Fashion & Beauty
လျှောက်လမ်းပေါ်မှ ထူးထူးဆန်းဆန်းဖက်ရှင်များ
လန်းတယ်နော်
လှတော့လှသား
ဟာ သွားရည်ကျ 😛
မြင်ရော မြင်ရရဲ့လား
ဖိနပ်ကို တစ်ချက်မေး
<<<Unicode >>>
ဟင်.. မျက်လုံးတွေ ပြူးရပြီလေ
နိုင်ငံခြားမော်ဒယ်လ်ရှိုးပွဲတွေမှာ ထူးထူးဆန်းဆန်းဝတ်စုံဒီဇိုင်းတွေ ဝတ်ဆင်ပြသတာကို ယောင်းတို့ မြင်ဖူးကြမှာပါနော်။ အဲဒီလို လျှောက်လမ်းပေါ်က ဖက်ရှင်တွေထဲကမှ အဆန်းတကာ့ အဆန်းဆုံးဆိုတဲ့ ဖက်ရှင်တွေကို ယောင်းတို့အတွက် စုစည်းဖော်ပြပေးလိုက်တယ်နော်။
ပန်းချီကားတစ်ချပ်လို
ကင်းဗတ်စ နဲ့ ပန်းချီးကားဘောင် တို့ကို အခြေခံဖန်တီးထားတဲ့ ထူးထူးဆန်းဆန်း ဝတ်စုံဒီဇိုင်းတွေကို ဒီဇိုင်နာ VIKTOR & ROLF တို့က သူတို့ရဲ့ ဆောင်းဦးဖက်ရှင်ရှိုး 2015 HAUTE COUTURE Collections မှာ ပြသခဲ့ပါတယ်။
လန်းတယ်နော်
ဖက်ရှင်ဒီဇိုင်နာ Gareth Pugh က 2012 နွေဦးဖက်ရှင်ရှိုးပွဲမှာ ဖန်တီးပြသခဲ့တဲ့ ဝတ်စုံပါ။ နွေရာသီဆိုတော့ ပြတင်းပေါက်နဲ့တူအောင်များ ဖန်တီးထားတာများလား 😀
Related Article >>> အော်စကာကောဇောနီသမိုင်းတစ်လျှောက် မင်းသမီးတို့ရဲ့ဖက်ရှင်များ
လှတော့လှသား
ဒီဇိုင်နာ Viktor and Rolf တို့ရဲ့  2007/2008 ဆောင်းဦး နဲ့ ဆောင်းရာသီဖက်ရှင်ရှိုးပွဲမှာ ပြသခဲ့တဲ့ ဖက်ရှင်တဲ့။ ဓာတ်ပုံပညာကို ကိုယ်စားပြုနေတဲ့ ဖက်ရှင်လို့တော့ ခံစားမိတာပဲ… ယောင်းတို့ရော ဘယ်လိုမြင်လဲ?
