ေသးေသးသြယ္သြယ္ေကာင္မေလးတိုင္း ဗီ႐ိုထဲမွာ ေဆာင္ထားသင့္တဲ့ ေဆာင္းဖက္ရွင္ (၅)မ်ိဳး

နဂိုတည္းကမွ ေသးေသးေလး ခ်စ္စရာေလးပါဆို.. ဒါေလးေတြနဲ႔ ဆိုရင္ေတာ့ ..အိုက္စ္

ေယာင္းတို႔ထဲမွာ Petite ေကာင္မေလးေတြ ရွိလား ???

ဒီေမးခြန္းကို ေျဖဖို႔အတြက္ Petite ဆုိတာ ဘယ္လိုေကာင္မေလးမ်ိဳးကို ေခၚတာလဲဆိုတာ အရင္ၾကည့္ရေအာင္ေနာ္..

Petite ဆိုတာ တကယ္ေတာ့ ခႏၶာကိုယ္ အေလးခ်ိန္ကုိ မူတည္ၿပီး ဆံုးျဖတ္တာ မဟုတ္ပါဘူး။ အရပ္အျမင့္နဲ႔ အခ်ိဳးအစားေပၚ မူတည္ၿပီး ေခၚေဝၚတဲ့ အေခၚအေဝၚ တစ္ခုပဲျဖစ္ပါတယ္။

ဒီတိုင္း ရွင္းျပရင္ ႐ႈပ္မွာစိုးလုိ႔ Megan က ပံုေလးနဲ႔ ျပေပးမယ္ေနာ္။

petite ဆိုတာ ဒါေလးေပါ့..

ကဲ Petite ဆုိတာ ဘယ္လိုမ်ိဳးေလးေတြကို ေခၚတာလဲ သိၿပီးၿပီဆိုရင္ေတာ့ – Petite ေလးေတြအတြက္ ေဆာင္းတြင္းမွာ မရွိမျဖစ္လိုအပ္မယ့္ ဖက္ရွင္ေလးေတြကို ေျပာျပေပးခ်င္ပါတယ္။

Megan တုိ႔ ရန္ကုန္မွာကလည္း သိတဲ့အတုိင္း မနက္ပိုင္းေလးေလာက္သာ ေဆာင္းရဲ ႔အေငြ႔အသက္ ေအးသေယာင္ေယာင္ေလး ခံစားရတာျဖစ္ၿပီး ေန႔လယ္ပိုင္းေလာက္က်ေတာ့ မေအးေတာ့ဘဲ ပံုမွန္ေလာက္ပဲ ဆုိေတာ့ ေဆာင္းတြင္းမွာ ဘယ္လုိဖက္ရွင္ေတြကို ဝတ္သင့္တယ္၊ ဘာေတြကို ႀကိဳတင္စုေဆာင္းထားရမယ္ဆိုတာေလးေတြ ၾကည့္ၾကရေအာင္ ေယာင္းတို႔ေရ..

၁။ မီနီစကတ္ေလးေတြကို ေရြးခ်ယ္ပါ။ 

ေျခသလံုးေလာက္အရွည္ရွိတဲ့ Midi စကတ္ေတြ၊ ေျခမ်က္စိထိ အရွည္ရွိတဲ့ Maxi စကတ္ေတြအစား ေပါင္လယ္ေလာက္ပဲ ရွည္တဲ့ မီနီစကတ္တုိတိုကားကား ေလးေတြက Petite ေယာင္းတို႔ အတြက္ ဒီႏွစ္မွာ လံုးဝ ေခတ္စားလာမွာ အေသခ်ာပါတဲ့ေနာ္။ အရမ္းေအးတဲ့ ရာသီဥတုရွိတဲ့ ေနရာမ်ိဳးကို  ခရီးထြက္မယ္ ဆိုရင္ေတာ့ ေအာက္က stocking (အသားကပ္ေဘာင္းဘီ) ထူထူေလး ခံဝတ္ႏိုင္ပါတယ္။ မီနီစကတ္ကို ဝတ္မယ္လို႔ ေရြးခ်ယ္ထားရင္ေတာ့ ဖိနပ္ကို ေဒါက္အခၽြန္ပါတာမ်ိဳးေလး စီးပါလို႔..

