Fashion

ကိုယ္နဲ႔အသင့္ေတာ္ဆံုးဘရာကို ဆိုက္ဒ္မွန္မွန္ေရြးခ်ယ္နည္းအဆင့္ (၃) ဆင့္

ဆိုက္ဒ္မမွန္လို႔ ဇက္ေၾကာတက္စရာမလိုေတာ့ပါဘူးေနာ္

မိန္းကေလးေတြ တိုင္အပတ္ဆံုးကိစၥက ဘရာဆိုက္ဒ္ေရြးရတာပဲ။ ဘရာဆိုက္ဒ္မမွန္တဲ့အခါမ်ိဳးေတြဆို ဇက္ေၾကာေတြတက္၊ တစ္ကိုယ္လံုး ခ်ည္ထားတုပ္ထားသလို တင္းတင္းက်ပ္က်ပ္ႀကီးျဖစ္ၿပီး တစ္ေနကုန္ကို ေနလို႔ထိုင္လို႔ မေကာင္းေတာ့တာ။ ဒီေတာ့ ဆိုက္ဒ္မွန္တဲ့ ဘရာကို ဘယ္လိုေရြးခ်ယ္ၾကမလဲဆိုတာ ေမးစရာျဖစ္လာၿပီေလ။ ဘရာကို ကိုယ္နဲ႔ကြက္တိ မွန္မွန္ကန္ကန္ေရြးခ်ယ္ႏိုင္ဖို႔ ဒီအခ်က္ေလးေတြပဲလိုပါတယ္။

(၁) Band size တိုင္းပါ


Band ဆိုတာက ရင္သားေအာက္ကေန အေနာက္ခ်ိတ္ခ်ိတ္တဲ့ ေနရာထိ ပါတဲ့ေနရာေလးကို ေျပာတာပါ။ Band size ကိုသိရဖို႔ဆိုရင္ ရင္သားေအာက္ကေန ခႏၶာကိုယ္ရဲ႕ပတ္လည္အတိုင္းအတာကို ေပႀကိဳးနဲ႔တိုင္းေပးပါ။ အတိုင္းအတာက စံုဂဏန္းျဖစ္ေနရင္ ေနာက္ထပ္ေလးေပါင္းထည့္ပါ။ မဂဏန္းျဖစ္ေနရင္ ေနာက္ထပ္ငါးေပါင္းထည့္ပါ။ ဥပမာ – ေယာင္းရဲ႕အတိုင္းအတာက ၃၂ လက္မဆိုရင္ ေယာင္းရဲ႕ band size က ၃၂+၄=၃၆ လက္မ ျဖစ္ၿပီး ေယာင္းရဲ႕အတိုင္းအတာက ၃၃ လက္မဆိုရင္ band size က ၃၃+၅=၃၈ လက္မေပါ့။

Related article >>> ဖက္ရွင္က်ေနဖို႔ အိတ္နဲ႔ဖိနပ္က အေရာင္တူေနမွကို ျဖစ္မွာလား?

(၂) Bust size တိုင္းပါ


Bust ဆိုတာကေတာ့ ေယာင္းရင္သားရဲ႕အတိုင္းအတာပါ။ Bust size တိုင္းမယ္ဆိုရင္ေတာ့ ရင္သားအလယ္တည့္တည့္ ထိပ္ေလးကေန ပတ္လည္အတိုင္းအတာကို ေပႀကိဳးနဲ႔တိုင္းေပးရပါမယ္။ ပတ္လည္အတိုင္းအတာရဲ႕ အနီးစပ္ဆံုးနံပါတ္ကို ယူပါေနာ္။

Related article >>> ဒီႏွစ္မိုးရာသီမွာ ေခတ္စားလာမယ့္ ႏႈတ္ခမ္းနီအေရာင္ (၅) ေရာင္

(၃) Cup size တိုင္းပါ
Cup ကေတာ့ ဘရာရဲ႕အံုအထူအပါးပါ။ Cup size တိုင္းဖို႔ မခက္ပါဘူး။ ေယာင္းရဲ႕ Bust size အတိုင္းအတာထဲကေန Band size အတိုင္းအတာကို ႏႈတ္လိုက္ရုံပါပဲ။
Bust size – Band size = Cup size
ရလဒ္ကို ေအာက္ကဇယားထဲမွာ ၾကည့္လိုက္ရင္ Cup size ရပါၿပီ။

လြယ္လြယ္ေလးမွတ္လား ? ဒါဆိုရင္ေတာ့ ေယာင္းနဲ႔အသင့္ေတာ္ဆံုးျဖစ္ေနမယ့္ ဘရာကို ဆိုက္ဒ္အမွန္ဆံုး ေရြးခ်ယ္ႏိုင္ၿပီေပါ့ေနာ္…

Stella (For Her Myanmar)

<<<Unicode>>>

 

