အသက္ (၄၀) ဝန္းက်င္မမေတြ ဖက္ရွင္က်က်လန္းႏိုင္ဖို႔ နည္းလမ္း (၅) သြယ္

အသက္ (၄၀) ေက်ာ္ေတြ မလန္းရဘူးလို႔ ဘယ္သူေျပာလဲ ?

အသက္ (၄၀) မွ ဘဝစတာတဲ့။ ဒါ Stella ေမေမေျပာေနက်စကားေပါ့။ Stella ကေတာ့ အဲ့စကားကို သိပ္မွန္တယ္လို႔ထင္တယ္။ အသက္ (၄၀) အရြယ္ဟာ သားသမီးေတြလည္း အေတာင္စံုသေလာက္ရွိၿပီ။ ဘဝရဲ႕အနိမ့္အျမင့္အတက္အက်ေတြကိုလည္း ၾကံဳေတြ႔ခဲ့ရၿပီးၿပီ။ ဒီအရြယ္မွာမွ လွလွပပ တက္ႂကြႂကြမေနရင္ ဘယ္အခ်ိန္သြားေနမလဲ ? Age is just a number ပါ။ ဆိုေတာ့ အသက္ (၄၀) ေက်ာ္မမေတြအတြက္ ကလက္တက္တက္မျဖစ္ေစရဘဲ ဘယ္လိုဖက္ရွင္က်က်လန္းလို႔ရမလဲဆိုတာ Stella နဲ႔တူတူၾကည့္လိုက္ၾကရေအာင္ …

(၁) ဖိနပ္နဲ႔အိတ္ေတြ

ဒီအရြယ္မွာ ဖိနပ္ေကာင္းေကာင္း အိတ္ေကာင္းေကာင္းက သိပ္ကို အေရးပါပါတယ္။ ဘယ္ေလာက္ပဲ ဝတ္ေကာင္းစားလွဝတ္ထားပါေစ ဖိနပ္နဲ႔အိတ္က ဂြမ္းေနရင္အလကားပဲေလ။ ေဒၚလာေထာင္ခ်ီတဲ့ Hermes Birkin အိတ္ေတြ၊ ဖိနပ္ေတြ ဝယ္ကိုဝယ္ရမယ္လို႔ ေျပာတာမဟုတ္ေပမဲ့ ဘရန္းဒ္ေကာင္းေကာင္း ကြာလတီေကာင္းေကာင္း အိတ္ေလး၊ ဖိနပ္ေလး ပိုင္ဆိုင္ထားတာက ပြဲလယ္တင့္ေစပါတယ္။

Related article >>> ဝိတ္က်ခ်င္လား? ဒီပလန္အတိုင္း က်န္းမာေရးနဲ႔ ညီေအာင္ စားၾကည့္ပါ။

(၂) ဆိုင္မွာခ်ိတ္ျပထားတာ လွတိုင္းမဝယ္လိုက္ပါနဲ႔။

ခ်ိတ္ျပထားတာလွေနေပမဲ့ ကိုယ္တိုင္ဝတ္ၾကည့္လိုက္ရင္ လွခ်င္မွလွေတာ့တာပါ။ ဒါေၾကာင့္ ရမ္းသန္းမဝယ္ပါနဲ႔။ အစမ္းဝတ္ၾကည့္ပါ။ စိတ္ရွည္ၿပီး အခ်ိန္ေပးရေပမဲ့ ကိုယ္ဝယ္သင့္တဲ့ အဝတ္အစားမ်ိဳးလားဆိုတာ သိရဖို႔အတြက္ ဒါကတစ္ခုတည္းေသာ နည္းလမ္းပါ။

(၃) အဝတ္အစား

အသက္ (၄၀) အရြယ္မွာ ဆယ္ေက်ာ္သက္အရြယ္က ဝတ္ခဲ့တဲ့ မီနီစကတ္ေတြ ဝတ္မယ့္အစား အဆင့္အတန္းျမင့္ျမင့္နဲ႔ လန္းေနေစမယ့္ အဝတ္အစားေတြကို ေရြးခ်ယ္ဝတ္သင့္ပါတယ္။ ကုတ္အက်ႌ၊ ပံုက်က် style pants တစ္ထည္နဲ႔ အနက္ေရာင္ ဂါဝန္တစ္ထည္ကေတာ့ မရွိမျဖစ္ပါေနာ္။

Related article >>> မိတ္ကပ္လိမ္းဖုိ႔အတြက္ အသက္ႀကီးတယ္ဆိုတာ လံုးဝ (လံုးဝ) မရွိပါဘူး။

