ဖက္ရွင္ေတြတစ္ပတ္ ျပန္လည္လာတာကို အမီလိုက္ႏုိင္ေစဖို႔
ေယာင္းတို႔ေရ … street style ဆိုတာ လူငယ္ပိုင္းေတြၾကား ေတာ္ေတာ္ေခတ္စားေနတဲ့ ဖက္ရွင္ပါ။ Street Style ေတြေပၚလာတာအခုမွ မဟုတ္ပါဘူး … လြန္ခဲ့တဲ့ ၉၀ ခုႏွစ္ပိုင္းေတြကို ျပန္ၾကည့္မယ္ဆိုရင္ အက်ႌဆိုက္ဒ္အႀကီးႀကီးေတြ၊ ခပ္ပြပြေဘာင္းဘီေတြနဲ႔ လူႀကီးေတြမ်က္စိ ဆံပင္ေမြးစူးခဲ့တဲ့ ဖက္ရွင္ေတြကို ေတြ႕ရမွာပါ။
ခုေနာက္ပိုင္းမွာ street style culture တစ္ခုလည္း ေပၚလာသလို 90s trends ေတြကလည္း ျပန္ေခတ္ထ ေနတာဆိုေတာ့ ဒီႏွစ္ခုေပါင္းၿပီး ဖက္ရွင္အျမင္သစ္တစ္ခုကို ဖန္တီးဖို႔ ဘာေတြလိုအပ္မလဲ တူတူၾကည့္ၾကရေအာင္… …
(၁) Oversized Tshirt
ဝတ္ေနက်ဆိုက္ဒ္ထက္ ၃ဆိုက္ဒ္ေလာက္ပိုႀကီးတဲ့ အက်ႌပြပြႀကီးေတြက ဟစ္ေဟာ့ေလာကမွာ အေတြ႕အမ်ားဆံုးဖက္ရွင္ပါ။ ဒီတိုင္းပြပြဝတ္လို႔ရသလို ခါးပတ္နဲ႔တြဲဖက္ၿပီးလည္း ဝတ္ႏိုင္ပါတယ္။
(၂) Baggy Pants
Baggy Pants ဆိုတဲ့ ေဘာင္းဘီအရွည္ပြပြေတြကလည္း ဟစ္ေဟာ့ဖက္ရွင္မွာ ခ်န္လွပ္ထားခဲ့လို႔မရပါဘူး။ ေယာက်ာ္းေလးေရာ မိန္းကေလးပါ baggy pants ေတြနဲ႔ ေဂၚခဲ့ၾကတာ ၉၀ခုႏွစ္ေတြမွာ ႀကီးျပင္းခဲ့တဲ့ ေယာင္းတိုင္းျမင္ေယာင္ႏိုင္မွာပါ။
Related article >>> ဒီႏွစ္ထဲမွာ ျပန္ေခတ္စားလာႏိုင္တဲ့ ၉၀ ခုႏွစ္ဝန္းက်င္က ဆံပင္ပံုစံ (၅) မ်ိဳး
(၃) Bucket Hat
Stella ေမေမကေတာ့ ဒြန္းစ႑ားဦးထုပ္လို႔ေျပာတယ္ ဒီဦးထုပ္ေတြက ၉၀ ခုႏွစ္ဝန္းက်င္က ဆယ္ေက်ာ္သက္တိုင္းလိုလိုမွာရွိခဲ့ဖူးမယ္ ထင္ပါတယ္ (Stella မွာေတာင္ ရွိေသးတယ္)။ အခုေနာက္ပိုင္း လူငယ္ေတြၾကားမွာ ျပန္ေရပန္းစားလာၿပီဆိုေတာ့ မၾကာခင္မွာ က်ယ္က်ယ္ျပန္႔ျပန္႔ျမင္သြားရဖို႔ ရွိပါတယ္။
(၄) Cat Eye Sunglasses
ေၾကာင္မ်က္လံုးလို အေပၚကိုခၽြန္တက္သြားတဲ့ပံုစံ မ်က္မွန္ေတြကေတာ့ ေယာင္းတို႔လည္း အြန္လိုင္းေရွာ့ေတာ္ေတာ္မ်ားမ်ားမွာ ျမင္ေတြ႕ေနရမွာပါ။ ၉၀ခုႏွစ္ဝန္းက်င္တုန္းကေတာ့ ဒီလိုမ်က္မွန္ေတြကို ေနရာတကာမွာ ေတြ႕ခဲ့ရပါတယ္။ 90s kids ေတြရဲ႕ဖက္ရွင္ကေတာ့ မီးေတာက္အီမိုဂ်ီပါပဲ။
Related article >>> မိုးရာသီနဲ႔ သင့္ေတာ္လိုက္ဖက္မယ့္ ဖက္ရွင္ကို ဘယ္လိုေရြးခ်ယ္ၾကမလဲ?
