Fashion Fashion & Beauty Tips

၂၀၁၉မွာ ေရပန္းအစားဆံုးျဖစ္လာမယ့္ ဖက္ရွင္Trend (၇) ခု

ဒီႏွစ္မွာ သူမတူေအာင္ အပီအျပင္လန္းဖို႔ ေယာင္းမွာ ဒါေတြရွိၿပီလား ?

တစ္ႏွစ္နဲ႔ တစ္ႏွစ္ မတူႏိုင္တဲ့ ဖက္ရွင္ေရစီးေၾကာင္းအတိုင္း သူ႕ထက္ငါအၿပိဳင္လန္းေနခ်ိန္မွာ ေယာင္းအေနနဲ႔ ေခတ္ေနာက္က်က်န္မေနခဲ့ဖို႔ လိုၿပီေနာ္။ ဒီေတာ့ ၂၀၁၉ မွာေကာ ဘယ္လို fashion ေတြက ေရပန္းစားလာႏိုင္ေျခရွိလဲဆိုတာ Stella နဲ႔အတူၾကည့္လိုက္ၾကရေအာင္ေနာ္…

(၁) ဘေလဇာကုတ္

၂၀၁၈ ႏွစ္ကုန္ပိုင္းေလာက္က စၿပီး ေခတ္စားလာတဲ့ ဘေလဇာကုတ္ေတြကို ၂၀၁၉ မွာလည္း ဆက္ေတြ႕ေနရဦးမွာပါ။ ဘေလဇာကုတ္ေတြကို စတိုင္လ္ပန္႔စ္ေတြနဲ႔ တြဲဖက္ၿပီး ဝတ္ဆင္တာက ဒီႏွစ္ trend ရဲ႕ ထိပ္ဆံုးမွာ ေရာက္ေနပါတယ္။ ဆယ္လီဘရစ္တီ ေတာ္ေတာ္မ်ားမ်ား ဝတ္လာတာေတြ႕ရၿပီး စမတ္က်က် အမ်ိဳးသမီးတစ္ေယာက္အသြင္ ျဖစ္ေစလို႔ ေယာင္းမွာလည္း ဘေလဇာကုတ္ တစ္ထည္ေတာ့ ရွိသင့္ေနပါၿပီေနာ္… 

(၂) Animal Prints 

အရင္ႏွစ္ေတြတုန္းက တိမ္ျမွဳပ္ေနခဲ့တဲ့ animal prints ေတြကလည္း ဒီႏွစ္မွာ တစ္ေခတ္ျပန္ထလာႏိုင္ေခ်ရွိေနပါတယ္။ ခပ္လန္းလန္း က်ားသစ္ကြက္အက်ႌေတြ၊ ေႁမြအေရခြံ စကတ္ေတြ၊ ျမင္းက်ားစင္းေတြက ေခတ္အစားဆံုးျဖစ္လာႏိုင္တာမို႔ အခုထဲကေျပးဝယ္ထားလိုက္ပါေတာ့ ေယာင္းေရ…

Related article >>>Paris Fashion Week ခရီးစဥ္တစ္ေလွ်ာက္က အမိုက္ဆံုး Street fashion ေလးေတြ

(၃) Puff Sleeves (လက္ေဖာင္းအက်ႌ)

Stella တို႔ ေမေမေတြ ငယ္ငယ္ကဝတ္ခဲ့တဲ့ ပုခံုးေဖာင္းေဖာင္း အက်ႌႀကီးေတြကို သိတယ္ဟုတ္ ? အဲဒီအက်ႌႀကီးေတြလဲ ဒီႏွစ္ထဲမွာ ျပန္ဝတ္လာၾကေတာ့မွာပါတဲ့ေနာ္။ ေမေမေျပာတဲ့ ဖက္ရွင္က တစ္ပတ္ျပန္လည္တတ္တယ္ဆိုတာ သိပ္မွန္တာပဲ 😀 

(၄) Faux Leather 

ဘယ္ေတာ့မွမရုိးတဲ့ သားေရတုစကဒ္ေတြကိုလည္း runway ေတာ္ေတာ္မ်ားမ်ားမွာ ေတြ႕ေနရတာမို႔ ဒီႏွစ္ထဲမွာ ေရပန္းစားလာမယ့္ ဖက္ရွင္ေတြထဲမွာ ပါလာမယ္လို႔ သံုးသပ္သူေတြ ရွိေနပါတယ္။ Stella ကေတာ့ ဘာပဲျဖစ္ျဖစ္ ဗီရုိထဲမွာ ခပ္မိုက္မိုက္ လယ္သာစကဒ္ ဒါမွမဟုတ္ ဂ်က္က္တစ္ထည္ေလာက္ရွိေနတာေတာ့ မမွားဘူးလို႔ ျမင္ပါတယ္။ ေယာင္းတို႔ေရာ ဘယ္လို ျမင္ၾကလဲ??