ဟာ သွားရည်ကျ 😛
ဒီဝတ်စုံကိုတော့ ဒီဇိုင်နာ Ágatha Ruíz  က မီလန် ဖက်ရှင်ရှိုးပွဲမှာ ဖန်တီးပြသခဲ့တာပါ။ အက်ဒ်မင်တော့ ဒီဖက်ရှင်ကိုကြည့်ပြီး ပေါင်မုန့် နဲ့ ကြက်ဥကြော်စားချင်သွားတယ် ခိခိ။
မြင်ရော မြင်ရရဲ့လား
Central Saint Martins Ba ဖက်ရှင်ရှိုးပွဲမှာ နွေဦး နဲ့ နွေရာသီဝတ်စုံတွေ ဖန်တီးပြသခဲ့တာတဲ့။ မော်ဒယ်တော့မသိဘူး.. အက်ဒ်မင်ဆိုရင်တော့ မျက်လုံးအတွက် ဖောက်ထားပေးတဲ့ အပေါက်နှစ်ပေါက်ကနေ မနည်းပြူးပြဲ ကြည့်ရမယ် :3
ကန္တာရဆူးပင်လေးလိုလို…
ဒါကလည်း 2015 Central Saint Martins  ဖက်ရှင်ရှိုးပွဲမှာ ဆောင်းရာသီဖက်ရှင်တွေကို ပြသခဲ့တဲ့ ဒီဇိုင်းပါ။ အဲ့ မော်ဒယ်လ် လမ်းလျှောက်ရ မခက်ဘူးလား မသိ 😀
ငယ်ငယ်က ဆော့ခဲ့တဲ့ အရုပ်မတောင် ပြန်သတိရသွားသေး
2015 Central Saint Martins ရဲ့ ဆောင်းရာသီဖက်ရှင်ရှိုးမှာ ဝတ်ဆင်ပြသခဲ့တဲ့ ဝတ်စုံပါ။ လန်းတော့ လန်းတယ် ဘာတွေမှန်းမသိဘူးနော်။
Related Article >>> ၁၉၇၀-၉၀ ပြည့်နှစ်များဆီမှ မြန်မာ့ဖက်ရှင်များ
ဒီဇိုင်းကတော့ ဂေါ်ချက်ပဲ
2015 Central Saint Martins ရှိုးပွဲမှာ ပြသခဲ့တဲ့ ဆောင်းရာသီဝတ်စုံပါ။ လန်းချက်ကတော့ လက်ဖျားခါလောက်တယ်နော်။
တော်တော်လေးမှာပဲနော်
2017 Thom Browne ဖက်ရှင်ရှိုးရဲ့ ဆောင်းရာသီဝတ်စုံပါတဲ့။ အက်ဒ်မင်တော့ သူ့ကိုကြည့်ပြီး လေးနေရော 🙁
ဖိနပ်ကို တစ်ချက်မေး
ဒီဝတ်စုံကတော့ လန်ဒန်ဖက်ရှင်ကျောင်းက ကျောင်းဆင်းအခမ်းအနားမှာ ဖန်တီးပြသခဲ့တဲ့ဝတ်စုံပါတဲ့။ တော်တော်လန်းတဲ့ ဒီဇိုင်းပဲနော်။
ဒီမထော်မနန်းတွေကို အပြင်မှာ ဘယ်သူက ဝတ်မှာလဲတော့ မမေးပါနဲ့နော်… လျှောက်လမ်းပေါ်က ဖက်ရှင်ဆိုတာက ဒီဇိုင်နာတွေ စိတ်ကြိုက်ဖန်တီးပြီး သူတို့ရဲ့ အနုပညာကို ပြသတဲ့ ပွဲပါ… အပေါ်က ဒီဇိုင်းတွေကိုဆို ကြည့်လိုက်တာနဲ့ သြော်.. ဒီ ဒီဇိုင်နာကတော့ သူ့ဝတ်စုံကို ဘယ်က Inspire (လွှမ်းမိုးမှု) ယူထားတယ်၊ သူကတော့ အတော်လေး ဖန်တီးနိုင်စွမ်းကောင်းတယ်ဆိုပြီး ခံစားသွားရတာမျိုးပေါ့…
ကဲ.. ဒါဆို ဒီဝတ်စုံတွေထဲက ဘယ်တစ်ခုကို အကြိုက်ဆုံးလဲဆိုတာ ပြောပြခဲ့ပါဦးယောင်းရေ။ အရမ်းကြိုက်လို့ ချုပ်ဝတ်မယ်ဆိုလည်း ဓာတ်ပုံလေးပါပြနော်။ 😛
Sugar Cane (For Her Myanmar)
References: vogueoperachicwwdfuckingyoungfamodesacsdesigndautoresothebysfashion.telegraph
Sugar Cane
Sugar Cane
က်ြန္မက Sugar Cane ပါ။ မကြံပင်ပေါ့။ စာဖတ်ခြင်းကို ရူးသွပ်သလို စာရေးခြင်းကို ခုံမင်လှသူပါ ။ ယောင်းတို့ အတွက် လိုအပ်သမျှ သုတ/ ရသ အစုံကို For Her Myanmar ကနေ မျှဝေပေးသွားမယ်နော်။
Leave a Reply
Your email address will not be published. Required fields are marked *