(၅) Jacket
90s kids ေတြေခတ္ေကာင္းစဥ္အခါက ဘယ္ေလာက္ပူအိုက္ေနပါေစ jacket ႀကီးေတြ ဝတ္ၾကလြန္းလို႔ လူႀကီးေတြဆူတာ ေငါက္တာ ခံေနက်ရပါ။ ဒီလိုဖက္ရွင္ေတြ တစ္ေခတ္ျပန္ထလာၿပီဆိုေတာ့ ဘယ္သူေတြဘယ္လို ျပန္ဆန္းသစ္ၾကမလဲဆိုတာကို ေစာင့္ၾကည့္ရဦးမွာပါ။
ကဲ … ဒါေတြကေတာ့ ၉၀ခုႏွစ္က ဟစ္ေဟာ့ဖက္ရွင္ေတြကို တစ္ဖန္ဆန္းသစ္ခ်င္တယ္ဆိုရင္ ရွိကိုရွိထားသင့္တာေလးေတြပါေနာ္။ သူမ်ားထက္ေခတ္ေရွ႕ေျပးတဲ့ ဖက္ရွင္ေတြနဲ႔ အထာက်က်လွႏိုင္ၾကပါေစေနာ္ …
Stella (For Her Myanmar)
<<< Unicode >>>
ဖက်ရှင်တွေတစ်ပတ် ပြန်လည်လာတာကို အမီလိုက်နိုင်စေဖို့
ယောင်းတို့ရေ … street style ဆိုတာ လူငယ်ပိုင်းတွေကြား တော်တော်ခေတ်စားနေတဲ့ ဖက်ရှင်ပါ။ Street Style တွေပေါ်လာတာအခုမှ မဟုတ်ပါဘူး … လွန်ခဲ့တဲ့ ၉၀ ခုနှစ်ပိုင်းတွေကို ပြန်ကြည့်မယ်ဆိုရင် အင်္ကျီဆိုက်ဒ်အကြီးကြီးတွေ၊ ခပ်ပွပွဘောင်းဘီတွေနဲ့ လူကြီးတွေမျက်စိ ဆံပင်မွေးစူးခဲ့တဲ့ ဖက်ရှင်တွေကို တွေ့ရမှာပါ။
ခုနောက်ပိုင်းမှာ street style culture တစ်ခုလည်း ပေါ်လာသလို 90s trends တွေကလည်း ပြန်ခေတ်ထ နေတာဆိုတော့ ဒီနှစ်ခုပေါင်းပြီး ဖက်ရှင်အမြင်သစ်တစ်ခုကို ဖန်တီးဖို့ ဘာတွေလိုအပ်မလဲ တူတူကြည့်ကြရအောင်… …
(၁) Oversized Tshirt
ဝတ်နေကျဆိုက်ဒ်ထက် ၃ဆိုက်ဒ်လောက်ပိုကြီးတဲ့ အင်္ကျီပွပွကြီးတွေက ဟစ်ဟော့လောကမှာ အတွေ့အများဆုံးဖက်ရှင်ပါ။ ဒီတိုင်းပွပွဝတ်လို့ရသလို ခါးပတ်နဲ့တွဲဖက်ပြီးလည်း ဝတ်နိုင်ပါတယ်။
(၂) Baggy Pants
