သွားမယ့်နေရာကိုလိုက်ပြီး ဖိနပ်ရွေးချယ်မှု မှန်ကန်စေဖို့

အော်ရဂျင်နယ် ဒီဇိုင်းကာလာ ဘာညာသာရကာ ကတော့…. 

ဒီဘက်ခေတ်ကြီးရဲ့ ဒီဇိုင်းကာလာအနေအထားကတော့ဖြင့် ကိုယ်သွားမယ့် နေရာပေါ် မူတည်ပြီး ကြိုက်ရာဖိနပ် ရွေးချယ်စီးနိုင်တဲ့ ခေတ်ကြီးပါနော်။ ဘယ်လိုဖိနပ်ကို ဘယ်လိုနေရာမှာ ဘာအထာနဲ့ စီးရမယ်ဆိုတာကို စဉ်းစားမယ်ဆိုလည်း လွယ်သားကလား… အဲ တစ်ခုရှိတာက စတိုင်ကျလှပအောင်လို့ အဝတ်အစားနဲ့လိုက်တဲ့ ဖိနပ်ရွေးစီးရမယ်ဆိုပေမဲ့ စတိုင်ကျတာကနောက် ခြေထောက်နာမှာက အရင်ဆိုတာလည်း ထည့်စဉ်းစားရဦးမယ်နော်…

ဒီနေရာမှာ ယောင်းယောင်းတို့ကို အကြံပေးလိုတာက ဘယ်လောက်လှလှ ကိုယ့်ခြေထောက်နဲ့ အဆင်ပြေမှ စီးကြဖို့ပါ… လှဖို့အရေး ကိုယ့်ခြေထောက်လေးကို တစ်ချိန်လုံး အနာခံနေလို့ မဖြစ်ဘူးမလား 🙁 မတန်ဘူးလေနော်… ကဲ.. ကဲ.. ဒါတွေထားပြီး For Her Myanmar ရဲ့ ယောင်းယောင်းလေးတွေအတွက် သွားမယ့်နေရာနဲ့ လိုက်ဖက်မယ့် ဖိနပ်ရွေးချယ်နည်းတွေ ရှာဖွေထားတာလေး ယောင်းတို့အတွက် တင်ဆက်ပေးလိုက်ဦးမယ်နော်..

အမျိုးသမီးတွေအတွက်ကတော့ အခမ်းအနားတက်မယ်ဆိုရင် ကာလာတစ်ပြေးတည်း ဦးချွန်ဖိနပ် (monotone pumps) ၊ ဦးချွန်ဒေါက်မြင့်ဖိနပ် (silettos) ၊ ခုံထူဒေါက်မြင့် (wedges) ၊ သားရေဖိနပ်အပျော့ ( slips-on) ၊ ရှူးဖိနပ်အပါး (Bellies) စသဖြင့် ကြိုက်ရာဖိနပ် ရွေးရုံပါပဲ။ တကယ်တော့ ဒေါက်စီးမှ ဆိုတာထက် အနောက်တိုင်း ဝတ်စုံဝတ်ပြီး ကြိုးသိုင်းဖိနပ် နဲ့ slipper တွေလည်း စီးချင်လည်း စီးလို့ရတာပါပဲ။ ကိုယ့်ဒီဇိုင်းကာလာ နဲ့ ကိုယ်ပေါ့နော့်…. ကိုယ်စိတ်ချမ်းသာရင် ပြီးရောဟာကို 😛

ဖိနပ်အမျိုးမျိုးထဲက ကြိုက်ရာရွေး <3

ထသွားထလာ ဆိုရင်တော့ ဘယ်လိုဖိနပ်ပဲ ရွေးရွေး အဆင်ပြေပါတယ်။ ကိုယ်ဝတ်မယ့်အဝတ်အစားပေါ်မူတည် ရွေးချယ်ပေါ့နော်… ဥပမာ- အထာကျကျ ခပ်လန်းလန်း ဝတ်ဆင်မယ်ဆိုရင် crazy colors ရှိတဲ့ ဖိနပ်မျိုး ၊  စကတ်အတိုလေးဆိုရင်တော့ ဒူးခေါင်းနားထိ ရောက်တဲ့ ကြိုးတွေအများကြီးနဲ့ ဖိနပ် (gladiators)မျိုး ၊ အားကစားဆန်ဆန် ဝတ်စုံဆိုရင် sneakers နဲ့ အားကစားဖိနပ်မျိုး ရွေးစီးလိုက်ရုံပါပဲ။ ဒါမျိုးကျ ကိုယ်ဓာတ်ကျသလို ဝတ်လို့ရတယ်ပေါ့နော်…

gladiatorsလေးတွေ လှမှလှ

ထသွားထလာမှာမှ မြန်မာလို ယဉ်ယဉ်လေးဝတ်သွားမယ်ဆိုရင် ယောင်းအတွက် အသင့်လျော်ဆုံးဖြစ်မှာက ကတ္တီပါဖိနပ်လေးတွေပါ.. အမြင့်၊အပါး ဘာမဆို အဆင်ပြေပြီး ကတ္တီပါလေးတွေက ခြေထောက်လည်း သန့်စေတယ်လေ.. ပြီးတော့ Lady Shoes လေးတွေ၊ ထိပ်ပိတ် half-shoes လေးတွေကိုမှ အမြင့်လေးတွေနဲ့ဆိုလည်း လှတတ်ပါတယ်။

ဒီလိုလေးတွေပေါ့..

