Fashion

၂၀၁၉ မွာလူတိုင္းနီးပါး ထားလာၾကမယ့္ ဆံပင္ပံုစံ (၅) မ်ိဳး

သူမ်ားထက္ေျခတစ္လွမ္းသာေအာင္ ခုပဲသြားေျပးညွပ္ထားလိုက္ေတာ့ေယာင္းေရ…

>>> Zawgyi >>>

ကဲ ႏွစ္သစ္ကိုေရာက္လာေတာ့မယ္ဆိုေတာ့ ႏွစ္ေဟာင္းက ပရမ္းပတာ၊ ဖရိုဖရဲဆံပင္ကို ထားခဲ့ဖို႔အခ်ိန္တန္ၿပီေလ။ ႏွစ္တိုင္း ၁၂ လပိုင္းအကုန္ဆိုတာနဲ႔ ပညာရွင္ေတြကႏွစ္သစ္အတြက္ ဖက္ရွင္ပံုစံအသစ္ေတြ၊ မိတ္ကပ္ပံုစံနဲ႕ တျခားဆံပင္ပံုစံအသစ္ေတြကိုလည္း ခန္႔မွန္းၾကတာဆိုေတာ့ ႏွစ္သစ္မွာ စိတ္သစ္၊ လူသစ္၊ ပံုစံအသစ္နဲ႔ ျဖတ္သန္းခ်င္တဲ့ေယာင္းတို႔အတြက္ ပညာရွင္ေတြခန္႔မွန္းထားတဲ့ ဆံပင္ပံုစံအသစ္ ၅ မ်ိဳးကို ဒီေဆာင္းပါးေလးထဲမွာ ႏွင္းကေဖာ္ျပေပးသြားမွာပါလို႔။

လက္ေကာက္ဆံပင္အေခြ

ဆံပင္ကိုေလ ေခါင္းေလွ်ာ္ၿပီး မစိုမေျခာက္အေနအထားမွာ က်စ္ဆံၿမီးက်စ္ၿပီး တစ္ညေလာက္ထား ေျဖခ်တဲ့အခ်ိန္ ျဖစ္လာတဲ့ ေကာက္သားေလးကို လက္ေကာက္ဆံပင္အေခြလို႔ ေခၚပါတယ္။ အဲဒီဆံပင္အေခြေလးက တျခားအေကာက္ေတြလို အရမ္းေကာက္ေနတာမ်ိဳးမဟုတ္ဘဲ ေျပေျပေလးနဲ႔မို႔ ဆံပင္ေကာက္တိုင္း ၾကံဳရတတ္တဲ့ မ်က္ႏွာအိုသြားတတ္တဲ့ ျပႆနာမ်ိဳး မၾကံဳေတာ့ဘဲ လူငယ္ဆန္ဆန္ေလးပဲ ျဖစ္ေနေစမွာမို႔ ဒီဆံပင္ပံုစံေလးက ေခတ္စားလာလိမ့္မယ္လို႔ ခန္႔မွန္းၾကတာပါ။

Related Article >>> ဆံပင္ညွပ္မယ္လို႔ စိတ္ကူးလိုက္သူတိုင္း သိထားသင့္တဲ့ Lob Hair စတုိင္လ္ (၁၀)မ်ိဳး

ခပ္ျမင့္ျမင့္ပိုနီေတးလ္

ေခါင္းမေလွ်ာ္ရေသးတဲ့ဆံပင္ျဖစ္ျဖစ္၊ တျခားဆံပင္ပံုစံကို မစဥ္းစားႏိုင္ေတာ့လို႔ပဲျဖစ္ျဖစ္ ပိုနီေတးလ္ကိုပဲ ေကာက္ေကာက္စည္းသြားတတ္ၾကတယ္မလား။ ဒါေပမဲ့ ၂၀၁၉ မွာေတာ့ ဦးေခါင္းထိပ္ အလယ္နားေလာက္ထိ ျမွင့္ထားတဲ့ ပိုနီေတးလ္က ေခတ္တစ္ေခတ္ျဖစ္လာလိမ့္မယ္လို႔ ခန္႔မွန္းေနၾကပါတယ္။ အထူးသျဖင့္ နဖူးေၾကာရွင္းၿပီး မ်က္ႏွာရွည္တဲ့ မိန္းကေလးေတြနဲ႔ အရမ္းသင့္ေတာ္တဲ့ ဆံပင္ပံုစံမို႔ ပြဲတက္ပံုစံနဲ႔လည္း အထူးသင့္ေတာ္လိမ့္မယ္လို႔ ျဖည့္စြက္ၿပီးေျပာထားပါေသးတယ္။

