ဆောင်းရာသီမှာဖက်ရှင်ကျနေစေဖို့သိသင့်တဲ့အချက်(၅)ချက်

ဆောင်းတွင်းရောက်ပြီဆိုတော့ ဒီအချက်တွေကို သိထားဖို့လိုပြီနော်။

Rinအတွက်တော့ ရာသီဥတုတွေထဲမှာ နေလို့အကောင်းဆုံး ရာသီက ဆောင်းရာသီဖြစ်ပါတယ်။ ဆောင်းလေးအေးအေးမှာ အနွေးထည်လှလှလေးတွေ ထုတ်ဝတ်ရတာလည်း ဆောင်းတွင်းရဲ့ အရသာပေါ့။ အနောက်နိုင်ငံတွေမှာဆို နှင်းကျပြီးအလွန်အေးတာကြောင့် ကုတ်အင်္ကျီအရှည်ကြီးတွေ ဝတ်ပြီး ရှိုးထုတ် ကောင်းချက်ပေါ့။

မြန်မာနိုင်ငံရဲ့ ရာသီဥတုက သူများနိုင်ငံတွေလောက် သိပ်မအေးတဲ့အပြင် အခုနှစ်မှာ ရာသီဥတုဖောက်ပြန်တော့ ပိုလို့တောင်ဆိုးသေး။ နေ့ခင်းဘက်ဆို အပူငွေ့တရှိန်ရှိန်နဲ့ တစ်ခါတရံ မိုးလေးဖွဲဖွဲပါကျတယ်။

ဒါပေမယ့်လည်းဆောင်းရာသီကတော့ ဆောင်းရာသီပါပဲရှင်။
ရှိုးထုတ်ကောင်းတဲ့ရာသီမှာ ဆောင်ထားသင့်တဲ့ အဝတ်အထည်တွေနဲ့ သိသင့်တဲ့ winter hacksတွေကို ဗဟုသုတအဖြစ် ပြန်မျှဝေပေးလိုက်ပါတယ်။

(၁) ဒီနှစ်ဆောင်းတွင်းအတွက် Rinရွေးချယ်ထားတဲ့ အရာတွေက …..

Turtleneck (လည်ရှည်အင်္ကျီ)

အခုတလော လည်ပင်းအပိတ် လက်ရှည်အင်္ကျီလေးတွေ အရမ်းခတ်စားလာတယ်ဟုတ်? မထူမပါးမို့ ဝတ်ရတာအရမ်းအဆင်ပြေတယ်နော်။ ဒါ့အပြင်Body fitဆိုတော့ ယောင်းတို့ ခန္ဓာကိုယ်အချိုးအစားကို ပိုပြီးပေါ်လွင်စေတာပေါ့။
ဒါ့ကြောင့် ဆောင်းရာသီမှာ မိန်းမဆန်တဲ့အလှကို ပေးစွမ်းနိုင်တဲ့ Turtleneckတစ်ထည်တော့ ရှိကိုရှိမှဖြစ်မယ်နော်။

Oversize Sweater

ကိုရီးယားဖက်ရှင်လေးတွေ ရေပန်းစားလာတာနဲ့အမျှ T shirtပွပွ၊ ဆွယ်တာပွပွတွေကလည်း လူငယ်တွေကြား နေရာယူလာပါတယ်။ အရမ်းချမ်းတဲ့အခါ နွေးနွေးထွေးထွေးဝတ်ဆင်နိုင်ပြီး သိပ်မအေးတဲ့အခါ စကပ်တို၊ ဘောင်းဘီတိုလေးတွေနဲ့ တွဲဖက်ဝတ်ဆင်နိုင်လို့ လူငယ်ဆန်ပြီး ချစ်စရာကောင်းတဲ့ ပုံစံလေးရရှိစေမှာပါ။

Related Article >>> ဆောင်းတွင်းအတွက် အသားအရည်ဂရုစိုက်နည်း (၇)နည်း

Button- Down skirt

90sဝန်းကျင်လောက်က ခေတ်စားခဲ့တဲ့ ရှေ့ကြယ်သီးနဲ့စကပ်လေးတွေ အခုတဖန်  ရေပန်းစားလာတာကိုတွေ့ရပါတယ်။ စကပ်အတိုရော အရှည်ရော နှစ်မျိုးစလုံးက ချစ်စရာကောင်းနေတော့ ရာသီဥတုကို ကြည့်ပြီး လိုက်ဖက်မယ့်အနေအထားကို ရွေးချယ်ဝတ်ဆင်သင့်ပါတယ်။