Baggy Pants ဆိုတဲ့ ဘောင်းဘီအရှည်ပွပွတွေကလည်း ဟစ်ဟော့ဖက်ရှင်မှာ ချန်လှပ်ထားခဲ့လို့မရပါဘူး။ ယောကျာ်းလေးရော မိန်းကလေးပါ baggy pants တွေနဲ့ ဂေါ်ခဲ့ကြတာ ၉၀ခုနှစ်တွေမှာ ကြီးပြင်းခဲ့တဲ့ ယောင်းတိုင်းမြင်ယောင်နိုင်မှာပါ။
Related article >>> ဒီနှစ်ထဲမှာ ပြန်ခေတ်စားလာနိုင်တဲ့ ၉၀ ခုနှစ်ဝန်းကျင်က ဆံပင်ပုံစံ (၅) မျိုး
(၃) Bucket Hat
Stella မေမေကတော့ ဒွန်းစဏ္ဍားဦးထုပ်လို့ပြောတယ် ဒီဦးထုပ်တွေက ၉၀ ခုနှစ်ဝန်းကျင်က ဆယ်ကျော်သက်တိုင်းလိုလိုမှာရှိခဲ့ဖူးမယ် ထင်ပါတယ် (Stella မှာတောင် ရှိသေးတယ်)။ အခုနောက်ပိုင်း လူငယ်တွေကြားမှာ ပြန်ရေပန်းစားလာပြီဆိုတော့ မကြာခင်မှာ ကျယ်ကျယ်ပြန့်ပြန့်မြင်သွားရဖို့ ရှိပါတယ်။
(၄) Cat Eye Sunglasses
ကြောင်မျက်လုံးလို အပေါ်ကိုချွန်တက်သွားတဲ့ပုံစံ မျက်မှန်တွေကတော့ ယောင်းတို့လည်း အွန်လိုင်းရှော့တော်တော်များများမှာ မြင်တွေ့နေရမှာပါ။ ၉၀ခုနှစ်ဝန်းကျင်တုန်းကတော့ ဒီလိုမျက်မှန်တွေကို နေရာတကာမှာ တွေ့ခဲ့ရပါတယ်။ 90s kids တွေရဲ့ဖက်ရှင်ကတော့ မီးတောက်အီမိုဂျီပါပဲ။
Related article >>> မိုးရာသီနဲ့ သင့်တော်လိုက်ဖက်မယ့် ဖက်ရှင်ကို ဘယ်လိုရွေးချယ်ကြမလဲ?
(၅) Jacket
90s kids တွေခေတ်ကောင်းစဉ်အခါက ဘယ်လောက်ပူအိုက်နေပါစေ jacket ကြီးတွေ ဝတ်ကြလွန်းလို့ လူကြီးတွေဆူတာ ငေါက်တာ ခံနေကျရပါ။ ဒီလိုဖက်ရှင်တွေ တစ်ခေတ်ပြန်ထလာပြီဆိုတော့ ဘယ်သူတွေဘယ်လို ပြန်ဆန်းသစ်ကြမလဲဆိုတာကို စောင့်ကြည့်ရဦးမှာပါ။
ကဲ … ဒါတွေကတော့ ၉၀ခုနှစ်က ဟစ်ဟော့ဖက်ရှင်တွေကို တစ်ဖန်ဆန်းသစ်ချင်တယ်ဆိုရင် ရှိကိုရှိထားသင့်တာလေးတွေပါနော်။ သူများထက်ခေတ်ရှေ့ပြေးတဲ့ ဖက်ရှင်တွေနဲ့ အထာကျကျလှနိုင်ကြပါစေနော် …
Stella (For Her Myanmar)