ကိုယ့္လက္နဲ႔ လိုက္ဖက္မယ့္နာရီတစ္လံုးကို ဒီလုိေ႐ြးခ်ယ္မယ္

ကိုယ္နဲ႔ လိုက္ဖက္တဲ့ဒီဇိုင္းေ႐ြးခ်ယ္ဖုိ႔ စဥ္းစားရခက္ေနရင္ဖတ္ၾကည့္ပါေနာ္

ဟိုးအရင္ေခတ္ကေတာ့ အခ်ိန္သိခ်င္ရင္ ေနနာရီ၊ သဲနာရီ ၊ ၾကက္တြန္သံ စသျဖင့္ အမွတ္အသားေတြနဲ႔ မွတ္ခဲ့ၾကတယ္ေပါ့ေလ…. ေနာက္ပိုင္းေတာ့ စက္နာရီေတြလည္း ေပၚလာသလို ခုဆို ဖုန္းေလးတစ္လံုးနဲ႔တင္ ဘယ္အခ်ိန္ရွိၿပီလဲ စဥ္းစားေနစရာမလိုေတာ့တာမ်ိဳးေပါ့… ဆိုေပမဲ့ ဘယ္လိုပဲ ဖုန္းေတြ၊ ကြန္ပ်ဴတာေတြနဲ႔ အခ်ိန္ၾကည့္လုိ႔ရတယ္ဆိုဆို နာရီတစ္လံုး ဆင္ယင္ထားတာက လူတစ္ေယာက္ရဲ႕ ဖက္႐ွင္က်မႈကို အေတာ္ေလး အေထာက္အကူျဖစ္ေစပါတယ္…

အခ်ိန္သိရရံုဘဲမက ဖက္ရွင္ပါ က်ခ်င္ပါတယ္ဆိုကာမွ ကိုယ္နဲ႔မလိုက္တဲ့ နာရီေတြ ပတ္မိရင္လည္း ဂြမ္းေနဦးမယ္.. ဆိုေတာ့ ေယာင္းတို႔နဲ႔ လိုက္ဖက္တဲ့ နာရီလွလွေလးတစ္လံုးကို ဘယ္လို ေရြးခ်ယ္ရမလဲဆိုတဲ့ နည္းလမ္းေလးေတြ သိထားဖို႔ လိုလာၿပီေပါ့… ဒါဆိုရင္ အရင္ဆံုးလုပ္ရမွာက ေယာင္းတို႔ရဲ႕ လက္ေကာက္ဝတ္က ဘယ္လုိ အမ်ိဳးအစားလဲ ခြဲျခားဖို႔ပါပဲ။

လက္ေကာက္ဝတ္ကို စင္တီမီတာႀကိဳးနဲ႔ တိုင္းတာၾကည့္ပါ။ ဒီလုိတုိင္းၾကည့္လုိ႔ လံုးပတ္က

  • ၁၄ ကေန ၁၆ စင္တီမီတာအတြင္းဆိုရင္ ေသးသြယ္တဲ့ လက္ေကာက္ဝတ္၊
  • ၁၆ ကေန ၁၇ ဆိုရင္ ဆလင္ဒါပံုစံ လက္ေကာက္ဝတ္၊
  • ၁၇ ကေန ၁၈ ဆုိရင္ အလယ္အလတ္ဆိုဒ္ ျဖစ္ၿပီး ၁၈ ရဲ႕ အထက္ဆိုရင္ ဆိုဒ္ႀကီးေပါ့ေနာ္။

ကိုယ့္ရဲ႕ လက္ေကာက္ဝတ္အမ်ိဳးအစားကို သိသြားၿပီဆိုရင္ေတာ့ နာရီေရြးခ်ယ္လို႔ ရပါၿပီ။

ေသးသြယ္တဲ့ လက္ေကာက္ဝတ္ပိုင္႐ွင္ ဆုိရင္ နာရီဒိုင္ခြက္ႀကီးတာ၊ လက္ပတ္ႀကိဳးအျပားႀကီးတာေတြနဲ႔ လုိက္ဖက္မႈမ႐ွိပါဘူး။ ၃၈ မီလီမီတာ႐ွိတဲ့ ဒိုင္ခြက္ေတြက ေသးသြယ္တဲ့ လက္ေကာက္ဝတ္ေတြနဲ႔ လိုက္ဖက္တယ္လို႔ဆိုပါတယ္ေနာ္။