ဆိုက်ဒ်မမှန်လို့ ဇက်ကြောတက်စရာမလိုတော့ပါဘူးနော်

မိန်းကလေးတွေ တိုင်အပတ်ဆုံးကိစ္စက ဘရာဆိုက်ဒ်ရွေးရတာပဲ။ ဘရာဆိုက်ဒ်မမှန်တဲ့အခါမျိုးတွေဆို ဇက်ကြောတွေတက်၊ တစ်ကိုယ်လုံး ချည်ထားတုပ်ထားသလို တင်းတင်းကျပ်ကျပ်ကြီးဖြစ်ပြီး တစ်နေကုန်ကို နေလို့ထိုင်လို့ မကောင်းတော့တာ။ ဒီတော့ ဆိုက်ဒ်မှန်တဲ့ ဘရာကို ဘယ်လိုရွေးချယ်ကြမလဲဆိုတာ မေးစရာဖြစ်လာပြီလေ။ ဘရာကို ကိုယ်နဲ့ကွက်တိ မှန်မှန်ကန်ကန်ရွေးချယ်နိုင်ဖို့ ဒီအချက်လေးတွေပဲလိုပါတယ်။

(၁) Band size တိုင်းပါ


Band ဆိုတာက ရင်သားအောက်ကနေ အနောက်ချိတ်ချိတ်တဲ့ နေရာထိ ပါတဲ့နေရာလေးကို ပြောတာပါ။ Band size ကိုသိရဖို့ဆိုရင် ရင်သားအောက်ကနေ ခန္ဓာကိုယ်ရဲ့ပတ်လည်အတိုင်းအတာကို ပေကြိုးနဲ့တိုင်းပေးပါ။ အတိုင်းအတာက စုံဂဏန်းဖြစ်နေရင် နောက်ထပ်လေးပေါင်းထည့်ပါ။ မဂဏန်းဖြစ်နေရင် နောက်ထပ်ငါးပေါင်းထည့်ပါ။ ဥပမာ – ယောင်းရဲ့အတိုင်းအတာက ၃၂ လက်မဆိုရင် ယောင်းရဲ့ band size က ၃၂+၄=၃၆ လက်မ ဖြစ်ပြီး ယောင်းရဲ့အတိုင်းအတာက ၃၃ လက်မဆိုရင် band size က ၃၃+၅=၃၈ လက်မပေါ့။

Related article >>> ဖက်ရှင်ကျနေဖို့ အိတ်နဲ့ဖိနပ်က အရောင်တူနေမှကို ဖြစ်မှာလား?

(၂) Bust size တိုင်းပါ


Bust ဆိုတာကတော့ ယောင်းရင်သားရဲ့အတိုင်းအတာပါ။ Bust size တိုင်းမယ်ဆိုရင်တော့ ရင်သားအလယ်တည့်တည့် ထိပ်လေးကနေ ပတ်လည်အတိုင်းအတာကို ပေကြိုးနဲ့တိုင်းပေးရပါမယ်။ ပတ်လည်အတိုင်းအတာရဲ့ အနီးစပ်ဆုံးနံပါတ်ကို ယူပါနော်။

Related article >>> ဒီနှစ်မိုးရာသီမှာ ခေတ်စားလာမယ့် နှုတ်ခမ်းနီအရောင် (၅) ရောင်

(၃) Cup size တိုင်းပါ
Cup ကတော့ ဘရာရဲ့အုံအထူအပါးပါ။ Cup size တိုင်းဖို့ မခက်ပါဘူး။ ယောင်းရဲ့ Bust size အတိုင်းအတာထဲကနေ Band size အတိုင်းအတာကို နှုတ်လိုက်ရုံပါပဲ။
Bust size – Band size = Cup size
ရလဒ်ကို အောက်ကဇယားထဲမှာ ကြည့်လိုက်ရင် Cup size ရပါပြီ။

လွယ်လွယ်လေးမှတ်လား ? ဒါဆိုရင်တော့ ယောင်းနဲ့အသင့်တော်ဆုံးဖြစ်နေမယ့် ဘရာကို ဆိုက်ဒ်အမှန်ဆုံး ရွေးချယ်နိုင်ပြီပေါ့နော်…

Stella (For Her Myanmar)

Stella
Stella
Stella ကေတာ့ Fashion နဲ႕ Beauty ကို ဝါသနာပါလို႔ For Her Myanmar မွာ ေယာင္းေယာင္းတို႔အတြက္ beauty hacks ေတြ, fashion နဲ႕ပက္သက္တဲ့ အေၾကာင္းအရာမ်ိဳးစံုကို အဓိကေဝမွ်ေပးသြားမွာပါ။ သုတရသေတြကိုလည္း လက္လွမ္းမွီသေလာက္ ေရးေပးပါေသးတယ္။

Leave a Reply

Your email address will not be published. Required fields are marked *