မိုးရာသီမှာ ဖက်ရှင်ကျစေဖို့ မရှိမဖြစ်လိုတဲ့ ပစ္စည်း (၅) မျိုး

သူ့ဟာသူ မိုးရွာတာမကလို့ မုန်တိုင်းတိုက်တိုက် ဖက်ရှင်ကအဓိကပဲ ဆိုတဲ့ယောင်းယောင်းတွေအတွက်…

ဒီလိုရာသီဥတုလေးမှာ စောင်ပုံလေးထဲကွေး၊ ကော်ဖီပူပူလေးတစ်ခွက်၊ စာအုပ်လေးတစ်အုပ်နဲ့ ကွေးပြီးနေရရင်တော့ဖြင့် (ပြောဆိုရင်းတောင် အိမ်ပြန်ချင်လာပြီ :’)) ဆိုပေမဲ့ နှင်းတို့လို ဘဝသမားလေးတွေကတော့ အဲ့လိုနေလို့မရဘူးလေ။ (အယ်လဲ့ မျက်ရည်ချူချပစ်လိုပြီ :P) အပြင်ကတော့ မဖြစ်မနေထွက်ရမှာမို့ သူများဂွမ်းလည်း ကိုယ့်ယောင်းယောင်းတွေ လန်းနေအောင် ကိုယ့်အနားရှိနေပြီး မေ့လောက်တဲ့ပစ္စည်းတွေကို ပြောပြပေးမယ်လေ။

(၁) ထီး

‘အမလေး မိုးရွာနေပါတယ်ဆိုမှ ထီးလောက်များ နေ့တိုင်းပါတယ်’ ဆိုပြီး စိတ်ထဲမှာ ပြောနေပြီမလား။ အဲ့နေ့တိုင်းပါရမယ့် ပစ္စည်းက အမေ့တတ်ဆုံးဗျား။ (အခုတောင် သတိရလို့ဆိုပြီး အိတ်ထဲကြိတ်ထည့်နေပြီမလား။) အဲ့တော့ ဝုန်းကနဲ မိုးရွာချတဲ့အချိန် ကိုယ်ကကြွက်စုတ်မဖြစ်ချင်ရင် ထီးကိုသေချာယူထားမှဖြစ်မယ်နော်။ ထီးကိုတောင်မှ အရောင်စုံ အဆင်ဆန်းတွေဝယ်ထားပြီး ကိုယ့်အဝတ်အစားနဲ့ လိုက်တာကို ဆောင်းလို့ရသေးတယ်ဆိုတော့ အများကြားမှာ ထင်းနေပြီး ဖက်ရှင်ကျကျနဲ့ လန်းလို့ရပြီပေါ့။

ထီးကို ဒီလိုရောင်စုံတွေကိုင်ပစ်။

(၂) မိုးကာအက်ႌ

မိုးက သာမန်လောက်ပဲရွာတဲ့နေ့ဆိုရင်တော့ ထီးလောက်နဲ့ အလှမပျက် ချွေးမထွက်နေလို့ရပေမဲ့ မိုးအရမ်းကြီးတဲ့နေ့ဆိုရင်တော့ လေတွေပါ ပါတတ်တာမို့ မိုးကာအင်္ကျီကို ဆောင်ထားဖို့လိုပါတယ်။ မိုးကာအင်္ကျီဆိုတာ အရင်ကလို ဂွမ်းစိန်တိုက်ဂေါတွေမဟုတ်ဘဲ အကြည်လေးတွေကို အရောင်စုံဝတ်ချလိုက်။ ဒါဆို ကိုယ်အတွင်းမှာဝတ်ထားတဲ့ အင်္ကျီလည်း မြင်ရတော့ ဖက်ရှင်လည်းကျ ကြွက်စုတ်လည်း မဖြစ်တော့ဘူးလေ။

မိုးကာအကြည်လေးနဲ့ လန်း

Related Article >>> မိုးစက်လေးတွေကြားမှာ ကိုယ့်ခြေထောက်လေးတွေကို ဘယ်လိုဂရုစိုက်မလဲ။

(၃) မိုးကာအိတ်တွေ

နွေရာသီမှာ ပိတ်သားအိတ်လေးတွေက လန်းသလောက် မိုးရာသီလည်းရောက်လာရော မိုးရေလေးနည်းနည်းထိတာနဲ့ အထဲကပစ္စည်းတွေ ရေစို၊ အိတ်လည်း ဖားဥတွေတက် ဆိုတာမျိုး ဖြစ်တတ်တာပေါ့။ ဒါကြောင့် ဂျယ်လီသားလို အကြည်အိတ် (သို့) အထဲကိုရေမဝင်တဲ့ မိုးကာအိတ်တွေကို သုံးပေးရင်ပိုအဆင်ပြေမယ်လေ။ ဒါကြောင့် ဖက်ရှင်ကျဖို့ဆို မိုးကာအိတ်ကလည်း မရှိမဖြစ်ပါပဲ။

