ေယာင္းတို႔ အဝတ္ဘီရိုထဲမွာ ဘရာ ဘယ္ႏွစ္ထည္ ရွိဖို႔ လိုအပ္လဲ?

ဟိတ္ မဆိုင္သူေတြ ဝင္မေခ်ာင္းေၾကးေနာ္ 

ႏွင္းတို႔အားလံုး ဘရာဝတ္ရတယ္။ ဟုတ္တယ္မလား? ဒါေပမဲ့ ဝတ္သာဝတ္ေနရတာ ဘာကဘယ္ဘရာ၊ ဘယ္လိုမ်ိဳးဝတ္ရင္ေတာ့ ဘယ္အက်ႌနဲ႔အဆင္ေျပတယ္၊ ကိုယ့္ဘီရိုထဲမွာေတာ့ ဘယ္ႏွစ္ထည္ရွိသင့္တယ္ဆိုတာမသိ ေတြ႔ကရာဆြဲဝတ္ၿပီးပဲ ေနၾကတာကမ်ားေတာ့ ပံုစံေလးလွတာနဲ႔ ဘရာကို ဆြဲဝယ္ထည့္လိုက္တာပဲ။ အဲ့ေတာ့ အဝတ္ဘီရိုထဲမွာ ဘရာေတြသာအမ်ားႀကီးရွိေနတာ ဝတ္ဖို႔က်ေတာ့ အေရာင္ရင့္ရတာနဲ႔၊ အရာႀကီးေပၚေနရတာနဲ႔ စသျဖင့္ျပႆနာေပါင္း ေသာင္းေျခာက္ေထာင္ေလာက္ ျဖစ္ေနေရာေလ။ ဆိုေတာ့ အေရအတြက္ပဲ မ်ားေနၿပီး သံုးစားမရေတြ မျဖစ္ရေလေအာင္ ရည္ရြယ္ၿပီး ဒီေဆာင္းပါးေလးကို ေရးျဖစ္သြားတာပါ။ တူတူဆက္ဖတ္ၾကည့္ရေအာင္ ေယာင္းေရ…

ဘရာေတြအေၾကာင္း ကိုယ့္ေဘးနားကလူေတြကို ေမးလိုက္ရင္လည္း ‘ဝယ္ႏိုင္သေလာက္သာစုထား၊ အမွားမရွိပါဘူး’လုိ႔ ေျပာေကာင္းေျပာႏိုင္ေပမဲ့ တကယ္တမ္းက်ေတာ့ ဘရာ ၄ ထည္ပဲလိုအပ္တာပါေနာ္။ မ်က္စိမမွားပါဘူး တကယ္ ၄ ထည္ပါ 😛

(၁) ႀကိဳးေပ်ာက္ဘရာေကာင္းေကာင္း တစ္ထည္ (One nice strapless bra)

ပံုစံစံု ဒီဇိုင္းစံု အက်ႌေတြ၊ ပြဲတက္ဂါဝန္ေတြ ေပၚလာၿပီဆိုေတာ့ ဘရာႀကိဳးႀကီး ျပဴးၿပဲၿပီးေပၚေနရင္လည္း မလွ၊ မဝတ္လို႔ကလည္း မရျပန္ဘူးေလ။ အဲဒီလိုမ်ိဳး ေဘးက်ပ္နံက်ပ္ကိစၥေတြအတြက္ေတာ့ ႀကိဳးေပ်ာက္ဘရာဆိုတာ မရွိမျဖစ္ကို လိုအပ္တယ္မလား။ ဆိုေတာ့ အဲဒီလိုဘရာ ေကာင္းေကာင္းတစ္ထည္ကေတာ့ မရွိမျဖစ္ကို လိုအပ္ပါတယ္။

Related Article >>> ဘီကီနီကို ဘယ္သူထြင္?

(၂)ကိုယ္နဲ႔ေကာင္းေကာင္းေတာ္မယ့္ ေလ့က်င့္ခန္းလုပ္တဲ့အခ်ိန္ ဝတ္တဲ့ဘရာ (One sports bra that actually fit)

ေလ့က်င့္ခန္းလုပ္ေနတဲ့အခ်ိန္မွာ ရင္သားေတြ ခုန္မေနေအာင္ ထိန္းေပးမယ့္ ဘရာေကာင္းေကာင္းတစ္ထည္ကလည္း မရွိမျဖစ္ လိုအပ္ပါတယ္ေနာ္။ (အကယ္၍ ကိုယ္က ေန႔တိုင္းေလ့က်င့္ခန္းလုပ္တယ္ဆိုရင္ေတာ့ တစ္ထည္ထက္ပိုၿပီး ဝယ္ထားေပါ့ေနာ္။) ေခၽြးေစာ္နံေနတဲ့ ဘရာကိုထပ္ထပ္ၿပီးေတာ့ မဝတ္ခ်င္ေလာက္ဘူးမလား။

