Plus size မမတို႔လံုးဝမလုပ္သင့္တဲ့ ဖက္ရွင္အလြဲ (၅) ခု

မမဝဝမို႔ စမတ္က်လို႔ မရေတာ့ဘူး ဘယ္သူေျပာလဲ

မိန္းကေလးေတြအတြက္ ဖက္ရွင္နဲ႔ပတ္သက္ရင္ ေရြးခ်ယ္စရာေတြ အင္မတန္မ်ားတယ္ဆိုတာ ေယာင္းတို႔လည္း အသိပါပဲ။ တစ္ေန႔၊ တစ္ေန႔ အျပင္ထြက္ေတာ့မယ္ဆို အဝတ္အစားအတြက္ ေခါင္းစားရတာကလည္း အလုပ္တစ္လုပ္ေလ… အထူးသျဖင့္ ဖက္ရွင္ကို စိတ္ဝင္စားၾကတဲ့ မိန္းကေလးေတြေပါ့.. ဒီလို ဖက္ရွင္ကို ေရြးခ်ယ္တဲ့အခါမွာ ကိုယ့္ရဲ႕ ခႏၶာကိုယ္အခ်ိဳးအစားေပၚမူတည္လို႔ ဘယ္လိုေလးဆို ကိုယ္နဲ႔လိုက္မလဲ စဥ္းစားၾကရတာ ပံုမွန္ပါပဲ။ အဲဒီမွာတင္ အလြဲတခ်ိဳ႕ ေပၚလာေတာ့တာပဲ ေယာင္းတို႔ေရ… ဒါဆို ျပည့္ျပည့္ဝဝ မိန္းကေလးေတြ ကိ္ုယ္နဲ႔လိုက္ဖက္ညီတဲ့ အဝတ္အစားေရြးတဲ့အခါမွာ ဘယ္လို အမွားေတြ လုပ္မိတတ္လဲ ၾကည့္ၾကည့္ရေအာင္…

(၁) အက်ႌပြပြေတြဝတ္ဆင္တာ


ခပ္ျပည့္ျပည့္မိန္းကေလးေတြ အမ်ားဆံုးလုပ္တတ္တဲ့အမွားကေတာ့ ကိုယ္ဝတာကို အက်ႌပြပြေတြေအာက္မွာ ဖံုးထားရင္ သြယ္လ်သလိုျဖစ္မယ္ထင္ၾကတာပဲ။ အက်ႌပြပြေတြက ေယာင္းကို ပိန္တဲ့အသြင္ မျဖစ္ေစတဲ့အျပင္ ပိုဝတဲ့အသြင္ေျပာင္းေပးေနတယ္ဆိုတာ သတိခ်ပ္ပါ။

Related article >>> လုပ္ငန္းခြင္ဝင္ေနတဲ့ အမ်ိဳးသမီးတိုင္းမွာ ရွိကိုရွိသင့္တဲ့ အက်ႌ (၅) မ်ိဳး

(၂) အေရာင္ရင့္ေတြပဲ ေရြးဝတ္တာ


အေရာင္ရင့္ေတြက လူကိုပိန္သြယ္တဲ့အသြင္ေပးတာ မွန္ေပမဲ့ အၿမဲအေရာင္ရင့္ေတြပဲ ဝတ္ေတာ့မလို႔လား ? အေရာင္ေတာက္ေတာက္ေတြ၊ အေရာင္ေဖ်ာ့ေတြကို အေပၚတစ္ေရာင္၊ ေအာက္တစ္ေရာင္ ဝတ္တာက ခါးနဲ႔တင္ကို အခ်ိဳးက်က် ခြဲထုတ္ေပးတဲ့အျပင္ လူေတြရဲ႕အျမင္ကိုလည္း လွည့္စားေပးႏိုင္ပါတယ္။

(၃) ဆိုက္ဒ္အေပၚမွာ အာ႐ုံစိုက္လြန္းတာ


ကိုယ္က L size ဝတ္ေနက်ဆိုပါစို႔။ ေရွာ့ပင္းထြက္လို႔ L size ထက္ M size က ကိုယ့္အတြက္ ပိုေက်ာ့ရွင္းတဲ့အသြင္ ျဖစ္ေစမယ္လို႔ထင္ရင္ M size ကိုပဲေရြးပါ။ ေကာက္ၫွင္းထုတ္ျဖစ္ေနမလား၊ ဝိတ္ျပန္တက္လာရင္ မေတာ္ေတာ့ဘဲေနမလား ဆိုတဲ့စိတ္နဲ႔ ဆိုဒ္ေပၚမူတည္ၿပီး မကန္႔သတ္လိုက္ပါနဲ႔။

Related article >>> ကိုယ္နဲ႔အသင့္ေတာ္ဆံုးဘရာကို ဆိုက္ဒ္မွန္မွန္ေရြးခ်ယ္နည္းအဆင့္ (၃) ဆင့္

