဲ႔ပါ (အယ္လဲ့ :P)

၃။ လက္နဲ႔ တုိက္ခၽြတ္ၿပီးေလွ်ာ္မယ္။

ေယာင္းရဲ ႔အဖိုးတန္ စနီကာေလးကို အဝတ္ေလွ်ာ္စက္ထဲ ထည့္ေလွ်ာ္ရမွာ၊ ေဆာ္ဒါႀကီးနဲ႔ ပြတ္ရမွာကို မဝံ့မရဲျဖစ္ေနရင္ေတာ့ ဒီနညး္ကိုသံုးပါ။ ဇလံုတစ္ခုထဲမွာ ေရေႏြးေႏြးေလးရယ္၊ ေခ်းခၽြတ္ဆပ္ျပာမႈန္႔အနည္းငယ္ရယ္ကို ထည့္ၿပီး ဖိနပ္ကို မိနစ္အနည္းငယ္စိမ္ထားပါ။ ၿပီးရင္ေတာ့ သြားတုိက္တံေလးနဲ႔ ညစ္ေပေနတဲ့ ေနရာေတြကို တိုက္ေလွ်ာ္လုိက္ပါ။ ေလေအးေအးေလးရတဲ့ လသာေဆာင္မွာ အေျခာက္ခံလုိက္ၿပီးရင္ေတာ့့ … ဥမြတ္ႏုထြတ္ေနတဲ့ အျဖဴေရာင္စနီကာေလးကို ရၿပီေပါ့ေယာင္းရယ္။

ကဲ ဘယ္လိုလဲ အဆင္ေျပရဲ႕လားလို႔။ အကယ္၍ ေယာင္းသံုးေနက် နည္းလမ္းတစ္ခုခုရွိရင္လည္း ေကာမန္႔မွာ ေျပာသြားခဲ့ဦးေနာ္။

With Love,

Megan (For Her Myanmar)

<<<Unicode>>>

ဖွေးသန့်နေတဲ့ အဖြူရောင် Sneaker လေးတွေ ညစ်ပတ်သွားတဲ့အခါ အသစ်အတိုင်းပြန်ဖြစ်အောင် ဒီလိုတွေ လုပ်နိုင်ပါတယ်…

ကိုယ့်ရဲ့ ဖြူဖွေးသန့်စင်နေတဲ့ အဖြူရောင်စနီကာလေး ကို ညစ်ပတ်သွားမှာစိုးလို့ စီးဖို့မဝံ့မရဲဖြစ်နေသေးတဲ့ယောင်းတို့ကော၊ စီးပြီးညစ်ပတ်သွားလို့ ဘယ်လိုပြန်ဖြူအောင် သန့်ရှင်းအောင် လုပ်ရပါ့လို့ တွေးနေတဲ့ ယောင်းတို့ရော အရမ်းကြီးစိတ်မပူပါနဲ့လို့။ ဝယ်ခါစကလို ဖြူဖွေးသန့်ပြီး အသစ်ကလေးအတိုင်း ပြန်ဖြစ်ဖို့ ကိုယ့်အိမ်မှာပဲ အလွယ်တကူ လုပ်လို့ရတဲ့ အောက်က နည်းလမ်းလေးတွေကို အသုံးပြုကြည့်ရအောင်နော်။

၁။ အဝတ်လျှော်စက်ထဲ ထည့်လျှော်မယ်။

ခါတိုင်းအဝတ်လျှော်သလိုတော့ အားလုံးပစ်ထည့်ပြီး ဘယ်လျှော်လို့ရမလဲနော့်။ လျှော်တဲ့အခါမှာ Mesh Sweater Bag လို့ ခေါ်တဲ့ အဝတ်လျှော်စက်ထဲ ထည့်လျှော်တဲ့ အိတ်ထဲကို ဖိနပ်ထည့်ပြီး သင့်တော်တဲ့ ဆပ်ပြာပမာဏနဲ့ ပုံမှန် အဝတ်လျှော်နေကျနှုန်း (Speed) အတိုင်း စက်ကိုလှည့်ပြီးလျှော်ပါ။ (ဖိနပ်ကြိုးနဲ့ ဖိနပ်အောက်ခံအပြားကိုတော့ ခဏထုတ်ထားလိုက်ပေါ့။) လျှော်ပြီးတဲ့အခါမှာတော့ လေမှုတ်စက်ကို မသုံးဘဲ သဘာဝလေအေးနဲ့ပဲ အခြောက်ခံပါ။ ဖိနပ်ကြိုးကိုတော့ ဇလုံတစ်ခုထဲမှာ ရေနွေးနွေးလေးနဲ့ ၁နာရီလောက် စိမ်ထားပြီးမှ ဆပ်ပြာနဲ့တိုက် လျှော်လိုက်ပါ။ အားလုံးပြီးသွားရင်တော့ သူ့ကိုလည်း သဘာဝ လေအေးနဲ့ပဲ အခြောက်ခံလိုက်ပေ့ါ။ ကဲ ဖိနပ်အသစ်လေးတွေ ပြန်ဖြစ်သွားပြီ

