ေမြးေန႔ေမြးရက္အလိုက္ ေရြးခ်ယ္ဝတ္ဆင္သင့္တဲ့ ေက်ာက္မ်က္ရတနာေတြ

ရတနာစိန္ေက်ာက္ ဇယ္ေတာက္ကစားၾကမယ္ 😛

ေယာင္းတို႔ေရ … တို႔ျမန္မာလူမ်ိဳးေတြရဲ႕အယူေတြထဲမွာ ကေလးေလးေတြကိုဆိုရင္ ငယ္ငယ္ကတည္းက လက္ဝတ္ရတနာ (နားကပ္ေလးပဲျဖစ္ျဖစ္၊ လက္စြပ္ေလးပဲျဖစ္ျဖစ္၊ ဆြဲသီးေလးျဖစ္ျဖစ္) ဆင္ေပးတတ္ၾကတယ္ ဟုတ္ ? ဒီလိုဆင္ေပးတဲ့အခါမွာလည္း ဘယ္ရတနာနဲ႔ေတာ့ တည့္တယ္၊ ဘာနဲ႔ေတာ့ခိုက္တတ္တယ္ဆိုတာေတြကို ေဗဒင္နကၡတ္ေတြနဲ႔ တြက္ခ်က္တတ္ၾကေသးတာ မဟုတ္လား။ ဒါနဲ႔ နည္းနည္းခပ္ဆင္ဆင္ရွိတဲ့ ကိုယ့္ေမြးေန႔ေမြးရက္ေပၚ မူတည္ၿပီး ဘယ္ေက်ာက္မ်က္ရတနာကို ဝတ္ဆင္သင့္သလဲဆိုတာ Stella ေဝမွ်ေပးမယ္ေနာ္။

နံပါတ္ (၁) ဂဏန္းသမားမ်ား
လတစ္လရဲ႕ ၁၊ ၁၀၊ ၁၉၊ ၂၈ ရက္ေန႔ေတြမွာ ေမြးဖြားသူေတြက နံပါတ္ (၁) ဂဏန္းသမားေတြပါ။ ေယာင္းက နံပါတ္ (၁) ဂဏန္းသမားတစ္ေယာက္ဆိုရင္ေတာ့ “ပတၱျမား” ကို ဦးစားေပးဝတ္ဆင္သင့္ပါတယ္။ ပတၱျမားရဲ႕ သေဘာတရားက အစြမ္းထက္ၿပီး လုပ္ငန္းေဆာင္တာေတြ အဆင္ေျပေစတာေၾကာင့္ ေယာင္းအတြက္ လပ္ကီးေကာင္းတဲ့အေဆာင္ေလးပါ။

နံပါတ္ (၂) ဂဏန္းသမားမ်ား
လတစ္လရဲ႕ ၂၊ ၁၁၊ ၂၀၊ ၂၉ ရက္ေန႔မွာ ေမြးဖြားသူေတြမွာ ေမြးဖြားသူေတြရဲ႕ ေက်ာက္မ်က္ရတနာကေတာ့ “ပုလဲ” ပါ။ ပုလဲမွာ ေဒါသေတြကို ေျဖေလွ်ာ့ေပးႏိုင္တဲ့အျပင္ အိပ္မေပ်ာ္တာ၊ စိတ္ဓာတ္က်တာ၊ ေမ့တတ္တာေတြကို ေလွ်ာ့ခ်ေပးတဲ့အာနိသင္ရွိပါတယ္။

ပုလဲ

နံပါတ္ (၃) ဂဏန္းသမားမ်ား
လတစ္လရဲ႕ ၃၊ ၁၂၊ ၂၁၊ ၃၀ ရက္ေန႔ေတြမွာ ေမြးဖြားသူေတြကို နံပါတ္ (၃) ဂဏန္းသမားေတြလို႔ေခၚပါတယ္။ “ဥႆဖရား”ကေတာ့ နံပါတ္ (၃) ဂဏန္းသမားေတြအတြက္ အသင့္ေတာ္ဆံုးျဖစ္ၿပီး ပညာေရး၊ စီးပြားေရးေတြ တိုးတက္ေစၿပီး စိတ္ဓာတ္ခြန္အားကို ျမႇင့္တင္ေပးတတ္ပါတယ္တဲ့။

