စမတ်ကျပြီး ရိုးရှင်းတဲ့ နာရီစတိုင်လ် (၆)မျိုး

နမူနာပြထားတဲ့ပုံလေးတွေ ဝင်ကြည့်ပြီး သွားရည်ကျကြပါဦး 😛

လောလောဆယ် ဈေးကွက်ထဲမှာ အတွေ့များပြီး မိန်းကလေးတော်တော်များများ အပတ်များတဲ့ နာရီပုံစံကတော့ (၆) မျိုးရှိပါတယ်။

(၁) စမတ်နာရီ (Smart Watch)

စမတ်ဖုန်းတစ်လုံးနီးပါးအသုံးပြုနိုင်တဲ့ ဒီနာရီလေးတွေကတော့ ပေါ့ပါးသွက်လက်ပြီး လူငယ်ဆန်တဲ့အသွင်ကို ဆောင်စေပါတယ်။

watches
Smart Watch

(၂) Rose Gold Watch

ရွှေရောင်နဲ့ နှင်းဆီပန်းရောင်ရောစပ်ထားတဲ့ Rose Gold အရောင်လေးကတော့ ၂၀၁၇ နောက်ပိုင်းနဲ့ ၂၀၁၈ တစ်နှစ်လုံးအတွင်း ခေတ်အစားဆုံးအရောင် ဖြစ်တယ်ဆိုတာ ဘယ်သူမှငြင်းလို့မရပါဘူး။ အရောင်ငြိမ်ပြီး ဘယ်အသားအရေနဲ့မဆို လိုက်ဖက်တာကြောင့် အားလုံးရဲ့အသည်းစွဲပေါ့.. 

watches
Rose Gold Watch

Related Article >>> ရှုပ်ပွနေတဲ့ accessoriesတွေကို ဒီလိုလေးရှင်းပစ်လိုက်မယ်

(၃) ပန်းပွင့်ပုံပါတဲ့နာရီ (Floral Watch)

နူးနူးညံ့ညံ့လေးနဲ့ ချစ်စရာကောင်းတဲ့ အသွင်လေးကို လိုချင်ရင်တော့ ဒီလိုနာရီလေးက အသင့်တော်ဆုံးပါပဲ။ ဂါဝန်လေးတွေအဝတ်များတဲ့ ယောင်းတို့ကတော့ ဒီလိုပုံစံမျိုးလေးရွေးနော်။

watches
Floral Watch

(၄) လက်ပတ်ဒီဇိုင်းပြောင်းလို့ရတဲ့နာရီ (Interchangeable Watch)

ကိုယ်က နာရီဆိုရင် ဝတ်တဲ့အဝတ်အစားအပေါ်မူတည်ပြီးလည်း ပြောင်းချင်တယ်၊ ဒါပေမဲ့ ဘက်ဂျက်ကလည်း ဒီလောက်ထိမသုံးနိုင်ဘူးဆိုရင်တော့ လက်ပတ်ဒီဇိုင်း ခပ်များများပါတဲ့ နာရီကိုသာ တစ်ခါတည်းဝယ်ထားလိုက်ပါ။ ဒါဆို အိုကေမှာ စိုပြည်သွားပြီလေ။

watches
Interchangeable Watch

(၅) လက်ကောက်ဒီဇိုင်းနဲ့လက်ပတ်နာရီ (Bracelet Watch)

ပွဲသွားခါနီး ကမန်းကတမ်းအချိန်တွေမှာဆို လက်ကောက်ဝတ်ရမလား၊ နာရီပဲပတ်သွားရမလားဆိုပြီး အမြဲတမ်းဗျာများနေတတ်တဲ့ ယောင်းယောင်းလေးတွေကတော့ ဒီနာရီကို ဝယ်ထားသင့်ပါတယ်။ ခေတ်မီပြီး အမြင်လည်း ဆန်းတယ်လေ။

watches
Bracelet Watch

Related Article >>> ဖိနပ်အပါးတွေက ပွဲမတိုးဘူးဆိုတဲ့အတွေးကို လွှင့်ပစ်လိုက်ပါ။

(၆) အဖြူရောင်စိန်စီနာရီ (White Watch)

အဖြူရောင်ကတော့ အရောင်တွေအားလုံးထဲမှာ ကျက်သရေအရှိဆုံးနဲ့ အရိုးရှင်းဆုံးအရောင်ပါပဲ။ ဒီလို ဖြူဆွတ်ဆွတ်အရောင်ကိုမှ နာရီနံပါတ်တွေနေရာမှာ စိန်ပွင့်လေးတွေ စီထားလိုက်ရင်တော့ အလှပေါ်အယဉ်ဆင့်ပြီး ပွဲတက်ရမယ်ဆိုရင်တောင် ရိုးရိုးလေးနဲ့ အဆန်းဆုံးလှနေစေမှာပါ။

watches
White Watch

ဒီထဲက ယောင်းတို့သဘောကျမယ့် အမျိုးအစားလေးတွေ တွေ့မယ်ထင်တယ်နော်… ဆိုတော့ ဆက်စဉ်းစားရမှာက ဒီနာရီအတွက် ငွေဘယ်လောက်သုံးမလဲဆိုတာပါပဲ။ အရမ်းဈေးကြီးမှရယ်လို့မဟုတ်ဘူးလေ။ ထသွားထလာဘရန်းတွေထဲကနေလည်း ကောင်းကောင်းလေး ရှာလို့ရပါတယ်။ 

ဒီဇိုင်းကတော့ များသောအားဖြင့် အဝိုင်းပဲရှိတာဆိုတော့ ထွေထွေထူးထူး စဉ်းစားစရာမလိုဘူးဆိုပေမဲ့ လက်ကောက်ဝတ်သေးတဲ့ ယောင်းတွေကတော့ မျက်နှာပြင်တအားကြီးတဲ့ နာရီပုံစံမရွေးသင့်ပါဘူး။

ဒီတိုင်းပါပဲ လက်ကောက်ဝတ် အရိုးအဆစ်ကြီးတဲ့ ယောင်းတွေကလည်း မျက်နှာပြင်အရမ်းသေးတဲ့ နာရီမျိုး မရွေးရဘူးနော်။ (၃၉ မီလီမီတာကတော့ အများသတ်မှတ်ထားတဲ့ စံအရွယ်အစားပါ။)

နောက်ပြီး နာရီတစ်လုံးရဲ့ ဓာတ်ခဲသက်တမ်းက ၂ နှစ်ကနေ ၅ နှစ်အထိခံပြီး မှန်ကိုနေ့တိုင်း သေချာသန့်စင်ပေးရပါမယ်။

ဒီလောက်ဆိုရင်ပဲ ကိုယ်နဲ့လိုက်ဖက်မယ့် နာရီကို အကောင်းဆုံး ရွေးချယ်သွားနိုင်ပြီလို့ ထင်ပါတယ်နော်။ ယောင်းတို့အားလုံး အလန်းဆုံးဒီဇိုင်းတွေနဲ့ ဂေါ်နိုင်ကြပါစေရှင်။

Hnin Ei Oo (For Her Myanmar)

References : watchfinderoverstock

No Comments Yet

Comments are closed