ဘယ္သြားသြားတင့္တယ္ေစမယ့္ ျမန္မာဝတ္စံုဖက္ရွင္မ်ား

ဒါေတြၾကည့္ၿပီး ျမန္မာဝတ္စံုေလးေတြ ေျပးခ်ဳပ္ခ်င္စိတ္ ေပါက္သြားၾကၿပီမလား 😛 

ေယာင္းတို႔ေရ … ျမန္မာဝတ္စံုဆိုတာ Stella တို႔ မိန္းကေလးေတြ ဒီေန႔ဒီအခ်ိန္ထိ မက္မက္ေမာေမာဝတ္ေနရဆဲပါေနာ္။ ဘုရားသြားေက်ာင္းတက္ျဖစ္ျဖစ္၊ အလွဴပြဲပဲႏႊဲႏြဲ၊ မဂၤလာေဆာင္ပြဲတက္ကအစ ေန႔စဥ္ေက်ာင္းသြားရုံးသြားဝတ္တာအထိ ျမန္မာဝတ္စံုက မပါမျဖစ္ပါပဲ။ ဆိုေတာ့အခု Stella က ေယာင္းတို႔အတြက္ က်က္သေရရွိတဲ့ ျမန္မာဝတ္စံုဒီဇိုင္းပံုေလးေတြကို စုစည္းတင္ျပေပးလိုက္ပါတယ္ေနာ္။

photo credit – Ashley Kokoe Facebook

ပံုမွာ ေမာ္ဒယ္ Ashley Kokoe ေလးဝတ္ထားကေတာ့ FGM ရဲ႕ polka dots collection အဆင္ေလးနဲ႔ ျမန္မာဝတ္စံုယဥ္ယဥ္ေလးပါ။

Related article >>> 90s ဟစ္ေဟာ့ဖက္ရွင္ကို ဒါေတြနဲ႔အတူ ျပန္လည္ရယူလိုက္ပါ

Photo credit –  Burmese Fashion Closet Facebook Page

ေမတိုးခိုင္ရဲ႕ ျမန္မာဝတ္စံုေလးကေတာ့ ဒီဇိုင္နာ အိေက်ာ္ဇင္ (Vivid) ရဲ႕ လက္ရာေလးပါ။ ရိုးရိုးရွင္းရွင္းေလးမို႔ ေယာင္းတို႔အႀကိဳက္ေတြ႔မယ္ထင္ပါတယ္ေနာ္။

Photo credit – Nang Kae Mar Facebook

ေမာ္ဒယ္ နန္းေခးမားဝတ္ဆင္ထားတာကေတာ့ ဒီဇိုင္နာ ေခ်ာစုျမတ္ရဲ႕ တီထြင္မႈေလးပါ။ ခ်ိဳခ်ဥ္ေရာင္ေလးကိုမွ ဒီဇိုင္းဆန္းဆန္းေလးနဲ႔ဆိုေတာ့ Stella ေတာင္ ဝတ္ခ်င္ေနပါၿပီ။

Related article >>> မိုးရာသီနဲ႔ သင့္ေတာ္လိုက္ဖက္မယ့္ ဖက္ရွင္ကို ဘယ္လိုေရြးခ်ယ္ၾကမလဲ?

Photo credit – Naw Phaw Eh Htar Facebook

ေနာ္ေဖာေလးဝတ္ထားတဲ့ အခ်ိတ္ထမီနဲ႔ ျမန္မာဝတ္စံုေလးက မရိုးမဆန္းေလးဆိုေတာ့ ဘုရားသြားေက်ာင္းတက္ျဖစ္ျဖစ္၊ အလွဴမဂၤလာပြဲပဲျဖစ္ျဖစ္ ပြဲလယ္တင့္ေနမွာ အမွန္ပါပဲ။

Photo credit – Ariel Thuta Facebook

Ariel Thuta ေလးဝတ္ထားတဲ့ ျမန္မာဝတ္စံုေလးက အေရာင္လြင္ေလးနဲ႔ အရမ္းေတြကိုမွ ခ်စ္စရာေကာင္းေနပါၿပီ။

ျမန္မာဝတ္စံုေလးေတြက ဝတ္တတ္ရင္ ဝတ္တတ္သလို လူတိုင္းကို လွေစတာပါ။ ေယာင္းတို႔လည္း Stella စုစည္းေပးလိုက္တဲ့ ျမန္မာဝတ္စံုေလးေတြကို ႀကိဳက္ႏွစ္သက္မယ္ထင္ပါတယ္ေနာ္ …