(၄) လက္ဝတ္လက္စား

အသက္ (၄၀) အရြယ္မွာ ရႈပ္ရႈပ္ယွက္ယွက္ ဖန္စီပစၥည္းေတြထက္ ေက်ာက္မ်က္ရတနာေတြ စီျခယ္ထားတဲ့ လက္ဝတ္လက္စားေတြက ပိုသင့္ေတာ္ပါတယ္။ ဆယ္ေက်ာ္သက္တုန္းကနဲ႔ ယွဥ္ရင္ ဝင္ေငြလည္း အထိုက္အေလ်ာက္ရွိေနၿပီမို႔ လက္ဝတ္ရတနာကို အဓိကထား ဝတ္ဆင္သင့္ပါတယ္။ နာရီေကာင္းေကာင္းတစ္လံုးကလည္း ေယာင္းရဲ႕ပံုရိပ္ကို တစ္ဖက္တစ္လမ္းကေန ျမွင့္တင္ေပးေနတယ္ဆိုတာ မေမ့ပါနဲ႔။

(၅) ယံုၾကည္မႈအျပည့္ရွိပါ။

အမ်ိဳးသမီးတစ္ေယာက္အေနနဲ႔ ကိုယ့္ခႏၶာကိုယ္ေကာက္ေၾကာင္းကို ခ်စ္ပါ။ က်န္းမာေအာင္ ေလ့က်င့္ခန္းမွန္မွန္လုပ္ပါ။ Skin care မ်ားမ်ားလုပ္ပါ။ ကိုယ့္ကိုယ္ကိုယ္ခ်စ္ပါ။ ဘယ္သြားသြား ဘာလုပ္လုပ္ အၿမဲတမ္းယံုၾကည္မႈအျပည့္ရွိတဲ့ အမ်ိဳးသမီးတစ္ေယာက္ျဖစ္ေနပါေစ။ ဒါဆိုရင္ ၿပီးျပည့္စံုၿပီး က်က္သေရရွိတဲ့ ပံုရိပ္ကို ပိုင္ဆုိင္ႏိုင္ပါၿပီ။

Related article >>> ၂၀၁၉ မိုးရာသီနဲ႔အတူ ေရပန္းစားလာဦးမယ့္ အေရာင္ကာလာဆန္း (၄) မ်ိဳး

ကဲ … ဒီေလာက္ဆိုရင္ ေယာင္းလည္း အသက္ (၄၀) ေက်ာ္မမတစ္ေယာက္အေနနဲ႔ အလန္းဆံုးဘယ္လိုဝတ္စားရမလဲဆိုတာ သိေလာက္ၿပီ ထင္ပါတယ္ေနာ္.. ကိုယ့္အသိ၊ ေဆြမ်ိဳးထဲက အသက္ (၄၀)ေက်ာ္ မမေတြကိုလည္း မန္းရွင္းေခၚလိုက္ပါဦးလို႔…

အသက္နဲ႔မလိုက္ေအာင္ ႏုပ်ိဳေနဖို႔ အဆင္သင့္ပဲလား ?

Stella (For Her Myanmar)

<<< Unicode >>>

အသက် (၄၀) ကျော်တွေ မလန်းရဘူးလို့ ဘယ်သူပြောလဲ ?

အသက် (၄၀) မှ ဘဝစတာတဲ့။ ဒါ Stella မေမေပြောနေကျစကားပေါ့။ Stella ကတော့ အဲ့စကားကို သိပ်မှန်တယ်လို့ထင်တယ်။ အသက် (၄၀) အရွယ်ဟာ သားသမီးတွေလည်း အတောင်စုံသလောက်ရှိပြီ။ ဘဝရဲ့အနိမ့်အမြင့်အတက်အကျတွေကိုလည်း ကြုံတွေ့ခဲ့ရပြီးပြီ။ ဒီအရွယ်မှာမှ လှလှပပ တက်ကြွကြွမနေရင် ဘယ်အချိန်သွားနေမလဲ ? Age is just a number ပါ။ ဆိုတော့ အသက် (၄၀) ကျော်မမတွေအတွက် ကလက်တက်တက်မဖြစ်စေရဘဲ ဘယ်လိုဖက်ရှင်ကျကျလန်းလို့ရမလဲဆိုတာ Stella နဲ့တူတူကြည့်လိုက်ကြရအောင် …

(၁) ဖိနပ်နဲ့အိတ်တွေ

ဒီအရွယ်မှာ ဖိနပ်ကောင်းကောင်း အိတ်ကောင်းကောင်းက သိပ်ကို အရေးပါပါတယ်။ ဘယ်လောက်ပဲ ဝတ်ကောင်းစားလှဝတ်ထားပါစေ ဖိနပ်နဲ့အိတ်က ဂွမ်းနေရင်အလကားပဲလေ။ ဒေါ်လာထောင်ချီတဲ့ Hermes Birkin အိတ်တွေ၊ ဖိနပ်တွေ ဝယ်ကိုဝယ်ရမယ်လို့ ပြောတာမဟုတ်ပေမဲ့ ဘရန်းဒ်ကောင်းကောင်း ကွာလတီကောင်းကောင်း အိတ်လေး၊ ဖိနပ်လေး ပိုင်ဆိုင်ထားတာက ပွဲလယ်တင့်စေပါတယ်။