Related article >>> မၾကာေသးခင္ကမွ က်င္းပခဲ့တဲ့ Paris Haute Couture week 2019 အေၾကာင္း တစ္ေစ့တေစာင္း

(၆) Neon

၂၀၁၉ မွာေတာ့ အစိမ္းေတာက္ေတာက္ ပန္းေရာင္ေတာက္ေတာက္လိုမ်ိဳး Neon color ေတာက္ေတာက္ေတြက ပိုေခတ္စားလာမွာပါ။ အက်ႌအေရာင္ ေတာက္ေတာက္ေတြ မဝတ္ခ်င္ဘူးဆိုရင္ေတာင္မွ neon အေရာင္ေတြနဲ႔ အိတ္ေသးေသးတစ္လံုးေတာ့ ရွိသင့္ပါတယ္ေနာ္.. 

(၇) Boiler Suit

Street style ဘက္မွာဆိုုရင္ေတာ့ boiler suit ေတြက ေရပန္းအစားဆံုးျဖစ္လာႏိုင္ေခ် ရာခိုင္ႏႈန္း မ်ားေနပါတယ္။ Boiler suit ကို accessories ေတြနဲ႔ တြဲဖက္ၿပီး ဝတ္ဆင္ၾကတဲ့ ခပ္မိုက္မိုက္ ဖက္ရွင္ေတြကို ဒီႏွစ္ထဲမွာ အမ်ားအျပားေတြ႕ရဖို႔ ေမွ်ာ္လင့္ထားပါတယ္ ေယာင္းတို႔ေရ… 

ကဲ…ဒီဖက္ရွင္ေတြထဲက ဘယ္ႏွစ္ခုေလာက္ ေယာင္းဆီမွာ ရွိေနၿပီလဲ? မရွိေသးလည္း ကိစၥေတာ့ မရွိပါဘူးေနာ္.. ေျပာေနက်အတုိင္း ကိုယ့္ကိုယ္ကိုယ္ ယံုၾကည္မႈက အလန္းဆံုး ဖက္ရွင္ပါပဲလို႔.. 😉

Stella (For Her Myanmar)

<<< Unicode >>>

ဒီနှစ်မှာ သူမတူအောင် အပီအပြင်လန်းဖို့ ယောင်းမှာ ဒါတွေရှိပြီလား ?

တစ်နှစ်နဲ့ တစ်နှစ် မတူနိုင်တဲ့ ဖက်ရှင်ရေစီးကြောင်းအတိုင်း သူ့ထက်ငါအပြိုင်လန်းနေချိန်မှာ ယောင်းအနေနဲ့ ခေတ်နောက်ကျကျန်မနေခဲ့ဖို့ လိုပြီနော်။ ဒီတော့ ၂၀၁၉ မှာကော ဘယ်လို fashion တွေက ရေပန်းစားလာနိုင်ခြေရှိလဲဆိုတာ Stella နဲ့အတူကြည့်လိုက်ကြရအောင်နော်…

(၁) ဘလေဇာကုတ်

၂၀၁၈ နှစ်ကုန်ပိုင်းလောက်က စပြီး ခေတ်စားလာတဲ့ ဘလေဇာကုတ်တွေကို ၂၀၁၉ မှာလည်း ဆက်တွေ့နေရဦးမှာပါ။ ဘလေဇာကုတ်တွေကို စတိုင်လ်ပန့်စ်တွေနဲ့ တွဲဖက်ပြီး ဝတ်ဆင်တာက ဒီနှစ် trend ရဲ့ ထိပ်ဆုံးမှာ ရောက်နေပါတယ်။ ဆယ်လီဘရစ်တီ တော်တော်များများ ဝတ်လာတာတွေ့ရပြီး စမတ်ကျကျ အမျိုးသမီးတစ်ယောက်အသွင် ဖြစ်စေလို့ ယောင်းမှာလည်း ဘလေဇာကုတ် တစ်ထည်တော့ ရှိသင့်နေပါပြီနော်…

