Fashion Fashion & Beauty

အသက္ (၂၀) ဝန္းက်င္မွာ အမ်ိဳးသမီးတိုင္းလိုလိုလုပ္မိတတ္တဲ့ ဖက္ရွင္အမွား (၇) ခု

တိုက္ဆိုင္လြန္းအားႀကီးလို႕ ထိရွေနပါၿပီေနာ္ 🤕 🤕

ေယာင္းေရ…အသက္ (၂၀) ဝန္းက်င္အရြယ္ဆိုတာ မႏူးမနပ္ဆယ္ေက်ာ္သက္အရြယ္ကို ေက်ာ္လြန္စျပဳၿပီး ရင့္က်က္တဲ့အရြယ္မတိုင္မီ စပ္ကူးမတ္ကူးအရြယ္ေပါ့။ ဒီအသက္အရြယ္မွာ ဆယ္ေက်ာ္သက္တုန္းကလိုလည္း မဝတ္ခ်င္ ကိုယ့္အသက္ထက္ပိုရင့္ပံုေပါက္တဲ့ အဝတ္အစားေတြကိုလည္း မဝတ္ခ်င္ေသးတဲ့အခါ အေတာ္တိုင္ပတ္ပါတယ္။ အဲ့ဒီအခါမွာ ဟိုစပ္စပ္ဒီစပ္စပ္ဝယ္ရင္းနဲ႔ ဒီလိုဖက္ရွင္အမွားေတြကို လုပ္မိတတ္ၾကပါတယ္ေနာ္။

(၁) အက်ႌတစ္ထည္ကို ႏွစ္ခါျပန္မဝတ္္တာ

သူမ်ားေတြက ဒီအက်ႌတစ္ထည္တည္းကိုပဲ ခဏခဏဝတ္ေနတယ္ေျပာမွာစိုးလို႔ ေယာင္းမွာရွိတဲ့အက်ႌအေကာင္းေတြကို ေခ်ာင္ထိုးမထားပါနဲ႔။

Related article >>> အဝတ္အစားဝတ္တဲ့အခါ ကိုယ္နဲ႔လိုက္ဖက္တဲ့အေရာင္ကို ဘယ္လိုေရြးမလဲ ?

(၂) ေစ်းေပါတဲ့ပစၥည္းေတြအမ်ားႀကီးဝယ္ေနၿပီးမွ ေကာင္းေကာင္းကန္းကန္းတစ္ထည္မွ မရွိဘူးလို႔ညည္းတာ

ေစ်းေပါတဲ့အထည္ေတြ ဝယ္မယ့္အစား အဲ့ပိုက္ဆံကို စုထားရင္ အလယ္အလတ္ဘရန္းဒ္အက်ႌေကာင္းေကာင္းတစ္ထည္ဝယ္လို႔ရပါတယ္။

(၃) သူမ်ားေတြက ကိုယ္နဲ႔မလိုက္ဘူးဆိုလို႔ မဝတ္တာ

ေယာင္းက ပိန္လို႔ဝလို႔ ဒီလိုပံုစံနဲ႔မလိုက္ဘူးလို႔ေျပာတဲ့အခါ ဂရုမစိုက္ပါနဲ႔။ ကိုယ္ႀကိဳက္ရင္ ဝယ္ပါ ဝတ္ပါ။ သူမ်ားေတြရဲ႕ဆံုးျဖတ္ခ်က္ေတြက အေရးမပါပါဘူး။

Related article >>> ကမ္းေျခမွာ အပန္းေျဖရင္း လန္းေနဖို႔ဆိုရင္

(၄) သက္ေတာင့္သက္သာမရွိတဲ့ ဖိနပ္ေတြဝယ္တာ

ကိုယ္နဲ႔မေတာ္လို႔ စီးရတာသက္ေတာင့္သက္သာမျဖစ္တဲ့ ဖိနပ္ေတြကို လွတာတစ္ခုတည္းေၾကာင့္ေတာ့ မဝယ္ပါနဲ႔။

(၅) တံဆိပ္ေၾကာင့္ ပိုက္ဆံကို ဘံုးေပါလေအာသံုးတာ

ပစၥည္းအရည္အေသြးကို မၾကည့္ဘဲ နာမည္ႀကီးဒီဇိုင္နာဘရန္းဒ္ျဖစ္တာနဲ႔ ပိုက္ဆံေတြပံုေအာေပးၿပီး ဝယ္တာမ်ိဳးကို ေရွာင္ပါ။

