Fashion

အေရာင္ဆန္းေတြကို ဆရာက်က်တြဲဖက္ဝတ္ဆင္ႏိုင္ဖို႔ ဖက္ရွင္နည္းလမ္း (၅) သြယ္

သူမတူဘဲအထာက်ခ်င္ရင္ေတာ့ အေရာင္ဆန္းေတြက မရွိမျဖစ္ပဲ 🤔🤔

ဗီရိုထဲကိုဖြင့္ၾကည့္လိုက္တာနဲ႔ ငါဝယ္လိုက္တိုင္း အနက္ေတြခ်ည္းပဲလို႔ ေတြးမိဖူးလား ? ေယာင္းတစ္ေယာက္တည္းမဟုတ္ပါဘူး။ လူေတာ္ေတာ္မ်ားမ်ားက အျဖဴ၊ အနက္၊ မီးခိုးစတဲ့အေရာင္ေတြကိုပဲ မသိလိုက္မသိဖာသာဝယ္မိတတ္ၾကပါတယ္။ တစ္ခါတေလ အေရာင္ဆန္း အဆင္ဆန္းေလးေတြ ဝတ္ၾကည့္ဖို႔ စိတ္ကူးၾကည့္ေပမဲ့ မလိုက္မွာစိုးတာနဲ႔ပဲ မဝတ္ျဖစ္ျပန္ဘူး။ အဲ့လိုျဖစ္ေနတဲ့ေယာင္းေတြအတြက္ Stella က အေရာင္ေတြကို ဘယ္လိုလိုက္ဖက္ေအာင္ ဝတ္ရမလဲဆိုတဲ့ နည္းလမ္းေလးေတြ မွ်ေဝေပးမယ္ေနာ္။

(၁) အေရာင္အနုအရင့္ တြဲဝတ္ၾကည့္ပါ

ေျခဆံုးေခါင္းဆံုးတစ္ေရာင္တည္းဆိုေတာ့ ေခါင္းစားစရာမလိုေတာ့ဘူးေပါ့။ ဒါေပမဲ့ Stella တို႔က တစ္ေရာင္တည္းဆို မဝတ္ခ်င္ၾကတာမ်ားတယ္။ ဒါဆိုရင္ေတာ့ အေရာင္တစ္ေရာင္တည္းကိုပဲ အႏုအရင့္စပ္ၿပီး ဝတ္ၾကည့္ပါ။ အလြယ္ဆံုးကေတာ့ ေအာက္ခံအက်ႌကို အေရာင္ႏုဝတ္ၿပီး ေဘာင္းဘီနဲ႔ အေပၚထပ္အက်ႌကိုေတာ့ ခပ္ဆင္ဆင္အေရာင္ရင့္နဲ႔ တြဲဝတ္တာမ်ိဳးပါ။

Related article >>> အဝတ္အစားဝတ္တဲ့အခါ ကိုယ္နဲ႔လိုက္ဖက္တဲ့အေရာင္ကို ဘယ္လိုေရြးမလဲ ?

(၂) အဓိကအေရာင္ေတြကို တြဲဝတ္ၾကည့္ပါ

တြဲစပ္ဝတ္ဖို႔အဆင့္သင့္ျဖစ္ၿပီဆိုရင္ေတာ့ အဓိကအေရာင္ေတြကို ဘယ္လိုဝတ္မလဲဆိုတာ စဥ္းစားပါ။ အဓိကအေရာင္ေတြဆိုတာကေတာ့ အနီ၊ အျပာ နဲ႔ အဝါကို ေျပာတာပါ ေယာင္းေရ။ ဘာလို႔ဒီသံုးေရာင္ကို အဓိကအေရာင္ေတြလို႔ ေခၚတာလဲဆိုေတာ့ အျခားအေရာင္ေတြဟာ ဒီသံုးေရာင္နဲ႔စပ္မွ ထြက္လာတဲ့အေရာင္ေတြမို႔ပါ။ (ဥပမာ – အနီ+အျပာ=ခရမ္း၊ အဝါ+အျပာ=အစိမ္း) ဆိုေတာ့ … ဒီသံုးေရာင္က အေပၚေအာက္တြဲဝတ္ရင္ မ်က္စိပသာဒျဖစ္ေစပါတယ္။

(၃) Analogous tones ေတြကို စဥ္းစားပါ

အရင္ဆံုး Analogous tones ဆိုတာဘာလဲကို Stella ရွင္းျပပါမယ္ေနာ္။ Analogous tones ဆိုတာက ပံုမွာျပထားတဲ့အေရာင္ေတြထဲက ေဘးခ်င္းကပ္အေရာင္ေတြပါ။ Analogous tones ပုံေလးကိုေတာ့ ေယာင္းတို႔ျမင္သာသြားေအာင္ ထည့္ေပးထားပါတယ္။