ပြဲအေၾကာင္း အေသးစိတ္သိလိုပါက>>> http://bit.ly/2WK7oFQ

(၃) ေန႔စဥ္ဝတ္ ဘရာႏွစ္ထည္ (Two everyday bras)

အေရာင္ေၾကာင္ေၾကာင္က်ားက်ားနဲ႔ ေပါက္ကရေတြ မဟုတ္ဘဲ အသားေရာင္တစ္ထည္၊ အနက္ေရာင္ တစ္ထည္ေလာက္ဆို ျဖစ္ပါၿပီ။ (လွည့္ၿပီးေတာ့ ဝတ္ေပါ့ေလ။ မဟုတ္ရင္ ေဟာင္းသြားမွာေပါ့။) အဓိကကေတာ့ အဲဒီဘရာႏွစ္ထည္က ဝတ္ရတာအဆင္ေျပၿပီး ေန႔စဥ္ဝတ္ေနက်ေတြျဖစ္တဲ့ တီရွပ္တို႔၊ ရွပ္တို႔ နဲ႔တြဲဝတ္လို႔ရတဲ့ ဘရာမ်ိဳးျဖစ္ရပါမယ္။ ဒါမွတစ္ေန႔လံုး ယံုၾကည္မႈရွိရွိနဲ႔ သြားလာေနလို႔ရမွာေပါ့။

Related Article >>> အေၾကာျပတ္လို႔ ေရကူးဝတ္စံု မဝတ္ရဘူးတဲ့လား

တကယ္တမ္း မရွိမျဖစ္ လိုအပ္တာေတာ့ ဒီ ၄ ထည္ပါပဲ။ ဒါေပမဲ့ ကိုယ္သြားလာရတဲ့ ေနရာ၊  ဝတ္တဲ့အဝတ္အစားနဲ႔ တျခားအေျခအေနေတြ အေပၚမူတည္ၿပီး ထပ္ဝယ္လုိ႔ရပါတယ္ေနာ္။ (ဥပမာ ေနာက္ေက်ာေျပာင္ အက်ႌေတြဝတ္မယ္ဆိုရင္ ထိပ္ကပ္ဘရာ (nipple tape) တို႔ ႀကိဳးေအာက္စည္း ဘရာတို႔ စသျဖင့္ ထပ္ဝယ္ရပါမယ္။) အေရးႀကီးတာက ဘယ္ဘရာပဲဝတ္ဝတ္ ကိုယ္နဲ႔သင့္ေတာ္တဲ့ ဆိုဒ္ကို ေရြးခ်ယ္ၿပီး ဝတ္ဖို႔ပါပဲ။    

Hnin Ei Oo (For Her Myanmar)

References : liveaboutzivame

<<< Unicode >>>

ဟိတ် မဆိုင်သူတွေ ဝင်မချောင်းကြေးနော် 

နှင်းတို့အားလုံး ဘရာဝတ်ရတယ်။ ဟုတ်တယ်မလား? ဒါပေမဲ့ ဝတ်သာဝတ်နေရတာ ဘာကဘယ်ဘရာ၊ ဘယ်လိုမျိုးဝတ်ရင်တော့ ဘယ်အင်္ကျီနဲ့အဆင်ပြေတယ်၊ ကိုယ့်ဘီရိုထဲမှာတော့ ဘယ်နှစ်ထည်ရှိသင့်တယ်ဆိုတာမသိ တွေ့ကရာဆွဲဝတ်ပြီးပဲ နေကြတာကများတော့ ပုံစံလေးလှတာနဲ့ ဘရာကို ဆွဲဝယ်ထည့်လိုက်တာပဲ။ အဲ့တော့ အဝတ်ဘီရိုထဲမှာ ဘရာတွေသာအများကြီးရှိနေတာ ဝတ်ဖို့ကျတော့ အရောင်ရင့်ရတာနဲ့၊ အရာကြီးပေါ်နေရတာနဲ့ စသဖြင့်ပြဿနာပေါင်း သောင်းခြောက်ထောင်လောက် ဖြစ်နေရောလေ။ ဆိုတော့ အရေအတွက်ပဲ များနေပြီး သုံးစားမရတွေ မဖြစ်ရလေအောင် ရည်ရွယ်ပြီး ဒီဆောင်းပါးလေးကို ရေးဖြစ်သွားတာပါ။ တူတူဆက်ဖတ်ကြည့်ရအောင် ယောင်းရေ…

ဘရာတွေအကြောင်း ကိုယ့်ဘေးနားကလူတွေကို မေးလိုက်ရင်လည်း ‘ဝယ်နိုင်သလောက်သာစုထား၊ အမှားမရှိပါဘူး’လို့ ပြောကောင်းပြောနိုင်ပေမဲ့ တကယ်တမ်းကျတော့ ဘရာ ၄ ထည်ပဲလိုအပ်တာပါနော်။ မျက်စိမမှားပါဘူး တကယ် ၄ ထည်ပါ 😛