Related article >>> ေယာင္းရဲ႕အိပ္ခန္းေလးကို ေနခ်င္စဖြယ္ျဖစ္ေအာင္ အလွဆင္ႏိုင္ဖို႔

နံပါတ္ (၄) ဂဏန္းသမားမ်ား
လတစ္လရဲ႕ ၄၊ ၁၃၊ ၂၂၊ ၃၁ ရက္ေန႔ေတြမွာ ေမြးဖြားသူေတြက နံပါတ္ (၄) ဂဏန္းသမားေတြျဖစ္ၿပီး “ေက်ာက္နီ”ကို စြဲစြဲၿမဲၿမဲဝတ္ဆင္သင့္ပါတယ္။ က်န္းမာေရးကို အေထာက္အကူျပဳၿပီး စိတ္ရွည္သည္းခံတတ္ျခင္း ေမြးဖြားေပးတာ ေက်ာက္နီပါ။

နံပါတ္ (၅) ဂဏန္းသမားမ်ား
လူတစ္ေယာက္ဟာ လတစ္လရဲ႕ ၅၊ ၁၄၊ ၂၃ ရက္ေန႔ေတြမွာ ေမြးဖြားတယ္ဆိုရင္ေတာ့ နံပါတ္ (၅) ဂဏန္းသမားပါပဲ။ နံပါတ္ (၅) ဂဏန္းသမားေတြအေနနဲ႔ “ျမ” ကို ဝတ္ဆင္တာက အၾကံဉာဏ္နဲ႔ဗဟုသုတေတြ တိုးပြားေစပါတယ္။

နံပါတ္ (၆) ဂဏန္းသမားမ်ား
လတစ္လရဲ႕ ၆၊ ၁၅၊ ၂၄ ရက္ေန႔ေတြမွာ ေမြးဖြားသူေတြဟာ နံပါတ္ (၆) ဂဏန္းသမားေတြျဖစ္ပါတယ္။ ေယာင္းဝတ္ဆင္သင့္တာကေတာ့ “စိန္” ျဖစ္ၿပီး စိန္က အိမ္ေထာင္ေရး၊ အခ်စ္ေရးေတြကို အဆင္ေျပေခ်ာေမြ႕ေစပါတယ္လို႔ အဆိုရွိၿပီးသားပါ။

စိန္

နံပါတ္ (၇) ဂဏန္းသမားမ်ား
၇၊ ၁၆၊ ၂၅ ရက္ေန႔ေမြးဖြားသူေတြကို နံပါတ္ (၇) သမားေတြလို႔ ေခၚၿပီး ေဆာင္သင့္တဲ့ ေက်ာက္မ်က္ရတနာကေတာ့ “ပယင္း” ပါ။ ပယင္းရဲ႕ သေဘာက စကားေျပာေကာင္းေစၿပီး စိတ္အာ႐ုံနဲ႔ သူတစ္ပါးကိုဂလႊမ္းမိုးေစႏိုင္ပါတယ္။

Related article >>> ရွိရင္းစြဲအသက္ထက္ ပိုငယ္ပံုေပါက္သြားေအာင္ မိတ္ကပ္ဘယ္လိုလိမ္းၾကမလဲ?

နံပါတ္ (၈) ဂဏန္းသမားမ်ား
၈၊ ၁၇၊ ၂၆ ရက္ေန႔ေတြမွာ ေမြးဖြားသူေတြက နံပါတ္ (၈) ဂဏန္းသမားေတြျဖစ္ပါတယ္။ ေအာင္ျမင္မႈကို ႏွစ္ဆတိုးေစတဲ့ “နီလာ”ကေတာ့ နံပါတ္ (၈) ဂဏန္းသမားေတြ ေဆာင္ထားသင့္တဲ့ ေက်ာက္မ်က္ရတနာပါပဲ။

နီလာ

နံပါတ္ (၉) ဂဏန္းသမားမ်ား
နံပါတ္ (၉) ဂဏန္းသမားေတြကေတာ့ ၉၊ ၁၈၊ ၂၇ ရက္ေန႔ေတြမွာ ေမြးဖြားၾကၿပီး “သႏၲာ”ကို အေဆာင္သေဘာမ်ိဳး ဝတ္ဆင္သင့္ပါတယ္။ သႏၲာကေတာ့ ေဘးအႏၲရာယ္ေတြကေန ကာကြယ္ေပးႏိုင္ပါတယ္တဲ့။

ကဲ.. ေယာင္းတို႔ေရာ ဘယ္္ဂဏန္းသမားမို႔ ဘာေတြ ဝတ္ရမွာတဲ့လဲ?