Related Article >>> ကိုယ့္ဘရာဆိုဒ္အမွန္ကို အလြယ္ဆံုးနည္းနဲ႔ ဒီလိုတုိင္းမယ္

ဆလင္ဒါပံုစံ လက္ေကာက္ဝတ္ ဆိုရင္ေတာ့ နာရီဒိုင္ခြက္က ၄၀ မီလီမီတာ႐ွိသင့္ၿပီး နာရီအိုးကိုေတာ့ ၈ မီလီမီတာထက္ႀကီးတာကို မေ႐ြးခ်ယ္သင့္ပါဘူးတဲ့…

အခ်ိန္လည္း သိရ ဖက္႐ွင္လည္းက်

အလယ္အလတ္ လက္ေကာက္ဝတ္ ပိုင္႐ွင္ေတြက ကံေကာင္းပါတယ္။ တျခား လက္ေကာက္ဝတ္အမ်ိဳးအစားထက္ သူတို႔က ေ႐ြးခ်ယ္လုိ႔ရတာ ပိုမ်ားပါတယ္။ ေ႐ွာင္သင့္တာကေတာ့ ႀကီးလြန္းတဲ့ နာရီေတြနဲ႔ ေသးလြန္းတဲ့ နာရီေတြပါပဲ။

Related Article >>> သြားမယ့္ေနရာကိုလိုက္ၿပီး ဖိနပ္ေရြးခ်ယ္မႈ မွန္ကန္ေစဖို႔

လက္ေကာက္ဝတ္ဆိုဒ္ႀကီး ဆိုေတာ့ နာရီႀကီးႀကီးပဲ ဝယ္မယ္ေတာ့ မလုပ္နဲ႔ေနာ္။ ႀကီးတာနဲ႔ လုိက္ဖက္တယ္ဆိုေပမဲ့ ၄၄ ကေန ၄၆ မီလီမီတာၾကား ဒါမွမဟုတ္ အဲဒါထက္ နည္းနည္းပိုႀကီးတဲ့ ဆိုဒ္က ဒီလုိ လက္ေကာက္ဝတ္ပိုင္႐ွင္ေတြနဲ႔ အလုိက္ဖက္ဆံုးပါပဲ။

ဒီေလာက္ဆုိရင္ ေယာင္းတို႔နဲ႔ လုိက္ဖက္မႈ႐ွိတဲ့ နာရီတစ္လံုးကို ေ႐ြးခ်ယ္ႏိုင္ၿပီလုိ႔ ထင္ပါတယ္ေနာ္။ လွပတဲ့ နာရီတစ္လံုးနဲ႔ အတူ တန္ဖိုး႐ွိတဲ့ အခ်ိန္ကာလေတြကို ေက်ာ္ျဖတ္ႏုိင္ၾကပါေစလို႔…

Sugar Cane (For Her Myanmar)

References : realmenrealstylethetrendspotter

<<< Unicode >>>

ကိုယ်နဲ့ လိုက်ဖက်တဲ့ဒီဇိုင်းရွေးချယ်ဖို့ စဉ်းစားရခက်နေရင်ဖတ်ကြည့်ပါနော်

ဟိုးအရင်ခေတ်ကတော့ အချိန်သိချင်ရင် နေနာရီ၊ သဲနာရီ ၊ ကြက်တွန်သံ စသဖြင့် အမှတ်အသားတွေနဲ့ မှတ်ခဲ့ကြတယ်ပေါ့လေ…. နောက်ပိုင်းတော့ စက်နာရီတွေလည်း ပေါ်လာသလို ခုဆို ဖုန်းလေးတစ်လုံးနဲ့တင် ဘယ်အချိန်ရှိပြီလဲ စဉ်းစားနေစရာမလိုတော့တာမျိုးပေါ့… ဆိုပေမဲ့ ဘယ်လိုပဲ ဖုန်းတွေ၊ ကွန်ပျူတာတွေနဲ့ အချိန်ကြည့်လို့ရတယ်ဆိုဆို နာရီတစ်လုံး ဆင်ယင်ထားတာက လူတစ်ယောက်ရဲ့ ဖက်ရှင်ကျမှုကို အတော်လေး အထောက်အကူဖြစ်စေပါတယ်…

အချိန်သိရရုံဘဲမက ဖက်ရှင်ပါ ကျချင်ပါတယ်ဆိုကာမှ ကိုယ်နဲ့မလိုက်တဲ့ နာရီတွေ ပတ်မိရင်လည်း ဂွမ်းနေဦးမယ်.. ဆိုတော့ ယောင်းတို့နဲ့ လိုက်ဖက်တဲ့ နာရီလှလှလေးတစ်လုံးကို ဘယ်လို ရွေးချယ်ရမလဲဆိုတဲ့ နည်းလမ်းလေးတွေ သိထားဖို့ လိုလာပြီပေါ့… ဒါဆိုရင် အရင်ဆုံးလုပ်ရမှာက ယောင်းတို့ရဲ့ လက်ကောက်ဝတ်က ဘယ်လို အမျိုးအစားလဲ ခွဲခြားဖို့ပါပဲ။

