Fashion Fashion & Beauty

၂၀၁၉ ေႏြရာသီမွာ ေခတ္စားစျပဳေနတဲ့ အေရာင္ဆန္း (၅) မ်ိဳး

ေႏြရာသီမွာလန္းနိုင္ဖို႕ ေရွာ့ပင္းထြက္တဲ့အခါ ဒီအေရာင္ေလးေတြသာ ရွာဝယ္လိုက္ေတာ့ေနာ္ 🥰

ေယာင္းတို႔ေရ…ဖက္ရွင္ရႈိးပြဲေတြမွာ အမ်ားဆံုးသံုးလာၾကတဲ့ အေရာင္ေတြကို ၾကည့္ျခင္းအားျဖင့္ ဒီႏွစ္အတြက္ဘယ္အေရာင္ေတြက ေခတ္စားလာႏိုင္မလဲဆိုတာ ခန္႔မွန္းလို႔ရေနပါၿပီေနာ္။ မႏွစ္က အေနအထားေႁမြဖားအရဆိုရင္ Mustard Yellow လို႔ေခၚတဲ့ အဝါေရာင္က ေရပန္းစားခဲ့သလို ဒီႏွစ္ေႏြရာသီမွာေရာ ဘာအေရာင္ေတြက ေယာင္းတို႔အသည္းစြဲျဖစ္လာမလဲဆိုတာ Stella နဲ႔တူတူၾကည့္လိုက္ၾကရေအာင္

(၁) သႏာၱေရာင္

လိေမၼာ္နဲ႔ပန္းေရာင္ၾကားကအေရာင္ျဖစ္တဲ့ သႏာၱေရာင္က ဒီႏွစ္ရဲ႕ေရပန္းစားလာႏိုင္ေခ်အရွိဆံုးအေရာင္ေတြထဲမွာ ထိပ္ဆံုးကရပ္တည္ေနပါတယ္။ အရမ္းလွတဲ့ သႏာၱေရာင္က ဖက္ရွင္ေလာကထဲက ေပ်ာက္ကြယ္ေနတာ ေတာ္ေတာ္ေတာင္ၾကာေနကာမွ ျဖဳန္းခနဲဆိုသလို ျပန္ေရပန္းစားလာတာပါ။

Relate article >>> ဝတ္စံုျပည့္မဝတ္ခ်င္တဲ့ ေယာင္းတို႔အတြက္ ေပါ့ေပါ့ပါးပါးရုံးတက္ဖက္ရွင္အတြဲအစပ္ (၃) ခု

(၂) နႏြင္းေရာင္

တိမ္ျမဳပ္ေနတာအတန္ငယ္ၾကာၿပီျဖစ္တဲ့ နႏြင္းေရာင္ကေတာ့ ဒီႏွစ္ထဲမွာ ျပန္ေခတ္စားလာဖို႔ ရွိေနပါတယ္ေယာင္းတို႔ေရ။ နႏြင္းေရာင္နဲ႔ တြဲဖက္ဝတ္ဆင္ဖို႔ အေကာင္းဆံုးေသာအေရာင္ေတြကေတာ့ အစိမ္းေရာင္ေတြနဲ႔ အသားေရာင္ရင့္ရင့္ေတြျဖစ္ပါတယ္။

(၃) ပိေတာက္ေျခာက္ေရာင္

အဝါေရာင္အုပ္စုထဲက တစ္ေရာင္ျဖစ္တဲ့ ပိေတာက္ေျခာက္ေရာင္ကေတာ့ ေယာင္းတို႔အသည္းစြဲျဖစ္လာဖို႔ လမ္းစရွိေနေလရဲ႕။ လူငယ္ဆန္ၿပီး တက္ႂကြတဲ့အသြင္ျဖစ္ေစတဲ့ ပိေတာက္ေျခာက္ေရာင္ကေတာ့ မရုိးႏိုင္ေသာ ေရြးခ်ယ္မႈပါပဲ။

Related article >>> မၾကာေသးခင္ကမွ က်င္းပခဲ့တဲ့ Paris Haute Couture week 2019 အေၾကာင္း တစ္ေစ့တေစာင္း

