Fashion

မိုးတွေအုံ့ပြီး အေးတတ်တဲ့ ရာသီမှာ ရင်သွေးလေးကို ဖက်ရှင်ကျကျဆင်ပေးနိုင်ဖို့



အနွေးထည်


ပွဲအကြောင်း အသေးစိတ်သိလိုပါက>>> http://bit.ly/2WK7oFQ




ဘောင်းဘီရှည်



ဂါဝန်လေးတွေ



Stella (For Her Myanmar)

<<< Unicode >>>

မုတ်သုံဝင်တော့မယ်ဆိုတော့ ကြိုပြီးပြင်ဆင်ထားဖို့ လိုလာပြီလေ…

ယောင်းတို့ရေ … မိုးရာသီလည်းစတော့မယ်ဆိုတော့ သားသားမီးမီးတို့ရဲ့ဖက်ရှင်တွေကိုလည်း ရာသီဥတုနဲ့အလိုက်ပြောင်းလဲပစ်ဖို့လိုပြီနော်။ ဒီတော့ အခု Stella က မေမေတွေလည်း ခေါင်းမစားရလေအောင် သားသားမီးမီးတွေအတွက် ဖက်ရှင်အိုင်ဒီယာလေးတွေ စုစည်းပေးလိုက်ပါတယ်။

အနွေးထည်

မိုးတွင်းမှာ ရာသီဥတုကလည်း အေးစိမ့်စိမ့်ဆိုတော့ သားသားမီးမီးတို့ အအေးမိမှာစိုးရိမ်ရပါတယ်။ သူတို့လေးတွေ နေမကောင်းရင် စိတ်အပူရဆုံးက မေမေတွေပဲမလား … ဒီတော့ အပြင်ထွက်တာပဲဖြစ်ဖြစ်၊ ကျောင်းပို့တာပဲဖြစ်ဖြစ် အနွေးထည်လေးဝတ်ပေးလိုက်တာက မမှားပါဘူး။

ပြဲအေၾကာင္း အေသးစိတ္သိလိုပါက>>> http://bit.ly/2WK7oFQ

Related article >>> မိုးရာသီနဲ့ သင့်တော်လိုက်ဖက်မယ့် ဖက်ရှင်ကို ဘယ်လိုရွေးချယ်ကြမလဲ?

တစ်ဆက်တည်းအင်္ကျီတွေ

ဘောင်းဘီနဲ့အင်္ကျီတစ်ဆက်တည်းလေးတွေက သားသားမီးမီးတို့ဝတ်လိုက်ရင် အရမ်းချစ်စရာကောင်းတယ်ဆိုတာ ယောင်းသိရဲ့လား ? ဒီလိုအင်္ကျီတွေက ကလေးတွေကို သက်တောင့်သက်တာရှိစေတာမို့ အောက်ကလက်ရှည်အင်္ကျီလေးခံပြီးသာ ဝတ်ပေးလိုက်ပါ။ မိုးအုံ့လို့ ရာသီဥတု အေးတာအတွက်လည်း ခံနိုင်ရည် ရှိတာပေါ့..

ဘောင်းဘီရှည်

ဒီလိုရာသီဥတုမှာ ဘောင်းဘီရှည်ဝတ်ပေးတာက ကလေးတွေကို နွေးနွေးထွေးထွေးဖြစ်စေသလို ခြင်လည်းမကိုက်စေတော့ပါဘူး။ ဂျင်းဘောင်းဘီလေးတွေ၊ ဆွဲသားဘောင်းဘီအသားကောင်းကောင်းလေးတွေကို ယောင်းစိတ်ကြိုက်ဆင်ပေးနိုင်ပါတယ်။

Related article >>> ကိုယ့်ခန္ဓာကိုယ်အချိုးအစားကို ထင်ဟပ်အောင် ဘယ်လိုဝတ်စားကြမလဲ ?

ဂါဝန်လေးတွေ

ယောင်းရဲ့ရင်သွေးလေးက မီးမီးလေးဆိုရင်တော့ အတော်ပဲ … ဂါဝန်လှလှလေးတွေဆင်ပေးလို့ရပါပြီ။ လက်ရှည်လေးတွေဖြစ်ဖို့တော့လိုမယ်နော်။

ကဲ … ဒီလိုဆိုရင်တော့ ယောင်းရဲ့သားသားမီးမီးလေးတွေ မိုးရာသီမှာ ဖက်ရှင်အလန်းတွေနဲ့ အပြင်ထွက်လို့ရပြီပေါ့။

Stella (For Her Myanmar)

Stella
Stella
Stella ကတော့ Fashion နဲ့ Beauty ကို ဝါသနာပါလို့ For Her Myanmar မှာ ယောင်းယောင်းတို့အတွက် beauty hacks တွေ, fashion နဲ့ပက်သက်တဲ့ အကြောင်းအရာမျိုးစုံကို အဓိကဝေမျှပေးသွားမှာပါ။ သုတရသတွေကိုလည်း လက်လှမ်းမှီသလောက် ရေးပေးပါသေးတယ်။

Leave a Reply

Your email address will not be published. Required fields are marked *