လိုက္ကာပံုစံ ေရွ႕ဆံၿမိတ္

ခါတိုင္းလို နဖူးစည္းထားတဲ့ ဒဲ့အတိ ေရွ႕ဆံၿမိတ္မ်ိဳးမဟုတ္ေတာ့ဘဲ ခပ္ရွည္ရွည္၊ မထူမပါးနဲ႔ ေဘးဘက္ကိုျဖာထြက္သြားတဲ့ လိုက္ကာပံုစံက ၂၀၁၉ မွာ အရမ္းေခတ္စားလာပါလိမ့္မယ္။ အရမ္းခ်စ္စရာေကာင္းတဲ့ ပံုစံမ်ိဳးမဟုတ္ဘဲ ႏူးႏူးညံ့ညံ့နဲ႔ ပ်ိဳျမစ္တဲ့အသြင္ကိုပဲ ျဖစ္ေစတာမို႔ ႏွင္းလည္းဒီဆံၿမိတ္ေလးကို အရမ္းသေဘာက်တယ္။

ေျဖာင့္စင္းေနတဲ့ဆံပင္

လြန္ခဲ့တဲ့ ၅ ႏွစ္ေလာက္ကို တစ္ခ်က္ေလးျပန္ငဲ့ေစာင္းၿပီး ၾကည့္လိုက္ရင္ေတာ့ မီးပူတိုက္ထားသလို ျပားကပ္ေနတဲ့ ဆံပင္ေတြကို တလွပ္လွပ္နဲ႔ျမင္ေတြ႔ရမွာပါ။ ဒါေပမဲ့ အခု ၂၀၁၉ မွာလည္း ဒီလိုေျဖာင့္စင္းေနတဲ့ဆံပင္ေတြကို ျပန္ျမင္ရလိမ့္မယ္လို႔ ပညာရွင္ေတြက ေျပာေနၾကပါတယ္။ (အိမ္မွာေခ်ာင္ထိုးထားတဲ့ ဆံပင္ေျဖာင့္စက္ေတြကို ဖုန္ျပန္သုတ္ထားေတာ့ :P)

Related Article >>> ဆံပင္ခြဲေၾကာင္းေတြကို မ်က္စိတစ္မွိတ္အတြင္း ဘယ္လုိ ေဖ်ာက္ၾကမလဲ?

တျခားအပိုတြဲဖက္အသံုးအေဆာင္ပစၥည္းေတြကိုလည္း တြဲသံုးလာလိမ့္မယ္။

၂၀၁၆ ေလာက္ကတည္းက ဆံပင္ကိုပြဲတက္တဲ့အခါ ခဏပဲေကာက္တဲ့အေကာက္(Settting လိပ္) တာကိုပဲ ေတာက္ေလွ်ာက္လုပ္လာတာ အခု ၂၀၁၉ မွာေတာ့ ဆံပင္ေပၚမွာ ကလစ္၊ ဆံညွပ္၊ ဆံထိုးအပါအဝင္ တျခားတြဲဖက္အသံုးအေဆာင္ေတြကိုလည္း တြဲဖက္ၿပီး သံုးလာၾကလိမ့္မယ္လို႔ ထင္ေၾကးေပးေနၾကပါတယ္။

ဒီလိုဆံပင္ပံုစံေတြအျပင္ ၂၀၁၉ မွာ ေခတ္အစားဆံုးျဖစ္လာမယ့္ ဆံပင္အေရာင္ကေတာ့ မီးခိုးေရာင္ပါ။ မီးခိုးေရာင္ကိုမွ အေရာင္နည္းနည္းရင့္ၿပီး ေျပာင္ေနတဲ့အေရာင္မ်ိဳးတဲ့။ (ဟယ္ အံ့ၾသစရာႀကီး။ ဘယ္လိုေတာင္ ေျပာင္ေနတဲ့အေရာင္မ်ိဳးလား။) အရင္တုန္းကလို ဆံပင္ကုတ္ဝဲေဖာင္းေဖာင္းေလးလည္း စာရင္းထဲမရွိေတာ့ဘူး၊ step ေကလို႔ေခၚတဲ့ အခၽြန္အတက္ဆံပင္မ်ိဳးလည္း ေခတ္ကုန္ၿပီဆိုေတာ့ မျဖစ္ေခ်ေတာ့ဘူး၊ အခုပဲ ဆံပင္ညွပ္ဆိုင္ေျပးၿပီး ေကကိုရႊိဳင္းမွရေတာ့မယ္။ ေျပာေနၾကာပါတယ္ အခုပဲေျပးးးၿပီ!!!!

