Fashion

မိုးရာသီနဲ႔ သင့္ေတာ္လိုက္ဖက္မယ့္ ဖက္ရွင္ကို ဘယ္လိုေရြးခ်ယ္ၾကမလဲ?

ေရစိုစိုမွာ ကပိုကယိုေတြ မျဖစ္ရေလေအာင္ 😑😑

ေယာင္းတို႔ေရ … မိုးတေျဖာက္ေျဖာက္ က်လာၿပီဆိုေတာ့ Stella ေရးေပးေနက် seasonal styling tips (ဘယ္လိုရာသီဥတုမွာ ဘယ္လို ဝတ္ဆင္သင့္တယ္ဆိုတဲ့ အခ်က္) ေလးေတြလာပါၿပီ။ ဒီတစ္ေခါက္မွာေတာ့ Stella က ေယာင္းတို႔အတြက္ ဘယ္လို styling tips ေလးေတြကို စုစည္းေပးထားလဲဆိုတာ သိခ်င္ရင္ေတာ့ ေအာက္မွာဖတ္ၾကည့္လိုက္ေတာ့ေနာ္ …

Fabric

မိုးရာသီမွာ အဝတ္ေတြေလွ်ာ္ၿပီး မေျခာက္တဲ့ျပႆနာကို ေယာင္းတို႔အားလံုးၾကံဳဖူးၾကမယ္ထင္ပါတယ္။ ေနကိုမပြင့္ေတာ့ တစ္ပတ္စာအဝတ္ေတြဟာ စေန၊ တနဂၤေႏြႏွစ္ရက္ထဲမွာတင္ ေျခာက္ဖို႔က ထီထိုးရသလိုပါပဲ။ ဆိုေတာ့ မိုးတြင္းမွာ အဝတ္အစားဝတ္ေတာ့မယ္ဆိုရင္ ျမန္ျမန္ေျခာက္လြယ္တဲ့ အသားမ်ိဳးကို ေရြးခ်ယ္ဖို႔ အရမ္းအေရးႀကီးတာပါ။ Stella ကေတာ့ ခ်ည္သား၊ ခ်ီဖြန္နဲ႔ ေရေလွ်ာ္လို႔ရတဲ့ ခ်ည္ပိုးလိုမ်ိဳးေလးေတြကို ဝတ္ဖို႔အၾကံေပးခ်င္ပါတယ္။ ေရထိရင္ က်ံဳ႕ဝင္သြားတတ္တဲ့ ႀကိဳးထိုးအက်ႌေတြ၊ လီနင္သားေတြနဲ႔ ေရစိုရင္ ေလးသြားတတ္တဲ့ ဂ်င္းသားလိုမ်ိဳးေတြကိုေတာ့ ေရွာင္ပါ။ ဘယ္လိုအေရာင္ေတြ ဝတ္သင့္လဲဆိုတာကေတာ့ ေအာက္က လင့္ခ္ေလးမွာ ဖတ္လို႔ရပါတယ္။

Related article >>> ၂၀၁၉ မိုးရာသီနဲ႔အတူ ေရပန္းစားလာဦးမယ့္ အေရာင္ကာလာဆန္း (၄) မ်ိဳး

အဝတ္အစား

ဂါဝန္အရွည္ေတြကို ေႏြရာသီမွာပဲ ခ်န္ခဲ့ပါ။ မိုးကပက္ ဂါဝန္ႀကီးက ကိုယ္မွာကပ္ၿပီး သြားေလရာၾကမ္းျပင္ေပၚမွာ အိုင္ထြန္းေစတာႀကီးက ႐ိႈးပဲ့ပါတယ္။ အရမ္းတိုလြန္းတဲ့ မီနီစကတ္ေတြကလည္း ေလတိုက္ရင္ ဘယ္လိုမွအဆင္မေျပပါဘူး။ ဒါေၾကာင့္ မတိုလြန္းမရွည္လြန္းတဲ့ စကတ္ေတြ၊ ခ်ည္သားေဘာင္းဘီေတြကို ဝတ္ဆင္ၿပီး ဂ်င္းေတြကိုေတာ့ ဗီရိုထဲမွာ သိမ္းထားလိုက္ပါ။