Related article >>> ေဒါက္ဖိနပ္လွလွေလးေတြရဲ႕ အမ်ိဳးအစားေတြကို ခြဲျခားသိေစဖို႔

(၆) ပ်င္းလို႔ေဈးဝယ္ထြက္လိုက္တာ

တစ္ခ်ိဳ႕ေယာင္းေတြက ပ်င္းပ်င္းရွိတာနဲ႔ အဝတ္အစားအသစ္ေတြ ဝယ္လိုက္ၾကတတ္ပါတယ္။ Stella ကိုယ္တိုင္လည္း ဒီလိုလုပ္ခဲ့ဖူးတာ ဝန္ခံပါတယ္။ ဒီလိုဝယ္မိတဲ့အခါ ေယာင္းဆီမွာ မဝတ္ျဖစ္တဲ့အဝတ္အစားေတြ ပံုလာသလို ဘက္ဂ်က္လည္းထိခိုက္ပါတယ္ေနာ္။

(၇) Trend ေနာက္ကိုလိုက္လြန္းတာ

Trend ေနာက္လိုက္တာ အျပစ္မဟုတ္ေပမဲ့ အလိုက္လြန္ၿပီး အသစ္ထြက္သမွ်ဝယ္ေနရင္ေတာ့ ဝယ္လြန္းမိ အျပစ္ရွိပါေနာ္။ ဖက္ရွင္ေရစီးေၾကာင္းဆိုတာ ဒီေနရာမွာပဲ အၿမဲရပ္ေနတတ္တဲ့အမ်ိဳးမဟုတ္ေလေတာ့ ေယာင္းဝယ္လိုက္တဲ့ အက်ႌအဝတ္အစားေတြက ေခတ္မစားေတာ့တဲ့အခါ သက္သက္မဲ့ပိုက္ဆံကုန္တာပဲ အဖတ္တင္မွာမို႔ ေယာင္းနဲ႔လိုက္ဖက္မယ့္ ကိုယ္ပိုင္စတိုင္လ္တစ္ခုထားၿပီး အဲ့အတိုင္းပဲဝတ္သင့္ပါတယ္။

Related article >>> ေလးေထာင့္က်က်လည္ပင္းပံုစံေတြကို သူတို႔ေတြ ဘယ္လုိ ဝတ္ထားၾကလဲ?

ဒီေလာက္ဆိုရင္ ေယာင္းတို႔လည္း ကိုယ္တိုင္လုပ္မိေနတဲ့ ဖက္ရွင္အမွားေတြကို ျမင္ၾကေလာက္ၿပီေပါ့ေနာ္။ Stella ကေတာ့ ျပင္ေနဆဲပါပဲ။ ေယာင္းတို႔လည္း အခ်ိန္မီျပင္ဖို႔ မေမ့နဲ႔ေနာ္…

Stella (For Her Myanmar)

<<<Unicode>>>

တိုက်ဆိုင်လွန်းအားကြီးလို့ ထိရှနေပါပြီနော်  🤕🤕

ယောင်းရေ…အသက် (၂၀) ဝန်းကျင်အရွယ်ဆိုတာ မနူးမနပ်ဆယ်ကျော်သက်အရွယ်ကို ကျော်လွန်စပြုပြီး ရင့်ကျက်တဲ့အရွယ်မတိုင်မီ စပ်ကူးမတ်ကူးအရွယ်ပေါ့။ ဒီအသက်အရွယ်မှာ ဆယ်ကျော်သက်တုန်းကလိုလည်း မဝတ်ချင် ကိုယ့်အသက်ထက်ပိုရင့်ပုံပေါက်တဲ့ အဝတ်အစားတွေကိုလည်း မဝတ်ချင်သေးတဲ့အခါ အတော်တိုင်ပတ်ပါတယ်။ အဲ့ဒီအခါမှာ ဟိုစပ်စပ်ဒီစပ်စပ်ဝယ်ရင်းနဲ့ ဒီလိုဖက်ရှင်အမှားတွေကို လုပ်မိတတ်ကြပါတယ်နော်။

(၁) အင်္ကျီတစ်ထည်ကို နှစ်ခါပြန်မဝတ်တာ

သူများတွေက ဒီအင်္ကျီတစ်ထည်တည်းကိုပဲ ခဏခဏဝတ်နေတယ်ပြောမှာစိုးလို့ ယောင်းမှာရှိတဲ့အင်္ကျီအကောင်းတွေကို ချောင်ထိုးမထားပါနဲ့။

Related article >>> အဝတ်အစားဝတ်တဲ့အခါ ကိုယ်နဲ့လိုက်ဖက်တဲ့အရောင်ကို ဘယ်လိုရွေးမလဲ ?