Hnin Ei Oo (For Her Myanmar)

References : instyle, Bazzar

>> Unicode >>>

သူများထက်ခြေတစ်လှမ်းသာအောင် ခုပဲသွားပြေးညှပ်ထားလိုက်တော့ယောင်းရေ…

ကဲ နှစ်သစ်ကိုရောက်လာတော့မယ်ဆိုတော့ နှစ်ဟောင်းက ပရမ်းပတာ၊ ဖရိုဖရဲဆံပင်ကို ထားခဲ့ဖို့အချိန်တန်ပြီလေ။ နှစ်တိုင်း ၁၂ လပိုင်းအကုန်ဆိုတာနဲ့ ပညာရှင်တွေကနှစ်သစ်အတွက် ဖက်ရှင်ပုံစံအသစ်တွေ၊ မိတ်ကပ်ပုံစံနဲ့ တခြားဆံပင်ပုံစံအသစ်တွေကိုလည်း ခန့်မှန်းကြတာဆိုတော့ နှစ်သစ်မှာ စိတ်သစ်၊ လူသစ်၊ ပုံစံအသစ်နဲ့ ဖြတ်သန်းချင်တဲ့ယောင်းတို့အတွက် ပညာရှင်တွေခန့်မှန်းထားတဲ့ ဆံပင်ပုံစံအသစ် ၅ မျိုးကို ဒီဆောင်းပါးလေးထဲမှာ နှင်းကဖော်ပြပေးသွားမှာပါလို့။

လက်ကောက်ဆံပင်အခွေ

ဆံပင်ကိုလေ ခေါင်းလျှော်ပြီး မစိုမခြောက်အနေအထားမှာ ကျစ်ဆံမြီးကျစ်ပြီး တစ်ညလောက်ထား ဖြေချတဲ့အချိန် ဖြစ်လာတဲ့ ကောက်သားလေးကို လက်ကောက်ဆံပင်အခွေလို့ ခေါ်ပါတယ်။ အဲဒီဆံပင်အခွေလေးက တခြားအကောက်တွေလို အရမ်းကောက်နေတာမျိုးမဟုတ်ဘဲ ပြေပြေလေးနဲ့မို့ ဆံပင်ကောက်တိုင်း ကြုံရတတ်တဲ့ မျက်နှာအိုသွားတတ်တဲ့ ပြဿနာမျိုး မကြုံတော့ဘဲ လူငယ်ဆန်ဆန်လေးပဲ ဖြစ်နေစေမှာမို့ ဒီဆံပင်ပုံစံလေးက ခေတ်စားလာလိမ့်မယ်လို့ ခန့်မှန်းကြတာပါ။

Related Article >>> ဆံပင်ညှပ်မယ်လို့ စိတ်ကူးလိုက်သူတိုင်း သိထားသင့်တဲ့ Lob Hair စတိုင်လ် (၁၀)မျိုး

ခပ်မြင့်မြင့်ပိုနီတေးလ်

ခေါင်းမလျှော်ရသေးတဲ့ဆံပင်ဖြစ်ဖြစ်၊ တခြားဆံပင်ပုံစံကို မစဉ်းစားနိုင်တော့လို့ပဲဖြစ်ဖြစ် ပိုနီတေးလ်ကိုပဲ ကောက်ကောက်စည်းသွားတတ်ကြတယ်မလား။ ဒါပေမဲ့ ၂၀၁၉ မှာတော့ ဦးခေါင်းထိပ် အလယ်နားလောက်ထိ မြှင့်ထားတဲ့ ပိုနီတေးလ်က ခေတ်တစ်ခေတ်ဖြစ်လာလိမ့်မယ်လို့ ခန့်မှန်းနေကြပါတယ်။ အထူးသဖြင့် နဖူးကြောရှင်းပြီး မျက်နှာရှည်တဲ့ မိန်းကလေးတွေနဲ့ အရမ်းသင့်တော်တဲ့ ဆံပင်ပုံစံမို့ ပွဲတက်ပုံစံနဲ့လည်း အထူးသင့်တော်လိမ့်မယ်လို့ ဖြည့်စွက်ပြီးပြောထားပါသေးတယ်။