အိတ္

အိတ္ကေတာ့ အေရွ႕ကလြယ္လို႔ရတဲ့ crossbody (စလြယ္သိုင္း) အိတ္မ်ိဳးက ပိုအဆင္ေျပမွာပါ။ ထီးေဆာင္းတဲ့အခါ အိတ္မိုးစိုတာမ်ိဳးလည္း မျဖစ္ေတာ့သလို ကိုင္စရာမလိုေတာ့ ထီးတစ္ဖက္နဲ႔ ရုန္းရင္းဆန္ခတ္ေတြလည္း မျဖစ္ေတာ့ဘူးေပါ့။ တစ္ခုရွိတာက ေယာင္းရဲ႕အိတ္က မိုးစိုခံႏိုင္တဲ့ အသားမ်ိဳးျဖစ္ဖို႔ေတာ့လိုပါလိမ့္မယ္။

Related article >>> ကိုယ္နဲ႔အသင့္ေတာ္ဆံုးဆိုတဲ့ လက္ကိုင္အိတ္ကို ရွာေတြ႕ၿပီလား?

Accessories

Accessories ႀကိဳက္တဲ့ ေယာင္းေယာင္းေတြအေနနဲ႔ နားဆြဲနဲ႔ နားကြင္းေတြဝတ္တာကို ေရွာင္ေစခ်င္ပါတယ္။ ဘာလို႔ဆို ေလတိုက္တဲ့အခါ ဆံပင္နဲ႔ညိွေနရင္ စိတ္အေႏွာင့္အယွက္ျဖစ္ရလို႔ပါ။ ေနာက္တစ္ခုက အရမ္းေျပာင္လက္တဲ့ ျပဴးတူးၿပဲတဲ accessories ေတြကို ေရွာင္ၿပီး ရိုးရိုးရွင္းရွင္းေတြကို မိုးရာသီမွာ ပိုအားထားလိုက္ပါ။

ဖိနပ္

လယ္သာနဲ႔ ကတၱီပါေတြကို မိုးရာသီမွာ လံုးဝနားလိုက္ပါ။ မိုးရာသီမွာ ဒီလိုဖိနပ္ေတြကို စီးတာက ဖ်က္ဆီးတာနဲ႔တူတူပါပဲ။ ပ်က္စီးတာကို ဂရုမစိုက္ဘူးဆိုရင္ေတာင္မွ ဒီဖိနပ္ေတြ ေရစိုရင္ထြက္လာတဲ့ အနံ႔က အဆိုးဆံုးမို႔ မစီးသင့္တဲ့ထဲ ထိပ္ဆံုးကပါပါတယ္ ေယာင္းေရ။ ေဒါက္ဖိနပ္ေတြကလည္း မိုးထဲေလထဲမွာ ဒုကၡမ်ားေစတာမို႔ မျဖစ္မေနစီးရမယ္ဆိုရင္ block heel (ေဒါက္အတံုး) အနိမ့္ေတြပဲစီးေစခ်င္ပါတယ္။ ေအာက္ကလင့္ခ္ေလးကေတာ့ မိုးတြင္းမွာ ေယာင္းတို႔ကို အထာက်က်လန္းေနေစမယ့္ ဖိနပ္အမ်ိဳးအစားေလးေတြပါ။

Related article >>> မိုးရာသီမွာ ဖက္ရွင္မဂြမ္းေစရေအာင္ ေရြးခ်ယ္သင့္တဲ့ ဖိနပ္ (၄) ရံ

ကဲ … ဒီေလာက္ဆိုရင္ ေယာင္းတို႔လည္း မိုးရာသီမွာ ဘယ္လိုအဝတ္အစား၊ အဆင္တန္ဆာေတြနဲ႔ styling လုပ္ရမလဲဆိုတာ သိၾကၿပီေပါ့ေနာ္။ ယံုၾကည္မႈရွိရွိနဲ႔ အၿမဲလွေနဖို႔ကေတာ့ ေယာင္းတို႔တာဝန္ …