Related Article >>> ဆြယ္တာေလး ၂ထည္ရွိရံုနဲ႔ လန္းေနမယ့္ ေဆာင္းဖက္ရွင္

၂။ ခါးေပၚတက္ဝတ္ရတဲ့ ေဘာင္းဘီ

 

PAPER-BAG WAIST PANTS လို႔ ေခၚတဲ့ ခါးေပၚထိ တက္ဝတ္ရတဲ့ ေဘာင္းဘီပြပြေလးေတြကလည္း petite ေလးတို႔အတြက္ ခႏၶာကိုယ္အခ်ိဳးအစားကို ေပၚလြင္ေစတာမို႔ အေကာင္းဆံုးဖက္ရွင္ေတြထဲက တစ္ခုေပါ့ေနာ္။ ေျခေထာက္ေတြကို ပိုရွည္တဲ့ အသြင္ျဖစ္ေစဖို႔ ေဒါက္ဖိနပ္အစား ထိပ္ခၽြန္တဲ့ ထိပ္ပိတ္ Flat တစ္ရံကိုသာ စီးလိုက္ပါ။ အရပ္ရွည္သေယာင္ ထင္ရဖို႔ ေဒါက္ဖိနပ္ထူထူျမင့္ျမင့္ႀကီးေတြ စီးရမယ္ဆိုတဲ့ အယူအဆမွားႀကီးကို ေခါင္းထဲက ထုတ္ထားလိုက္ပါေတာ့။ တကယ္က အဲဒီလို စီးထားမွသာ အရပ္ပုလို႔ စီးရတာျဖစ္ေၾကာင္း ပိုၿပီး သိသာထင္ရွားေစလို႔ပါ။

၃။ ဆြယ္တာပါးပါး ဂါဝန္တစ္ထည္

V shape လည္ပင္းေပါက္ပါတဲ့ ဆြယ္တာခပ္ပါးပါး ဂါဝန္တစ္ထည္နဲ႔လည္း ေဆာင္းတြင္းမွာ အထာက်က် ပဲမ်ားလို႔ ရတယ္ေနာ္ ေယာင္းတို႔။ ဘာ အဆင္တန္ဆာမွေတာင္ မလိုဘူး။ V shape Sweater Dress ေလးနဲ႔ ေအာက္က Flat shoes ေလး တစ္ရံနဲ႔ဆိုရင္ေတာင္ အေတာ္ အထာက်ေနပါၿပီ။

Related Article >>> ေဆာင္းရာသီနဲ႔ အလိုက္ဖက္ဆံုးျဖစ္လာမယ့္ လက္သည္းနီအေရာင္ (၅) မ်ိဳး

၄။ Moto Jacket

ေဆာင္းတြင္းနဲ႔ Moto Jacket ဆိုတာက ခြဲလို႔မရတဲ့ မပါမျဖစ္ ဖက္ရွင္တစ္ခုပါ။ Moto Jacket ေတြဟာ ခပ္မုိက္မိုက္ ဖက္ရွင္ ျဖစ္တဲ့အျပင္ Petite ေလးေတြကို ပိုၿပီး ရွည္သြယ္သြားေစတဲ့ အသြင္ ျဖစ္ေစပါေသးတယ္။ Moto Jacketကို ေအာက္က ေျခမ်က္စိေပၚတဲ့ Skinny Jeans ေလးတစ္ထည္နဲ႔ တြဲဝတ္ၿပီး ေအာက္က sneakers ေလး စီးလုိက္ရင္ေတာ့ … WOW!!! အရမ္းကို မိမိုက္ေနမွာေနာ္။

၅။ Wrap Dress

WRAP DRESS ဆိုတာက်ေတာ့ petite ေတြနဲ႔ ခြဲမရတဲ့ ဖက္ရွင္တစ္ခု ျဖစ္ျပန္ေရာ။ ခါးကိုပိုၿပီး ေသးသြယ္သေယာင္ထင္ရေစတဲ့ Wrap Dress (ပံုထဲမွာ ၾကည့္ႏုိင္ပါတယ္ေနာ္)ေတြက အရမ္းမေအးတဲ့ ရန္ကုန္ေဆာင္းနဲ႔ အဆင္ေျပေစပါတယ္။ ေဒါက္ျမင့္ဖိနပ္ေလးနဲ႔သာ တြဲလိုက္ရင္ ျမင္တဲ့သူတိုင္း ႏွစ္ခါျပန္ ေငးၾကည္႔မွာ ယံု။