 

ဒီအေရာင္ေတြကို သံုးတြဲစီအထိ တြဲဖက္ဝတ္ရင္ လိုက္ကိုလိုက္တာ အာမခံပါတယ္။ Stella ဆို ဒီနည္းသိတည္းက လိုက္ဝတ္ေတာ့တာပဲ။ ေၾကာင္ေၾကာင္က်ားက်ားျဖစ္မယ္ထင္ခဲ့တာ ဝတ္ၾကည့္မွေတာ္ေတာ္ၾကည့္ေကာင္းပါတယ္။

 

Related article >>> ပံုမွန္ထက္ ရင္သားေသးတဲ့ေယာင္းေတြ အထာက်က်လန္းႏိုင္မယ့္ ဖက္ရွင္ (၅) မ်ိဳး

(၅) အေရာင္ေတြ ေရြးရခက္လာၿပီဆိုရင္

လူေတြေမ့ေနၾကတဲ့အေရာင္ေတြ ရွိပါတယ္။ ဒါေတြကေတာ့ ေရႊေရာင္၊ ေငြေရာင္၊ ေၾကးနီေရာင္စတဲ့ သတၱဳေရာင္ေတြပါ။ ဒီအေရာင္ေတြကို အေပၚကေန အေရာင္ေတာက္ေတာက္ကုတ္ေတြနဲ႔ ထပ္ဝတ္လိုက္ရင္ အမိုက္စားဖက္ရွင္ကိုရမွာ အေသအခ်ာပါပဲ။

ကဲ … ဒီေလာက္ဆိုရင္ ေယာင္းတို႔လည္း အေရာင္ေတြကို ပရိုက်က်ဘယ္လိုတြဲဖက္ၿပီး ဝတ္ရမလဲဆိုတာ သိေလာက္ၿပီထင္ပါတယ္။ ေနာက္လည္း ေယာင္းတို႔အၿမဲယံုၾကည္မႈရွိရွိလွေနႏိုင္ေအာင္ ဖက္ရွင္ tips ေလးေတြ မွ်ေဝေပးသြားမွာဆိုေတာ့ Stella ရဲ႕ပို႔စ္ေလးေတြကို ေစာင့္ဖတ္ေပးၾကဦးေနာ္။

Stella (For Her Myanmar)

<<<Unicode>>>

 

သူမတူဘဲအထာကျချင်ရင်တော့ အရောင်ဆန်းတွေက မရှိမဖြစ်ပဲ 🤔🤔

ဗီရိုထဲကိုဖွင့်ကြည့်လိုက်တာနဲ့ ငါဝယ်လိုက်တိုင်း အနက်တွေချည်းပဲလို့ တွေးမိဖူးလား ? ယောင်းတစ်ယောက်တည်းမဟုတ်ပါဘူး။ လူတော်တော်များများက အဖြူ၊ အနက်၊ မီးခိုးစတဲ့အရောင်တွေကိုပဲ မသိလိုက်မသိဖာသာဝယ်မိတတ်ကြပါတယ်။ တစ်ခါတလေ အရောင်ဆန်း အဆင်ဆန်းလေးတွေ ဝတ်ကြည့်ဖို့ စိတ်ကူးကြည့်ပေမဲ့ မလိုက်မှာစိုးတာနဲ့ပဲ မဝတ်ဖြစ်ပြန်ဘူး။ အဲ့လိုဖြစ်နေတဲ့ယောင်းတွေအတွက် Stella က အရောင်တွေကို ဘယ်လိုလိုက်ဖက်အောင် ဝတ်ရမလဲဆိုတဲ့ နည်းလမ်းလေးတွေ မျှဝေပေးမယ်နော်။

(၁) အရောင်အနုအရင့် တွဲဝတ်ကြည့်ပါ

ခြေဆုံးခေါင်းဆုံးတစ်ရောင်တည်းဆိုတော့ ခေါင်းစားစရာမလိုတော့ဘူးပေါ့။ ဒါပေမဲ့ Stella တို့က တစ်ရောင်တည်းဆို မဝတ်ချင်ကြတာများတယ်။ ဒါဆိုရင်တော့ အရောင်တစ်ရောင်တည်းကိုပဲ အနုအရင့်စပ်ပြီး ဝတ်ကြည့်ပါ။ အလွယ်ဆုံးကတော့ အောက်ခံအင်္ကျီကို အရောင်နုဝတ်ပြီး ဘောင်းဘီနဲ့ အပေါ်ထပ်အင်္ကျီကိုတော့ ခပ်ဆင်ဆင်အရောင်ရင့်နဲ့ တွဲဝတ်တာမျိုးပါ။

Related article >>> အဝတ်အစားဝတ်တဲ့အခါ ကိုယ်နဲ့လိုက်ဖက်တဲ့အရောင်ကို ဘယ်လိုရွေးမလဲ ?