တစ္ခုရွိတာက ဒါေတြကိုပဲ ဝတ္ရမယ္လို႔ တစ္ထစ္ခ်ႀကီး မယူေစခ်င္ဘူး ေယာင္းတို႔ေရ… ကိုယ္ႀကိဳက္တာ ကိုယ္ဝတ္လို႔ရပါတယ္။ ဒါေတြဝတ္ရင္ ဒါေတြက်ိန္းေသျဖစ္ကိုျဖစ္မယ္လို႔ ေျပာထားတာလည္း မရွိဘူးမဟုတ္လား.. ဆိုေတာ့ ကိုယ္ႀကိဳက္တာ ကိုယ္ဝတ္ရင္း ဖက္ရွင္က်က် ဆင္ယင္ႏုိင္ၾကပါေစေနာ္..

Stella (For Her Myanmar)

<<>>

ရတနာစိန်ကျောက် ဇယ်တောက်ကစားကြမယ် 😛

ယောင်းတို့ရေ … တို့မြန်မာလူမျိုးတွေရဲ့အယူတွေထဲမှာ ကလေးလေးတွေကိုဆိုရင် ငယ်ငယ်ကတည်းက လက်ဝတ်ရတနာ (နားကပ်လေးပဲဖြစ်ဖြစ်၊ လက်စွပ်လေးပဲဖြစ်ဖြစ်၊ ဆွဲသီးလေးဖြစ်ဖြစ်) ဆင်ပေးတတ်ကြတယ် ဟုတ် ? ဒီလိုဆင်ပေးတဲ့အခါမှာလည်း ဘယ်ရတနာနဲ့တော့ တည့်တယ်၊ ဘာနဲ့တော့ခိုက်တတ်တယ်ဆိုတာတွေကို ဗေဒင်နက္ခတ်တွေနဲ့ တွက်ချက်တတ်ကြသေးတာ မဟုတ်လား။ ဒါနဲ့ နည်းနည်းခပ်ဆင်ဆင်ရှိတဲ့ ကိုယ့်မွေးနေ့မွေးရက်ပေါ် မူတည်ပြီး ဘယ်ကျောက်မျက်ရတနာကို ဝတ်ဆင်သင့်သလဲဆိုတာ Stella ဝေမျှပေးမယ်နော်။

နံပါတ် (၁) ဂဏန်းသမားများ
လတစ်လရဲ့ ၁၊ ၁၀၊ ၁၉၊ ၂၈ ရက်နေ့တွေမှာ မွေးဖွားသူတွေက နံပါတ် (၁) ဂဏန်းသမားတွေပါ။ ယောင်းက နံပါတ် (၁) ဂဏန်းသမားတစ်ယောက်ဆိုရင်တော့ “ပတ္တမြား” ကို ဦးစားပေးဝတ်ဆင်သင့်ပါတယ်။ ပတ္တမြားရဲ့ သဘောတရားက အစွမ်းထက်ပြီး လုပ်ငန်းဆောင်တာတွေ အဆင်ပြေစေတာကြောင့် ယောင်းအတွက် လပ်ကီးကောင်းတဲ့အဆောင်လေးပါ။

နံပါတ် (၂) ဂဏန်းသမားများ
လတစ်လရဲ့ ၂၊ ၁၁၊ ၂၀၊ ၂၉ ရက်နေ့မှာ မွေးဖွားသူတွေမှာ မွေးဖွားသူတွေရဲ့ ကျောက်မျက်ရတနာကတော့ “ပုလဲ” ပါ။ ပုလဲမှာ ဒေါသတွေကို ဖြေလျှော့ပေးနိုင်တဲ့အပြင် အိပ်မပျော်တာ၊ စိတ်ဓာတ်ကျတာ၊ မေ့တတ်တာတွေကို လျှော့ချပေးတဲ့အာနိသင်ရှိပါတယ်။

ပုလဲ

နံပါတ် (၃) ဂဏန်းသမားများ
လတစ်လရဲ့ ၃၊ ၁၂၊ ၂၁၊ ၃၀ ရက်နေ့တွေမှာ မွေးဖွားသူတွေကို နံပါတ် (၃) ဂဏန်းသမားတွေလို့ခေါ်ပါတယ်။ “ဥဿဖရား”ကတော့ နံပါတ် (၃) ဂဏန်းသမားတွေအတွက် အသင့်တော်ဆုံးဖြစ်ပြီး ပညာရေး၊ စီးပွားရေးတွေ တိုးတက်စေပြီး စိတ်ဓာတ်ခွန်အားကို မြှင့်တင်ပေးတတ်ပါတယ်တဲ့။