Slip dress (ကြိုးသိုင်းဂါဝန်)

90sဖက်ရှင်တစ်ခုဖြစ်တဲ့ Slipdressလေးတွေကိုလည်း ယခုနှစ်ဆောင်းတွင်းအတွက် ဆောင်းထားသင့်ပါတယ်။
Slipdressတွေက ယောင်းတို့ကို ကလေးဆန်တဲ့ ကောင်မလေးတစ်ယောက်အဖြစ် ပြောင်းလဲပေးနိုင်ပါတယ်။   ပေါ့ပါးလွတ်လပ်တဲ့styleကို ရရှိဖို့အတွက် slipdressနဲ့အတူ sneakerလေးတွေစီးဖို့ မမေ့နဲ့နော်။

ခေါင်းလောင်းဘောင်းဘီနဲ့ ပုဝါရှည်

ဆောင်းရာသီမှာ နွေးနွေးထွေးထွေးနဲ့ လှနေစေဖို့ ဘောင်းဘီရှည်တွေလည်း လိုအပ်မယ်နော်။ Rinကတော့ ခေါင်းလောင်းပုံစံဘောင်းဘီရှည်တွေကို ပိုသဘောကျတယ်။
လူကို အရပ်ရှည်သယောင် ဖြစ်စေတယ်။ Bell pantsတွေကလည်း 90sဖက်ရှင်တွေထဲက တစ်ခုပေါ့။

ဆောင်းတွင်းဆိုတော့ အကွက်ဆန်းဆန်းနဲ့ ပုဝါလှလှလေးတွေကို ထုတ်သုံးဖို့ အချိန်ရောက်ပြီနော်။ ဂါဝန်လှလှလေးဝတ်ထားလို့  အနွေးထည်မဝတ်ချင်တဲ့အခါ မထူမပါးပုဝါတစ်ထည်ကို အပေါ်ကခြုံပေးခြင်းဖြင့် ကပိုကရိုနဲ့ လှနေစေမှာပါ။
အရမ်းအေးတဲ့အခါ လည်ပင်းမှာ မာဖလာလိုပတ်ပြီး styleထုတ်ဖို့လည်း မမေ့နဲ့နော်။

Related Article >>> ကိုရီးယားဖက်ရှင်မှာ ခေတ်စားနေတဲ့ အရောင် ၅ ရောင်

အင်္ကျီတွေအကြောင်းပြောပြီးပြီဆိုတော့ Winter hackတွေဆီသွားကြရအောင်။

(၂) အမျိုးစားမကောင်းတဲ့ဆွယ်တာဝယ်မိပြီဆို။
အမျိုးအစားမကောင်းတဲ့ ဆွယ်တာတွေရဲ့ fiberတွေက ဝတ်ဆင်သူကို ယားယံစေပါတယ်။
ဒီအတွက်ဖြေရှင်းနိုင်တဲ့ နည်းလမ်းက….
ပထမဆုံးအနေနဲ့ ယောင်းတို့ရဲ့ ဆွယ်တာကို ရှာလကာရည်စာပွဲတင်ဇွန်း ၃ဇွန်း ရောစပ်ထားတဲ့ ရေအေးထဲကို ၁၅မိနစ်လောက်စိမ်ပေးပါ။
ဒုတိယအဆင့်အနေနဲ့ ဆံပင်ပျော့ဆေးအနည်ငယ်ယူပြီး ဆွယ်တာကို ဖြေးဖြေးလေး ပွတ်ပေးပါ။ ပုံမပျက်အောင် ဆွဲမဆန့်မိဖို့ သတိထားရပါမယ်။ ဆံပင်ပျော့ဆေးတွေ ဆွယ်တာရဲ့ fiberတွေထိ စိမ့်ဝင်သွားအောင် မိနစ်၃၀လောက်ထားလိုက်မယ်။ ထို့နောက် ဆွယ်တာကို ရေအေးနဲ့ ဆေးရပါမယ်။ နောက်ဆုံးအဆင့်အနေနဲ့ ဆွယ်တာကို အိတ်တစ်ခုထဲထည့်ပြီး ရေခဲသေတ္တာထဲ တစ်ညသိပ်ရပါမယ်။ နောက်နေ့မနက်ရောက်ရင်တော့ ယားယံမှုမရှိတဲ့ ဆွယ်တာကိုဝတ်ဆင်နိုင်ပါပြီ။

(၃) ဒူးအထက်bootsတွေဝယ်မရလို့ စိတ်ညစ်နေလား?