(၄) Trends ေတြေနာက္လိုက္တာ


ေခတ္စားေနတဲ့ဖက္ရွင္ေတြေနာက္ လိုက္တာကလည္း Stella တို႔မိန္းကေလးေတြအားလံုးလိုလို လုပ္တတ္တဲ့အမွားတစ္ခုပါ။ လိုက္နာသင့္တဲ့ trends ရွိသလို၊ ကိုယ္နဲ႔မလိုက္တဲ့ trends ဆိုတာလည္း ရွိတယ္ေလေနာ္။ ဖက္ရွင္ trends ေတြအကုန္လံုးနီးပါးက runway ေပၚမွာဆို မိုက္ေနေပမဲ့ ေန႔စဥ္ဝတ္ဖို႔အတြက္ အဆင္မေျပတာေတြလည္း အမ်ားႀကီးပါ။ ဒါေၾကာင့္ သူမ်ား trend တိုင္း လိုက္ မ trend ဘဲ ကိုယ့္စတိုင္လ္နဲ႔ကိုယ္ ရပ္တည္ဖို႔လိုပါတယ္။

(၅) Accessories ေတြ မ်ားလြန္းတာ


အဝတ္အစားတိုင္းလိုလိုက accessories ေလးပါမွ ၾကည့္ေကာင္းတာ အမွန္ပါပဲ။ ဒါေပမဲ့ အလြန္အကၽြံဆိုရင္လည္း ရယ္စရာျဖစ္သြားတတ္ပါတယ္။ Accessories ေတြနဲ႔ တန္ဆာဆင္ေတာ့မယ္ဆိုရင္ မတရားေျပာင္ေျပာင္လက္လက္ မ်က္စိက်ိန္းတဲ့ accessories ေတြထက္ မႀကီးလြန္းမေသးလြန္းနဲ႔ လူေတြကိုဖမ္းစားႏိုင္မယ့္ accessories မ်ိဳးကို ေရြးခ်ယ္ေပးပါ။

ေနာက္ဆံုးအေနနဲ႔ Stella ေျပာခ်င္တာကေတာ့ “Be comfortable with your own body” ပါ။ ကိုယ့္ခႏၶာကိုယ္အခ်ိဳးအစားကို ခ်စ္ပါ။ အဓိကက်န္းမာေနဖို႔ပဲေလ။ ဘယ္သူ႔အတြက္မွ ကိုယ့္ရဲ႕ျဖစ္တည္မႈကို ေျပာင္းလဲေပးစရာမလိုတဲ့အတြက္ ကိုယ့္ကိုယ္ကိုယ္ယံုၾကည္မႈအျပည့္နဲ႔ ဘဝကို ျဖတ္သန္းပါ ေယာင္းေရ …

Stella (For Her Myanmar)

<<<Unicode>>>

မမဝဝမို့ စမတ်ကျလို့ မရတော့ဘူး ဘယ်သူပြောလဲ

မိန်းကလေးတွေအတွက် ဖက်ရှင်နဲ့ပတ်သက်ရင် ရွေးချယ်စရာတွေ အင်မတန်များတယ်ဆိုတာ ယောင်းတို့လည်း အသိပါပဲ။ တစ်နေ့၊ တစ်နေ့ အပြင်ထွက်တော့မယ်ဆို အဝတ်အစားအတွက် ခေါင်းစားရတာကလည်း အလုပ်တစ်လုပ်လေ… အထူးသဖြင့် ဖက်ရှင်ကို စိတ်ဝင်စားကြတဲ့ မိန်းကလေးတွေပေါ့.. ဒီလို ဖက်ရှင်ကို ရွေးချယ်တဲ့အခါမှာ ကိုယ့်ရဲ့ ခန္ဓာကိုယ်အချိုးအစားပေါ်မူတည်လို့ ဘယ်လိုလေးဆို ကိုယ်နဲ့လိုက်မလဲ စဉ်းစားကြရတာ ပုံမှန်ပါပဲ။ အဲဒီမှာတင် အလွဲတချို့ ပေါ်လာတော့တာပဲ ယောင်းတို့ရေ… ဒါဆို ပြည့်ပြည့်ဝဝ မိန်းကလေးတွေ ကိုယ်နဲ့လိုက်ဖက်ညီတဲ့ အဝတ်အစားရွေးတဲ့အခါမှာ ဘယ်လို အမှားတွေ လုပ်မိတတ်လဲ ကြည့်ကြည့်ရအောင်…

(၁) အင်္ကျီပွပွတွေဝတ်ဆင်တာ


ခပ်ပြည့်ပြည့်မိန်းကလေးတွေ အများဆုံးလုပ်တတ်တဲ့အမှားကတော့ ကိုယ်ဝတာကို အင်္ကျီပွပွတွေအောက်မှာ ဖုံးထားရင် သွယ်လျသလိုဖြစ်မယ်ထင်ကြတာပဲ။ အင်္ကျီပွပွတွေက ယောင်းကို ပိန်တဲ့အသွင် မဖြစ်စေတဲ့အပြင် ပိုဝတဲ့အသွင်ပြောင်းပေးနေတယ်ဆိုတာ သတိချပ်ပါ။