(၂) Animal Prints 

အရင်နှစ်တွေတုန်းက တိမ်မြှုပ်နေခဲ့တဲ့ animal prints တွေကလည်း ဒီနှစ်မှာ တစ်ခေတ်ပြန်ထလာနိုင်ချေရှိနေပါတယ်။ ခပ်လန်းလန်း ကျားသစ်ကွက်အင်္ကျီတွေ၊ မြွေအရေခွံ စကတ်တွေ၊ မြင်းကျားစင်းတွေက ခေတ်အစားဆုံးဖြစ်လာနိုင်တာမို့ အခုထဲကပြေးဝယ်ထားလိုက်ပါတော့ ယောင်းရေ…

Related article >>>Paris Fashion Week ခရီးစဉ်တစ်လျှောက်က အမိုက်ဆုံး Street fashion လေးတွေ

(၃) Puff Sleeves (လက်ဖောင်းအင်္ကျီ)

Stella တို့ မေမေတွေ ငယ်ငယ်ကဝတ်ခဲ့တဲ့ ပုခုံးဖောင်းဖောင်း အင်္ကျီကြီးတွေကို သိတယ်ဟုတ် ? အဲဒီအင်္ကျီကြီးတွေလဲ ဒီနှစ်ထဲမှာ ပြန်ဝတ်လာကြတော့မှာပါတဲ့နော်။ မေမေပြောတဲ့ ဖက်ရှင်က တစ်ပတ်ပြန်လည်တတ်တယ်ဆိုတာ သိပ်မှန်တာပဲ 😀

(၄) Faux Leather 

ဘယ်တော့မှမရိုးတဲ့ သားရေတုစကဒ်တွေကိုလည်း runway တော်တော်များများမှာ တွေ့နေရတာမို့ ဒီနှစ်ထဲမှာ ရေပန်းစားလာမယ့် ဖက်ရှင်တွေထဲမှာ ပါလာမယ်လို့ သုံးသပ်သူတွေ ရှိနေပါတယ်။ Stella ကတော့ ဘာပဲဖြစ်ဖြစ် ဗီရိုထဲမှာ ခပ်မိုက်မိုက် လယ်သာစကဒ် ဒါမှမဟုတ် ဂျက်က်တစ်ထည်လောက်ရှိနေတာတော့ မမှားဘူးလို့ မြင်ပါတယ်။ ယောင်းတို့ရော ဘယ်လို မြင်ကြလဲ??

Related article >>> မကြာသေးခင်ကမှ ကျင်းပခဲ့တဲ့ Paris Haute Couture week 2019 အကြောင်း တစ်စေ့တစောင်း

(၆) Neon

၂၀၁၉ မှာတော့ အစိမ်းတောက်တောက် ပန်းရောင်တောက်တောက်လိုမျိုး Neon color တောက်တောက်တွေက ပိုခေတ်စားလာမှာပါ။ အင်္ကျီအရောင် တောက်တောက်တွေ မဝတ်ချင်ဘူးဆိုရင်တောင်မှ neon အရောင်တွေနဲ့ အိတ်သေးသေးတစ်လုံးတော့ ရှိသင့်ပါတယ်နော်..

(၇) Boiler Suit

Street style ဘက်မှာဆိုရင်တော့ boiler suit တွေက ရေပန်းအစားဆုံးဖြစ်လာနိုင်ချေ ရာခိုင်နှုန်း များနေပါတယ်။ Boiler suit ကို accessories တွေနဲ့ တွဲဖက်ပြီး ဝတ်ဆင်ကြတဲ့ ခပ်မိုက်မိုက် ဖက်ရှင်တွေကို ဒီနှစ်ထဲမှာ အများအပြားတွေ့ရဖို့ မျှော်လင့်ထားပါတယ် ယောင်းတို့ရေ…

ကဲ…ဒီဖက်ရှင်တွေထဲက ဘယ်နှစ်ခုလောက် ယောင်းဆီမှာ ရှိနေပြီလဲ? မရှိသေးလည်း ကိစ္စတော့ မရှိပါဘူးနော်.. ပြောနေကျအတိုင်း ကိုယ့်ကိုယ်ကိုယ် ယုံကြည်မှုက အလန်းဆုံး ဖက်ရှင်ပါပဲလို့.. 😉

Stella (For Her Myanmar)

Mya Thitty
Mya Thitty
နာမည္ကေတာ့ ျမသစ္တည္ ပါ။ Fashion နဲ႕ Beauty ကို ဝါသနာပါလို႔ For Her Myanmar မွာ ေယာင္းေယာင္းတို႔အတြက္ beauty hacks ေတြ, fashion နဲ႕ပက္သက္တဲ့ အေၾကာင္းအရာမ်ိဳးစံုနဲ႕ သုတရသစာေပေတြကို မွ်ေဝေပးသြားမွာပါ။

Leave a Reply

Your email address will not be published. Required fields are marked *