Stella (For Her Myanmar)

<<< Unicode >>>

ဒါတွေကြည့်ပြီး မြန်မာဝတ်စုံလေးတွေ ပြေးချုပ်ချင်စိတ် ပေါက်သွားကြပြီမလား 😛 

ယောင်းတို့ရေ … မြန်မာဝတ်စုံဆိုတာ Stella တို့ မိန်းကလေးတွေ ဒီနေ့ဒီအချိန်ထိ မက်မက်မောမောဝတ်နေရဆဲပါနော်။ ဘုရားသွားကျောင်းတက်ဖြစ်ဖြစ်၊ အလှူပွဲပဲနွှဲနွဲ၊ မင်္ဂလာဆောင်ပွဲတက်ကအစ နေ့စဉ်ကျောင်းသွားရုံးသွားဝတ်တာအထိ မြန်မာဝတ်စုံက မပါမဖြစ်ပါပဲ။ ဆိုတော့အခု Stella က ယောင်းတို့အတွက် ကျက်သရေရှိတဲ့ မြန်မာဝတ်စုံဒီဇိုင်းပုံလေးတွေကို စုစည်းတင်ပြပေးလိုက်ပါတယ်နော်။

photo credit – Ashley Kokoe Facebook

ပုံမှာ မော်ဒယ် Ashley Kokoe လေးဝတ်ထားကတော့ FGM ရဲ့ polka dots collection အဆင်လေးနဲ့ မြန်မာဝတ်စုံယဉ်ယဉ်လေးပါ။

Related article >>> 90s ဟစ်ဟော့ဖက်ရှင်ကို ဒါတွေနဲ့အတူ ပြန်လည်ရယူလိုက်ပါ

Photo credit –  Burmese Fashion Closet Facebook Page

မေတိုးခိုင်ရဲ့ မြန်မာဝတ်စုံလေးကတော့ ဒီဇိုင်နာ အိကျော်ဇင် (Vivid) ရဲ့ လက်ရာလေးပါ။ ရိုးရိုးရှင်းရှင်းလေးမို့ ယောင်းတို့အကြိုက်တွေ့မယ်ထင်ပါတယ်နော်။

Photo credit – Nang Kae Mar Facebook

မော်ဒယ် နန်းခေးမားဝတ်ဆင်ထားတာကတော့ ဒီဇိုင်နာ ချောစုမြတ်ရဲ့ တီထွင်မှုလေးပါ။ ချိုချဉ်ရောင်လေးကိုမှ ဒီဇိုင်းဆန်းဆန်းလေးနဲ့ဆိုတော့ Stella တောင် ဝတ်ချင်နေပါပြီ။

Related article >>> မိုးရာသီနဲ့ သင့်တော်လိုက်ဖက်မယ့် ဖက်ရှင်ကို ဘယ်လိုရွေးချယ်ကြမလဲ?

Photo credit – Naw Phaw Eh Htar Facebook

နော်ဖောလေးဝတ်ထားတဲ့ အချိတ်ထမီနဲ့ မြန်မာဝတ်စုံလေးက မရိုးမဆန်းလေးဆိုတော့ ဘုရားသွားကျောင်းတက်ဖြစ်ဖြစ်၊ အလှူမင်္ဂလာပွဲပဲဖြစ်ဖြစ် ပွဲလယ်တင့်နေမှာ အမှန်ပါပဲ။

Photo credit – Ariel Thuta Facebook

Ariel Thuta လေးဝတ်ထားတဲ့ မြန်မာဝတ်စုံလေးက အရောင်လွင်လေးနဲ့ အရမ်းတွေကိုမှ ချစ်စရာကောင်းနေပါပြီ။

မြန်မာဝတ်စုံလေးတွေက ဝတ်တတ်ရင် ဝတ်တတ်သလို လူတိုင်းကို လှစေတာပါ။ ယောင်းတို့လည်း Stella စုစည်းပေးလိုက်တဲ့ မြန်မာဝတ်စုံလေးတွေကို ကြိုက်နှစ်သက်မယ်ထင်ပါတယ်နော် …

Stella (For Her Myanmar)

No Comments Yet

Comments are closed