Fashion Fashion & Beauty

ကမာၻ႕နာမည္အႀကီးဆံုး နံပါတ္ (၁) ဘရန္းေနရာကို ျပန္လည္သိမ္းပိုက္လိုက္ႏိုင္တဲ့ Gucci

ေအာင္ျမင္မႈအေပါင္း သရဖူေဆာင္းၿပီး ထိပ္ဆံုးကို ျပန္ေရာက္လာၿပီေလ

၂၀၁၈ ပထမႏွစ္ဝက္ေလာက္က စၿပီး ဆိုရွယ္လ္မီဒီယာေတြ၊ ဆယ္လီေတြရဲ႕ ပါးစပ္ဖ်ားမွာ နာမည္ႀကီးေနတဲ့ Gucci ကို ေယာင္းတို႔လည္း သတိထားမိၾကမယ္ ထင္ပါတယ္.. ဒီဇိုင္းကာလာအေနအထားေတြ လွသလို ေဈးလည္းလွလို႔ ကိုယ္ေတြ သြားရည္က်ရတဲ့ Luxury Brand ေပါ့ေလ… ၂၀၁၈ ေအာက္တိုဘာလမွာေတာ့ Off-White Brand က ကမာၻ႕နာမည္အႀကီးဆံုး ဘရန္းသရဖူကို ယူထားခဲ့ေပမဲ့ ခုခ်ိန္မွာေတာ့ Gucci က ဒီသရဖူကို ျပန္သိမ္းပိုက္ႏိုိင္ခဲ့ပါၿပီ။

အြန္လိုင္းအသံုးျပဳၿပီး ဝယ္ယူၾကတဲ့ လူအေယာက္ (၅) သန္းေက်ာ္ကို စစ္တမ္းေကာက္ၾကည့္ၿပီးေနာက္မွာေတာ့ Gucci က ၾကည့္႐ႈသူအမ်ားဆံုး၊ ဝယ္ယူသူအမ်ားဆံုးနဲ႔ နံပါတ္(၁)ေနရာကို ျပန္ေရာက္ရွိလာတာျဖစ္ပါတယ္။

Related Article >>> မၾကာေသးခင္ကမွ က်င္းပခဲ့တဲ့ Paris Haute Couture week 2019 အေၾကာင္း တစ္ေစ့တေစာင္း

၂၀၁၈ ေအာက္တိုဘာလနဲ႔ ဒီဇင္ဘာလအတြင္းမွာ Gucci ရဲ႕ အသံုးအေဆာင္ပစၥည္းေတြကို အြန္လိုင္းဝက္ဘ္ဆိုက္ကေန ဝင္ေရာက္ၾကည့္႐ႈသူ (၆) သန္းေက်ာ္ရွိခဲ့ပါတယ္။ ဒီလေတြမွာ အေရာင္းရဆံုး အသံုးအေဆာင္ (၁၀) ခုထဲမွာ Gucci ရဲ႕ပစၥည္းႏွစ္ခုေရာင္းရႏႈန္းက တျခားပစၥည္းေတြ (၈)ခုေပါင္း ေရာင္းရတဲ့ အေရအတြက္ထက္ေတာင္ ပိုမ်ားေနေသးတယ္လို႔ သိရပါတယ္။ (ဒီေလာက္ ေဈးႀကီးတာေတာင္မွ ေရာင္းရခ်က္ကေတာ့ေနာ္ T.T ) တစ္ခုကေတာ့ ၂၀၁၄ က ထြက္ရွိခဲ့တဲ့ Gucci Soho Disco အိတ္ျဖစ္ၿပီး ေနာက္တစ္ခုကေတာ့ Gucci logo ပါတဲ့ ခါးပတ္ပဲျဖစ္ပါတယ္။

Off-White နဲ႔ Balenciaga တို႔ကေတာ့ ဒုတိယနဲ႔ တတိယေနရာကေန ဦးေဆာင္ေနပါတယ္။ Moncler ကေတာ့ နံပါတ္ (၄) ေနရာကို အရွိန္အဟုန္ျပင္းျပင္းနဲ႔ ခုန္တက္လာၿပီး Fendi ကလည္း Fila နဲ႔ collab လုပ္ထားတဲ့ collection ကို အေၾကာင္းျပဳလို႔ နံပါတ္ (၅)ေနရာကို ေရာက္လာတာကို ေတြ႕ရမွာပါ။ Versace, Stone Island, Vetement, Valentino စတဲ့ နာမည္ႀကီး ဘရန္းေတြကလည္း နံပါတ္ (၆)၊ (၇)၊ (၈)၊ (၉) ေနရာေတြမွာ အသီးသီး ေနရာယူထားပါတယ္။

ဒီတစ္ေခါက္ ထိပ္သီးျဖစ္လာတဲ့ ဘရန္းေတြထဲမွာေရာ ေယာင္းအႀကိဳက္ေတြမွ ပါရဲ႕လား?

