ဒီနွေရာသီမှာ ယောင်းကို ဟော့ဖြစ်နေစေမယ့် နှုတ်ခမ်းနီအရောင်တွေက ဘာတွေ ဖြစ်မလဲ??
Stella (For Her Myanmar)
<<< Unicode >>>
လန်းချင်တိုင်း လန်းလို့ရအောင် ဒီနှုတ်ခမ်းနီအရောင်တွေ ရှိဖို့လိုနေပြီနော်…
ယောင်းတို့ရေ… Stella တို့လို အလှကြိုက်တဲ့ မိန်းကလေးတွေမှာ အကျင့်တစ်ခုရှိတယ်။ မျက်နှာတစ်ခုလုံး မိတ်ကပ်မပါရင်တောင်မှ နှုတ်ခမ်းနီလေးတော့ ဆိုးဖြစ်အောင် ဆိုးတတ်ကြတာမျိုးလေ… နှုတ်ခမ်းနီများမပါရင် ဖြူဖျော့ဖျော့နဲ့ လူမမာရုပ် ပေါက်နေသလိုလိုတောင် ကိုယ့်ကိုယ်ကိုယ် ထင်တာ။ တစ်ခုခုစားရင်လည်း နှုတ်ခမ်းနီ မပျက်အောင် စားရတာနဲ့၊ စားပြီးတိုင်းလည်း ပြန်ဆိုးရတာနဲ့ ဟုတ်တယ်ဟုတ်?
အရောင်စုံ အမျိုးအစားစုံ ဝယ်ထားပြီးသား ရှိတာတောင် တွေ့ရင်မြင်ရင် မနေနိုင် မထိုင်နိုင် ထပ်ဝယ်မိပြန်တယ်။ Stella လို နှုတ်ခမ်းနီကြိုက်တဲ့ ယောင်းတွေ ရှိကြတယ်ဟုတ်? ဒါဆို ယောင်းတို့အတွက် ဒီနှစ်နွေရာသီမှာ ခေတ်စားလာမယ့် နှုတ်ခမ်းနီအရောင်တွေကို တူတူကြည့်ရအောင်နော်…
အသားညိုတဲ့ယောင်းတွေအတွက်အသားညိုတဲ့ ယောင်းလေးတွေ တော်တော်များများ တွေးတတ်ကြတာက အသားညိုတော့ နှုတ်ခမ်းနီအရောင်ရွေးတယ်ပေါ့။ တကယ်တော့ မဟုတ်ပါဘူးနော်။ အသားညိုတဲ့ ယောင်းတွေက ဘာနှုတ်ခမ်းနီအရောင်နဲ့ ဖြစ်ဖြစ် လိုက်ဖက်ပါတယ်လို့… ဒီနွေရာသီမှာ ယောင်းတို့အတွက် ဖြစ်နေမယ့် အရောင်တွေကတော့ ပန်းရောင်တောက်တောက်၊ လိမ္မော်နီရောင်နဲ့ ဘယ်ရီသီးရောင်ရင့်ရင့်တွေပါ။
Related article >>> အရောင်ဆန်းဆန်းနှုတ်ခမ်းနီအရင့်များ
ရွှေအိုရောင် အသားအရေပိုင်ရှင်တွေအတွက်Stella တို့ အာရှသူအများစုက အသားဝါကြတာများပါတယ်။ တစ်နည်းအားဖြင့် ရွှေရောင်ရှိကြတယ်ပေါ့။ ဒီလို အသားအရေပိုင်ရှင်တွေအတွက် လိမ္မော်ရောင်၊အနီရောင်နဲ့ ခရမ်းရောင်တောက်တောက်တွေက ဒီနွေရာသီမှာ အလိုက်ဖက်ဆုံးပါပဲ။
Related article >>> ရွှေအိုရောင် အသားအရေပိုင်ရှင်တို့နဲ့ အလိုက်ဖက်ဆုံး အသားရောင် နှုတ်ခမ်းနီ (၆) မျိုး
အသားဖြူတဲ့ယောင်းတို့အတွက်အသားဖြူတဲ့ယောင်းတွေကတော့ နှုတ်ခမ်းနီနဲ့ ပတ်သက်လာရင် ရွေးချယ်စရာ များကြပါတယ်။ အဲဒီထဲကမှ ဒီနွေရာသီမှာ ယောင်းနဲ့ လိုက်ဖက်မှု အရှိဆုံးကတော့ ပန်းဆီရောင်၊ လာဗန်ဒါရောင်လို ခရမ်းဖျော့ဖျော့နဲ့ သန္တာရောင်တွေပဲ ဖြစ်ပါတယ်။
Related article >>> ယုံကြည်မှုကို မြှင့်တင်ပေးနိုင်တဲ့ အနီရောင်နှုတ်ခမ်းနီ
ကဲ…ဒီလောက်ဆိုရင် ယောင်းတို့လည်း ဒီနွေရာသီမှာ ဘယ်နှုတ်ခမ်းနီအရောင်တွေက ရေပန်းစားလာနိုင်ပြီး ယောင်းနဲ့ ဘယ်အရောင်က အလိုက်ဖက်ဆုံးဖြစ်မလဲ သိကြပြီပေါ့နော်။
ဒါဆိုရင် Stellaက နောက်ဆုံးအနေနဲ့ ယောင်းတို့အားလုံး မဖြစ်မနေလိုအပ်ပြီး အကုန်လုံးနဲ့ လိုက်ဖက်မယ့် အရာတစ်ခုပြောပြပေးမယ်နော်.. အဲဒါကတော့ ကိုယ့်ကိုယ်ကိုယ် ယုံကြည်မှုပါပဲ ယောင်းတို့ရေ။ ကိုယ့်ကိုယ်ကိုယ် ယုံကြည်မှုရှိတဲ့ မိန်းကလေးက အလှဆုံးမို့လို့ ကိုယ့်ကိုယ်ကိုယ် ယုံကြည်မှု အပြည့်နဲ့ လန်းနိုင်ကြပါစေလို့…
Stella (For Her Myanmar)
No Comments Yet
Comments are closed