Related article >>> ဝိတ်ကျချင်လား? ဒီပလန်အတိုင်း ကျန်းမာရေးနဲ့ ညီအောင် စားကြည့်ပါ။

(၂) ဆိုင်မှာချိတ်ပြထားတာ လှတိုင်းမဝယ်လိုက်ပါနဲ့။

ချိတ်ပြထားတာလှနေပေမဲ့ ကိုယ်တိုင်ဝတ်ကြည့်လိုက်ရင် လှချင်မှလှတော့တာပါ။ ဒါကြောင့် ရမ်းသန်းမဝယ်ပါနဲ့။ အစမ်းဝတ်ကြည့်ပါ။ စိတ်ရှည်ပြီး အချိန်ပေးရပေမဲ့ ကိုယ်ဝယ်သင့်တဲ့ အဝတ်အစားမျိုးလားဆိုတာ သိရဖို့အတွက် ဒါကတစ်ခုတည်းသော နည်းလမ်းပါ။

(၃) အဝတ်အစား

အသက် (၄၀) အရွယ်မှာ ဆယ်ကျော်သက်အရွယ်က ဝတ်ခဲ့တဲ့ မီနီစကတ်တွေ ဝတ်မယ့်အစား အဆင့်အတန်းမြင့်မြင့်နဲ့ လန်းနေစေမယ့် အဝတ်အစားတွေကို ရွေးချယ်ဝတ်သင့်ပါတယ်။ ကုတ်အင်္ကျီ၊ ပုံကျကျ style pants တစ်ထည်နဲ့ အနက်ရောင် ဂါဝန်တစ်ထည်ကတော့ မရှိမဖြစ်ပါနော်။

Related article >>> မိတ်ကပ်လိမ်းဖို့အတွက် အသက်ကြီးတယ်ဆိုတာ လုံးဝ (လုံးဝ) မရှိပါဘူး။

(၄) လက်ဝတ်လက်စား

အသက် (၄၀) အရွယ်မှာ ရှုပ်ရှုပ်ယှက်ယှက် ဖန်စီပစ္စည်းတွေထက် ကျောက်မျက်ရတနာတွေ စီခြယ်ထားတဲ့ လက်ဝတ်လက်စားတွေက ပိုသင့်တော်ပါတယ်။ ဆယ်ကျော်သက်တုန်းကနဲ့ ယှဉ်ရင် ဝင်ငွေလည်း အထိုက်အလျောက်ရှိနေပြီမို့ လက်ဝတ်ရတနာကို အဓိကထား ဝတ်ဆင်သင့်ပါတယ်။ နာရီကောင်းကောင်းတစ်လုံးကလည်း ယောင်းရဲ့ပုံရိပ်ကို တစ်ဖက်တစ်လမ်းကနေ မြှင့်တင်ပေးနေတယ်ဆိုတာ မမေ့ပါနဲ့။

(၅) ယုံကြည်မှုအပြည့်ရှိပါ။

အမျိုးသမီးတစ်ယောက်အနေနဲ့ ကိုယ့်ခန္ဓာကိုယ်ကောက်ကြောင်းကို ချစ်ပါ။ ကျန်းမာအောင် လေ့ကျင့်ခန်းမှန်မှန်လုပ်ပါ။ Skin care များများလုပ်ပါ။ ကိုယ့်ကိုယ်ကိုယ်ချစ်ပါ။ ဘယ်သွားသွား ဘာလုပ်လုပ် အမြဲတမ်းယုံကြည်မှုအပြည့်ရှိတဲ့ အမျိုးသမီးတစ်ယောက်ဖြစ်နေပါစေ။ ဒါဆိုရင် ပြီးပြည့်စုံပြီး ကျက်သရေရှိတဲ့ ပုံရိပ်ကို ပိုင်ဆိုင်နိုင်ပါပြီ။

Related article >>> ၂၀၁၉ မိုးရာသီနဲ့အတူ ရေပန်းစားလာဦးမယ့် အရောင်ကာလာဆန်း (၄) မျိုး

ကဲ … ဒီလောက်ဆိုရင် ယောင်းလည်း အသက် (၄၀) ကျော်မမတစ်ယောက်အနေနဲ့ အလန်းဆုံးဘယ်လိုဝတ်စားရမလဲဆိုတာ သိလောက်ပြီ ထင်ပါတယ်နော်.. ကိုယ့်အသိ၊ ဆွေမျိုးထဲက အသက် (၄၀)ကျော် မမတွေကိုလည်း မန်းရှင်းခေါ်လိုက်ပါဦးလို့…

အသက်နဲ့မလိုက်အောင် နုပျိုနေဖို့ အဆင်သင့်ပဲလား ?

Stella (For Her Myanmar)

No Comments Yet

Comments are closed