လက်ကောက်ဝတ်ကို စင်တီမီတာကြိုးနဲ့ တိုင်းတာကြည့်ပါ။ ဒီလိုတိုင်းကြည့်လို့ လုံးပတ်က

  • ၁၄ ကနေ ၁၆ စင်တီမီတာအတွင်းဆိုရင် သေးသွယ်တဲ့ လက်ကောက်ဝတ်၊
  • ၁၆ ကနေ ၁၇ ဆိုရင် ဆလင်ဒါပုံစံ လက်ကောက်ဝတ်၊
  • ၁၇ ကနေ ၁၈ ဆိုရင် အလယ်အလတ်ဆိုဒ် ဖြစ်ပြီး ၁၈ ရဲ့ အထက်ဆိုရင် ဆိုဒ်ကြီးပေါ့နော်။

ကိုယ့်ရဲ့ လက်ကောက်ဝတ်အမျိုးအစားကို သိသွားပြီဆိုရင်တော့ နာရီရွေးချယ်လို့ ရပါပြီ။

သေးသွယ်တဲ့ လက်ကောက်ဝတ်ပိုင်ရှင် ဆိုရင် နာရီဒိုင်ခွက်ကြီးတာ၊ လက်ပတ်ကြိုးအပြားကြီးတာတွေနဲ့ လိုက်ဖက်မှုမရှိပါဘူး။ ၃၈ မီလီမီတာရှိတဲ့ ဒိုင်ခွက်တွေက သေးသွယ်တဲ့ လက်ကောက်ဝတ်တွေနဲ့ လိုက်ဖက်တယ်လို့ဆိုပါတယ်နော်။

Related Article >>> ကိုယ့်ဘရာဆိုဒ်အမှန်ကို အလွယ်ဆုံးနည်းနဲ့ ဒီလိုတိုင်းမယ်

ဆလင်ဒါပုံစံ လက်ကောက်ဝတ် ဆိုရင်တော့ နာရီဒိုင်ခွက်က ၄၀ မီလီမီတာရှိသင့်ပြီး နာရီအိုးကိုတော့ ၈ မီလီမီတာထက်ကြီးတာကို မရွေးချယ်သင့်ပါဘူးတဲ့…

အချိန်လည်း သိရ ဖက်ရှင်လည်းကျ

အလယ်အလတ် လက်ကောက်ဝတ် ပိုင်ရှင်တွေက ကံကောင်းပါတယ်။ တခြား လက်ကောက်ဝတ်အမျိုးအစားထက် သူတို့က ရွေးချယ်လို့ရတာ ပိုများပါတယ်။ ရှောင်သင့်တာကတော့ ကြီးလွန်းတဲ့ နာရီတွေနဲ့ သေးလွန်းတဲ့ နာရီတွေပါပဲ။

Related Article >>> သွားမယ့်နေရာကိုလိုက်ပြီး ဖိနပ်ရွေးချယ်မှု မှန်ကန်စေဖို့

လက်ကောက်ဝတ်ဆိုဒ်ကြီး ဆိုတော့ နာရီကြီးကြီးပဲ ဝယ်မယ်တော့ မလုပ်နဲ့နော်။ ကြီးတာနဲ့ လိုက်ဖက်တယ်ဆိုပေမဲ့ ၄၄ ကနေ ၄၆ မီလီမီတာကြား ဒါမှမဟုတ် အဲဒါထက် နည်းနည်းပိုကြီးတဲ့ ဆိုဒ်က ဒီလို လက်ကောက်ဝတ်ပိုင်ရှင်တွေနဲ့ အလိုက်ဖက်ဆုံးပါပဲ။

ဒီလောက်ဆိုရင် ယောင်းတို့နဲ့ လိုက်ဖက်မှုရှိတဲ့ နာရီတစ်လုံးကို ရွေးချယ်နိုင်ပြီလို့ ထင်ပါတယ်နော်။ လှပတဲ့ နာရီတစ်လုံးနဲ့ အတူ တန်ဖိုးရှိတဲ့ အချိန်ကာလတွေကို ကျော်ဖြတ်နိုင်ကြပါစေလို့…

Sugar Cane (For Her Myanmar)

References : realmenrealstylethetrendspotter

No Comments Yet

Comments are closed