(၂) ဈေးပေါတဲ့ပစ္စည်းတွေအများကြီးဝယ်နေပြီးမှ ကောင်းကောင်းကန်းကန်းတစ်ထည်မှ မရှိဘူးလို့ညည်းတာ

ဈေးပေါတဲ့အထည်တွေ ဝယ်မယ့်အစား အဲ့ပိုက်ဆံကို စုထားရင် အလယ်အလတ်ဘရန်းဒ်အင်္ကျီကောင်းကောင်းတစ်ထည်ဝယ်လို့ရပါတယ်။

(၃) သူများတွေက ကိုယ်နဲ့မလိုက်ဘူးဆိုလို့

မဝတ်တာယောင်းက ပိန်လို့ဝလို့ ဒီလိုပုံစံနဲ့မလိုက်ဘူးလို့ပြောတဲ့အခါ ဂရုမစိုက်ပါနဲ့။ ကိုယ်ကြိုက်ရင် ဝယ်ပါ ဝတ်ပါ။ သူများတွေရဲ့ဆုံးဖြတ်ချက်တွေက အရေးမပါပါဘူး။

Related article >>> ကမ်းခြေမှာ အပန်းဖြေရင်း လန်းနေဖို့ဆိုရင်

(၄) သက်တောင့်သက်သာမရှိတဲ့ ဖိနပ်တွေဝယ်တာ

ကိုယ်နဲ့မတော်လို့ စီးရတာသက်တောင့်သက်သာမဖြစ်တဲ့ ဖိနပ်တွေကို လှတာတစ်ခုတည်းကြောင့်တော့ မဝယ်ပါနဲ့။

(၅) တံဆိပ်ကြောင့် ပိုက်ဆံကို ဘုံးပေါလအောသုံးတာ

ပစ္စည်းအရည်အသွေးကို မကြည့်ဘဲ နာမည်ကြီးဒီဇိုင်နာဘရန်းဒ်ဖြစ်တာနဲ့ ပိုက်ဆံတွေပုံအောပေးပြီး ဝယ်တာမျိုးကို ရှောင်ပါ။

Related article >>> ဒေါက်ဖိနပ်လှလှလေးတွေရဲ့ အမျိုးအစားတွေကို ခွဲခြားသိစေဖို့

(၆) ပျင်းလို့ဈေးဝယ်ထွက်လိုက်တာ

တစ်ချို့ယောင်းတွေက ပျင်းပျင်းရှိတာနဲ့ အဝတ်အစားအသစ်တွေ ဝယ်လိုက်ကြတတ်ပါတယ်။ Stella ကိုယ်တိုင်လည်း ဒီလိုလုပ်ခဲ့ဖူးတာ ဝန်ခံပါတယ်။ ဒီလိုဝယ်မိတဲ့အခါ ယောင်းဆီမှာ မဝတ်ဖြစ်တဲ့အဝတ်အစားတွေ ပုံလာသလို ဘက်ဂျက်လည်းထိခိုက်ပါတယ်နော်။

(၇) Trend နောက်ကိုလိုက်လွန်းတာ

Trend နောက်လိုက်တာ အပြစ်မဟုတ်ပေမဲ့ အလိုက်လွန်ပြီး အသစ်ထွက်သမျှဝယ်နေရင်တော့ ဝယ်လွန်းမိ အပြစ်ရှိပါနော်။ ဖက်ရှင်ရေစီးကြောင်းဆိုတာ ဒီနေရာမှာပဲ အမြဲရပ်နေတတ်တဲ့အမျိုးမဟုတ်လေတော့ ယောင်းဝယ်လိုက်တဲ့ အင်္ကျီအဝတ်အစားတွေက ခေတ်မစားတော့တဲ့အခါ သက်သက်မဲ့ပိုက်ဆံကုန်တာပဲ အဖတ်တင်မှာမို့ ယောင်းနဲ့လိုက်ဖက်မယ့် ကိုယ်ပိုင်စတိုင်လ်တစ်ခုထားပြီး အဲ့အတိုင်းပဲဝတ်သင့်ပါတယ်။

Related article >>> လေးထောင့်ကျကျလည်ပင်းပုံစံတွေကို သူတို့တွေ ဘယ်လို ဝတ်ထားကြလဲ?

ဒီလောက်ဆိုရင် ယောင်းတို့လည်း ကိုယ်တိုင်လုပ်မိနေတဲ့ ဖက်ရှင်အမှားတွေကို မြင်ကြလောက်ပြီပေါ့နော်။ Stella ကတော့ ပြင်နေဆဲပါပဲ။ ယောင်းတို့လည်း အချိန်မီပြင်ဖို့ မမေ့နဲ့နော်…

Stella (For Her Myanmar)

Mya Thitty
Mya Thitty
နာမည္ကေတာ့ ျမသစ္တည္ ပါ။ Fashion နဲ႕ Beauty ကို ဝါသနာပါလို႔ For Her Myanmar မွာ ေယာင္းေယာင္းတို႔အတြက္ beauty hacks ေတြ, fashion နဲ႕ပက္သက္တဲ့ အေၾကာင္းအရာမ်ိဳးစံုနဲ႕ သုတရသစာေပေတြကို မွ်ေဝေပးသြားမွာပါ။

Leave a Reply

Your email address will not be published. Required fields are marked *