ဒီေလာက္ဆိုရင္ေတာ့ Petite ေယာင္းေလးတို႔အတြက္ ေဆာင္းတြင္းမွာ ဖက္ရွင္က်က် ႐ႈိးထုတ္လုိ႔ ရပါၿပီလို႔… မေမ့နဲ႔ေနာ္…. ဘာပဲဝတ္ဝတ္ ကိုယ့္ကိုယ္ကိုယ္ယံုၾကည္မႈ ရွိေနဖို႔က အဓိက က်ပါတယ္.. 😉

With love,

Megan (For Her Myanmar)

References: Pinterest , Jeetly

<<< Unicode >>>

နဂိုတည်းကမှ သေးသေးလေး ချစ်စရာလေးပါဆို.. ဒါလေးတွေနဲ့ ဆိုရင်တော့ ..အိုက်စ်

ယောင်းတို့ထဲမှာ Petite ကောင်မလေးတွေ ရှိလား ???

ဒီမေးခွန်းကို ဖြေဖို့အတွက် Petite ဆိုတာ ဘယ်လိုကောင်မလေးမျိုးကို ခေါ်တာလဲဆိုတာ အရင်ကြည့်ရအောင်နော်..

Petite ဆိုတာ တကယ်တော့ ခန္ဓာကိုယ် အလေးချိန်ကို မူတည်ပြီး ဆုံးဖြတ်တာ မဟုတ်ပါဘူး။ အရပ်အမြင့်နဲ့ အချိုးအစားပေါ် မူတည်ပြီး ခေါ်ဝေါ်တဲ့ အခေါ်အဝေါ် တခုပဲဖြစ်ပါတယ်။

ဒီတိုင်း ရှင်းပြရင် ရှုပ်မှာစိုးလို့ Megan က ပုံလေးနဲ့ ပြပေးမယ်နော်။

petite ဆိုတာ ဒါလေးပေါ့..

ကဲ Petite ဆိုတာ ဘယ်လိုမျိုးလေးတွေကို ခေါ်တာလဲ သိပြီးပြီဆိုရင်တော့ – Petite လေးတွေအတွက် ဆောင်းတွင်းမှာ မရှိမဖြစ်လိုအပ်မယ့် ဖက်ရှင်လေးတွေကို ပြောပြပေးချင်ပါတယ်။

Megan တို့ ရန်ကုန်မှာကလည်း သိတဲ့အတိုင်း မနက်ပိုင်းလေးလောက်သာ ဆောင်းရဲ့အငွေ့အသက် အေးသယောင်ယောင်လေး ခံစားရတာဖြစ်ပြီး နေ့လယ်ပိုင်းလောက်ကျတော့ မအေးတော့ဘဲ ပုံမှန်လောက်ပဲ ဆိုတော့ ဆောင်းတွင်းမှာ ဘယ်လိုဖက်ရှင်တွေကို ဝတ်သင့်တယ်၊ ဘာတွေကို ကြိုတင်စုဆောင်းထားရမယ်ဆိုတာလေးတွေ ကြည့်ကြရအောင် ယောင်းတို့ရေ..

၁။ မီနီစကတ်လေးတွေကို ရွေးချယ်ပါ။ 


ခြေသလုံးလောက်အရှည်ရှိတဲ့ Midi စကတ်တွေ၊ ခြေမျက်စိထိ အရှည်ရှိတဲ့ Maxi စကတ်တွေအစား ပေါင်လယ်လောက်ပဲ ရှည်တဲ့ မီနီစကတ်တိုတိုကားကား လေးတွေက Petite ယောင်းတို့ အတွက် ဒီနှစ်မှာ လုံးဝ ခေတ်စားလာမှာ အသေချာပါတဲ့နော်။ အရမ်းအေးတဲ့ ရာသီဥတုရှိတဲ့ နေရာမျိုးကို  ခရီးထွက်မယ် ဆိုရင်တော့ အောက်က stocking (အသားကပ်ဘောင်းဘီ) ထူထူလေး ခံဝတ်နိုင်ပါတယ်။ မီနီစကတ်ကို ဝတ်မယ်လို့ ရွေးချယ်ထားရင်တော့ ဖိနပ်ကို ဒေါက်အချွန်ပါတာမျိုးလေး စီးပါလို့..