Related Article >>> လုပ်ငန်းခွင်ဝင်နေတဲ့ အမျိုးသမီးလေးတွေအတွက် မရှိမဖြစ်လိုအပ်တဲ့ ဖိနပ် (၅) ရံ

ပါတီပွဲတက်ရတော့မယ်ဆိုရင်တော့ ကိုယ့်ရဲ့ အလှကို ထင်းနေစေမယ့်  ဒေါက်အမြင့် ဒါမှမဟုတ် ခုံထူဒေါက်မြင့် ကိုမှ အရောင်စိုတာမျိုးလေး စီးပါလို့ အကြံပေးချင်ပါတယ် ယောင်းတို့ရေ.. ညပွဲဆိုရင်တော့ ဘလင်းဘလင်း အရောင်တွေ လက်နေတဲ့ ဖိနပ်မျိုးလေးတွေပေါ့။ ပွဲဆိုပေမဲ့ အငြိမ်နေရတဲ့ ပွဲမျိုးမဟုတ်ဘဲ ဟိုဟိုဒီဒီ  သွားသွားလာလာ လုပ်ရမှာများတဲ့ ပွဲမျိုး ဒါမှမဟုတ် ကိုယ်ကိုယ်တိုင် စီစဉ်တဲ့ပွဲမို့ အချိန်အကြာကြီးရပ်ရမှာမျိုး၊ တစ်ပွဲလုံး ပတ်နေရမှာမျိုးတွေအတွက်ကတော့ အကောင်းဆုံးက slipper ဒီဇိုင်းအဆန်းအလှလေးတွေ ဒါမှမဟုတ် အားကစားရှူးဖိနပ် လှလှလေးတွေ စီးထားတာပါပဲ..

ဘလင်း ဘလင်းလေးတွေနဲ့ <3

ညစာစားပွဲ နဲ့ cocktail parties လိုမျိုး ညနေခင်း ကျင်းပတဲ့ပွဲတွေ တက်မယ်ဆိုရင် ဒေါက်မြင့်ဖိနပ်စီးတာ အကောင်းဆုံးပါပဲ။ အထူးသဖြင့် ဂါဝန်အရှည်ဝတ်ထားတာဆိုရင် ဒေါက်မြင့်ဖိနပ်ပဲ စီးထားသင့်ပါတယ်။ Pencil Heel လို ထိပ်ချွန်ဒေါက်မြင့်မစီးချင်ဘူးဆိုလည်း ခုံထူဒေါက်မြင့်စီးမယ်ဆိုရင် နည်းနည်းတော့ ဟန်ချက်ထိန်းလို့ရမှာပါ။ ဒေါက်ဖိနပ်တွေ စီးတဲ့အခါမှာလည်း သတိထားဖို့က အရမ်းကြီးမြင့်တဲ့ ဒေါက်မျိုးဆိုရင် ယောင်းရဲ့ ခြေထောက်နဲ့ ခါးအပေါ် ဒဏ်ဖြစ်စေနိုင်တာမို့ စီးမယ်ဆိုရင် ခဏလောက်ပဲ စီးတာကောင်းပါတယ်နော်..

ပေါ့ပေါ့ပါးပါးလေးတွေလည်း စီးပေါ့နော်..

တကယ်လို့ ယောင်းက ဒေါက်အမြင့်လည်း မစီးရဲ ခြေဖဝါးလည်း ကြီးလို့ဖိနပ်ရွေးရခက်တယ်ဆိုရင် ဖိနပ်အပါးကိုပဲ စတိုင်ကျအောင် စီးလို့ရပါတယ်။ သူများအမြင်လှတာ၊မလှတာထက် ကိုယ့်ရဲ့ ခြေလှမ်းတိုင်းမှာ ယုံကြည်မှုရှိရှိ သက်တောင့်သက်သာ ဖြစ်နေဖို့က အရေးကြီးတယ်မဟုတ်လား။

အဆင်ပြေရာ ရွေးချယ်စီးနိုင်ပါစေ ယောင်းရေ

With love

Ei Mon (For Her Myanmar)

References: Suzy Smith, Working Mothers

No Comments Yet

Comments are closed