ဂျယ်လီအိတ်လေးနဲ့ စတိုင်ကျကျလန်းမယ်။

(၄) ရေစိုခံမိတ်ကပ်

အမလေး ထွက်လာတုန်းကတော့ မျက်ဝန်းနက်နက်၊ မျက်ခုံးနက်နက်လေးနဲ့ လှတပတလေးထွက်လာတယ်။ ဒါပေမဲ့ ဝုန်းကနဲ မိုးလည်းရွာချလိုက်ရော မည်းမည်းသည်းသည်းနဲ့ ပရမ်းပတာတွေဖြစ်ကုန်ရော။ အဲ့လိုတွေ မဖြစ်ရလေအောင် အနည်းဆုံး မျက်ခုံးလောက်တော့ ရေစိုခံတာမျိုး ဆောင်ထားဖို့မဖြစ်မနေ လိုအပ်ပါတယ်။ နောက်ပြီး မျက်နှာတစ်ခုလုံးစာအတွက် ပစ္စည်းတွေ အစအဆုံး မဝယ်ရအောင် မိတ်ကပ်အားလုံးလိမ်းအပြီး အပြီးသတ်ဖြန်းတဲ့ စပရေးကိုမှ Matte (ရေစိုခံ) လေး ဖြန်းထားရင်တော့ မိတ်ကပ်က တော်ရုံရေစိုတာလောက်နဲ့ ပရမ်းပတာတွေ ဖြစ်တော့မှာမဟုတ်ပါဘူး။

ဒီလို ပရမ်းပတာတွေမဖြစ်အောင် ရေစိုခံမိတ်ကပ်တွေသုံးနော်။
ရေစိုခံစပရေးဆိုတာ ဒါပေါ့

(၅) မိုးတွင်းစီးဖိနပ်အပါး

ဒေါက်ဖိနပ်စီးဖို့ကို မေ့လိုက်ပါနော်။ ဒီရာသီဥတုမှာ ဘယ်လိုမှ အဆင်ပြေမှာမဟုတ်ပါဘူး။ (မီတင်ဘာညာ သွားစရာရှိတယ်ဆိုရင် အိတ်ထဲသာထည့်သွားပါ။ ဖိနပ်တွေ ပျက်စီးကုန်မှာစိုးလို့။) အဲ့တော့ မိုးတွင်းစီး ကြိုးသိုင်းဖိနပ်ကိုပဲစီးနော်။ (ဘာလို့ကြိုးသိုင်းစီးခိုင်းတာလဲဆိုရင် ရိုးရိုးဖိနပ်အပါးစီးရင် ဗွက်တွေစင်တတ်တော့ ခြေထောက်နဲ့ ဘောင်းဘီတွေမှာ အောအော့တွေ ဖြစ်နေမှာဆိုးလို့။ 😛 )

ဖိနပ်အပါးတွေစီးပြီး ဒါမျိုးလျှောက်ပစ်။

 

ဒေါက်စီးချင်သပဆိုရင်တော့ ဒါမျိုးစီး

Related Article >>> မိုးရာသီမှာ ကျန်းမာလှပစေနိုင်မယ့် အချက် (၈)ချက်

ဒီပစ္စည်း (၅) မျိုးကတော့ ခုလိုရာသီဥတုအပြောင်းအလဲမှာ သတိမထားမိတတ်တဲ့ ပစ္စည်းတွေပေါ့။ ကိုယ်နဲ့ နေ့တိုင်းထိတွေ့နေရတယ်ဆိုပေမဲ့ မေ့တတ်တဲ့ပစ္စည်းတွေမို့ အမြဲအိတ်နားမှာထားထားနော်။ နောက်ဆုံးတစ်ခုကတော့ မိုးရာသီဟာ အုံ့အုံ့မှိုင်းမှိုင်းနဲ့ မှောင်နေတတ်တာမို့ ဖက်ရှင်ပိုကျဖို့ဆိုရင် အရောင်တောက်တောက်လေးတွေ ဝတ်ပေးတာပိုပြီး စမတ်ကျစေမှာပါနော်။ ဒါကြောင့် ဒီပစ္စည်းလေးတွေ မရှိသေးရင် မြန်မြန်လေး ပြေးဝယ်လိုက်ပါဦးလို့။

Reference Link : 11 fashions u must have , Nija.ng

Hnin Ei Oo (For Her Myanmar)

No Comments Yet

Comments are closed