Related article >>> လုပ်ငန်းခွင်ဝင်နေတဲ့ အမျိုးသမီးတိုင်းမှာ ရှိကိုရှိသင့်တဲ့ အင်္ကျီ (၅) မျိုး

(၂) အရောင်ရင့်တွေပဲ ရွေးဝတ်တာ


အရောင်ရင့်တွေက လူကိုပိန်သွယ်တဲ့အသွင်ပေးတာ မှန်ပေမဲ့ အမြဲအရောင်ရင့်တွေပဲ ဝတ်တော့မလို့လား ? အရောင်တောက်တောက်တွေ၊ အရောင်ဖျော့တွေကို အပေါ်တစ်ရောင်၊ အောက်တစ်ရောင် ဝတ်တာက ခါးနဲ့တင်ကို အချိုးကျကျ ခွဲထုတ်ပေးတဲ့အပြင် လူတွေရဲ့အမြင်ကိုလည်း လှည့်စားပေးနိုင်ပါတယ်။

(၃) ဆိုက်ဒ်အပေါ်မှာ အာရုံစိုက်လွန်းတာ


ကိုယ်က L size ဝတ်နေကျဆိုပါစို့။ ရှော့ပင်းထွက်လို့ L size ထက် M size က ကိုယ့်အတွက် ပိုကျော့ရှင်းတဲ့အသွင် ဖြစ်စေမယ်လို့ထင်ရင် M size ကိုပဲရွေးပါ။ ကောက်ညှင်းထုတ်ဖြစ်နေမလား၊ ဝိတ်ပြန်တက်လာရင် မတော်တော့ဘဲနေမလား ဆိုတဲ့စိတ်နဲ့ ဆိုဒ်ပေါ်မူတည်ပြီး မကန့်သတ်လိုက်ပါနဲ့။

Related article >>> ကိုယ်နဲ့အသင့်တော်ဆုံးဘရာကို ဆိုက်ဒ်မှန်မှန်ရွေးချယ်နည်းအဆင့် (၃) ဆင့်

(၄) Trends တွေနောက်လိုက်တာ


ခေတ်စားနေတဲ့ဖက်ရှင်တွေနောက် လိုက်တာကလည်း Stella တို့မိန်းကလေးတွေအားလုံးလိုလို လုပ်တတ်တဲ့အမှားတစ်ခုပါ။ လိုက်နာသင့်တဲ့ trends ရှိသလို၊ ကိုယ်နဲ့မလိုက်တဲ့ trends ဆိုတာလည်း ရှိတယ်လေနော်။ ဖက်ရှင် trends တွေအကုန်လုံးနီးပါးက runway ပေါ်မှာဆို မိုက်နေပေမဲ့ နေ့စဉ်ဝတ်ဖို့အတွက် အဆင်မပြေတာတွေလည်း အများကြီးပါ။ ဒါကြောင့် သူများ trend တိုင်း လိုက် မ trend ဘဲ ကိုယ့်စတိုင်လ်နဲ့ကိုယ် ရပ်တည်ဖို့လိုပါတယ်။

(၅) Accessories တွေ များလွန်းတာ


အဝတ်အစားတိုင်းလိုလိုက accessories လေးပါမှ ကြည့်ကောင်းတာ အမှန်ပါပဲ။ ဒါပေမဲ့ အလွန်အကျွံဆိုရင်လည်း ရယ်စရာဖြစ်သွားတတ်ပါတယ်။ Accessories တွေနဲ့ တန်ဆာဆင်တော့မယ်ဆိုရင် မတရားပြောင်ပြောင်လက်လက် မျက်စိကျိန်းတဲ့ accessories တွေထက် မကြီးလွန်းမသေးလွန်းနဲ့ လူတွေကိုဖမ်းစားနိုင်မယ့် accessories မျိုးကို ရွေးချယ်ပေးပါ။

နောက်ဆုံးအနေနဲ့ Stella ပြောချင်တာကတော့ “Be comfortable with your own body” ပါ။ ကိုယ့်ခန္ဓာကိုယ်အချိုးအစားကို ချစ်ပါ။ အဓိကကျန်းမာနေဖို့ပဲလေ။ ဘယ်သူ့အတွက်မှ ကိုယ့်ရဲ့ဖြစ်တည်မှုကို ပြောင်းလဲပေးစရာမလိုတဲ့အတွက် ကိုယ့်ကိုယ်ကိုယ်ယုံကြည်မှုအပြည့်နဲ့ ဘဝကို ဖြတ်သန်းပါ ယောင်းရေ …

Stella (For Her Myanmar)

No Comments Yet

Comments are closed