(၄) နီယြန္စိမ္း

အေရာင္ဆန္းအေနနဲ႔ နီယြန္စိမ္းက ေရွ႕ေရာက္လာပါၿပီ။ ၂၀၁၉ ေႏြရာသီမွာ နီယြန္ေရာင္ေတြအမ်ားႀကီး ထြက္ေပၚလာတဲ့ထဲကမွ လူစိတ္ဝင္စားမႈအမ်ားဆံုးရွိေနတာက နီယြန္အစိမ္းေရာင္ပါပဲ။ အျပင္မွာ နီယြန္ေရာင္ေတာက္ေတာက္ ဝတ္ရတာ ေၾကာင္ေနသလိုလိုျဖစ္ႏိုင္လို႔ နည္းနည္းေတာ့ သတိထားရမယ့္ အေရာင္ပါ။

(၅) ေတာ္ဖီေရာင္

အသားအေရာင္ေတာ္ေတာ္မ်ားမ်ားနဲ႔ လိုက္ဖက္တဲ့ ေတာ္ဖီေရာင္ကိုလည္း ေမ့ခ်န္ထားခဲ့လို႔မရပါဘူး။ ေဆာင္းဦးအေရာင္ျဖစ္တဲ့ ေတာ္ဖီက ေႏြရာသီအေရာင္စုစည္းမႈထဲကို ေရာက္လာတာ နည္းနည္းေတာ့ ဆန္းသလိုရွိေပမဲ့ Runway က ပံုေတြၾကည့္ၿပီးေနာက္မွာေတာ့ ဒီအေတြးေတြေပၚလာေတာ့မွာ မဟုတ္ပါဘူး။

Related article >>> အဝတ္အစားဝတ္တဲ့အခါ ကိုယ္နဲ႔လိုက္ဖက္တဲ့အေရာင္ကို ဘယ္လိုေရြးမလဲ ?

ကဲ…အခုဆို ေယာင္းတို႔လည္း ေႏြရာသီမွာ ေခတ္စားလာႏိုင္တဲ့ ကာလာအေနမထားေတြကို သိသြားေလာက္ၿပီထင္ပါတယ္ေနာ္။ ေခတ္စားေနတဲ့အေရာင္ေလးေတြေရြးဝတ္ရင္း ေယာင္းတို႔ ဒီထက္ပိုၿပီး ယံုၾကည္မႈရွိရွိလွႏိုင္ၾကပါေစ။

Stella (For Her Myanmar)

<<<Unicode>>>

နွေရာသီမှာလန်းနိုင်ဖို့ ရှော့ပင်းထွက်တဲ့အခါ ဒီအရောင်လေးတွေသာ ရှာဝယ်လိုက်တော့နော် 🥰

ယောင်းတို့ရေ…ဖက်ရှင်ရှိုးပွဲတွေမှာ အများဆုံးသုံးလာကြတဲ့ အရောင်တွေကို ကြည့်ခြင်းအားဖြင့် းီနှစ်အတွက်ဘယ်အရောင်တွေက ခေတ်စားလာနိုင်မလဲဆိုတာ ခန့်မှန်းလို့ရနေပါပြီနော်။ မနှစ်က အနေအထားမြွေဖားအရဆိုရင် Mustard Yellow လို့ခေါ်တဲ့ အဝါရောင်က ရေပန်းစားခဲ့သလို ဒီနှစ်နွေရာသီမှာရော ဘာအရောင်တွေက ယောင်းတို့အသည်းစွဲဖြစ်လာမလဲဆိုတာ Stella နဲ့တူတူကြည့်လိုက်ကြရအောင်

(၁) သန္တာရောင်

လိမ္မော်နဲ့ပန်းရောင်ကြားကအရောင်ဖြစ်တဲ့ သန္တာရောင်က ဒီနှစ်ရဲ့ရေပန်းစားလာနိုင်ချေအရှိဆုံးအရောင်တွေထဲမှာ ထိပ်ဆုံးကရပ်တည်နေပါတယ်။ အရမ်းလှတဲ့ သန္တာရောင်က ဖက်ရှင်လောကထဲက ပျောက်ကွယ်နေတာ တော်တော်တောင်ကြာနေကာမှ ဖြုန်းခနဲဆိုသလို ပြန်ရေပန်းစားလာတာပါ။

Relate article >>> ဝတ်စုံပြည့်မဝတ်ချင်တဲ့ ယောင်းတို့အတွက် ပေါ့ပေါ့ပါးပါးရုံးတက်ဖက်ရှင်အတွဲအစပ် (၃) ခု