Stella (For Her Myanmar)

<<<Unicode>>>

ရေစိုစိုမှာ ကပိုကယိုတွေ မဖြစ်ရလေအောင် 😑😑

ယောင်းတို့ရေ … မိုးတဖြောက်ဖြောက် ကျလာပြီဆိုတော့ Stella ရေးပေးနေကျ seasonal styling tips (ဘယ်လိုရာသီဥတုမှာ ဘယ်လို ဝတ်ဆင်သင့်တယ်ဆိုတဲ့ အချက်) လေးတွေလာပါပြီ။ ဒီတစ်ခေါက်မှာတော့ Stella က ယောင်းတို့အတွက် ဘယ်လို styling tips လေးတွေကို စုစည်းပေးထားလဲဆိုတာ သိချင်ရင်တော့ အောက်မှာဖတ်ကြည့်လိုက်တော့နော် …

Fabric

မိုးရာသီမှာ အဝတ်တွေလျှော်ပြီး မခြောက်တဲ့ပြဿနာကို ယောင်းတို့အားလုံးကြုံဖူးကြမယ်ထင်ပါတယ်။ နေကိုမပွင့်တော့ တစ်ပတ်စာအဝတ်တွေဟာ စနေ၊ တနင်္ဂနွေနှစ်ရက်ထဲမှာတင် ခြောက်ဖို့က ထီထိုးရသလိုပါပဲ။ ဆိုတော့ မိုးတွင်းမှာ အဝတ်အစားဝတ်တော့မယ်ဆိုရင် မြန်မြန်ခြောက်လွယ်တဲ့ အသားမျိုးကို ရွေးချယ်ဖို့ အရမ်းအရေးကြီးတာပါ။ Stella ကတော့ ချည်သား၊ ချီဖွန်နဲ့ ရေလျှော်လို့ရတဲ့ ချည်ပိုးလိုမျိုးလေးတွေကို ဝတ်ဖို့အကြံပေးချင်ပါတယ်။ ရေထိရင် ကျုံ့ဝင်သွားတတ်တဲ့ ကြိုးထိုးအင်္ကျီတွေ၊ လီနင်သားတွေနဲ့ ရေစိုရင် လေးသွားတတ်တဲ့ ဂျင်းသားလိုမျိုးတွေကိုတော့ ရှောင်ပါ။ ဘယ်လိုအရောင်တွေ ဝတ်သင့်လဲဆိုတာကတော့ အောက်က လင့်ခ်လေးမှာ ဖတ်လို့ရပါတယ်။

Related article >>> ၂၀၁၉ မိုးရာသီနဲ့အတူ ရေပန်းစားလာဦးမယ့် အရောင်ကာလာဆန်း (၄) မျိုး

အဝတ်အစား

ဂါဝန်အရှည်တွေကို နွေရာသီမှာပဲ ချန်ခဲ့ပါ။ မိုးကပက် ဂါဝန်ကြီးက ကိုယ်မှာကပ်ပြီး သွားလေရာကြမ်းပြင်ပေါ်မှာ အိုင်ထွန်းစေတာကြီးက ရှိုးပဲ့ပါတယ်။ အရမ်းတိုလွန်းတဲ့ မီနီစကတ်တွေကလည်း လေတိုက်ရင် ဘယ်လိုမှအဆင်မပြေပါဘူး။ ဒါကြောင့် မတိုလွန်းမရှည်လွန်းတဲ့ စကတ်တွေ၊ ချည်သားဘောင်းဘီတွေကို ဝတ်ဆင်ပြီး ဂျင်းတွေကိုတော့ ဗီရိုထဲမှာ သိမ်းထားလိုက်ပါ။