Related Article >>> အဖြူရောင် စနီကာလေးတွေနဲ့ ရှိုးထုတ်လို့ရမယ့် ဖက်ရှင်(၅)မျိုး

၂။ ဆိုဒါ (Soda) ရယ် သွားတိုက်ဆေးရယ် နဲ့ သန့်ရှင်းမယ်။

ဒီနည်းကို သုံးမယ်ဆိုရင်တော့ အရင်ဆုံး ကိုယ့်ဖိနပ်က ဘာအသားလဲဆိုတာတစ်ချက်စဉ်းစားပါ။ (ဥပမာ ချည်သားလိုအသားမျိုးဆိုရင်တော့ တိုက်လို့ရပေမဲ့ သားရေသား (Leather) ဆိုရင်တော့ တိုက်လို့မရဘူးပေါ့နော်။) တော်ကြာနေ တိုက်ပြီးမှ ဆော်ဒါစားတာတို့၊ သွားပွတ်တံကြောင့် အရာတွေဖြစ်တာတို့ ဖြစ်ကုန်ဦးမယ်။

လက်ဖက်ရည်ဇွန်းတစ်ဇွန်းစာ မုန့်ဖုတ်ဆော်ဒါရယ်၊ လက်ဖက်ရည်ဇွန်းတစ်ဝက်စာ ရေပမာဏရယ် နဲ့ ချေးချွတ်ဆေး (Detergent) ပါဝင်တဲ့ အဝတ်လျှော်ဆပ်ပြာမှုန့် လက်ဖက်ရည်ဇွန်းတစ်ဝက်စာ ပမာဏရယ်ကို ရောမွှေပြီး ဖိနပ်ပေါ်က အညစ်အကြေးတွေရှိနေတဲ့ နေရာကို သုတ်တင်ပြီး တစ်ညလောက်ထားလိုက်ပါ။ မနက်ကျ ဖိနပ်ပေါ်က သုတ်တင်ထားတဲ့ Mixture(အနှစ်) က ခြောက်သွေ့နေပြီမို့ သွားတိုက်တံလေးနဲ့ တိုက်ပြီး ဖယ်ရှားလိုက်ပါ။ Tadaa အသစ်ပြန်ဖြစ်သွားပြီ တွေ့လား။

Related Article >>> ဖိနပ်မှာလည်း စည်းနဲ့ပါ (အယ်လဲ့ :P)

၃။ လက်နဲ့ တိုက်ချွတ်ပြီးလျှော်မယ်။

ယောင်းရဲ့အဖိုးတန် စနီကာလေးကို အဝတ်လျှော်စက်ထဲ ထည့်လျှော်ရမှာ၊ ဆော်ဒါကြီးနဲ့ ပွတ်ရမှာကို မဝံ့မရဲဖြစ်နေရင်တော့ ဒီနည်းကိုသုံးပါ။ ဇလုံတစ်ခုထဲမှာ ရေနွေးနွေးလေးရယ်၊ ချေးချွတ်ဆပ်ပြာမှုန့်အနည်းငယ်ရယ်ကို ထည့်ပြီး ဖိနပ်ကို မိနစ်အနည်းငယ်စိမ်ထားပါ။ ပြီးရင်တော့ သွားတိုက်တံလေးနဲ့ ညစ်ပေနေတဲ့ နေရာတွေကို တိုက်လျှော်လိုက်ပါ။ လေအေးအေးလေးရတဲ့ လသာဆောင်မှာ အခြောက်ခံလိုက်ပြီးရင်တော့ … ဥမွတ်နုထွတ်နေတဲ့ အဖြူရောင်စနီကာလေးကို ရပြီပေါ့ယောင်းရယ်။

ကဲ ဘယ်လိုလဲ အဆင်ပြေရဲ့လားလို့။ အကယ်၍ ယောင်းသုံးနေကျ နည်းလမ်းတစ်ခုခုရှိရင်လည်း ကောမန့်မှာ ပြောသွားခဲ့ဦးနော်။

With Love,

Megan (For Her Myanmar)

No Comments Yet

Comments are closed