Related Article >>> ဆွယ်တာလေး ၂ထည်ရှိရုံနဲ့ လန်းနေမယ့် ဆောင်းဖက်ရှင်

၂။ ခါးပေါ်တက်ဝတ်ရတဲ့ ဘောင်းဘီ

PAPER-BAG WAIST PANTS လို့ ခေါ်တဲ့ ခါးပေါ်ထိ တက်ဝတ်ရတဲ့ ဘောင်းဘီပွပွလေးတွေကလည်း petite လေးတို့အတွက် ခန္ဓာကိုယ်အချိုးအစားကို ပေါ်လွင်စေတာမို့ အကောင်းဆုံးဖက်ရှင်တွေထဲက တစ်ခုပေါ့နော်။ ခြေထောက်တွေကို ပိုရှည်တဲ့ အသွင်ဖြစ်စေဖို့ ဒေါက်ဖိနပ်အစား ထိပ်ချွန်တဲ့ ထိပ်ပိတ် Flat တစ်ရံကိုသာ စီးလိုက်ပါ။ အရပ်ရှည်သယောင် ထင်ရဖို့ ဒေါက်ဖိနပ်ထူထူမြင့်မြင့်ကြီးတွေ စီးရမယ်ဆိုတဲ့ အယူအဆမှားကြီးကို ခေါင်းထဲက ထုတ်ထားလိုက်ပါတော့။ တကယ်က အဲဒီလို စီးထားမှသာ အရပ်ပုလို့ စီးရတာဖြစ်ကြောင်း ပိုပြီး သိသာထင်ရှားစေလို့ပါ။

၃။ ဆွယ်တာပါးပါး ဂါဝန်တစ်ထည်

V shape လည်ပင်းပေါက်ပါတဲ့ ဆွယ်တာခပ်ပါးပါး ဂါဝန်တစ်ထည်နဲ့လည်း ဆောင်းတွင်းမှာ အထာကျကျ ပဲများလို့ ရတယ်နော် ယောင်းတို့။ ဘာ အဆင်တန်ဆာမှတောင် မလိုဘူး။ V shape Sweater Dress လေးနဲ့ အောက်က Flat shoes လေး တစ်ရံနဲ့ဆိုရင်တောင် အတော် အထာကျနေပါပြီ။

Related Article >>> ဆောင်းရာသီနဲ့ အလိုက်ဖက်ဆုံးဖြစ်လာမယ့် လက်သည်းနီအရောင် (၅) မျိုး

၄။ Moto Jacket

ဆောင်းတွင်းနဲ့ Moto Jacket ဆိုတာက ခွဲလို့မရတဲ့ မပါမဖြစ် ဖက်ရှင်တခုပါ။ Moto Jacket တွေဟာ ခပ်မိုက်မိုက် ဖက်ရှင် ဖြစ်တဲ့အပြင် Petite လေးတွေကို ပိုပြီး ရှည်သွယ်သွားစေတဲ့ အသွင် ဖြစ်စေပါသေးတယ်။ Moto Jacketကို အောက်က ခြေမျက်စိပေါ်တဲ့ Skinny Jeans လေးတစ်ထည်နဲ့ တွဲဝတ်ပြီး အောက်က sneakers လေး စီးလိုက်ရင်တော့ … WOW!!! အရမ်းကို မိမိုက်နေမှာနော်။

၅။ Wrap Dress 

WRAP DRESS ဆိုတာကျတော့ petite တွေနဲ့ ခွဲမရတဲ့ ဖက်ရှင်တစ်ခု ဖြစ်ပြန်ရော။ ခါးကိုပိုပြီး သေးသွယ်သယောင်ထင်ရစေတဲ့ Wrap Dress (ပုံထဲမှာ ကြည့်နိုင်ပါတယ်နော်)တွေက အရမ်းမအေးတဲ့ ရန်ကုန်ဆောင်းနဲ့ အဆင်ပြေစေပါတယ်။ ဒေါက်မြင့်ဖိနပ်လေးနဲ့သာ တွဲလိုက်ရင် မြင်တဲ့သူတိုင်း နှစ်ခါပြန် ငေးကြည့်မှာ ယုံ။

ဒီလောက်ဆိုရင်တော့ Petite ယောင်းလေးတို့အတွက် ဆောင်းတွင်းမှာ ဖက်ရှင်ကျကျ ရှိုးထုတ်လို့ ရပါပြီလို့… မမေ့နဲ့နော်…. ဘာပဲဝတ်ဝတ် ကိုယ့်ကိုယ်ကိုယ်ယုံကြည်မှု ရှိနေဖို့က အဓိက ကျပါတယ်လုိ႔.. 😉

With love,

Megan (For Her Myanmar)

References: Pinterest , Jeetly

No Comments Yet

Comments are closed