သာမန်Bootsတစ်စုံကနေ ဒူးအထက် ခပ်မိုက်မိုက် bootsအဖြစ် အသွင်ပြောင်းတဲ့နည်းပြောပြမယ်နော်။
ဒူးအထက် အသားကပ်ခြေအိပ်တစ်စုံရှိရုံနဲ့ ဒီကိစ္စကို ဖြေရှင်းနိုင်ပါတယ်။ ကိုယ့်မှာရှိပြီးသားbootsပေါ်ကနေ အသားကပ်ခြေအိပ်ကို ဝတ်လိုက်မယ်။ ပြီးရင် ဒေါက်နေရာကို ပုံမှာပြထားတဲ့အတိုင်း ကတ်ကြေးနဲ့ အနည်းအငယ် ဖောက်လိုက်မယ် ဆိုရင်တော့ ငွေကုန်သက်သာတဲ့ ဒူးအထက် bootsတစ်စုံကိုရပါပြီ။

 

(၄) Summer dressတွေကိုဝဲမပစ်နဲ့ဦးနော်။

နွေရာသီတုန်းက ရှိုးထုတ်ထားတဲ့ ကြိုးတစ်ချောင်း ဂါဝန်တွေကို ဆောင်းတွင်းမှာ ပြန်အသုံးချနိုင်ပါတယ်။ ရှပ်အင်္ကျီလက်ရှည်တွေအပေါ်ကနေ slip dressအနေနဲ့ ထပ်ဝတ်နိုင်သလို ဂျင်းအင်္ကျီတွေနဲ့ဖြစ်ဖြစ် တွဲဖက်ဝတ်ဆင်နိုင်ပါတယ်။ ဖက်ရှင်အမြင်ရှိသလို အသုံးချပြီး လှနိုင်ပါစေရှင့်။

(၅)သိုးမွှေးဦးထုပ်ဆောင်းတဲ့အခါ ချစ်စရာကောင်းနေဖို့။

Rinငယ်ငယ်က သိုးမွှေးဦးထုပ်ဆောင်းတဲ့အခါ မျက်နှာရှင်းရှင်းကြီးဖြစ်သွားတာကို အရမ်းမုန်းတယ်။ Rinက မျက်နှာလေးထောင့်ကျတော့ ဦးထုပ်ဆောင်းလိုက်ရင် မျက်နှာပိုကြီးသွားသလိုပဲ။ Rinလိုမျိုး မျက်နှာကြီးမှာကြောက်တဲ့ ပျိုမေတွေအတွက် နည်းလမ်းကောင်းလေးပေးချင်ပါတယ်။ ဆံပင်အနည်းအငယ်ကို တစ်ဝက်စီးပြီး ဆံထုံးလေးထုံးလိုက်ပါ။ ကျန်တဲ့ဆံပင်တွေကို ဆံထုံးမှာပြန်မပတ်ဘဲ ပုံထဲကအတိုင်း ရှေ့ကိုယူလိုက်ပါ။

ဒါဆို ဦးထုပ်ဆောင်းတဲ့အခါ မျက်နှာရှင်းရှင်းကြီး ဖြစ်မနေတော့ဘူးပေါ့။ ဦးထုပ်ချွတ်လိုက်ရင်လည်း ဆံထုံးကြောင့် လူငယ်ဆန်ဆန်နဲ့လှနေဦးမှာနော်..

ကဲ… Rinပြောသွားတဲ့ အချက်လေးတွေကို ဂရုပြုပြီး ဒီနှစ်ဆောင်းတွင်းမှာ Fashionကျနိုင်ပါစေရှင်။

Stay Pretty!
Rin( For Her Myanmar)

No Comments Yet

Comments are closed