(၁) ကြိုးပျောက်ဘရာကောင်းကောင်း တစ်ထည် (One nice strapless bra)

ပုံစံစုံ ဒီဇိုင်းစုံ အင်္ကျီတွေ၊ ပွဲတက်ဂါဝန်တွေ ပေါ်လာပြီဆိုတော့ ဘရာကြိုးကြီး ပြူးပြဲပြီးပေါ်နေရင်လည်း မလှ၊ မဝတ်လို့ကလည်း မရပြန်ဘူးလေ။ အဲဒီလိုမျိုး ဘေးကျပ်နံကျပ်ကိစ္စတွေအတွက်တော့ ကြိုးပျောက်ဘရာဆိုတာ မရှိမဖြစ်ကို လိုအပ်တယ်မလား။ ဆိုတော့ အဲဒီလိုဘရာ ကောင်းကောင်းတစ်ထည်ကတော့ မရှိမဖြစ်ကို လိုအပ်ပါတယ်။

Related Article >>> ဘီကီနီကို ဘယ်သူထွင်?

(၂)ကိုယ်နဲ့ကောင်းကောင်းတော်မယ့် လေ့ကျင့်ခန်းလုပ်တဲ့အချိန် ဝတ်တဲ့ဘရာ (One sports bra that actually fit)

လေ့ကျင့်ခန်းလုပ်နေတဲ့အချိန်မှာ ရင်သားတွေ ခုန်မနေအောင် ထိန်းပေးမယ့် ဘရာကောင်းကောင်းတစ်ထည်ကလည်း မရှိမဖြစ် လိုအပ်ပါတယ်နော်။ (အကယ်၍ ကိုယ်က နေ့တိုင်းလေ့ကျင့်ခန်းလုပ်တယ်ဆိုရင်တော့ တစ်ထည်ထက်ပိုပြီး ဝယ်ထားပေါ့နော်။) ချွေးစော်နံနေတဲ့ ဘရာကိုထပ်ထပ်ပြီးတော့ မဝတ်ချင်လောက်ဘူးမလား။

ပွဲအကြောင်း အသေးစိတ်သိလိုပါက>>> http://bit.ly/2WK7oFQ

(၃) နေ့စဉ်ဝတ် ဘရာနှစ်ထည် (Two everyday bras)

အရောင်ကြောင်ကြောင်ကျားကျားနဲ့ ပေါက်ကရတွေ မဟုတ်ဘဲ အသားရောင်တစ်ထည်၊ အနက်ရောင် တစ်ထည်လောက်ဆို ဖြစ်ပါပြီ။ (လှည့်ပြီးတော့ ဝတ်ပေါ့လေ။ မဟုတ်ရင် ဟောင်းသွားမှာပေါ့။) အဓိကကတော့ အဲဒီဘရာနှစ်ထည်က ဝတ်ရတာအဆင်ပြေပြီး နေ့စဉ်ဝတ်နေကျတွေဖြစ်တဲ့ တီရှပ်တို့၊ ရှပ်တို့ နဲ့တွဲဝတ်လို့ရတဲ့ ဘရာမျိုးဖြစ်ရပါမယ်။ ဒါမှတစ်နေ့လုံး ယုံကြည်မှုရှိရှိနဲ့ သွားလာနေလို့ရမှာပေါ့။

Related Article >>> အကြောပြတ်လို့ ရေကူးဝတ်စုံ မဝတ်ရဘူးတဲ့လား

တကယ်တမ်း မရှိမဖြစ် လိုအပ်တာတော့ ဒီ ၄ ထည်ပါပဲ။ ဒါပေမဲ့ ကိုယ်သွားလာရတဲ့ နေရာ၊  ဝတ်တဲ့အဝတ်အစားနဲ့ တခြားအခြေအနေတွေ အပေါ်မူတည်ပြီး ထပ်ဝယ်လို့ရပါတယ်နော်။ (ဥပမာ နောက်ကျောပြောင် အင်္ကျီတွေဝတ်မယ်ဆိုရင် ထိပ်ကပ်ဘရာ (nipple tape) တို့ ကြိုးအောက်စည်း ဘရာတို့ စသဖြင့် ထပ်ဝယ်ရပါမယ်။) အရေးကြီးတာက ဘယ်ဘရာပဲဝတ်ဝတ် ကိုယ်နဲ့သင့်တော်တဲ့ ဆိုဒ်ကို ရွေးချယ်ပြီး ဝတ်ဖို့ပါပဲ။    

Hnin Ei Oo (For Her Myanmar)

References : liveaboutzivame

No Comments Yet

Comments are closed