(၂) နနွင်းရောင်

တိမ်မြုပ်နေတာအတန်ငယ်ကြာပြီဖြစ်တဲ့ နနွင်းရောင်ကတော့ ဒီနှစ်ထဲမှာ ပြန်ခေတ်စားလာဖို့ ရှိနေပါတယ်ယောင်းတို့ရေ။ နနွင်းရောင်နဲ့ တွဲဖက်ဝတ်ဆင်ဖို့ အကောင်းဆုံးသောအရောင်တွေကတော့ အစိမ်းရောင်တွေနဲ့ အသားရောင်ရင့်ရင့်တွေဖြစ်ပါတယ်။

(၃) ပိတောက်ခြောက်ရောင်

အဝါရောင်အုပ်စုထဲက တစ်ရောင်ဖြစ်တဲ့ ပိတောက်ခြောက်ရောင်ကတော့ ယောင်းတို့အသည်းစွဲဖြစ်လာဖို့ လမ်းစရှိနေလေရဲ့။ လူငယ်ဆန်ပြီး တက်ကြွတဲ့အသွင်ဖြစ်စေတဲ့ ပိတောက်ခြောက်ရောင်ကတော့ မရိုးနိုင်သော ရွေးချယ်မှုပါပဲ။

Related article >>> မကြာသေးခင်ကမှ ကျင်းပခဲ့တဲ့ Paris Haute Couture week 2019 အကြောင်း တစ်စေ့တစောင်း

(၄) နီယွန်စိမ်း

အရောင်ဆန်းအနေနဲ့ နီယွန်စိမ်းက ရှေ့ရောက်လာပါပြီ။ ၂၀၁၉ နွေရာသီမှာ နီယွန်ရောင်တွေအများကြီး ထွက်ပေါ်လာတဲ့ထဲကမှ လူစိတ်ဝင်စားမှုအများဆုံးရှိနေတာက နီယွန်အစိမ်းရောင်ပါပဲ။ အပြင်မှာ နီယွန်ရောင်တောက်တောက် ဝတ်ရတာ ကြောင်နေသလိုလိုဖြစ်နိုင်လို့ နည်းနည်းတော့ သတိထားရမယ့် အရောင်ပါ။

(၅) တော်ဖီရောင်

အသားအရောင်တော်တော်များများနဲ့ လိုက်ဖက်တဲ့ တော်ဖီရောင်ကိုလည်း မေ့ချန်ထားခဲ့လို့မရပါဘူး။ ဆောင်းဦးအရောင်ဖြစ်တဲ့ တော်ဖီက နွေရာသီအရောင်စုစည်းမှုထဲကို ရောက်လာတာ နည်းနည်းတော့ ဆန်းသလိုရှိပေမဲ့ Runway က ပုံတွေကြည့်ပြီးနောက်မှာတော့ ဒီအတွေးတွေပေါ်လာတော့မှာ မဟုတ်ပါဘူး။

Related article >>> အဝတ်အစားဝတ်တဲ့အခါ ကိုယ်နဲ့လိုက်ဖက်တဲ့အရောင်ကို ဘယ်လိုရွေးမလဲ ?

ကဲ…အခုဆို ယောင်းတို့လည်း နွေရာသီမှာ ခေတ်စားလာနိုင်တဲ့ ကာလာအနေမထားတွေကို သိသွားလောက်ပြီထင်ပါတယ်နော်။ ခေတ်စားနေတဲ့အရောင်လေးတွေရွေးဝတ်ရင်း ယောင်းတို့ ဒီထက်ပိုပြီး ယုံကြည်မှုရှိရှိလှနိုင်ကြပါစေ။

Stella (For Her Myanmar)

Stella
Stella
Stella ကေတာ့ Fashion နဲ႕ Beauty ကို ဝါသနာပါလို႔ For Her Myanmar မွာ ေယာင္းေယာင္းတို႔အတြက္ beauty hacks ေတြ, fashion နဲ႕ပက္သက္တဲ့ အေၾကာင္းအရာမ်ိဳးစံုကို အဓိကေဝမွ်ေပးသြားမွာပါ။ သုတရသေတြကိုလည္း လက္လွမ္းမွီသေလာက္ ေရးေပးပါေသးတယ္။

Leave a Reply

Your email address will not be published. Required fields are marked *