လိုက်ကာပုံစံ ရှေ့ဆံမြိတ်

ခါတိုင်းလို နဖူးစည်းထားတဲ့ ဒဲ့အတိ ရှေ့ဆံမြိတ်မျိုးမဟုတ်တော့ဘဲ ခပ်ရှည်ရှည်၊ မထူမပါးနဲ့ ဘေးဘက်ကိုဖြာထွက်သွားတဲ့ လိုက်ကာပုံစံက ၂၀၁၉ မှာ အရမ်းခေတ်စားလာပါလိမ့်မယ်။ အရမ်းချစ်စရာကောင်းတဲ့ ပုံစံမျိုးမဟုတ်ဘဲ နူးနူးညံ့ညံ့နဲ့ ပျိုမြစ်တဲ့အသွင်ကိုပဲ ဖြစ်စေတာမို့ နှင်းလည်းဒီဆံမြိတ်လေးကို အရမ်းသဘောကျတယ်။

ဖြောင့်စင်းနေတဲ့ဆံပင်

လွန်ခဲ့တဲ့ ၅ နှစ်လောက်ကို တစ်ချက်လေးပြန်ငဲ့စောင်းပြီး ကြည့်လိုက်ရင်တော့ မီးပူတိုက်ထားသလို ပြားကပ်နေတဲ့ ဆံပင်တွေကို တလှပ်လှပ်နဲ့မြင်တွေ့ရမှာပါ။ ဒါပေမဲ့ အခု ၂၀၁၉ မှာလည်း ဒီလိုဖြောင့်စင်းနေတဲ့ဆံပင်တွေကို ပြန်မြင်ရလိမ့်မယ်လို့ ပညာရှင်တွေက ပြောနေကြပါတယ်။ (အိမ်မှာချောင်ထိုးထားတဲ့ ဆံပင်ဖြောင့်စက်တွေကို ဖုန်ပြန်သုတ်ထားတော့ :P)

Related Article >>> ဆံပင်ခွဲကြောင်းတွေကို မျက်စိတစ်မှိတ်အတွင်း ဘယ်လို ဖျောက်ကြမလဲ?

တခြားအပိုတွဲဖက်အသုံးအဆောင်ပစ္စည်းတွေကိုလည်း တွဲသုံးလာလိမ့်မယ်။

၂၀၁၆ လောက်ကတည်းက ဆံပင်ကိုပွဲတက်တဲ့အခါ ခဏပဲကောက်တဲ့အကောက်(Settting လိပ်) တာကိုပဲ တောက်လျှောက်လုပ်လာတာ အခု ၂၀၁၉ မှာတော့ ဆံပင်ပေါ်မှာ ကလစ်၊ ဆံညှပ်၊ ဆံထိုးအပါအဝင် တခြားတွဲဖက်အသုံးအဆောင်တွေကိုလည်း တွဲဖက်ပြီး သုံးလာကြလိမ့်မယ်လို့ ထင်ကြေးပေးနေကြပါတယ်။

ဒီလိုဆံပင်ပုံစံတွေအပြင် ၂၀၁၉ မှာ ခေတ်အစားဆုံးဖြစ်လာမယ့် ဆံပင်အရောင်ကတော့ မီးခိုးရောင်ပါ။ မီးခိုးရောင်ကိုမှ အရောင်နည်းနည်းရင့်ပြီး ပြောင်နေတဲ့အရောင်မျိုးတဲ့။ (ဟယ် အံ့သြစရာကြီး။ ဘယ်လိုတောင် ပြောင်နေတဲ့အရောင်မျိုးလား။) အရင်တုန်းကလို ဆံပင်ကုတ်ဝဲဖောင်းဖောင်းလေးလည်း စာရင်းထဲမရှိတော့ဘူး၊ step ကေလို့ခေါ်တဲ့ အချွန်အတက်ဆံပင်မျိုးလည်း ခေတ်ကုန်ပြီဆိုတော့ မဖြစ်ချေတော့ဘူး၊ အခုပဲ ဆံပင်ညှပ်ဆိုင်ပြေးပြီး ကေကိုရွှိုင်းမှရတော့မယ်။ ပြောနေကြာပါတယ် အခုပဲပြေးးးပြီ!!!!

Hnin Ei Oo (For Her Myanmar)

References : instyle, Bazzar

Hnin Ei Oo
Hnin Ei Oo
အလွအပ၊ ဖက္ရွင္၊ gym နဲ႔ပတ္သက္တဲ့ ဗဟုသုတေတြ၊ အခ်စ္ေရး စတဲ့က႑ေတြကို အဓိကထားေရးတဲ့ စာေရးသူေပါက္စေလး ေတ်ာက္ပါ 😁 အခြီနဲ႔ စိတ္ဓာတ္ခြန္အားေပးစာေတြကိုလည္း ဒဲ့တိုးေတြ ေရးတတ္ပါေသးတယ္ 😛

Leave a Reply

Your email address will not be published. Required fields are marked *