Stella (For Her Myanmar)

<<< Unicode >>>

အောင်မြင်မှုအပေါင်း သရဖူဆောင်းပြီး ထိပ်ဆုံးကို ပြန်ရောက်လာပြီလေ

၂၀၁၈ ပထမနှစ်ဝက်လောက်က စပြီး ဆိုရှယ်လ်မီဒီယာတွေ၊ ဆယ်လီတွေရဲ့ ပါးစပ်ဖျားမှာ နာမည်ကြီးနေတဲ့ Gucci ကို ယောင်းတို့လည်း သတိထားမိကြမယ် ထင်ပါတယ်.. ဒီဇိုင်းကာလာအနေအထားတွေ လှသလို ဈေးလည်းလှလို့ ကိုယ်တွေ သွားရည်ကျရတဲ့ Luxury Brand ပေါ့လေ… ၂၀၁၈ အောက်တိုဘာလမှာတော့ Off-White Brand က ကမ္ဘာ့နာမည်အကြီးဆုံး ဘရန်းသရဖူကို ယူထားခဲ့ပေမဲ့ ခုချိန်မှာတော့ Gucci က ဒီသရဖူကို ပြန်သိမ်းပိုက်နိုင်ခဲ့ပါပြီ။

အွန်လိုင်းအသုံးပြုပြီး ဝယ်ယူကြတဲ့ လူအယောက် (၅) သန်းကျော်ကို စစ်တမ်းကောက်ကြည့်ပြီးနောက်မှာတော့ Gucci က ကြည့်ရှုသူအများဆုံး၊ ဝယ်ယူသူအများဆုံးနဲ့ နံပါတ်(၁)နေရာကို ပြန်ရောက်ရှိလာတာဖြစ်ပါတယ်။

Related Article >>> မကြာသေးခင်ကမှ ကျင်းပခဲ့တဲ့ Paris Haute Couture week 2019 အကြောင်း တစ်စေ့တစောင်း

၂၀၁၈ အောက်တိုဘာလနဲ့ ဒီဇင်ဘာလအတွင်းမှာ Gucci ရဲ့ အသုံးအဆောင်ပစ္စည်းတွေကို အွန်လိုင်းဝက်ဘ်ဆိုက်ကနေ ဝင်ရောက်ကြည့်ရှုသူ (၆) သန်းကျော်ရှိခဲ့ပါတယ်။ ဒီလတွေမှာ အရောင်းရဆုံး အသုံးအဆောင် (၁၀) ခုထဲမှာ Gucci ရဲ့ပစ္စည်းနှစ်ခုရောင်းရနှုန်းက တခြားပစ္စည်းတွေ (၈)ခုပေါင်း ရောင်းရတဲ့ အရေအတွက်ထက်တောင် ပိုများနေသေးတယ်လို့ သိရပါတယ်။ (ဒီလောက် ဈေးကြီးတာတောင်မှ ရောင်းရချက်ကတော့နော် T.T ) တစ်ခုကတော့ ၂၀၁၄ က ထွက်ရှိခဲ့တဲ့ Gucci Soho Disco အိတ်ဖြစ်ပြီး နောက်တစ်ခုကတော့ Gucci logo ပါတဲ့ ခါးပတ်ပဲဖြစ်ပါတယ်။

Off-White နဲ့ Balenciaga တို့ကတော့ ဒုတိယနဲ့ တတိယနေရာကနေ ဦးဆောင်နေပါတယ်။ Moncler ကတော့ နံပါတ် (၄) နေရာကို အရှိန်အဟုန်ပြင်းပြင်းနဲ့ ခုန်တက်လာပြီး Fendi ကလည်း Fila နဲ့ collab လုပ်ထားတဲ့ collection ကို အကြောင်းပြုလို့ နံပါတ် (၅)နေရာကို ရောက်လာတာကို တွေ့ရမှာပါ။ Versace, Stone Island, Vetement, Valentino စတဲ့ နာမည်ကြီး ဘရန်းတွေကလည်း နံပါတ် (၆)၊ (၇)၊ (၈)၊ (၉) နေရာတွေမှာ အသီးသီး နေရာယူထားပါတယ်။

ဒီတစ်ခေါက် ထိပ်သီးဖြစ်လာတဲ့ ဘရန်းတွေထဲမှာရော ယောင်းအကြိုက်တွေမှ ပါရဲ့လား?

Stella (For Her Myanmar)

Stella
Stella
Stella ကေတာ့ Fashion နဲ႕ Beauty ကို ဝါသနာပါလို႔ For Her Myanmar မွာ ေယာင္းေယာင္းတို႔အတြက္ beauty hacks ေတြ, fashion နဲ႕ပက္သက္တဲ့ အေၾကာင္းအရာမ်ိဳးစံုကို အဓိကေဝမွ်ေပးသြားမွာပါ။ သုတရသေတြကိုလည္း လက္လွမ္းမွီသေလာက္ ေရးေပးပါေသးတယ္။

Leave a Reply

Your email address will not be published. Required fields are marked *