အိတ်

အိတ်ကတော့ အရှေ့ကလွယ်လို့ရတဲ့ crossbody (စလွယ်သိုင်း) အိတ်မျိုးက ပိုအဆင်ပြေမှာပါ။ ထီးဆောင်းတဲ့အခါ အိတ်မိုးစိုတာမျိုးလည်း မဖြစ်တော့သလို ကိုင်စရာမလိုတော့ ထီးတစ်ဖက်နဲ့ ရုန်းရင်းဆန်ခတ်တွေလည်း မဖြစ်တော့ဘူးပေါ့။ တစ်ခုရှိတာက ယောင်းရဲ့အိတ်က မိုးစိုခံနိုင်တဲ့ အသားမျိုးဖြစ်ဖို့တော့လိုပါလိမ့်မယ်။

Related article >>> ကိုယ်နဲ့အသင့်တော်ဆုံးဆိုတဲ့ လက်ကိုင်အိတ်ကို ရှာတွေ့ပြီလား?

Accessories

Accessories ကြိုက်တဲ့ ယောင်းယောင်းတွေအနေနဲ့ နားဆွဲနဲ့ နားကွင်းတွေဝတ်တာကို ရှောင်စေချင်ပါတယ်။ ဘာလို့ဆို လေတိုက်တဲ့အခါ ဆံပင်နဲ့ညှိနေရင် စိတ်အနှောင့်အယှက်ဖြစ်ရလို့ပါ။ နောက်တစ်ခုက အရမ်းပြောင်လက်တဲ့ ပြူးတူးပြဲတဲ accessories တွေကို ရှောင်ပြီး ရိုးရိုးရှင်းရှင်းတွေကို မိုးရာသီမှာ ပိုအားထားလိုက်ပါ။

ဖိနပ်

လယ်သာနဲ့ ကတ္တီပါတွေကို မိုးရာသီမှာ လုံးဝနားလိုက်ပါ။ မိုးရာသီမှာ ဒီလိုဖိနပ်တွေကို စီးတာက ဖျက်ဆီးတာနဲ့တူတူပါပဲ။ ပျက်စီးတာကို ဂရုမစိုက်ဘူးဆိုရင်တောင်မှ ဒီဖိနပ်တွေ ရေစိုရင်ထွက်လာတဲ့ အနံ့က အဆိုးဆုံးမို့ မစီးသင့်တဲ့ထဲ ထိပ်ဆုံးကပါပါတယ် ယောင်းရေ။ ဒေါက်ဖိနပ်တွေကလည်း မိုးထဲလေထဲမှာ ဒုက္ခများစေတာမို့ မဖြစ်မနေစီးရမယ်ဆိုရင် block heel (ဒေါက်အတုံး) အနိမ့်တွေပဲစီးစေချင်ပါတယ်။ အောက်ကလင့်ခ်လေးကတော့ မိုးတွင်းမှာ ယောင်းတို့ကို အထာကျကျလန်းနေစေမယ့် ဖိနပ်အမျိုးအစားလေးတွေပါ။

Related article >>> မိုးရာသီမှာ ဖက်ရှင်မဂွမ်းစေရအောင် ရွေးချယ်သင့်တဲ့ ဖိနပ် (၄) ရံ

ကဲ … ဒီလောက်ဆိုရင် ယောင်းတို့လည်း မိုးရာသီမှာ ဘယ်လိုအဝတ်အစား၊ အဆင်တန်ဆာတွေနဲ့ styling လုပ်ရမလဲဆိုတာ သိကြပြီပေါ့နော်။ ယုံကြည်မှုရှိရှိနဲ့ အမြဲလှနေဖို့ကတော့ ယောင်းတို့တာဝန် …

Stella (For Her Myanmar)

Stella
Stella
Stella ကေတာ့ Fashion နဲ႕ Beauty ကို ဝါသနာပါလို႔ For Her Myanmar မွာ ေယာင္းေယာင္းတို႔အတြက္ beauty hacks ေတြ, fashion နဲ႕ပက္သက္တဲ့ အေၾကာင္းအရာမ်ိဳးစံုကို အဓိကေဝမွ်ေပးသြားမွာပါ။ သုတရသေတြကိုလည္း လက္လွမ္းမွီသေလာက္ ေရးေပးပါေသးတယ္။

Leave a Reply

Your email address will not be published. Required fields are marked *