Related article >>> ယောင်းရဲ့အိပ်ခန်းလေးကို နေချင်စဖွယ်ဖြစ်အောင် အလှဆင်နိုင်ဖို့

နံပါတ် (၄) ဂဏန်းသမားများ
လတစ်လရဲ့ ၄၊ ၁၃၊ ၂၂၊ ၃၁ ရက်နေ့တွေမှာ မွေးဖွားသူတွေက နံပါတ် (၄) ဂဏန်းသမားတွေဖြစ်ပြီး “ကျောက်နီ”ကို စွဲစွဲမြဲမြဲဝတ်ဆင်သင့်ပါတယ်။ ကျန်းမာရေးကို အထောက်အကူပြုပြီး စိတ်ရှည်သည်းခံတတ်ခြင်း မွေးဖွားပေးတာ ကျောက်နီပါ။

နံပါတ် (၅) ဂဏန်းသမားများ
လူတစ်ယောက်ဟာ လတစ်လရဲ့ ၅၊ ၁၄၊ ၂၃ ရက်နေ့တွေမှာ မွေးဖွားတယ်ဆိုရင်တော့ နံပါတ် (၅) ဂဏန်းသမားပါပဲ။ နံပါတ် (၅) ဂဏန်းသမားတွေအနေနဲ့ “မြ” ကို ဝတ်ဆင်တာက အကြံဉာဏ်နဲ့ဗဟုသုတတွေ တိုးပွားစေပါတယ်။

နံပါတ် (၆) ဂဏန်းသမားများ
လတစ်လရဲ့ ၆၊ ၁၅၊ ၂၄ ရက်နေ့တွေမှာ မွေးဖွားသူတွေဟာ နံပါတ် (၆) ဂဏန်းသမားတွေဖြစ်ပါတယ်။ ယောင်းဝတ်ဆင်သင့်တာကတော့ “စိန်” ဖြစ်ပြီး စိန်က အိမ်ထောင်ရေး၊ အချစ်ရေးတွေကို အဆင်ပြေချောမွေ့စေပါတယ်လို့ အဆိုရှိပြီးသားပါ။

စိန်

နံပါတ် (၇) ဂဏန်းသမားများ
၇၊ ၁၆၊ ၂၅ ရက်နေ့မွေးဖွားသူတွေကို နံပါတ် (၇) သမားတွေလို့ ခေါ်ပြီး ဆောင်သင့်တဲ့ ကျောက်မျက်ရတနာကတော့ “ပယင်း” ပါ။ ပယင်းရဲ့ သဘောက စကားပြောကောင်းစေပြီး စိတ်အာရုံနဲ့ သူတစ်ပါးကိုဂလွှမ်းမိုးစေနိုင်ပါတယ်။

Related article >>> ရှိရင်းစွဲအသက်ထက် ပိုငယ်ပုံပေါက်သွားအောင် မိတ်ကပ်ဘယ်လိုလိမ်းကြမလဲ?

နံပါတ် (၈) ဂဏန်းသမားများ
၈၊ ၁၇၊ ၂၆ ရက်နေ့တွေမှာ မွေးဖွားသူတွေက နံပါတ် (၈) ဂဏန်းသမားတွေဖြစ်ပါတယ်။ အောင်မြင်မှုကို နှစ်ဆတိုးစေတဲ့ “နီလာ”ကတော့ နံပါတ် (၈) ဂဏန်းသမားတွေ ဆောင်ထားသင့်တဲ့ ကျောက်မျက်ရတနာပါပဲ။

နီလာ

နံပါတ် (၉) ဂဏန်းသမားများ
နံပါတ် (၉) ဂဏန်းသမားတွေကတော့ ၉၊ ၁၈၊ ၂၇ ရက်နေ့တွေမှာ မွေးဖွားကြပြီး “သန္တာ”ကို အဆောင်သဘောမျိုး ဝတ်ဆင်သင့်ပါတယ်။ သန္တာကတော့ ဘေးအန္တရာယ်တွေကနေ ကာကွယ်ပေးနိုင်ပါတယ်တဲ့။

ယောင်းတို့ရော ဘယ်ဂဏန်းသမားလဲ ?

တစ်ခုရှိတာက ဒါတွေကိုပဲ ဝတ်ရမယ်လို့ တစ်ထစ်ချကြီး မယူစေချင်ဘူး ယောင်းတို့ရေ… ကိုယ်ကြိုက်တာ ကိုယ်ဝတ်လို့ရပါတယ်။ ဒါတွေဝတ်ရင် ဒါတွေကျိန်းသေဖြစ်ကိုဖြစ်မယ်လို့ ပြောထားတာလည်း မရှိဘူးမဟုတ်လား.. ဆိုတော့ ကိုယ်ကြိုက်တာ ကိုယ်ဝတ်ရင်း ဖက်ရှင်ကျကျ ဆင်ယင်နိုင်ကြပါစေနော်..

Stella (For Her Myanmar)

No Comments Yet

Comments are closed