(၂) အဓိကအရောင်တွေကို တွဲဝတ်ကြည့်ပါ

တွဲစပ်ဝတ်ဖို့အဆင့်သင့်ဖြစ်ပြီဆိုရင်တော့ အဓိကအရောင်တွေကို ဘယ်လိုဝတ်မလဲဆိုတာ စဉ်းစားပါ။ အဓိကအရောင်တွေဆိုတာကတော့ အနီ၊ အပြာ နဲ့ အဝါကို ပြောတာပါ ယောင်းရေ။ ဘာလို့ဒီသုံးရောင်ကို အဓိကအရောင်တွေလို့ ခေါ်တာလဲဆိုတော့ အခြားအရောင်တွေဟာ ဒီသုံးရောင်နဲ့စပ်မှ ထွက်လာတဲ့အရောင်တွေမို့ပါ။ (ဥပမာ – အနီ+အပြာ=ခရမ်း၊ အဝါ+အပြာ=အစိမ်း) ဆိုတော့ … ဒီသုံးရောင်က အပေါ်အောက်တွဲဝတ်ရင် မျက်စိပသာဒဖြစ်စေပါတယ်။

(၃) Analogous tones တွေကို စဉ်းစားပါ

အရင်ဆုံး Analogous tones ဆိုတာဘာလဲကို Stella ရှင်းပြပါမယ်နော်။ Analogous tones ဆိုတာက ပုံမှာပြထားတဲ့အရောင်တွေထဲက ဘေးချင်းကပ်အရောင်တွေပါ။ Analogous tones ပုံလေးကိုတော့ ယောင်းတို့မြင်သာသွားအောင် ထည့်ပေးထားပါတယ်။

 

ဒီအရောင်တွေကို သုံးတွဲစီအထိ တွဲဖက်ဝတ်ရင် လိုက်ကိုလိုက်တာ အာမခံပါတယ်။ Stella ဆို ဒီနည်းသိတည်းက လိုက်ဝတ်တော့တာပဲ။ ကြောင်ကြောင်ကျားကျားဖြစ်မယ်ထင်ခဲ့တာ ဝတ်ကြည့်မှတော်တော်ကြည့်ကောင်းပါတယ်။

 

Related article >>> ပုံမှန်ထက် ရင်သားသေးတဲ့ယောင်းတွေ အထာကျကျလန်းနိုင်မယ့် ဖက်ရှင် (၅) မျိုး

(၅) အရောင်တွေ ရွေးရခက်လာပြီဆိုရင်

လူတွေမေ့နေကြတဲ့အရောင်တွေ ရှိပါတယ်။ ဒါတွေကတော့ ရွှေရောင်၊ ငွေရောင်၊ ကြေးနီရောင်စတဲ့ သတ္တုရောင်တွေပါ။ ဒီအရောင်တွေကို အပေါ်ကနေ အရောင်တောက်တောက်ကုတ်တွေနဲ့ ထပ်ဝတ်လိုက်ရင် အမိုက်စားဖက်ရှင်ကိုရမှာ အသေအချာပါပဲ။

ကဲ … ဒီလောက်ဆိုရင် ယောင်းတို့လည်း အရောင်တွေကို ပရိုကျကျဘယ်လိုတွဲဖက်ပြီး ဝတ်ရမလဲဆိုတာ သိလောက်ပြီထင်ပါတယ်။ နောက်လည်း ယောင်းတို့အမြဲယုံကြည်မှုရှိရှိလှနေနိုင်အောင် ဖက်ရှင် tips လေးတွေ မျှဝေပေးသွားမှာဆိုတော့ Stella ရဲ့ပို့စ်လေးတွေကို စောင့်ဖတ်ပေးကြဦးနော်။

Stella (For Her Myanmar)

Stella
Stella
Stella ကေတာ့ Fashion နဲ႕ Beauty ကို ဝါသနာပါလို႔ For Her Myanmar မွာ ေယာင္းေယာင္းတို႔အတြက္ beauty hacks ေတြ, fashion နဲ႕ပက္သက္တဲ့ အေၾကာင္းအရာမ်ိဳးစံုကို အဓိကေဝမွ်ေပးသြားမွာပါ။ သုတရသေတြကိုလည္း လက္လွမ္းမွီသေလာက္ ေရးေပးပါေသးတယ္။

Leave a Reply

Your email address will not be published. Required fields are marked *